← Chapters

အခန်း ၃၃

Vol. 3 Ch. 33

အခန်း ၃၃

Vol. 3 Ch. 33

အပိုင်း (၃၃) - ရှီချင်းယင် အကူအညီမဲ့နေတယ်ဆိုတာကြီးက ဘာကြီးလဲ (၁)

ဟာသလုပ်ပြီးနောက် ယခုသည် ငြိမ်သက်စွာထိုင်ပြီး လေးလေးနက်နက်ဆွေးနွေးရမည့် အချိန်ဖြစ်သည်။

ဖေဖေယွဲ့နှင့် မေမေယွဲ့ပြန်ရသည်မှာ အကြောင်းရှိသည်။ စနေနေ့တွင် လုပ်ငန်းသဘောအရ ညစာစားပွဲရှိသည်။ ယွဲ့ရှသည် စီးပွားရေမေဂျာဖြင့်ပြီးထားသော်လည်း သူမသည် မိသားစုစီးပွားရေးလုပ်ငန်းကို စိတ်မဝင်စားပေ။ ယွဲ့တဲ့လျန်သည် သူမအတွက် ကုမ္ပဏီတွင် နေရာတစ်ခုချပေးထားသော်လည်း သူမသည် အချိန်အများစုကို ပျင်းရိပျင်းတွဲသာကုန်ဆုံးနေသည်။ အဆုံးတွင် သူမသည် အလုပ်ထွက်ဖို့ရန်တောင် ဆုံးဖြတ်လောက်သည်။

ထို့ကြောင့် ယွဲ့ချင်းသည် စီးပွားရေးအရ ညစာစားပွဲများကို တစ်ယောက်တည်းသာတက်နေရသည်။ သို့သော် ယခုတစ်ကြိမ်တွင် ယွဲ့တဲ့လျန်သည် ယွဲ့ရှကိုပါ ခေါ်သွားစေချင်သည်။

(T/N: ဝတ္ထုမှာ‌ အရင်က ပါလာမပါလားမသေချာပေမယ့် ယွဲ့ရှမိဘတွေက နားလိုက်ပါပြီ၊ လက်ရှိ ယွဲ့ချင်းတစ်ယောက်ထဲပဲ မိသားစု စီးပွားရေးကို ကိုင်တွယ်နေတာဖြစ်ပါတယ်

)

ယွဲ့တဲ့လျန် ထိုအကြောင်းကိုပြောသောအခါ သူ့အကြည့်များသည် လေးနက်နေသည်။ “အဲ့ကို အရေးကြီးတဲ့လူတွေလာမှာ၊ ရှရှပြောတာ ရှရှရဲ့ဆိုရှယ်မီဒီယာအကောင့်က အဆင်မပြေဘူးဆို ဟုတ်တယ်မလား”

ယွဲ့ရှမှာ ပြောစရာစကားပင်ပျောက်ရှသွားသည်။

သူမ၏အကောင့် နာမည်မကြီးသောကြောင့် ယွဲ့မိသားစု၏ အဆက်အသွယ်ကိုသုံးပြီး သူမကို ညစာစားပွဲသို့ခေါ်ခြင်းဖြင့် သူမကို အပြစ်ပြောထားသော လူများနှင့်တွေ့အောင်လုပ်ခြင်းသည် ခြင်ကို သေနတ်ဖြင့်သတ်နေသလိုပင်။

သူမ၏မိဘများက သူမ အသည်းကွဲနေသည်ဟုထင်ပြီး သူမ ကိုယ်စားစိတ်ညစ်ပေးနေသလိုပင်။ သူမ အဖေက သူမ အလုပ်အကိုင်အတွက်လုပ်ပေးပြီး သူမ အမေက ထက်မြတ်သောလူတော်များနှင့်မိတ်ဆက်ပေးရန်လုပ်နေသည်။

“ကြည့်၊ ဒါရှန်းယု မလား၊ သူ့ပုံက တော်တော်တက်ကြွနေသလိုပဲနော်”

ယွဲ့ရှ: “တက်ကြွနေတယ်? ညီမအမြင်တော့ သူပုံကြီးက စိတ်ကျန်းမာရေးပြန်ကောင်းလာပုံပဲ”

လီမိန်ကျူ : “ ဗိုလ်ကေနဲ့ကောင်ကိုကြည့်ပါဉီး သူ့ပုံက လန်းဆန်းတက်ကြွနေတာပဲ”

