← Chapters

အခန်း ၃၆

Vol. 3 Ch. 36

အခန်း ၃၆

Vol. 3 Ch. 36

အပိုင်း ၃၆ - သူ့ညီမနှင့်ကျန်းရှုယောင်ကြားက ဆက်ဆံရေးသည် မရိုးရှင်းဟု သူခံစားနေရသည် (၂)

ကျန်းရှုယောင်သည် အပြင်တွင် လေတိုက်သောကြောင့် ‌အေးနေသည်။ သူမ ထင်ထားသည်မှာ ယွဲ့ရှနှင့် ရှီချင်းယင်သည် သူမကို မသိစေလိုသော ပုဂ္ဂိုလ်ရေးရာ ကိစ္စများကိုပြောမည်ဟု ထင်ထားသောကြောင့် သူမက ယဉ်ကျေးစွာ လူနာခန်းထဲမှ ထွက်ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ငါးမိနစ်ပင် မပြည့်သေးခင်မှာတင် ယွဲ့ရှက သူမ ခေါင်းကိုပုတ်ပြီးလက်ခါပြလာသည်။ “လာခဲ့”

သူမ မျက်လုံးများကတောက်ပလာပြီး ဖြည်းဖြည်းချင်းလျှောက်လာသည်။ “နင်တို့ စကားပြောလို့ပြီးပြီလား”

“အင်း...”ယွဲ့ရှက ပြောလာသည်။ “ငါ ဘာမှသိပ်မပြောလိုက်ဘူး၊ ငါကဒီတိုင်း မတော်တဆ သူ့ကိုထိုင်ရီနေတာ”

ကျန်းရှုယောင်က သူမ မျက်နှာကို ရှက်ရွံ့စွာပွတ်လိုက်ပြီး “ငါနင့်ကိုအဲ့ဒါမေးဖို့မဟုတ်ပါ...”

သို့သော် သူမသည် ယွဲ့ရှက အလိုအလျောက်ရှင်းပြလာသောကြောင့် စိတ်ထဲပျော်မိသည်။

“ချင်းယင်” ကျန်းရှုယောင် ရှီချင်းယင်၏ဒေါသထွက်နေသာမျက်နှာကိုမြင်သောအခါ အနားကိုကပ်လာခဲ့သည်။ သူမသည် သူမ၏အပြစ်ရှိစိတ်ကို မဖုံးကွယ်နိုင်သေးပေ။ “ငါနင့်ကိုမနှောင့်ယှက်‌တော့ပါဘူး၊ နောက်နေ့ကျ ငါနင့်အတွက် အရိုးစွပ်ပြုတ်လုပ်ပေးမယ်နော်”

သူမ၏စိတ်ပူနေသော မျက်နှာကိုမြင်သောအခါ ရှီချင်းယင် ရင်ခုန်သွား၏။ သူက သူမလက်ကိုကိုင်ရန် အားထုပ်လိုက်ပြီး “ရှုယောင် အရမ်းကြီးမစိုးရိမ်ပါနဲ့ ဒါက မတော်တဆပဲဟာ ဒါလေးကြောင့်နဲ့တော့ ငါတို့ရဲ့ဆက်ဆံရေး မပြောင်းလဲသွားပါဘူး”

ကျန်းရှုယောင်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ရှီချင်းယင် ထိုစကားကိုပြောလိမ့်မည်ဟု သူမ မထင်ထားပေ။ သူမက သူ့နဖူးကိုထိရန်လုပ်လိုက်ချိန် ရှီချင်းယင်သည် အလိုအလျောက် အနောက်သို့ဆုတ်မိသွားပြီး ကုတင်ပေါ်မှ ပြုတ်ကျလုနီးနီးပင် ဖြစ်သွားသည်။

အခြေအနေမှာ အေးစက်သွားသည်။

ကျန်းရှုယောင် : “....”

ရှီချင်းယင် : “....”

ယွဲ့ရှ : “....”

