← Chapters

အခန်း ၃၄

Vol. 3 Ch. 34

အခန်း ၃၄

Vol. 3 Ch. 34

အပိုင်း (၃၄) - ရှီချင်းယင် အကူအညီမဲ့နေတယ်ဆိုတာကြီးက ဘာကြီးလဲ (၂)

တစ်နာရီခွဲခန့်ကြာပြီးနောက် ယွဲ့ရှ သည် ဆေးရုံသို့ အပြေးအလွှားရောက်လာခဲ့သည။

အဆင့်မြင့်ဆေးရုံဖြစ်သောကြောင့် လူများများစားစားမရှိပေ။ လူတိုင်း သပ်သပ်ရပ်ရပ် ဝတ်စားထားကြပြီး အသံတိုးတိုးဖြင့်သာပြောကြသည်။ ယွဲ့ရှမှာ ဓာတ်လှေကားစီးနေရင်းကို အလွန်စိုးရိမ်နေသည်။

[ရှုယောင်နေမကောင်းဖြစ်နေတာ မဟုတ်ဘူးမလား၊ အခုတလော အပူချိန်ကလည်း တအားမြင့်နေတာ၊ သူအရမ်း‌ဒေါသထွက်လိုက်ရင် အပူရှပ်နိုင်တယ်၊ အဲ့လိုမကောင်းတဲ့ကောင်နဲ့နေတာကကြာရင် သူရဲ့ ကံကို ယုတ်စေလိမ့်မယ် ]

System က သူမကို လျစ်လျုရှုထားသည်။

ဆေးရုံ၏အထက်ပိုင်းများသည် VIP အခန်းများရှိရာနေရာဖြစ်သည်။ အခန်းတစ်ခုချင်းစီသည် ရေကန်ကိုမျက်နှာမူထားသောကြောင့် လေမှာအလွန်လတ်ဆတ်သည်။ ပြောင်းလဲနေသောအခန်းနံပါတ်များကို ယွဲ့ရှကြည့်ရင်း Systemပြောခဲ့သော စကားများသည် ထူးဆန်းနေသည်ဟု သူမ ရုတ်တရက်ခံစားလိုက်ရသည်။

‘ရှီချင်းယင် အကူအညီမဲ့နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ သူ့လိုအကျင့်နဲ့ကောင်က ကျောင်းနှစ်ပတ်လည်ကိုတက်တာမတက်တာ အသာထား သူသွားချင်တဲ့နေရာတိုင်းကို ရှုယောင်ကိုအတင်းဆွဲခေါ်မယ့်ကောင်မျိုးလေ၊ ပြီးတော့ အဲ့ကောင်က သူများအမြင်ကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ’

အထပ်မြင့်အခန်းများသည် လေအတော်အသင့်တိုက်သည်။ တစ်ထပ်တွင် လူနာခန်းနှစ်ခန်းသာရှိသည်။ သူမက အနီးအနားက အခန်းကိုတစ်ချက်စောင်းကြည့်လိုက်ပြီး အပြင်းအထန်ဒဏ်ရာရနေသောလူကိုသာတွေ့လိုက်ရသည်။ ရှု‌ယောင်ကိုမတွေ့ပေ။

အခန်းထောင့်က နားနေခန်းထဲမှ ရှုယောင်ထွက်လာချိန် သူမသည် ရှုယောင်ကို အသည်းအသန်ရှာနေတုန်းဖြစ်သည်။ သူမပုံမှာ ခေါင်းငုံ့နေပြီး စိတ်ညစ်နေပုံပင်။

ကျန်းရှုယောင်သည် လက်ကိုအခြောက်ခံလိုက်သည်။ သူမ၏စိတ်ညစ်နေပုံကတော့ဖုံးဖိမရပေ။

လက်တလော သူမ၏ အပျော်ဆုံးအချိန်သည် ယွဲ့အိမ်တော်တွင် နေခဲ့သောအချိန်သာဖြစ်သည်။ ကျန်သောအချိန်များတွင် သူမသည် ဒေါသထွက်လျှင်ထွက် မဟုတ်ပါက ငိုနေရသည်။ အလုပ်တွင်လည်း ဇွန်ဘီလိုနေသောကြောင့် လုပ်ရည်စွမ်းရည် နိမ့်ကျလာသည်ကို ရှက်ပြီး မန်နေဂျာထံ နားရက်ပေးရန် ခွင့်တောင်းလိုက်ရသည်။