ယွဲ့ရှ: “အိ့ သူ့ပုံကြီးက အိမ်သာတောင်မသွားနိုင်တဲ့ ၇၀ အရွယ်အဘိုးကြီးလိုဖြစ်နေတာတောင် အိမ်ဖော်မနဲ့ဖောက်ပြန်ချင်တဲ့ကောင်ကြီးနဲ့တူတယ်”

လီမိန်ကျူ : “လင်းမိသားစုကတစ်ယောက်ကော၊ သူ့ပုံက ကောင်းမယ့်ပုံလေးပါ၊ သူ့အကျင့်ကလည်း သမီးနဲ့လိုက်တယ်၊ အဆင်ပြေတယ်မလား”

ယွဲ့ရှ: “ပြီးရင် သူက အင်္ကျီအဖြူရောင်ပဲဝတ်တာ၊ မနက်နှိုးလာချိန်တိုင်း သူကိုသာကြည့်နေရမယ်ဆိုရင်တော့ နေ့တိုင်း အသုဘတက်နေသလိုဖြစ်နေမှာ”

လီမိန်ကျူ : “….”

‘ငါ့သမီး ဘယ်တုန်းက အဲ့လောက်ထိ စကားတတ်သွားတာလဲ’

“ရှီချင်းယင်ပေါ်ပဲ အာရုံစိုက်မနေနဲ့” လီမိန်ကျူက သူမ၏စာရင်းကို ဘေးချပြီးမေးလိုက်သည်။ “ဟိုဟာလည်းမကြိုက် ဒီဟာလည်းမကြိုက် အဲ့ဆို သမီးက ဘယ်ယောက်ျားကိုကြိုက်တာလဲ”

ရုပ်ရည်ကိုပဲကြည့်မည်ဆိုလျှင် ယွဲ့ရှ စိတ်ဝင်စားနေသည့်သူရှိသည်။ “ရှီယွမ်ကျန်းလို လူမျိုး”

ယွဲ့ရှက လှောင်လိုက်ပြီး သူမစကားကို အတည်မယူပေ။ “နင်အဲ့ရှီ မျိုးနွယ်ကိုတော်တော်လက်မလွှတ်နိုင်ပုံပဲနော်”

လက်ရှိယွဲ့ရှ ပုံနှင့် ရှီယွမ်ကျန်း၏ စက်ရုပ်ကဲ့သို့ အကျင့်မျိုးနှင့်သာဆိုလျှင် သူတို့နှစ်ယောက်နီးစပ်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ သူတို့နှစ်ယောက်ဘေးနားကလူများဝိုင်းပေးစားကြလျှင်တောင်မှ အဆင်ပြေမည်မဟုတ်ပေ။ ရှီယွမ်ကျန်းကို ယွဲ့ရှ စိတ်ဝင်စားရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ရှီချင်းယင်၏ခယ်မဖြစ်လာပြီးနောက် မလုပ်အပ်သောဖောက်ပြန်မှုကို လုပ်မလို့သာဖြစ်နိုင်သည်။

မထင်မှတ်ထားစွာ ယွဲ့တဲ့လျန်နှင့် လီမိန်ကျူသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတိတ်ဆိတ်သွားကြသည်။

တစ်ခုခုမှားနေပြီဖြစ်ကြောင်းယွဲ့ချင်းသတိထားမိသွားသည်။ သူက မျက်ခုံးပင့်ပြီး မေးလာသည်။ “ဘာဖြစ်တာလဲ”

“ယွမ်ကျန်းက.....လိမ္မာတယ်ဆိုပေမယ့်....သူ့ကိုထည့်မတွက်ပါနဲ့လား” လီမိန်ကျူက ခေါင်းခါပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒါနဲ့ ရှရှ.....”

လီမိန်ကျူက ယွဲ့ရှ၏သေချာထိန်းသိမ်းထားပြီး နူးညံ့နေသော လက်ချောင်းထိပ်လေးများကို ကိုင်လိုက်ပြီး နူးညံ့စွာ ပွတ်သပ်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပြီး သူမသမီးဖြစ်သူ၏ မျက်ဝန်းများကိုကြည့်လိုက်သည်။

တွေ့နေကျမဟုတ်သော လေးနက်သောပုံစံဖြင့် သူမ ကပြောလာသည်။ “မေမေကသမီးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့လွတ်လပ်တာကို ရစေချင်တာ၊ အဲ့တာမှသာ ပျော်နိုင်မှာလေ၊ သမီးက အမေတို့ရဲ့ သမီးရတနာလေးလေ အဲ့ဒါကြောင့် သမီးဘာလို့ ရှီချင်းယင်ဆိုတဲ့လူမျိုးကြောင့် ခံစားနေမှာလဲ”

