အခန်း ၃၈
Vol. 3 Ch. 38
အပိုင်း ၃၈ -ငါ ဘာလို့ အရေးကြီးတာတစ်ခုခုမေ့သွားသလိုခံစားနေရတာလဲ(၁)
ယွဲ့ရှသည် ယွဲ့ချင်း သူတို့ကို အနောက်မှ ကြည့်နေသည်ကို မသိသေးပေ။ သူမသည်ရှုယောင်အား ဂိမ်းကစားနည်း သင်ပေးရာတွင် အာရုံစိုက်နေသည်။
ဟုတ်ပါသည် သူမသည် ရှုယောင်ကို ဖြတ်ထိုးနည်းနှင့်ကစားနည်းများသင်ပေးနေခြင်းမဟုတ်ပေ။ ရိုးရိုးရှင်းရှင်း ဂိမ်းကစားနည်းကိုသင်ပေးနေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် လူများသည် ဤကဲ့သို့ဖျော်ဖြေရေးကိစ္စများကိုသင်စရာမလိုပေ။သို့သော် ရှုယောင်ကတော့တစ်ပိုင်းဖြစ်သည်။
သူမသည် ယွဲ့ရှကို မငြင်းနိုင်ခဲ့ပေ။ သူတို့ဂိမ်းထဲရောက်ပြီး ပွဲစပြီဆိုသည့်အသံကြားသည်နှင့် သူမသည် အလွန်တောင့်တင်းသွားပြီး အစကတည်းက ကြောက်လာသည်။ ယွဲ့ရှသည် သူမကို အသက်ရှုရန် သတိပေးလိုက်ရသည်။ “ဂိမ်းကစားနေချိန် နင်အသက်ရှူလို့ရပါတယ်”
ကျန်းရှုယောင်က တုန်ရီစွာဖြင့် “ငါ...ငါ မေ့တော့မလို့”
သူမ အဖွဲ့မရှုံးစေရန် ယွဲ့ရှသည် အကောင့်အသစ်ဖြင့်ကစားသည်။ အဖွဲ့ထဲသို့ဝင်သည်နှင့်တစ်ပြိုင်နက် အမှတ်အမြင့်ဆုံးလူကအမိန့်ပေးလာသည်။ “ငါ့ကို support role ပေး”
(support role- ဂိမ်းထဲတွင် သူများကို အကူအညီပေးရသောသူ)
သူတို့ဇာတ်ကောင်သည် ဂိမ်းထဲတွင် ချစ်စဖွယ်ဖြစ်နေသည်။ ယွဲ့ရှ ဘာမှမပြောနိုင်ခင်မှာပင်၊ ကျန်းရှုယောင်က သူမ၏ role ကိုပြောင်းလိုက်သည်။ ယွဲ့ရှမှာ ကြောင်သွားသည်။ “ငါနင့်ကို support role ကစားနည်းပဲသင်ရသေးတာလေ”
( role- ဂိမ်းကစားရာတွင် ကိုယ်ပါဝင်ရသည့်နေရာ)
ကျန်းရှုယောင် : “ဒါပေမယ့် သူပြောတာ သူကအဲ့ role လိုချင်တယ်တဲ့”
ယွဲ့ရှ : “သူလိုချင်လဲ ဘာဖြစ်လဲ”
ကျန်းရှုယောင်: “အမ်...”
ဤ ကစားပုံနှင့်ဆိုလျှင် ယွဲ့ရှတစ်ယောက်တည်းပင် တစ်ဖက်အဖွဲ့ကိုရှင်းလိုက်လို့ရသည်။ နောက်တစ်ပွဲတွင် သူတို့ ဇာတ်ကောင်ကိုမရွေးနိုင်ခင် တစ်စုံတစ်ယောက်ကပြောလာသည်။ [ မိန်းကလေးနှစ်ယောက်ပါတာလား ဒီပွဲတော့ ရှုံးပြီ ]
ကျန်းရှုယောင်က က ယွဲ့ရှကို ကြည့်လိုက်သည်။ “သူဘာပြောတာလဲ”
“သူပြောတာ သူကိုထိုးပေးပါတဲ့” ယွဲ့ရှက ထိုကောင်ပြောသည်ကိုလျစ်လျူရှုလိုက်သည်။ သူမသည် ဂိမ်းကိုစလိုက်ပြီး ကျန်းရှုယောင်ကိုပြောလိုက်သည်။ “သွားကြတာပေါ့”
ကျန်းရှုယောင်သည် ဂိမ်းကစားခြင်းကို စာသင်သည့်အတိုင်း အလေးအနက်ထားသည်။ သူမသည် သူမဇာတ်ကောင်ကို ယွဲ့ရှခေါင်းပေါ်တင်လိုက်ပြီးနောက် ယွဲ့ရှ ဇာတ်ကောင်က ခုနက သူမတို့ကိုလှောင်ခဲ့သောကောင်ကို သွားသတ်နေသည်ကိုကြည့်နေလိုက်သည်။
ထိုကောင် ခုနှစ်ကြိမ်ခန့်သတ်ခံရပြီးနောက် သူသည် အအော်ခံလိုက်ရသည်။ [ ရူးနေလား၊ အသုံးမကျတဲ့ သူများဂုတ်သွေးဆုပ်ကောင်တွေ ထွက်သွားစမ်း]
ယွဲ့ရှက တစ်ဖက်ဇာတ်ကောင်၏အလောင်းရေှ့တွင် တည်ငြိမ်စွာ ရပ်နေပြီးနောက် ငိုနေသော ပုံစံလုပ်ပြလိုက်ရင်း ရှုယောင်ကိုမေးလိုက်သည်။ “ငါတို့ဘာထပ်လုပ်သင့်တယ်ထင်လဲ”
ကျန်းရှုယောင်က ဒေါသတကြီးပြောလာသည်။ “ငါတို့ဂိမ်းထဲကထွက်ပြီး အဲ့ကောင်ကိုရီပေါ့ထုရမယ်”
ယွဲ့ရှက ခေါင်းညိတ်လိုက်သည်။ “ပြီးရင်...”