သူမ အံ့ဩသွားရသည်မှာ သူမ မန်နေဂျာသည် သူမ အဆင်ပြေခြင်းမပြေခြင်းက အရေးမပါသည့် အပြင် သူမကို လစာပေးနေသောသူမှာ ရှီချင်းယင်ဖြစ်ပြီးကျောင်းကမဟုတ်ဟု ပြောလာခဲ့သည်ကိုပင်။

ချိုမြန်သော ကိစ္စတစ်ခုဖြစ်သင့်သော်လည်း ကျန်းရှုယောင်၏စိတ်မှာမူ လွတ်ထွက်သွားသည်။

သူမ နှစ်ဆယ်ကျော်ပြီးကတည်းက နိုင်ငံခြားတွင် ပန်းချီပညာရပ်ကို ဆက်လက်လေ့လာခဲ့သည်။ သူမ ဤအလုပ်ကို ရွေးချယ်ခဲ့ရသည့်အကြောင်းမှာလည်း ရှီချင်းယင်က ဆရာမအလုပ်မှာ သက်တောင့်သက်သာဖြစ်ပြီး တည်ငြိမ်သည်ဟု ပြောလာခဲ့သောကြောင့်ပင်။ ထို့ကြောင့် သူမ ထိုအလုပ်ကို ‌ထွေထွေထူးထူးမတွေးဘဲ ‌‌ရွေးချယ်ခဲ့သည်။ လစာမှာ တစ်လလျှင် ယွမ်ထောင်အနည်းသာ ဖြစ်သော်လည်း သူမသည် စာကို လေးလေးနက်နက် စိတ်ရှည်လက်ရှည်ဖြင့် သင်ကြားပေးခဲ့သည်။ သူမ၏အလုပ်ကြိုးစားမှုမှာ အနည်းဆုံးတော့ သူမ၏တီထွင်ဖန်တီးနိုင်စွမ်းကို သက်သေပြနိုင်သည် ဟု ထင်ထားခဲ့သည်။ သို့သော် အခုတွင် သူမထင်ထားသမျှသည် အလိမ်အညာများဖြစ်နေသည်။

မရှင်းပြနိုင်အောင်မြင့်မားသော ဘောနပ်စ်များနှင့်လုပ်ဖော်ကိုင်ဖက်များ၏ထူးဆန်းသော အကြည့်များ၏ အကြောင်းပြချက်ကို သူမ နားလည်ခဲ့လေပြီ။

သူပျော်နေချိန်တွင် သူသည် သူမကို သွယ်ဝိုက်ပြီး ဘောနပ်စ်ပေးမည်။ သူပျော်မနေလျှင် သူမ အလုပ်လုပ်နေသည်မှာ အဓိပ္ပါယ်မရှိဟု သူပြောမည်။ သူမ အခြေအနေမှာ လှောင်ချိုင့်ထဲရောက်နေသည်ကို မသိသော ငှက်ငယ်နှင့်တူသည်။ သူမ၏တစ်ခုတည်းသော အသုံးဝင်မှုမှာ ရှီချင်းယင်ထံမှ အစောင့်ရှောက်ခံနေရခြင်းဖြစ်သည်။ သူမသည် လူမှုအသိုင်းအဝန်းထဲတွင် ဝင်ဆံ့မနေပေ။

သူမနှလုံးသားမှာ နာကျင်လာသော်လည်း သူမ မျက်ရည်မကျမိအောင် အံကြိတ်ထားလိုက်သည်။

ရုတ်တရက် မနီးမဝေးမှ ရင်းနှီးနေသော အသံကို သူမ ကြားလိုက်ရသည်။ “ရှုယောင်?”

သူမ ရုတ်ခြည်းမော့ကြည့်လိုက်ချိန် ယွဲ့ရှသည် သူမနှင့် ခြေလှမ်းအနည်းငယ်သာ ကွာသောနေရာမှ သူကို စိုးရိမ်အကြည့်ဖြင့်ကြည့်နေသည်။ “ဘာဖြစ်လို့လဲ၊ နေလို့မကောင်းဘူးလား”

ကျန်းရှုယောင် : “....”

