← Chapters

အခန်း ၃၇

Vol. 3 Ch. 37

အခန်း ၃၇

Vol. 3 Ch. 37

အပိုင်း ၃၇ - သူ့ညီမနှင့်ကျန်းရှုယောင်ကြားက ဆက်ဆံရေးသည် မရိုးရှင်းဟု သူခံစားနေရသည် (၃)

ယွဲ့ချင်းသည် အားလပ်ရက်ရသည်မှာ ရှားသည်။ ယွဲ့ရှ တစ်စုံတစ်ယောက်ကို အိမ်ခေါ်လာချိန်တွင် သူသည် အိမ်တွင်နားနေခြင်းဖြစ်သည်။ သူလန့်သွားသည်။

‘ဘာလို့ သူ့ကိုထပ် ခေါ်လာသေးတာလဲ?!’

‘သူဘယ်လိုလုပ်လိုက်တာလဲ၊ ရှီချင်းယင်ပဲရူးနေတာလား သူပဲရူးနေတာလား’

ကျန်းရှုယောင်သည် ရွယ်တူယောက်ျားများနှင့် သိပ်ပြီး ပြောဆိုဆက်ဆံလေ့မရှိပေ။ ဧည့်သည် သူမက ရှက်ရွံ့စွာ လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် အခန်းထဲသို့ အမြင်ဝင်သွားသည်။ ယွဲ့ချင်းသည် တည်ငြိမ် နေသော ယွဲ့ရှကို ကြည့်ပြီး မသင်္ကာသောကြောင့်မေးလိုက်သည်။ “နင် သူများကောင်မလေးကို ခိုးရတာ ဝါသနာပါနေတာလား”

ယွဲ့ရှပုံမှာ သီချင်းလေးတစ်တညည်းညည်းဖြင့် ပျော်ရွှင်နေသည့်ပုံပင်။

ယွဲ့ချင်း၏စူးရှသောအကြည့်က သူမကိုကြည့်နေသည်ကို သတိမထားမိပေ။ ယွဲ့ရှ ဘာကြံနေသည်ကို သူ မပြောနိုင်တော့ပေ။ ထိုအကြောင်းကိုဆက်မပြောတော့ဘဲ သူမ လည်ပင်းနောက်ဘက်ကို ညှစ်လိုက်သည်။ ထို့နောက် သူကပြန်လှည့်ထွက်သွားပြီး ပြောလိုက်သည်။ “မတက်ခင် ရွေးသွားဦး”

ယွဲ့ရှက ကြည့်လိုက်သည်။ သူဖုန်းထဲတွင် ဒီဇိုင်းမျိုးစုံနှင့် ဂါဝန်ပုံမြောက်များစွာရှိနေသည်။ သူမသည်ထူးဆန်းသော မျက်နှာအမူအရာကို မဖုံးဖိနိုင်တော့ဘဲ‌ မေးလိုက်သည်။ “အကိုကြီးကို ညီမလေးမေးပါရစေဉီး အကိုကြီးရဲ့ဝါသနာကို ညီမလေးဝင်မပြောချင်‌ပေမယ့် ဒါကြီးကတော့....”

“နင်ဘာတွေစဉ်းစားနေတာလဲ” ယွဲ့ချင်းက ကျစ်လုပ်လိုက်ပြီး သူမ နဖူးကိုတောက်လိုက်သည်။ ဤအလုပ်သည် သူလုပ်ချင်သောအလုပ်မဟုတ်ပေ။ “အမေက နင့်အတွက် စနေနေ့ကျ ပါတီပွဲသွားဖို့ ဂါဝန်ရွေးပေးချင်တာ၊ အဲ့ဒါက သူက မဆုံးဖြတ်နိုင်တော့ဘဲ ငါ့အမြင်ကိုသိချင်လို့တဲ့”

‘အော် အဲ့လိုလား’ ယွဲ့ရှက တစ်ချက်ကြည့်လိုက်ပြီး အနက်ရောင်ဂါဝန်ကို ထိလိုက်သည်။ “အဲ့ဒါယူမယ်၊ နွေးမယ့်ပုံပဲ”

ယွဲ့ချင်း: “...”