လီမိန်ကျူ၏မျက်နှာအမူအရာသည် လေးနက်လာပြီးအနည်းငယ်ပင်အေးစက်လာသည်။ “သူ့ကိုလက်လျှော့လိုက်ပါတော့”

သူမသည် ဘယ်သူအရင်လာလာ၊ ဘယ်သူက ဘယ်သူ့အပေါ်အကြွေးတင်ခြင်းမတင်ခြင်းကို ဂရုမစိုက်ပေ။ သူမ စိတ်ဝင်စားသည်မှာ သူမ သမီးလေးကို မည်သူအနိုင်ကျင့်ခဲ့သနည်းကိုပင်။

ရှီချင်းယင်မောက်မာနေသည်မှာ ကြာလှပြီဖြစ်သောကြောင့် ကျရှုံးချိန်တန်လေပြီ။

***

နောက်တစ်နေ့ နေ့လည်ထိ System မှာ မပေါ်လာပေ။

ယွဲ့ရှ ‘သတိရလိုက်တာ’ ဟု မပြောနိုင်ခင်မှာပင်၊ သူမသည် System ၏ မြောက်များစွာသော notifications များကို တွေ့လိုက်ရသည်။

[ ဇာက်ကွက်သွေဖည်မှု ရှာဖွေတွေ့ရှိ၊ မစ်ရှင်ကျရှုံး၊ မစ်ရှင်ပွိုင့် ၁၀၀ ပြန်သိမ်း]

[ဌာနချုပ်မှ ပြင်ဆင်ထားသည် မူရင်းဇာတ်ကွက် အသုံးမဝင်တော့ပေ။ Host ကျေးဇူးပြုပြီး ဇာတ်လမ်းကို လမ်းမှန်အောင် ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါ၊ ထပ်ပြောပါမည်။ ဇာတ်လမ်းကို လမ်းမှန်အောင် ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါ]

[ ဇာတ်လိုက်မင်းသမီး ဉာဏ်ရည်နိမ့်ချခြင်း (intellect debuff )ကို ၆၀% လောက်ထိ နိမ့်ချလိုက်ရပါပြီ၊ မစ်ရှင်ပွိုင့် ၁၀၀ ရရှိပါသည်]

ယွဲ့ရှ ; [….]

‘နေပါဉီး ဘာတွေဖြစ်ကုန်တာလဲ’

(T/N: အပိုင်း ၆ တွင် ယွဲ့ရှက ကျန်းရှုယောင်ပေါ်ချထားတဲ့ ဉာဏ်ရည်နိမ့်ချမှု(intellect debuff )ကို မြင်ဖူးပါတယ်

)

System ၏ စက်သံ ထွက်လာသည်။ ယင်းအသံသည် အတက်အကျလုံးဝမရှိသောအသံဖြစ်သော်လည်း ထိုအသံထဲတွင် ပင်ပန်းနေမှုကို ယွဲ့ရှ ခံစားလိုက်ရသည်။ [ Host နင်တော်လွန်းတယ်]

ယွဲ့ရှ သည် သူ၏ရွဲ့ပြောနေသောအသံကို ကြားနေရသည်။ [ ငါဘာမှမလုပ်ထားပါဘူး‌နော် ]

[ ငါအရေးပေါ်အစည်းအဝေးထဲကို ဆွဲခေါ်ခံလိုက်ရတယ်၊ ဌာနချုပ်မှာလည်း ဇာတ်ကွက်လမ်းကြောင်းပြန်ဆန်းစစ်လိုက်ရတယ်၊ ဇာတ်ကွက်က အခု လုံးဝ ဗရုန်းသုတ်ခဖြစ်နေပြီ]

အစဉီးတည်ထားတာက ဇာတ်လိုက်နှစ်ယောက် ပြန်အဆင်ပြေသွားတာကနေ ရတဲ့မစ်ရှင်ပွိုင့်တွေ ပျောက်သွားရုံနဲ့ ပြီးသွားမယ်လို့ ထင်ထားထား။ နည်းနည်းလောက်ပြန်ပြင်လိုက်ရင်ရပြီပေါ့၊ ဒါပေမယ့် အခုကတော့ မဖြစ်နိုင်တော့ဘူး]

ယွဲ့ရှသည် ပြောလိုက်သော စကားများထဲမှ အဓိကအချက်ကို သိသွားသည်။ “သူတို့ပြန်အဆင်မပြေသွားဘူးလား”