သူမကိုယ်သူမ ဘာဖြစ်နေသည်ကိုပင် သူမ နားမလည်နိုင်တော့ပေ။ ထို မကောင်းသောခံစားချက်များကို ပုံမှန်ဆိုလျှင် အလွယ်တကူမြိုသိပ်နိုင်သော်လည်း ယခုတွင် သူမသည် အမေကိုမြင်လိုက်ရသော မူကြိုကလေးလိုဖြစ်နေသည်။ သူမ၏ဝမ်းနည်းမှု အလုံးစုံသည် လွှတ်ထွက်သွားပြီး မျက်ရည်များကိုလည်း ထိန်းမထားနိုင်တော့ပေ။ သူမ မျက်နှာပေါ်တွင် မျက်ရည်များသည် မိုးသည်းထန်စွာရွာသကဲ့သို့ ထိန်းမနိုင်စွာ ကျဆင်းလာခဲ့သည်။

ယွဲ့ရှ စကားအနည်းငယ်သာ ပြောလိုက်ပြီး ကျန်းရှုယောင်နေရာကိုမည်သို့သိသွားကြောင်းကို ရှင်းပြရန် စဉ်းစားနေစဉ် ကျန်းရှုယောင်၏မျက်ရည်များအဆက်မပြတ်ကျလာသည်ကို သူမ မြင်လိုက်ရသည်။ သူမ နှလုံးမှာ ကြောက်ရွံ့မှုကြောင်း ဒုန်းခနဲ ခုန်သွားသည်။ [ *** ပဲဟေ Systemရေ ဘာတွေဖြစ်ကုန်တာလဲ]

System က တုံးတိကြီးပြန်ပြောလာသည်။ : [ သူငိုနေတာလေ ]

ယွဲ့ရှ : [….]

‘ကျေးဇူးပဲ ငါက ကန်းနေတာဆိုတော့’

သူမကိုယ်သူမ ထိန်းချုပ်ရန်ကြိုးစားနေသော ရှုယောင်က သူမလက်ကို ဆုပ်ကိုင်ပြီး အသံတိုးတိုးလေးဖြင့် ပြောလာသည်။ “ငါတောင်းပန်ပါတယ်”

ယွဲ့ရှမှာ သူမ အပေါ် မည်သည့်ရည်ရွယ်ချက်ကြောင့် ကောင်းခြင်းသည် အရေးမကြီးတော့ပါ သူမ ခံစားနေရသည်။ ယွဲ့ရှ ရှီချင်းယင်ကို ပြန်လိုချင်လို့လုပ် နေသည်ဆိုလျှင်တောင်မှ သူမ အတွက် အဆင်ပြေသည်။

သူမ နှလုံးသားထဲမှ ခံစားချက်များ တဖြည်းဖြည်းပြောင်းလဲလာသည်ကို သူမ သတိမထားမိခဲ့ပေ။

‘ယွဲ့ရှ ငါ့ကို စိတ်ဆိုးနေလောက်သေးတယ်မလား၊ ငါက ယွဲ့ရှကို ဆိုးဝါးတာတွေ ပြောခဲ့မိတာလေ’

ကျန်းရှုယောင် မျက်တောင်ခတ်လိုက်ချိန် သူမ မျက်တောင်များမှာ လေးလံနေသည်ဟုပင် သူမ ခံစားလိုက်ရသည်။ မည်သို့တောင်းပန်ရမည်ကို စဉ်းစားရင်းဉီးနှောက်ကို အသည်းအသန်အလုပ်ပေးနေချိန် သူမ နူးညံ့သော ပွတ်သပ်မှုလေးကို ခံစားလိုက်ရသည်။

ယွဲ့ရှသည် ခေါင်းမသိမသာငုံ့ထားပြီးမျက်မှောင်ကြုတ်လျက်မေးလာသည်။ “ဘာဖြစ်လို့လဲ”

သူမ၏အသံသည် သူတို့နှစ်ယောက်ကြားတွင် မည်သည့်ပြဿနာမျှ မရှိခဲ့သည့်အတိုင်း ပုံမှန်ဆန်ပြီးတည်ငြိမ်လှသည်။

