← Chapters

အခန်း ၃၅

Vol. 3 Ch. 35

အခန်း ၃၅

Vol. 3 Ch. 35

အပိုင်း ၃၅- သူ့ညီမနှင့်ကျန်းရှုယောင်ကြားက ဆက်ဆံရေးသည် မရိုးရှင်းဟု သူခံစားနေရသည် (၁)

ရှီချင်းယင်နှိုးလာသည်နှင့်ပထမဆုံးမြင်သည်မှာ လူနာခန်းထဲတွင် အဟန့်အတားမရှိ လျှောက်သွားနေသော ယွဲ့ရှပင်ဖြစ်သည်။

မနေ့ညက သူသည် တော်တော်လေးကို ထိပ်လန့်သွားသည်။ သူမည်သို့ တုန့်ပြန်ရမည်နည်းကို မသိလိုက်ပေ။ ကျန်းရှုယောင် အသိစိတ်ပြန်ဝင်မလာခင်အထိ သူသည် သူမနှင့် မျက်လုံးချင်းစိုက်ကြည့်နေမိသည်။

သူမက သူမ၏အပြုအမူကြောင့် ထိပ်လန့်သွားပြီး “တောင်းပန်ပါတယ်” ဟု ပြောလိုက်သည်။

နာနေသော ပါးမှတစ်ဆင့် ဒေါသမှာ သူ့တစ်ကိုယ်လုံးဆီပြန့်နှံ့သွားသည်။ ရှီချင်းယင်၏အလိုအလျောက်တုန့်ပြန်မှုမှာ သူဒေါသကိုပြသရန်ဖြစ်ခဲ့သည်။

“မဟုတ်ဘူး” ကျန်းရှုယောင်က ချက်ချင်း ခေါင်းခါလိုက်ပြီး အခြေအနေပိုဆိုးအောင် ပြောလာသည်။ “ငါတောင်းပန်ဖို့မလိုဘူး”

ရှီချင်းယင် : “..?...”

“နင် သူ့ကို အဲ့လို စော်ကားလိုက်လို့ ငါပျော်မယ်လို့နင်ထင်နေတာလား” ကျန်းရှုယောင်သည် ကြောက်ရွံ့စွာနောက်ဆုတ်နေသော်လည်း သူမသည် ယွဲ့ရှအတွက် ကာကွယ်ပေးနေဆဲပင် “သူကအဲ့လိုလူ မဟုတ်...”

နာကျင်မှုကြောင့်လော ဒေါသကြောင့်လော ရှီချင်းယင်မသိတော့ပေ။ သို့သော် သူ့နံရိုးနားမှ စူးခနဲနာကျင်မှုကိုခံစားလိုက်ရသည်။ သူသည် အသက်ရှူမဝသလို ခံစားလာရပြီး သူ့အမြင်အာရုံမှာ မှောင်မဲသွားခဲ့ပြီးနောက် သူနှိုးလာချိန်တွင် ဆေးရုံခုတင်ပေါ်၌ လှဲလျောင်းနေခဲ့သည်။

ပြောရမည်ဆိုလျှင် ခုတင်ထောင့်စွန်းနားကျချိန် အရှိန်မှာပြင်းလွန်းသောကြောင့် နံရိုးအပါအဝင် ခြေသလုံးရိုးပါ ကျိုးသွားသည်။ သူ၏ဖောရောင်နေသောမျက်နှာမှာ ကြည့်ရရှုရမဆင်မပြေသောကြောင့် မံမီကဲ့သို့ပတ်တီးစီးပေးထားရသည်။

ဆိုးဝါးသောကိစ္စများစွာဖြစ်ပျက်ခဲ့သော်လည်း အနည်းဆုံးတော့ ခုတင်စောင်းနှင့်ခေါင်းနှင့် မရိုက်မိသောကြောင့် သူသည်ကိုမာမဝင်ခဲ့ပေ။

ယင်းသည် သူ့ဘဝတစ်လျှောက်လုံးတွင် ရခဲ့သမျှ ဒဏ်ရာထဲ အပြင်းဆုံးဖြစ်ပြီး ထိုဒဏ်ရာရအောင်လုပ်သူမှာ ရှုယောင်ဖြစ်နေသည်။