‘ဘာလို့ သူက ပွဲတက်ဝတ်စုံရွေးတာကို နွေးမနွေးပေါ်ကြည့်ပြီး ရွေးနေတာလဲ၊ ဖက်ရှင် အပေါ်နည်းနည်းလောက် လေးစားပါဦး’

ယွဲ့ရှသည် ပျော်ရွှင်စွာ အပေါ်ကိုတက်သွားသည်။ သူကတော့ နဖူးကိုကိုင်ပြီးသက်ပြင်းချလိုက်သည်။

စင်စစ်တွင် အမေသူ့ကိုခိုင်းသည်ကိစ္စမှာ ရွေးချယ်ခြင်းတစ်ခုတည်းမဟုတ်ပေ။ ယွဲ့ရှ ‌ရေထဲသို့ အကြိမ်ကြိမ်ခုန်ချခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး ယွဲ့မိဘများသည် ထိတ်လန့်နေဆဲဖြစ်ပြီး ယွဲ့ရှ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း စိုးရိမ်နေဆဲပင်။ ယွဲ့ရှ မွေးနေ့မတိုင်ခင် တစ်လခွဲကျော်ခန့်ကျန်သေးသော်လည်း သူတို့သည် သူမ မွေးနေ့အတွက် ဖိတ်မည့်သူများကို ပြင်ခိုင်းနေပြီဖြစ်သည်။

သူ့အမြင်တွင် ယွဲ့ရှနာမည်ကြီးပုံနှင့်ဆိုလျှင် သူမ မွေးနေ့သို့ လူလာခဲ့လျှင်တောင်ထူးဆန်းနေဦးမည်။

ကျိန်းသေပေါက် ထိုစကားကို အခြားသူထံမှာကြားပါက သူလုံးဝအဆင်မပြေနိုင်ပေ။ တစ်စုံတစ်ယောက်သာ သူ့ညီမ မကောင်းကြောင်းပြောရဲပါက သူဒေါသထွက်မည်မှာ ၁၀၀ %ပင်။

‘ပြီးတော့ ကျန်းရှုယောင်....’

ယွဲ့ချင်းသည် အပေါ်ထပ်က ဧည့်သည်ခန်းကို စိုးရိမ်စွာကြည့်လိုက်သည်။ သူ့ညီမနှင့်ကျန်းရှုယောင်ကြားက ဆက်ဆံရေးသည် မရိုးရှင်းလောက်ဟု သူခံစားရသည်။

အပေါ်ထပ်တွင် ကျန်းရှုယောင်တွင် ပိုင်ဆိုင်ရာပစ္စည်းသိပ်မရှိပေ။ အိပ်ဖို့နေရာပြင်ပြီးနောက် သူမသည် နေဆာလှုံရန် ယွဲ့ရှအခန်းထဲသို့သွားလိုက်သည်။ ယွဲ့ရှအခန်းထဲတွင် ပုံမှန်ထက်ကျယ်သော ပြတင်းပေါက်များရှိသည်။ အပြင်ဘက်တွင် လေယူရာယိမ်းနေသော သစ်သားလှေကားလည်းရှိသည်။ ကျန်းရှုယောင်သည် ကူရှင်ပေါ်တွင်ထိုင်လိုက်ပြီး အပြင်ဘက်ကိုကြည့်လျက် ရှီချင်းယင်အကြောင်းကို တွေးလိုက်သည်။ သူမ နေရခက်သလိုခံစားလိုက်ရသည်။

လူသားများသည် ကိုယ်ပိုင်ခံစားချက်ကိုဆန်းစစ်ရာတွင် ခက်ခဲလေ့ရှိကြသည်။ သူမနှင့်ရှီချင်းယင်စတွေ့စဉ်က ဆယ်ကျော်သက်သာရှိသေးပြီး အထက်တန်းအတွက် အရေးကြီးဆုံးနှစ်ကတည်းက သူတို့နှစ်ယောက်တွဲခဲ့ကြသည်။ ထိုစဉ်က သူမ ဘေးနားမှ လူများသည် တွဲလိုက်ပြတ်လိုက်ဖြင့် သံသရာလည်နေကြသည်။ အချိန်တော်တော်ကြာသည် အထိ ကျန်းရှုယောင်သည် သူမတို့မှာ ထိုကဲ့သို့ မဟုတ်သည်အတွက် ကျေနပ်နေခဲ့သည်။

သို့သော် ယခုတွင်မူ.....

ယွဲ့ရှသည် ဆိုရှယ်မီဒီယာကိုဖွင့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပင် သူမ အကောင့်ထဲတွင် သူမ ထင်ထားသည့် ကွန်မန့်များရှိနေသည်။ သူမ သူတို့အကောင့်ထဲ ဝင်ကြည့်သောအခါ ထိုအကောင့်များသည် ကျွင်းရှောင်ဟန်၏ဖန်များဖြစ်သည်။

သူမ မျက်ခုံးပင့်လိုက်သည်။

ဖျက်ပစ်ခြင်းသည် သူမကို အပြစ်ရှိစိတ်ဝင်စေသည်။ ဘာမှမလုပ်ဘဲ အလိုအလျောက်ပြီးသွားမည်ကို စောင့်ခြင်းသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