ကျန်းရှုယောင်က နှာခေါင်းရှုံ့ပြီး ခေါင်းခါလိုက်သည်။ “မနေ့က နင်ထွက်သွားတော့ ငါအရမ်းနောင်တရမိတယ်၊ ငါပန်းအိုးကိုပြန်ယူဖို့လုပ်သေးပေမယ့် သူကပြောတယ် နင်က သူ့ထက် အရေးကြီးလားတဲ့၊ ငါနားမလည်ခဲ့ဘူး၊ သူကဘာလို့ ငါ့ကို အဲ့လိုရွေးချယ်ခိုင်းတာလဲ၊ သူလည်း ငါ့အတွက်အ‌ရေးကြီးပေမယ့် ဘာလို့ငါက သူ့အတွက်နဲ့အရာအားလုံးကို စွန့်လွှတ်လိုက်ရမှာလဲ၊ သူပြီးတော့ စကားတွေအများကြီးပြောတယ်၊ ငါလည်းအရမ်းပင်ပန်းနေတာမို့လို့ ငါ ပြန်မပြောဖို့လုပ်နေချိန်မှာ”

ကျန်းရှုယောင်၏ငိုနေသောမျက်နှာလေးသည် လှပလွန်းလှသည်။ သူမ နှာခေါင်းထိပ်လေးသည် နီနေပြီး သူမ၏ အိန္ဒြေဆန်ပြီး လှပသော မျက်နှာလေးသည် သနားစဖွယ်ဖြစ်နေသည်။ သူမက ယွဲ့ရှကို မသက်မသာဖြစ်စေသည့် ကိစ္စတချို့ကို ရင်ဖွင့်လာခဲ့သည်။ “သူက ငါလက်မခံနိုင်တဲ့ ကြားလို့မကောင်းတာတွေ ပြောလာတယ်၊ ငါဒေါသထွက်လွန်းလို့ သူ့ကိုပါးချလိုက်မိတယ်”

ယွဲ့ရှမှာ သူမ စကားပြောနေသည်ကို စိတ်ရှည်ရှည်နှင့်နားထောင်ပြီးနောက် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ရှီချင်းယင်က အရှက်မရှိတဲ့ကောင်ပဲဟာ သူ့ကို ပါးချလိုက်တာမှန်တယ် ရှုယောင်ကပါးချလိုက်လို့ သူ‌ဒေါသထွက်သွားလဲ ဘာဖြစ်လဲ၊ ယောက်ျားတစ်ယောက်ပါးချခံရတာ ဘာထူးဆန်းနေလို့လဲ၊ သူက ပါးချတာတောင် မခံနိုင်ဘဲရှုယောင်ကိုချစ်တယ်လို့ ပြောရဲသေးတယ်နော်”

ယွဲ့ရှ : “ အကုန်အဆင်ပြေသွားမှာပါ”

ကျန်းရှုယောင်က ပြောဖို့ရန်တွန့်ဆုတ်နေသည်။ “သူက...”

“ငါသူ့အကြောင်းမသိချင်ဘူး” ယွဲ့ရှကမေးလိုက်သည်။ “နင့်လက်နာသွားသေးလား”

ကျန်းရှုယောင်: “အမ်...”

သူမ ခိုးကြောင်ခိုးဝှက်နှင့် ယွဲ့ရှ မျက်နှာ အမူအရာကို ဆန်းစစ်နေမိသည်။ နောက်ဆုံးတွင် သူမသည် စိတ်ကိုတင်းလိုက်ပြီး ယွဲ့ရှ အင်္ကျီလက်ကို ကိုင်လိုက်ပြီး မေးလိုက်သည်။ “နင်ငါ့ကိုခွင့်လွှတ်မှာလားဟင်”

ယွဲ့ရှမှာ ရယ်ချင်သော်လည်း အောင့်အီးပြီး “အဲ့ဒါက ငါက နင့်ကိုမေးရမှာလေ၊ နင်က ဘာလို့ငါ့လာမေးနေတာလဲ”

ကျန်းရှုယောင်သည် နှုတ်ခမ်းစေ့ပြီး ခိုးပြုံးလိုက်သည်။

သူတို့နှစ်ယောက် တော်တော်ကြာသည် အထိ ဘာမှ မပြောကြပေ။ လေအေးလေးက သူတို့၏ ဆံပင်နောက်ကိုဖြတ်တိုက်သွားချိန်တွင် စိတ်ပေါ့ပါးပြီး ပျော်နေမိသည်။ ယွဲ့ရှ သူမ ရောက်လာရသည့်အကြောင်းကို သတိရသွားပြီးမေးလိုက်သည်။ “ဟမ် အဲ့ဆို နင်ဘာမှမဖြစ်ဘူးပေါ့၊ အဲ့ဆို နင် ဘာလို့ဆေးရုံရောက်နေတာလဲ”

