အခန်း ၃၂
Vol. 3 Ch. 32
အပိုင်း -၃၂ နင်ကကော ဘာထူးလို့လဲ နင့်မှာ သူ့ကို အဲ့လိုပြောပိုင်ခွင့်ရှိတယ်ထင်နေတာလား(၂)
ယွဲ့ရှ သည် တစ်ဖက်တွင်ဖြစ်နေသော ကိစ္စများကို မသိပေ။ သူမ ကြားလိုက်သည်မှာ ဘိခ်ဆိုသောအသံသာဖြစ်ပြီး ထို့နောက် System လည်း ပျောက်သွားသည်။
နောက်တစ်ခေါက် ဘိခ်အသံထွက်လာသော သူမသည် ဂိမ်း reset မည်ကို စောင့်နေသည်။ သူမထံတိုးဝင်လာသော ရန်သူတော်တော်များကိုသတ်ပြီးနောက် သူမက ပဟေဠိဖြစ်စွာမေးလိုက်သည်။ “System?”
Systemသည် ငြိမ်နေသည်။
ယွဲ့ရှက ထပ်မေးလာသည်။ “Systemဘာဖြစ်နေတာလဲ”
Systemသည် ငြိမ်နေဆဲပင်။ ခဏကြာပြီးနောက် ကွန်ပျူတာပိတ်သွားသံနှင့်ရင်းနှီးသော အသံကိုကြားလိုက်ရသည်။ ပထမဆုံးအကြိမ်အနေနှင့် သူမတောင့်တင်းသွားသည်။
“System... System? နင် အဆင်ပြေရဲ့လား” ယွဲ့ရှ က စိတ်လွတ်ကိုယ်လွတ် အော်ခေါ်နေမိသည်။ “Systemလေးရေ နင်မရှိဘဲ ငါဘယ်လိုအသက်ရှင်ရမှာလဲ”
ဘာသံမှမကြားရပေ။
တစ်နာရီခွဲကျော်သွားပြီးနောက် System အားကုန်သွားသည် သို့မဟုတ် ဗိုင်းရက်စ်ကိုက်ခံလိုက်ရသည် ဟု သူမ ထင်မိသည်။ ယခုတစ်ခါ ပထမဆုံးအကြိမ် System လုံးဝပျောက်သွားခြင်းဖြစ်သည်။
System၏ စာကလေးကဲ့သို့ တကျစ်ကျစ် စကားပြောသံပျောက်သွားသောကြောင့် ယွဲ့ရှနေသားမကျဖြစ်နေသည်။
သူမသည် ဂိမ်းကစားပြီးနောက် ပင်မနေရာ(main page)သို့ပြန်သွားလိုက်ချိန် သူမနှင့်အဖွဲ့ဖြစ်ချင်သောကြောင့် တောင်းဆိုထားသော request ပေါင်းမြောက်များစွာကိုသူမတွေ့လိုက်ရသည်။ သူမ မည်သူကိုမှလက်မခံဘဲ ဂိမ်းထဲမှ ထွက်လာခဲ့သည်။
System ပြောသည်မှာ သူမမစ်ရှင်များမှာ ပြီးသွားပြီဖြစ်သောကြောင့် မစ်ရှင်ပွိုင့်လဲလှယ်ရာမှ ရလာသော ပိုက်ဆံကို သူမ ယူထားလို့ရသည်။ လက်ရှိအချိန်အတွင်း သူမ အတွက် လုပ်စရာမစ်ရှင်မရှိပေ။ ထို့ကြောင့် သူမသည် ရလာသောအချိန်ကို အနာဂတ်အသက်မွေးဝမ်းကျောင်းအတွက် ဂရုတစိုက် တွေးသင့်သည်ဟု သူမ စဉ်းစားထားသည်။
သူမအတွက် ခံစားချက်ရှိလားသလားဟုပင် ထင်မှတ်ရလောက်သည်အထိ သူမကို မုန်းနေကြသော အလုပ်မရှိအကိုင်မရှိများ၏ ကွန်မန့်ကို ယွဲ့ရှကြည့်လိုက်ပြီး ပြောစရာစကားပျောက်ရှသွားသည်။
ကျွင်းရှောင်ဟန်၏လွန်ခဲ့သောဆယ်မိနစ်ခန့်မှတင်လိုက်သော ဗီဒီယိုကိုလည်း သူမတွေ့လိုက်သည်။ ဗီဒီယိုတင်ထားသည်မှာ မကြားသေးသော်လည်း ကြည့်ရှုသူမှာ ထောင်ချီနေပြီဖြစ်သည်။ သူမက ဗီဒီယိုကိုနှိပ်လိုက်သောအခါ ယုတ္တိမရှိသော ကပ်ပရှင်ကို အရင်ဉီးဆုံးတွေ့သည်။ [ သတင်းဉီးဟေ့ အထက်တန်းစားအသိုင်းအဝိုင်းကဟာ အယ် အဲ့တာတွေက ပြောကောပြောသင့်ရဲ့လား ]
ယွဲ့ရှ: “....”