ရင်းနှီးသောမြင်ကွင်း၊ ရင်းနှီးသော လှုပ်ရှားပုံဖြစ်ပြီး လုပ်သည့်သူသာ ပြောင်းသွားသည်။ ယင်းမှာ ကံကြမ္မာပင် ဖြစ်လောက်သည်။

သူတို့အောက်သို့ဆင်းရန် ဓာတ်လှေကားစီးနေစဉ်၊ ကျန်းရှုယောင်မှာ ရေရွတ်နေဆဲပင်။ “ငါလုပ်ခဲ့တာ မှားပေမယ့်...”

ခုနက ဖြစ်သွားသောဖြစ်ရပ်သည် သူမကို ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်သလိုဖြစ်နေသည်။ သူမ စတင်ပြီး စိတ်ဓာတ်ကျလာပြန်သည်။

ယွဲ့ရှက ဓာတ်လှေကားခလုတ်ကိုဖိလိုက်ပြီး “နင်ပြန်သွားချင်လား”

“မသွားချင်ဘူး” ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး ခါးသီးစွာဖြင့် “ချင်းယင် အမေက ဒေါသထွက်နေသေးပုံပဲ”

မနေ့ညက ဖုန်းခေါ်သောအခါ တစ်ဖက်လူ၏အသံသည် တည်ငြိမ်နေသည်။ သူ့အမေက မနက်ဖြန်အရောက်အမြန်ပြန်လာမည်ဟု ပြောလိုက်သည်။ သို့သော် ကျန်းရှုယောင်သည် လွန်ခဲ့သောနှစ်တုန်းက နေ့လည်ဘက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စကိုမှတ်မိနေတုန်းပင်။ ထိုနာကျင်မှုကို မေ့ဖို့ရန် သူမ နှစ်များစွာ အချိန်ယူခဲ့ရသော်လည်း သူမ သေချာစွာမှတ်မိနေဆဲပင်။

“သူငါ့ကိုမမြင်ချင်လောက်ဘူး” ကျန်းရှုယောင်က ပြောလာသည်။ “ငါဒီနားက အခန်းတစ်ခန်းငှားလိုက်ရင် ချင်းယင်ကို ပြုစုစောင့်ရှောက်ရတာ ပိုအဆင်ပြေမယ်ထင်တယ်”

ယွဲ့ရှ : “....”

[ System... ] ယွဲ့ရှက စိတ်ပူစွာပြောလာသည်။ [ သူက သူ့ဆီက ဂရုစိုက်ခံရအောင် နာကျင်ဟန်ဆောင်နေတယ်ထင်တယ်၊ ရှုယောင် တစ်ယောက်ယောက်ကို တိုက်မိရင်တောင် အကြိမ် သုံးရာလောက် ပြန်တောင်းပန်မယ့်သူ၊ ရှီချင်းယင်ရဲ့အခုပုံစံနဲ့ဆို သူဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး]

System: [ သူက အရိုးသုံးချောင်တောင်ကျိုးသွားတာလေ အဲ့ဒါကို နင်က သူဟန်ဆောင်နေတယ်လို့ထင်တယ်ပေါ့လေ ]

ယွဲ့ရှ : [ အဲ့ဒါက ကိုယ့်ဒဏ်ရာကိုအသုံးချပြီး တစ်ဖက်လူကိုလှည့်စားတယ်လို့ခေါ်တယ်၊ သူက ထင်ထားသလောက်မတုံးဘူးပဲ ]

System: [ နင်တို့နှစ်ယောက်ထွက်သွားတော့ သူသက်ပြင်းချလိုက်တာ နင်မကြားလိုက်ဘူး၊ နင်တို့နှစ်ယောက်သာ ဆက်နေရင် နောက်နေ့ သူ့အမေလာချိန်မြင်ရမှာက သူ့အလောင်းဖြစ်သွားလိမ့်မယ် ]

ယွဲ့ရှ : “..?..” ‘ System ဘာလို့အခုတလော ငါ့ကိုအကန်တွေပဲပြောနေတာလဲ၊ သူကြီးလာတာများလား’