ကျန်းရှုယောင်မှာ တောင့်ခဲ့သွားသည်။ သူမ၏ရှင်းလင်းနေသောမျက်လုံးများတွင် အပြစ်ရှိစိတ်လေးရောလာပြီး မျက်နှာလွှဲလိုက်သည်။ သူမက ဝေ့လည်ကြောင်ပတ်ဖြင့် မေးခွန်းကိုရှောင်လိုက်သ်ည။ “တကယ်တော့ အဲ့တုန်းက ငါ တအားဒေါသထွက်သွားတော့ သူကိုရိုက်တဲ့အချိန် အားသုံးတာများသွားတယ်”

“နင်က ပိန်ပိန်လေလေးဟာ ဘယ်လောက်ထိဆိုးဝါးအောင် ပါးချနိုင်မှာမို့လို့လဲ။ ပါးရိုက်ခံရရုံနဲ့ သူသေသွားမှာလဲ မဟုတ်ဘဲနဲ့” ယွဲ့ရှက ပျော်ရွှင်စွာမေးလိုက်သည်။ “ဒီမှာ ရှီချင်းယင်ရှိလား”

သူမက ဒီတိုင်းမေးလိုက်သော်လည်း မထင်ထားသည်မှာ ကျန်းရှုယောင်က ခေါင်းညိတ်ပြလာပြီး လူနာခန်းကို ညွှန်ပြလိုက်သည်။ “ရှိတယ်”

ယွဲ့ရှ : “..?..”

‘ငါ ပဲအမှတ်မှားနေတာလား’ သူမသည် ခေါင်းရှုပ်သွားပြီး ခြေလှမ်းသုံးလှမ်းခန့်ဆုတ်သွားပြီး သူမ ခုနလေးတင်မှ မြင်ခဲ့သော လူနာခန်းထဲသို့ ဝင်သွားသည်။

ကုတင်ပေါ်တွင်လှဲနေသောလူသည် ခြေတစ်ဖက်တွင် ကျောက်ပတ်တီးစီးထားပြီး ခေါင်းပေါ်တွင်လည်း ပတ်တီးပတ်ထားသည့်အပြင် သူ့ပါးများကိုလည်းသေသေချာချာအုပ်ထားသည်။ သူ့တစ်ကိုယ်လုံးမှာ တောင့်တင်းနေပြီး သူ့ပုံသည် မြေမြုပ်ခံရမည့်လူလိုဖြစ်နေသည်။ သူ၏သေနေသောမျက်လုံးများက ယွဲ့ရှကိုမြင်သောအခါ ဒေါသထွက်လာသည်။ “နင်က ဘယ်လို အား.........”

ကံဆိုးစွာဖြင့် သူ့မှာ သေလောက်အောင်ဒေါသထွက်နေသော်လည်း သူလုပ်နိုင်သည်မှာ ခေါင်းကို ၁၅ စင်တီမီတာခန့်သာ မြှောက်နိုင်သည်။

‘ဒီလူကို ဘာလို့ရင်းနှီးနေသလိုဖြစ်နေတာလဲ’

ယွဲ့ရှ တံတွေးမြိုချပြီး သူ၏ဆေးစာတမ်းကိုကြည့်လိုက်ချိန် ထင်းနေသောစာလုံးတချို့ကိုမြင်လိုက်ရသည်။

[ရှီချင်းယင်၊ နံရိုးကျိုး]

သူမက ဆက်ဖတ်နေလိုက်ပြီး ပို၍ အရေးကြီးသောစာပါတွေ့လိုက်ရသည်။

[နံရိုးသုံးချောင်းကျိုး]

ယွဲ့ရှ : “...”

သူမ ခေါင်းငုံ့နေသော ရှုယောင်ကိုကြည့်လိုက်ချိန် သူမ ခေါင်းပေါ်တွင် ချစ်စရာကောင်းသောဆံပင်အကွေးလေးကို တွေ့လိုက်ရသည်။

‘ရှုယောင်က သူ့ကို သေအောင်မရိုက်ခဲ့ပေမယ့် သေလုနီးပါးဖြစ်အောင်လုပ်ခဲ့တာက တကယ်ကြီးကို..’

All Chapters