“ရှုယောင်” ယွဲ့ရှ ဖုန်းကိုချပြီး ကွန်ပျူတာကိုဖွင့်လိုက်သည်။ “နင်ဘာတွေစဉ်းစားနေတာလဲ”

စင်စစ်တွင် သူမသည် ရှုယောင်၏အဖြေကိုမလိုပေ။ ရှုယောင်၏စိုးရိမ်ပြီး ညိုးငယ်နေသော မျက်နှာကိုကြည့်ခြင်းဖြင့်ပင် သူမ တွေးနေသည်မှာ ရှီချင်းယင်အကြောင်းဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလို့ရသည်။

ကျန်းရှုယောင်က ပြောလာသည်။ “ယွဲ့ရှ ငါလုပ်တာ လွန်သွားလားဟင်”

ယွဲ့ရှ : “မလွန်ပါဘူး”

ကျန်းရှုယောင်: “သူကအဲ့လိုဖြစ်နေတာတောင်လေ”

ယွဲ့ရှ : “ သူအသက်ရှင်သေးတယ်လေ”

ကျန်းရှုယောင် : “.......”

System က သက်ပြင်းချလိုက်သည်။ [ Host နင်ကလေ တကယ်စကားပြောတာမှာ တော်လွန်းတယ်]

ယွဲ့ရှက သူမ မှားပြောမိသည် ဟု မထင်ဘဲ ပုံမှန်အတိုင်းမေးလိုက်သည်။ “အဲ့ဆို နင့်ရဲ့ အနာဂတ်ပလန်က ဘယ်လိုဖြစ်သွားပြီလဲ”

“ငါ့ပလန်လား” ကျန်းရှုယောင်အကြည့်များသည် အနည်းငယ်လမ်းပျောက်နေသလိုပင်။ “ငါမသိဘူး”

ယွဲ့ရှ : “ကိုယ့်အတွက်ကိုယ်အရင်တွေး”

“ငါ့အတွက်လား” ကျန်းရှုယောင်မှာ ပို၍ပင်လမ်းပျောက်သွားသည်။ “ငါမသိဘူး”

‘ငါ့အတွက် တွေးစရာက ဘာရှိလို့လဲ၊ ငါ့မှာ ငါလုပ်ချင်တဲ့ ဝါသနာတောင်မရှိတာကြီးကို’

သူမသည် တစ်သက်လုံး စာတော်သောကျောင်းသူ၊ လိမ္မာသောကောင်မလေးဆိုသည့် လူမျိုးဖြစ်သည်။

ယွဲ့ရှက သူမ မျက်နှာအမူအရာကိုကြည့်ပြီး သူမ ဝမ်းနည်းနေသေးကြောင်းမြင်သောအခါ ရိုးရိုးလေးမေးလိုက်သည်။ “နင်သူ့ကိုပါးရိုက်ခဲ့မိလို့ နောင်တရလား”

“မရပါဘူး” ကျန်းရှုယောင်သည် စဉ်းစားစရာပင်မလိုပဲ ဖြေလိုက်သည်။

“အဲ့ဆို နင်ဒီရက်ပိုင်း ဘာမှမလုပ်စရာမလိုဘူး၊ နင်အလုပ်လည်းနားထားတာဆိုတော့ ကောင်းကောင်းအနားယူလိုက်” ယွဲ့ရှက ပြုံးလိုက်ပြီး ကျန်းရှုယောင်ထံ ဂိမ်းစက်ပေးလိုက်သည်။ “ဂိမ်းကစားမလား”

ကျန်းရှုယောင် အကြည့်များသည် ရုတ်တရက် သဘောမတူချင်သလိုဖြစ်သွားသည်။ “ဂိမ်းကစားတာက နင့်ကို ရည်မှန်းချက်တွေပျောက်ဆုံးစေတယ်”

ယွဲ့ရှသည်‌နောက်ဆုံးတွင် ကျန်းရှုယောင်ထံမှ ဆရာမအရှိန်အဝါကို ခံစားလိုက်ရသည်။

“စမ်းကြည့်လိုက်ပါ”

“ယွဲ့ရှ” ကျန်းရှုယောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမ မျက်နှာအမူအရာသည် ၁၀၀% လေးနက်နေပြီး စိုးရိမ်ပုံလည်းပေါ်သည်။

“ချင်းယင်က ဒဏ်ရာရပြီးအိပ်ယာပေါ်လှဲနေချိန် ငါဂိမ်းကစားချင်စိတ်မရှိဘူး၊ မလုပ်သင့်ဘူးလို့ခံစားရတယ်၊ သူ့ကိုမလေးစားရာကျတယ်”

ယွဲ့ရှ : “လုပ်စမ်းပါ”