ကျွင်းရှောင်ဟန်သည် လူအများ၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
ယွဲ့ရှထင်ထားသည်မှာ ထိုကပ်ပရှင်သည် သူမနှင့်တစ်ခုခုသက်ဆိုင်လောက်သည်ဟူ၍ပင်။ ကျွင်းရှောင်ဟန်သည် အထက်တန်းအသိုင်းအဝိုင်းက Y အကြောင်းကို နာမည်မဖော်ဘဲ ပြောသွားသည်။
“သူက နည်းနည်းလောက်ရုပ်ချောတာနဲ့ ဆန့်ကျင်ဘက်လိင်ဆိုရင် လုံးဝကို အမိအရဆွဲတာသိလား၊ အခြားမိန်းမလိုတောင်ဟန်ဆောင်လိုက်သေးပေမယ့် မအောင်မြင်ပါဘူး၊ အငြင်းခံရပြီးတာတောင်မှလေ သူက လုံးဝလက်မလျှော့ဘူးသိလား”
“သူကလေ ငါတို့ အသိုင်းအဝိုင်းမှာဆို သူငယ်ချင်းလည်းမရှိဘူး၊ သူ့မှာကောင်းတာဆိုလို့ ဘာမှကိုမရှိတာ လုံးဝ အရှုံးသမားပဲ”
“ပိုရီရတာဘာလဲသိလား သူများက ဈေးကြီးတာတွေ ဝတ်ရင် သူဌေးသမီးလို့ အထင်ခံရတယ်မလား ဒါပေမယ့် သူက ခြေဆုံးခေါင်းဆုံး အဲ့လို ဘရန်းတွေ ဝတ်ရင်တောင် ဆင်းရဲသားဆန်တုန်းပဲ၊ သူကိုယ်သူ အဲ့အင်္ကျီတွေနဲ့လိုက်တယ်လို့တောင် ထင်နေသေးတယ်”
ကွန်မန့်ထဲတွင်လည်း သဘောတူနေကြသည်။ ကွန်မန့်မန့်သူများက “အဲ့လူက ရွံ့စရာကြီးပါကွာ ငါတို့ကျွင်းရှောင်ဟန်လေးက အကောင်းဆုံးပဲ” ဟု သူများကိုနင်းချေပြီး ကျွင်းရှောင်ဟန်ကို ချီးကျူးကြသည်။ ကျွင်းရှောင်ဟန် ဗီဒီယိုကိုကြည့်ပြီး ယွဲ့ရှမည်သည်မှ မခံစားရပေ။ သူမ အကောင့်ထဲသို့ ပြန်ဝင်လာသောအခါ ကျွင်းရှောင်ဟန်က သူမကို follow ထားသည်ကို သူမတွေ့လိုက်ရသည်။
တစ်နည်းပြောရလျှင် ကျွင်းရှောင်ဟန်ကို follow ထား သော လူအေရအတွက်နှင့်ဆိုလျှင် ကျွင်းရှောင်ဟန် follower listထဲမှ ပြောင်းလဲမှုကို ထောက်ပြဖို့ရန် အချိန်သိပ်မလိုပေ။ ထို့ပြင် ယွဲ့ရှ အကောင့်နာမည်သည် အမြဲတမ်း ယွဲ့ကော ရှန်းထျန်း (နွေရာသီ အလွန်) ဖြစ်သည်။ နေ့တစ်ဝက်ပင်မလို လူများသည် Y မှာ မည်သူဖြစ်ကြောင်းကို ရှာတွေ့နိုင်သည်။
ယွဲ့ရှ : “...”