ယခင်ကဆိုလျှင် သူမသည် သူ့အပေါ် စကားကြမ်းကြမ်းပင်မပြောရဲပေ။ သို့သော် သူမသည် ထိုကဲ့သို့ ပြင်းထန်သောအားနှင့် သူ့ကိုရိုက်ခဲ့သည်။ ‘ီးလိုပဲ အဲ့လောက်အားကြီးကို သူဘယ်ကရလာတာလဲ’

ယွဲ့ရှသည် ကုတင်ပေါ်တွင်ရုန်းကန်နေသာ ဖော်ပြ၍မရသည့်အရာကိုကြည့်ပြီး ငြိမ်ကျသွားသည်။

[System ငါတို့ရောက်နေတာ သိုင်းဝတ္ထုတော့ မဟုတ်ပါဘူး‌နော်]

‘ဇာတ်လိုက်ကောင်က တစ်ရက်ကလေး မမြင်လိုက်ရတာကို ဘယ်လိုဖြစ်လို့ ဒီလို သနားစဖွယ်အခြေအနေထိဖြစ်သွားတာလဲ’

‘ဇာတ်လိုက်ကောင် အကူအညီမဲ့ဖြစ်နေတယ်လို့ System ပြောတာလည်း မဆန်းပါဘူးလေ၊ ဒါက လုံးဝကိုပြောင်မြောက်တဲ့ဖော်ပြမှုပဲ၊ သူ့ပုံစံနဲ့သာဆိုရင်တော့ ပက်လက်အိုးသုံးရမယ်ထင်တယ်၊ ဒီလောက်ဖြစ်နေတာတောင်မှ သူကျောင်းနှစ်ပတ်လည်ကို သွားချင်သေးတယ်ဆိုရင်တောင်မှ သူဘယ်လိုမှ မသွားနိုင်လောက်ဘူး’

ယင်းသည် ကျန်းရှုယောင်အတွက် ပထမဆုံးအကြိမ် အကြမ်းနည်းကို အသုံးပြုခြင်းဖြစ်သည်။ မနေ့ညက သူတို့ လူနာယာဉ်ကားထဲဝင်ချိန် သူမ အပြစ်ရှိစိတ် အလွန်အကျွံခံစားလာရသည်။ သူမသည် တစ်ညလုံး ရှီချင်းယင်ကို ပြုစုနေခဲ့သည်။ ရှီချင်းယင်၏ဒေါသဖြစ်နေပုံကိုမြင်သောအခါ သူမသည် စိတ်ဖိစီးနေမှုကို မဖုံးကွယ်နိုင်တော့ဘဲ ပြောလာသည်။ “ချင်းယင် နင် အနားယူဦး မလှုပ်နဲ့”

အဘယ်ကြောင့်ဆိုသော် သူမသည် လမ်းပေါ်တွင် တစ်စုံတစ်ယောက်က ခွေးတစ်ကောင်ကို ကန်နေသည်ကို မြင်ရပါက ဒေါသထွက်မည့်သူဖြစ်သောကြောင့်ပင်။ ယခုတွင် ပြုလုပ်သူမှာ သူမ ဖြစ်နေပြီး သူမ ကြောင့်ခံရသူမှာ ပြင်းပြင်းထန်ထန်ခံစားနေရသောကြောင့် သူမ နှလုံးသားထဲမှ အပြစ်ရှိစိတ်ကို လုံးဝဖယ်ရှားမရပေ။

ရှီချင်းယင်သည် ယွဲ့ရှကို စူးရှစွာစိုက်ကြည့်နေသည်။ သူသည် အသက်ပြင်းပြင်းရှုပြီး ဖြည်းညှင်းစွာပြန်လှဲလိုက်သည်။ သူနည်းနည်းသာလှုပ်လိုက်သော်လည်း သူ့နံရိုးမှာ ပြင်းထန်စွာ နာကျင်လာသည်။ သူယခင်က ဤမျှထိပြင်းထန်သော နာကျင်မှုကိုမခံစားဖူးပေ။ သူ့ကိုအခုလိုဖြစ်အောင်လုပ်သူသာ အခြားသူဖြစ်ပါက သူသည် ထိုလူကို အကြိမ်ထောင်ပေါင်းများစွာ ပြန်ခံစားရအောင်လုပ်မည်။