သို့သော်လည်း သူမ ရောက်နေပြီဖြစ်သောကြောင့် လျှောက်သွားဖို့ရန် အချိန်ပိုနေသည်။ ထို့ကြောင့် သူမသည် ရှုယောင်နောက်သို့လိုက်လာသည်။ မိန်းကလေးတစ်ယောက်တည်း တိုက်ခန်းရှာပါက အနည်းငယ် အန္တရာယ်များသည်။ နေရာပေါင်းများစွာကို စုံစမ်းပြီးနောက် ရှုယောင်သည် လမ်းများကို မမှတ်မိကြောင်းသူမ သိသွားသည်။

“ဒီနေရာက လူရှုပ်လွန်းတယ်၊ပြီးရင် အိမ်တော်တော်များများက ဓာတ်လှေကားတစ်ခုပဲမျှသုံးနေကြတာ၊ မလုံခြုံဘူး၊ ပြီးရင် အသံလည်းမလုံဘူး” ယွဲ့ရှက နံရံကိုခေါက်လိုက်သည်။ “နင်အိမ်နီးနားချင်းနဲ့နင်နဲ့က နံရံတစ်ခုပဲခြားတယ် နင် အိမ်‌နီးနားချင်း ချီးပေါက်ရင်တောင် နင်ကြားနေရမှာ၊ ပြီးတော့ ဒီမီးဖိုချောင်ခန်းကြီးက၊ နင်စွပ်ပြုတ်ချက်မယ်လို့ပြောတယ်မလား၊ တစ်ရက်ကြာရင်တောင် ဒီနေရာက အနံ့ပျောက်မှာ မဟုတ်ဘူး”

ကျန်းရှုယောင် ပွဲစားမျက်နှာအရောင်ပြောင်းလိုက်သည်ကိုမြင်လိုက်ပြီး လျင်မြန်စွာပြောလာသည်။ “ရပါတယ်၊ အဆင်ပြေပါတယ်၊ တိုက်ခန်းကို ပတ်ကြည့်ကြတာပေါ့”

“ဆေးရုံရဲ့အခြေအနေနဲ့ဆိုရင် သူက နင့်အကူအညီတောင်မလိုဘူး၊ နင်သူ့ကိုစောင့်ရှောက်ဖို့ ဒီနေရာမှာ တကယ်ကြီးနေမလို့လား”

ကျန်းရှုယောင်က စိတ်မပြောင်းသွားပေ။ “ဘာပဲဖြစ်ဖြစ် သူအဲ့လိုဖြစ်သွားတာက ငါ့အပြစ်လေ”

“ဟုတ်ပြီ အဲ့ဆိုလည်း ပြီးတာပဲ” ယွဲ့ရှက အခန်းကို ပတ်ကြည့်လိုက်သည်။ သူမသည် ဤနေရာကို လုံးဝမကြိုက်ပေ။ “ဟိုတယ်မှာနေရင်ကော၊ အနည်းဆုံးတော့ အဲ့မှာနေရတာပိုအဆင်ပြေမယ်ထင်တယ်”

ကျန်းရှုယောင်က နှုတ်ခမ်းစေ့လိုက်ပြီးနောက် ရှက်ရွံ့စွာပြောလာသည်။ “ငါ့လစာက အဲ့လောက်မများတော့ မတတ်နိုင်ဘူး”

ယွဲ့ရှက ရှုယောင်သည် ရှီချင်းယင်ပိုက်ဆံကိုမသုံးကြောင်း သတိမရခင် သူမကို အံ့ဩစွာကြည့်မိသည်။

ရှုယောင် နိုင်ငံခြားတွင်ကျောင်းတက်တုန်းကလည်း သူမသည် ကျောင်းတက်ရင်း အလုပ်လုပ်နေခဲ့သည်။ သူမသည် ခြိုးခြံချွေတာတတ်သော သူဖြစ်သည့်အလျောက် ပစ္စည်းများအပေါ် လိုချင်စိတ်လည်း နည်းသည်။ အဓိကလိုအပ်ချက်များ ပြည့်စုံနေသ‌‌ရွေ့ အဆင်ပြေသော လူမျိုးဖြစ်သည်။ ထို့ကြောင့် သူမ လစာသည်သူမ အသုံးစရိတ်အတွက်တော့ ဖူလုံသည်။