‘ဟဲ့ကလေး နင်ဒီလောက်ထိ သွားဖို့လိုလို့လား’
အမှန်တိုင်းပြောရလျှင် သူမ ဤဝတ္ထုထဲရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး မည့်သည့်မိန်းကလေးနှင့်မှ ရန်ဖြစ်လိုစိတ်လည်းမရှိပေ။ သို့သော် ယင်းမှာ အခြားသူများ သူမကို နင်းခြေခွင့်ပြုမည်ဟု မဆိုလိုပေ။
ကျွင်းရှောင်ဟန်သည် အပြင်တွင် စကားနှင့်စော်ကားရုံဖြင့် ကျေနပ်သည့်ပုံ မပေါ်ပေ။ ယခုတွင် သူမသည် ဆိုက်ဘာတိုက်ခိုက်ခြင်းကိုပါ လုပ်နေပြီဖြစ်သည်။ ပြောရလျှင် တော်တော်လေးကိုမသင့်လျော်ပေ။
System လည်းမရှိသောကြောင့် ယွဲ့ရှသည် မှာ တိုင်ပြောစရာလူလည်းမရှိပေ။ လူ့ဘဝတွင် အထီးကျန်ခြင်းသည် ဆောင်းရာသီထက်ပင်ချမ်းအေးလှသည်။ သူမသည် ဗီဒီယိုကို dislike ပေးလိုက်ပြီးနောက် ဆိုရှယ်မီဒီယာမှ ဆင်းလိုက်သည်။
သူမ သရုပ်ဆောင်နေချိန်တွင် သူမ၏မျက်နှာအမူအရာမှာ အလွန်ပီပြင်သော်လည်း လက်ရှိတွင် သူမ မျက်နှာပေါ်မှာ မည်သည့်ခံစားချက်ကိုမှ မမြင်နိုင်ပေ။ ပြတင်းပေါက်မှ ညစုံသော ညည့်ကောင်းကင်ကိုကြည့်ပြီး သူမ ညစာဆင်းမစားမိကြောင်း သတိရသွားသည်။
သို့သော် သူမ အောက်သို့ဆင်းလာသည်နှင့်တစ်ပြိုင်နက် သူမတစ်ကိုယ်လုံးမှာတောင့်တင်းသွားသည်။
မိသားစုသုံးယောက်သည် ဧည့်ခန်းထဲတွင် ငြိမ်သက်စွာထိုင်နေကြသည်။ ယွဲ့ချင်းနှင့်ယွဲ့တဲ့လျန်က အတူထိုင်နေပြီး လီမိန်ကျူကမူ ဒေါသတကြီးနှင့် လျင်မြန်စွာစာရေးနေသည်။ ခြေသံကိုကြားသောအခါ သုံးယောက်လုံးမော့ကြည့်လာပြီး ယွဲ့ရှနှင့်မျက်လုံးချင်းဆုံသွားသည်။
ထို့နောက် သုံးယောက်လုံးတူညီစွာ မျက်နှာအမူအရာ လေးပုံတွင် သနားခြင်း တစ်ပုံ၊ ဒေါသတစ်ပုံ၊ သူတို့မျှော်မှန်းထားသလိုမဖြစ်လာသည့် စိတ်ပျက်မှုတစ်ပုံနှင့် ကျိတ်ဝမ်းသာမှုတစ်ပုံကိုပြသနေကြသည်။
ယွဲ့ရှမှာ ပြောစရာစကားပျောက်ရှသွားသည်။ “ဘာလုပ်နေကြတာလဲ”
ယွဲ့ချင်းက မှန်းရခက်သော မျက်နှာအမူအရာဖြင့် “ဘာဖြစ်တာလဲ ငါတို့သိသွားပြီ”
ထို့ပြင် သူတို့တင်မက သူတို့အသိုင်းအဝိုင်းမှ လူတော်တော်များများ သိပြီးလောက်ပြီဖြစ်သည်။
ကျိန်းသေပေါက်သေချာသည်မှာ ရှီချင်းယင်ကြောင့် ဖြစ်နိုင်သည်။ မိန်းမတစ်ယောက်ချစ်လာလျှင် ဘာမဆိုလုပ်ရဲလာသည်ဟု ပြောစမှတ်ပြုကြသည်။ သူ့ညီမပြောင်းလဲလာပြီဟု သူထင်မိသည်။