သို့သော် ကျူးလွန်သူမှာ ကျန်းရှုယောင်ဖြစ်နေသည်။

သူကို ပို၍ဒေါသထွက်စေသည်မှာ ကျန်းရှုယောင်သူ့ကို ပါးချလိုက်ရခြင်းမှာ ယွဲ့ရှအတွက်ကြောင့် ဖြစ်နေခြင်းဖြစ်သည်။ ကျန်းရှုယောင်သာ သူမကိုယ်တိုင်အတွက် ဒေါသထွက်ပြီး လုပ်လိုက်ရင်တောင် သူ လက်ခံနိုင်သေးသည်။ ‘သူက ယွဲ့ရှကိုသိတာ ဘယ်လောက်ကြာပြီမို့လို့လဲ၊ ရှင်းရှင်းပြောရရင် သူတို့က အချင်းချင်းမုန်းနေရမှာ မဟုတ်ဘူးလား၊ ရှုယောင်က ငါ့ကို ယွဲ့ရှလိုလူကြောင့် ပါးချလိုက်တယ်တဲ့လား၊ ဒါကြီးကို ငါ ဘယ်လိုလက်ခံရမှာလဲ’

ယွဲ့ရှသည် ကျန်းရှုယောင်၏တည်ငြိမ်နေသောစိတ်မှာ ပြန်လည်နိမ့်ချလာသည်ကို တွေ့သောအခါ သူမက ခေါင်းစောင်းပြီးပြောလာသည်။ “ရှုယောင် နင်အရင်ထွက်နှင့်လိုက် ငါသူနဲ့ပြောစရာရှိလို့”

“ပြောစရာ?” ရှီချင်းယင်က လှောင်လိုက်သည်။ “ငါတို့မှာ ဘာပြောစရာရှိလို့လဲ”

ကျန်းရှုယောင်မှာ အနည်းငယ်စိုးရိမ်နေသေးသည်။ “ ငါ.....”

ယွဲ့ရှထင်ထားသည့်အတိုင်းပင် ကျန်းရှုယောင်သည် သူတို့နှစ်ယောက်ကို နှစ်ယောက်တည်း မချန်ထားနိုင်‌ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွဲ့ရှမှာ ရှီချင်းယင်နှင့်‌ဖောက်ပြန်မည်ကို စိုးရိမ်သောကြောင့်ပင်။

ရှုယောင်တွန့်ဆုတ်စွာပြောလာသောအသံကို သူမကြားနေရသည်။ “ရန်မဖြစ်ကြနဲ့နော်”

ယွဲ့ရှ: “..?..”

‘ကောင်မလေး နင့်တွေးပုံတွေးနည်းက နည်းနည်းထူးဆန်းနေသလားလို့’

ရှီချင်းယင်က ကျန်းရှုယောင် တိတ်တဆိတ် တံခါးကိုတွန်းဖွင့်လိုက်သည်ကိုကြည့်နေသည်။ သူ့နှလုံးသားမှာ တင်းကြပ်သွားသည်။ သူက ယွဲ့ရှကို သံသယဖြင့်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ “နင် ဘာပြောမလို့လဲ”

အမှန်တကယ်တော့ သူထင်သည်မှာ ပြောနေကျအကြောင်းပဲ ပြောလိမ့်မည်ဟုပင်။

ယွဲ့ရှသည် သူနှင့် ကျန်းရှုယောင်ကိုလမ်းခွဲစေချင်ပြီး သူမနှင့်ပြန်ပေါင်းစေချင်သည်။ အလွန်ဆုံး သူမ လုပ်မည်မှာ ရှုယောင်ကိုကျောင်းတုန်းက ကိစ္စပြောပြီး ချိန်းခြောက်ခြင်းပင်ဖြစ်သည်။ သူမ ထိုအကြောင်းကို မည်သို့သိခဲ့သည်ကိုလည်း သူစိတ်ဝင်မစားတော့ပေ။

ယခင်က သူသည်ယွဲ့ရှအပေါ် အပြစ်ရှိစိတ်နည်းနည်းဝင်မိသော်လည်း ထိုစိတ်သည် ယခုတွင် လုံးဝပျောက်သွားလေပြီ။ သူမသည် ရက်စက်သောမိန်းတစ်ယောက်ဖြစ်သည်။ နောင်တွင် သူမ မည်မျှထိ သူ့ကို အန္တရာယ်ပေးနိုင်ကြောင်းမည်သူသိမည်နည်း။