ရှီချင်းယင်နှင့်ဒိတ်နေသော်လည်း သူမသည် ရှီချင်းယင်ပေးသမျှ စျေးကြီးပစ္စည်းများကို ထားခဲ့သည်။ သူမသည် ထိုပစ္စည်းများကိုသေချာသိမ်းထားပြီး သိပ်သုံးလေ့မရှိ‌ပေ။ သူမသည် ပိုက်ဆံရှင်းရာတွင်လည်းခွဲ‌ပေးသည်။ သူမ၏ ကိုယ့်တန်ဖိုးကိုကိုယ်ထိန်းသိမ်းလိုသောကြောင့် ဖြစ်နိုင်သည်။

ရှီချင်းယင်ပိုက်ဆံကိုမသုံးသောကြောင့် လူအများက သူမနှင့်သူ့ကို တစ်တန်းတည်းမြင်လောက်သည်ဟု သူမ ထင်ခဲ့သည်။ သူမကိုယ်သူမ ကိုယ့်ကိုကိုယ်အားကိုးနိုင်သောသူဟု ထင်ခဲ့သည်။ ရှီချင်းယင်နှင့်ရည်းစားထားခြင်းသည် သူမ အတွက်မည်သည့်အကျိုးအမြတ်မျှ မကျန်ခဲ့ပေ။ ပြောရလျှင် သူမ အတွက် ရှုံးတောင်ရှုံးသေးသည်။ သို့သော် အခြားသူများက သူမကို ရှီချင်းယင်ကိုအသုံးချပြီး အမြင့်ကိုမှန်းနေသူလို ဆက်ဆံကြပြီး သူမကို ကံကောင်းသည်ဟုလည်း ချီးကျူးကြသည်။

အခြားသူများ သူမကို ထိုကဲ့သို့မြင်သည်ကတစ်ပိုင်း သို့သော် ရှီချင်းယင်ကပါ သူမကို ထိုကဲ့သို့မြင်သည်။

ယွဲ့ရှ ပြန်မပြောခင် တော်တော်ကြာသည် တိတ်ဆိတ်နေလိုက်သည်။ “မဟုတ်ရင်လည်း ငါ့အိမ်မှာနေရင်ကော”

ကျန်းရှုယောင်သည် ထိုအချက်ကို ထည့်သွင်းပြီးပင်မစဉ်းစား‌တော့ပေ။ “မဖြစ်ဘူး”

“ဧည့်သည်ခန်းလည်း အဆင်သင့်ပဲ၊ အဲ့ဒါကြောင့် နင်ဘာပစ္စည်းမှ‌တောင် ရွှေ့စရာမလိုဘူး၊ငါ့အိမ်ကနေဆို ဆေးရုံကိုရောက်ဖို့ နာရီဝက်ပဲသွားရတယ် ပြီးတော့ နင့်အလုပ်နဲ့လည်းနီးတယ်၊ အဲ့ဒါကြောင့် နင် အလုပ်နားစရာလည်းမလိုဘူး” ယွဲ့ရှက ခေါင်းငုံ့လျက် ပင့်ကြည့်လာသည်။ (ပါပီမျက်လုံး) သူမ၏ မျက်ဝန်းကြီးကြီးများသည် ကြည်လင်နေသည်။ “ကျိန်းသေပေါက် နင် အိမ်ငှားခတော့ပေးရမှာပေါ့”

ကျန်းရှုယောင်သည် ယွဲ့ရှ အိမ်တွင် အလကားနေခြင်းသည် မသင့်လျော်ဟု ခံစားရသောကြောင့် ငှားခပေးရမည်ဆိုမှသာ စိတ်သက်သာရာရသွားသည်။ သူမ ခဏ တွန့်ဆုတ်နေပြီးနောက် ပိုက်ဆံအိတ်ကိုကိုင်ထားလျက် အထစ်အထစ်နှင့်ပြောလာသည်။ “အဲ့...ဆို...ငါ...က နင်တို့..ကိုမရှုပ်စေဘူး..ဆိုရင်..နေမယ်လေ...”

All Chapters