System က မရေရာစွာဖြေလာသည်။ [ဇာတ်လိုက်က အခု လုံးဝအကူအညီမဲ့နေသလိုဖြစ်နေတာ ]

ယွဲ့ရှ : “အော်”

‘အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ၊ ပြီးတော့ သူသေသွားတာမှ မဟုတ်တာ’ ယွဲ့ရှသည် သူ့ကို လုံးဝဂရုမစိုက်ပေ။ သူမက တည်ငြိမ်စွာ မေးလိုက်သည်။ “အဲ့ဆိုရှုယောင်ကော”

System : [ငိုနေတယ်]

ယွဲ့ရှ နှလုံးကွဲကြေသွားသလိုခံစားလိုက်ရသည်။ နောက်တစ်က္ကန့်အတွင်း မျက်ရည်များ ကျဆင်းလာတော့မည်ဟုပင် သူမခံစားလိုက်ရသည်။ “ယောင်ယောင်၊ ယောင်ယောင် နင် အရမ်းခံစားနေရမှာပဲ”

[ သရုပ်‌ဆောင်မနေနဲ့!} System သည် ပေါက်ကွဲလုနီးနီးဖြစ်နေသည်။ သူကပြောလိုက်သည်။ [အခြေအနေတွေက ဒီလိုတောင်ဖြစ်လာပြီ၊ ပြန်ပြင်လို့မရတော့ဘူး၊ ဇာတ်လိုက်နှစ်ယောက် ပြန်အဆင်ပြေဖို့က လုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့ သူတို့နှစ်ယောက်ကွဲသွားတာ ပိုမကောင်းဘူးလား၊ နှင်းဆီနီကလည်း ပေါ်လာတော့မယ် ]

ယွဲ့ရှက သဘောတူလိုက်သည်။ [ အဲ့နေရာမှာ‌တော့ ငါတော်ပါတယ် ]

[ မူရင်းဇာတ်လမ်းထဲမှာ လင်းရှူကနေတစ်ဆင့် သူတို့ကျောင်းတုန်းက ကိစ္စကိုသိသွားလို့ပြတ်သွားတာ၊ မကောင်းဆိုးဝါးနဂါးကို သူက သူရဲကောင်းလို့ထင်ခဲ့တာ၊ သူမေ့လို့မရခဲ့တဲ့ ကျောင်းတုန်းက အိပ်မက်ဆိုးကို လုပ်ခဲ့တဲ့သူက သူနဲ့အနီးဆုံးသူဖြစ်ခဲ့တာ၊ သူအရမ်းစိတ်ဓာတ်ကျသွားပြီး လမ်းခွဲလိုက်တာ၊ သူ့ဆုံးဖြတ်ချက်က ပြတ်သားပြီး လုံးဝပြောင်းလို့မရခဲ့ဘူး၊ ရှီချင်းယင် သူ့ကို လုံးဝပြန်လိုက်လို့မရခဲ့ဘူး၊ သူ့မှာ နာကျင်နေတာကိုမြိုသိပ်ပြီး သက်သာရာကိုရှာဖို့ကလွဲ‌ရွေးချယ်စရာမရှိခဲ့ဘူး။ ကျန်းရှုယောင်အဲ့ဒါကို သူဘာသာရှာတွေ့အောင် နင်သူ့ကိုလိုအပ်တယ်၊ နင့်ပါးစပ်ကလာတာဆို သူက ယုံမှာမဟုတ်ဘူး ]

ယွဲ့ရှသည် ပြဿနာကိုရှာတွေ့သွားလေပြီ။ [ ဒါပေမယ့် ငါက သူ့ကို ဘယ်လိုဆက်သွယ်ရမှာလဲ]

မနေ့က ရှုယောင်သည် သူမကို ဘလော့လိုက်သောကြောင့် ဖုန်းခေါ်ဖို့ကြိုးစားတိုင်း ဖုန်းမှာကျကျသွားသည်။ ရှုယောင်ကို သူမ မြင်ချင်လျှင်တောင်မှ ရှုယောင်သည် သူမကို စိတ်ဆိုးနေဆဲပင်။

System : [……]

System မည်သည်ကိုတွန့်ဆုပ်နေသလဲ သူမ နားမလည်ပေ။ သို့သော် ဆယ်မိနစ်အကြာ၌ သူက သူမကို လိပ်စာ တစ်ခုပို့လာသည်။

[ကျန်းရှုယောင်က အဲ့မှာ သူ့ကိုသွားရှာလိုက်]

All Chapters