လူနာခန်းသည် ပြတင်းပေါက်ကိုဖြတ်လာသောလေသံမှတစ်ပါး လုံးဝတိတ်ဆိတ်နေခဲ့သည်။ ရှီချင်းယင်နှင့်ယွဲ့ရှသည် စိမ်းသက်သောအကြည့်ဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ ဤကဲ့သို့လေးနက်သောအချိန်တွင် ယွဲ့ရှသည် တဟားဟား..ထရယ်လာသည်။

သူမ၏ မြူးထူးနေသောရယ်သံသည် အခန်းထဲတွင် ပဲ့တင်သံထပ်နေပြီး ပြီးဆုံးမည့်ပုံလည်း မပေါ်ပေ။

ရှီချင်းယင်: “...?...”

“နင်သိလား” ယွဲ့ရှက ရင်းနှီးနေသောအကြည့်ဖြင့် “နင်ကလေ Angry Birdsထဲက ဝက် ခေါင်းကြီးနဲ့တူတယ်သိလား”

သူမသည် ပို၍ကြမ်းတမ်းသောစကားများကိုပြောချင်သော်လည်းပုံမှန်ထက် သုံးဆလောက်ကြီးနေသော မျက်နှာနှင့် ဘောလုံးကဲ့သို့ခန္ဓာကိုယ်ကိုမြင်သောအခါ သူမမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

ရှီချင်းယင်: “....”

သူသည် ဒေါသကြောင့် ပူလောင်လာတော့သည်။ ယင်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ထံမှ လက်ညိုးထိုးပြီး ရယ်ခံရခြင်းဖြစ်သည်။သို့သော် သူ့မှာ ပြန်တုန့်ပြန်နိုင်ရန် ခွန်အားမရှိပေ။ သူမှာ ဒေါသကြောင့် ကုတင်ပေါ်တွင် ရုန်းနေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

“ယွဲ့ရှ.....!!!!!!!!!!”

ယွဲ့ရှသည် ရယ်ရလွန်းဗိုက်ကိုပင် နှိပ်နေရလေပြီ။

ရှီချင်းယင်မျက်နှာသည် ဖောယောင်နေသောကြောင့် သူအသက်ပြင်းပြင်းရှူလိုက်သောအခါ သူ့နံရိုးများအောင့်လာသလို ခံစားလာရသောကြောင့် စိတ်ကိုလျှော့ချနေရသည်။

ယွဲ့ရှမည်မျှပင် သူနှင့်ရှုယောင် ပြတ်ရန် ကြိုးစားစေကာမူ သူသည် ရှုယောင်ကို လုံးဝလက်လွှတ်မည် မဟုတ်ပေ။ ရှုယောင်လုပ်ခဲ့သောကိစ္စနှင့်ပတ်သတ်ပြီး သူဒေါသထွက်သော်လည်း ထိုကိစ္စသည် သူနှင့်ရှုယောင်ကြားဖြစ်နေဆဲပင်။ ပြဿနာရှာလိုသော အပြင်လူနှင့်လုံးဝမဆိုင်ပေ။

“နေပါဉီး” ရှီချင်းယင် ရုတ်တရက်မော့ကြည်ပြီး “ ငါဒီရောက်နေမှန်း နင်က ဘယ်လိုသိတာတုန်း”

ဤရှက်ဖွယ် ပုဂ္ဂိုလ်ရေးကိစ္စကိုဖုံးကွယ်ရန် သူဆေးရုံရောက်နေကြောင်းလူအနည်းငယ်သာသိသည်။ သူဒဏ်ရာများကို မဖုံးကွယ်နိုင်လျှင်တောင်မှ မတော်တဆပြုတ်ကျသည်ဟု ဆင်ခြေပေးလို့ရသည်။ “ယွဲ့ရှက ငါဒီမှာမှန်း ဘယ်လိုသိတာလဲ၊ ဘယ်သူနင့်ကို ပြောပြလိုက်တာလဲ”

ယွဲ့ရှက သူ့ကို ငုံ့ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများသည် ပျော်ရွှင်မှု အပြည့်ဖြင့် “ခန့်မှန်းကြည့်လေ”

ရှီချင်းယင်မျက်လုံးများသည် ချက်ချင်အေးစက်သွားသည်။

‘မဖြစ်နိုင်တာ ရှုယောင်တော့ မဟုတ်ဘူးမလား’

All Chapters