လီမိန်ကျူ၏လှပသောမျက်ဝန်းများသည် သူမသမီးမှာ အမှားကြီးကြီးလုပ်ထားကြောင်းကိုပြသနေသည်။ သူမ မျက်နှာတွင် ဒေါသရိပ်တို့ထင်းနေသည်။
“သူကန်းနေတာ၊ ငါတို့ရှရှက လှလည်းလှတယ်၊ တော်လည်းတော်တယ်၊ အကောင်းမြင်တတ်ပြီး ပျော်လည်းပျော်တတ်တယ် ပြီးရင်ချစ်စရာလည်းကောင်းတယ်၊ ဘာလို့ အဲ့ကောင်ဒေါသကို ငါတို့သမီးကပုံချခံရမှာလဲ၊ အဲ့ကောင်က ဘာမှမဟုတ်ဘူး၊ ရှရှ ပင်လယ်ထဲမှာ ငါးအများကြီးရှိတယ်၊ မေမေလေ သမီး ဒိတ်ဖို့ လူတွေ အများကြီးရှာပေးမယ်၊ မြို့ထဲမှာရှိတဲ့ သတင်းစာတိုက်တိုင်းကို ဆက်သွယ်ပြီး အရည်အချင်းရှိတဲ့ ၁၈-၄၀ အတွင်း ယောက်ျားတိုင်းကို ကမ်းလှမ်းမယ်”
“အမေ စိတ်လျှော့ဦး၊ အမေ အလွန်အကျွံဖြစ်နေပြီ” ယွဲ့ချင်းက သူမကို တားလိုက်သည်။ “အဖေ တစ်ခုခုပြောဦးလေ”
ယွဲ့တဲ့လျန်သည် တောင်ကြီးကဲ့သို့ ငြိမ်သက်စွာ မှိတ်မှိတ်ကြီးထိုင်နေသည်။ ယွဲ့ရှ အောက်ဆင်းလာကတည်းက သူသည် စကားတစ်ခွန်းမှ မပြောသေးပေ။
ကျန်သုံးယောက်က သူ့ကိုစိုက်ကြည့်ကြသည်။ သူ၏လေးနက်သောမျက်နှာသည် တော်တော်လေးကိုတင်းမာသည်။ သူမျက်ခုံးကြုတ်ထားသည်ကိုလျှော့ချလိုက်ပါက ငယ်ရွယ်စဉ်က လူချောတစ်ယောက်ဖြစ်ခဲ့မှန်း လူတိုင်းပြောနိုင်သည်။ ခဏအကြာ၌ သူ စကားစပြောလေသည်။ “ထပ်ပြီး သူ့ကြောင့်ပဲလား”
ယွဲ့ရှ : “ပြောရရင်တော့ မဟုတ်.....”
သူမ စကားပြောလို့မပြီးခင်ပင် ယွဲ့တဲ့လျန်က ထလာပြီး နံရံပေါ်တွင် အလှဆင်ထားသော သစ်သားအိမ်နှင့်ဓားကိုယူလိုက်သည်။ သူဓားကို ထုပ်လိုက်ချိန် ယွဲ့ရှက တားလိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ယွဲ့တဲ့လျန်က တည်ငြိမ်စွာပြောလိုက်သည်။ “အဖေ့ကိုမတားနဲ့”
“သမီးတားနေတာမဟုတ်ဘူး” ယွဲ့ရှက အနီးအနားကို တုတ်တံကို ညွှန်ပြပြီး ချစ်စဖွယ်ကောင်းစွာပြောလိုက်သည်။ “ဖေဖေ အဲ့ဒါကိုယူသွားတာပိုကောင်းမယ်”
“အဲ့တုတ်သာ အလိုအလျောက် ရှီချင်းယင် ခေါင်းပေါ်ကျပြီး အဲ့ကောင်ကို တစ်သက်စာကိုမာဝင်သွားအောင်လုပ်နိုင်ရင်ကောင်းမယ် အဲ့တာမှသာ ကျန်းရှုယောင်လည်း အဲ့ကောင်ချန်ခဲ့တဲ့ပိုက်ဆံတွေနဲ့ တစ်ဘဝလုံးအေးဆေးနေလို့ရပြီ”
ယွဲ့တဲ့လျန် : “....”
ယွဲ့ချင်း :“....”
လီမိန်ကျူ : “...”