ကျန်းရှုယောင်က ထပ်ပြောသည်။ “မရဘူး၊ တကယ်မလုပ်သင့်ဘူး၊ ဒါက ကိုယ်ကျင့်ဝတ်နဲ့ဆိုင်တယ်၊ ပြီးတော့ ငါချင်းယင်အတွက် စွပ်ပြုတ်ချက်ရဦးမယ်”

ယွဲ့ရှ : “လုပ်စမ်းပါ ငါနဲ့အတူကစားပေးပါ”

နှစ်နာရီကြာပြီးနောက် ယွဲ့ချင်းသည် စားသောက်ဆိုင်နှင့်ဖုန်းခေါ်ဆိုခြင်းပြီးသွားပြီး သူ့အမေကိုလည်း ညီမလေးကို ကာကွယ်ပေးမည်ဟု ဖျောင်းဖျခဲ့သည်။ ကော်ရစ်တာကိုဖြတ်လျှောက်လာရင်း အပြင်းအထန်တိုက်ခိုက်နေသံကို အပေါ်ထပ်မှကြားလိုက်ရသည်။

ယွဲ့ချင်း၏အေးစက်ပြီးစူးရှသောမျက်ဝန်းများသည် ရုတ်တရက်ကျဉ်းမြောင်းသွားသည်။

‘မဟုတ်မှ...’

သူသည် အပေါ်ထပ်သို့ပြေးတက်သွားချိန် သွားကြိတ်နေသောမိန်းကလေးအသံကိုကြားလိုက်ရသည်။

“ဒီကောင် နင် ငါ့ခေါင်းပေါ်အဲ့လိုတက်လို့ရမယ်ထင်နေတာလား” ယွဲ့ချင်းထိပ်လန့်သွားသည်။

‘ငါထင်တဲ့အတိုင်းပဲ’

သူ အပေါ်ထပ်သို့ပြေးတက်ပြီး တံခါးကိုဘမ်းခနဲဟူသော အသံနှင့်အတူ တွန်းချလိုက်ပြီး တားရန်လုပ်လိုက်ချိန် “ဘာလုပ်နေတာ...”

သူသည် စကားပြောနေရင်းရပ်သွားသည်။

နွေးထွေးသောမီးရောင်နှင့်အခန်းထဲရှိ 4k UHD ‌မော်နီတာပေါ်တွင် ရှင်းလင်းပြတ်သားသော ပြင်းထန်သည် ဂိမ်းပွဲတစ်ခုရှိနေသည်။ ယွဲ့ရှနှင့်ကျန်းရှုယောင်သည် ထူးဆန်းသော ပုံစံနှင့်လုံးထွေးနေကြပြီး ဂိမ်းစက်ဖိခြင်း အပေါ်အာရုံစိုက်နေကြသည်။

ကျန်းရှုယောင်မျက်နှာမှာ စိတ်လှုပ်ရှားပြီးနီရဲလာသည်။ သူမ ပုံမှာ ရေနွေးကရား ဆူပွက်နေပုံနှင့်ပင်တူသည်။

“ယွဲ့ရှ အဲ့ကောင် ငါ့ကိုလာတိုက်နေတယ် အား........”

ယွဲ့ရှသည် ကျန်းရှုယောင် ဂိမ်းဇာတ်ကောင်ဆီသို့ပြေးသွားပြီး ယုံကြည်အားထားရစွာပြောလိုက်သည်။ “ရတယ် ရတယ် ငါ့ခေါင်းပေါ်တက်လိုက်”

ပြင်းထန်သောတိုက်ပွဲကြားတွင် ယွဲ့ရှသည် ကစားသမားသုံးယောက်ကိုအနိုင်ပိုင်းနိုင်ခဲ့သည်။ ကျန်းရှုယောင်သည် ကုတင်ပေါ်တွင်ပျော်ရွှင်စွာဖြင့်လှိမ့်လိုက်သည်။ ရုတ်တရက် သူမသည် လှိမ့်နေသည်ကို ရပ်လိုက်ပြီးတောင့်ခဲသွားသည်။ “ငါတစ်ခုခုမေ့နေသလိုပဲ”

သူမသည် နက်နက်နဲနဲတွေးနေသည်။

ယွဲ့ရှက သူမကို ပုတ်လိုက်ပြီး ပြောလာသည်။ “လာနောက်တစ်ပွဲအဆင်သင့်ဖြစ်နေပြီ ကစားရအောင်”

ကျန်းရှုယောင်သည် သူမ အတွေးများကို ပစ်ထုပ်လိုက်ပြီး ပြောလာသည်။ “ငါ့ကိုစောင့်ဦး”

ယွဲ့ချင်း: “....”

‘ဘာတွေဖြစ်နေကြတာလဲ၊ ငါ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိကြီး ခေါင်းမရှုပ်ဖူးဘူး’

All Chapters