ကျန်းရှုယောင်: “အမ် ပြီးတော့...”
“နင် ဆက်သည်းခံနေရင် ကျန်းမာရေးကိုထိလိမ့်မယ်”
ယွဲ့ရ ဇာတ်ကောင်သည် တစ်ဖက်လူက၏အလောင်း အပေါ်တွင် ကနေပြီး သူမက စာစတင်ပြီးရိုက်လိုက်သည်။ သူမသည် ရှုယောင်နှင့်စကားပြောရင်းတစ်ဖက်လူကို ( တစ်ဖက်ကမ်း စောက် noob ကောင်) ဟုဆဲလိုက်သည်။ “ခံစားလို့ကောင်းချင်ရင် အဲ့လိုဆဲပေးရတယ်၊ ရှုံးလို့ဘာမှမဖြစ်ဘူး ပြန်လာလို့ရတယ်၊ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရင်တော့ တစ်သက်လုံးနောင်တရရလိမ့်မယ်”
ကျန်းရှုယောင်က သူမ အတွက် ကမ္ဘာအသစ်တစ်ခုသို့သွားရာတံခါးပေါက်ကြီးပွင့်သွားသလို တအံ့တဩပါးစပ်ဟလိုက်သည်။ “အော်အဲ့လိုလား”
[?] System သည်းမခံနိုင်တော့ပေ။ [ နင်သူ့ကို ဘာတေွသင်ပေးနေတာလဲ]
ယွဲ့ရှနှုတ်ခမ်းမှာ ကွေးတက်သွားသော်လည်း ပြုံးလိုက်ခြင်းမဟုတ်ပေ။ သူမ လေးနက်သည်မှာရှားသော်လည်း သူများနှင့်ငြင်းခုန် ဆဲနေချိန်တွင်တော့ သူမ အမူအရာသည် အံ့ဩစဖွယ်လေးနက်နေခဲ့သည်။
ကျန်းရှုယောင်သည် ဆူခံထိပြီးနောက် မှားနေသလိုခံစားလိုက်ရသည်။ သူမသည် ယွဲ့ရှနားသို့ကပ်သွားပြီး သူမပြောသည်မှာ မှန်သလားဟု တွေးနေပြီးနောက် စိတ်တင်းပြီး ကွန်မန့်ရေးလိုက်သည်။
【မင်းသမီးယောင်ယောင် 】:နင့်ပါးစပ်က တအားရိုင်းတယ်
【နွေဦးအလွန်】: ...
【အရေးမကြီးသော အဖွဲ့ဝင် A】: မူလတန်းကလေးလား
ကျန်းရှုယောင် : “?”
“ရပါတယ်” ယွဲ့ရှ မျက်နှာအမူအရာသည် ရှုပ်ထွေးနေသည်။ “နင်ဒေါသကို ပြောပြနိုင်သရေွ့ အဆင်ပြေတယ်”
ကျန်းရှုယောင်မျက်နှာသည် ရဲသွားသည်။ “အနည်းဆုံး....”
သူမတို့နောက်ဘက်မှ တံခါးပိတ်သံကိုကြားလိုက်ရသည်။ ယွဲ့ရှကြည့်လိုက်သောအခါ သူမ၏ မျက်လုံးထောင့်မှ မည်သူကိုမှ မမြင်သောကြောင့် မတွေးတော့ပေ။
“ငါတို့ ကစားတာကြာနေပြီ နင်ဗိုက်ဆာနေပြီလား” ယွဲ့ရှက လက်မြေှာက်ပြီး မုန့်ထုပ်ကို ယူလိုက်သည်။ “ဗိုက်ဆာရင်စားလိုက်”
ထိုအချိန်မှသာ ကျန်းရှုယောင် အာရုံမှ စခရင်ပေါ်မှ ပြောင်းသွားသည်။ ပြတင်းပေါက်အပြင်ဘက်တွင် မှောင်နေသည်ကို မြင်သောအခါ သူမ အံ့ဩပြီးတန့်သွားသည်။
‘အချိန်ကုန်တာမြန်တာ’
“နည်းနည်းပေါ့” ကျန်းရှုယောင်က နှုတ်ခမ်းစေ့ပြီးပြောလာသည်။ “ဒါပေမယ့် နောက်ကျနေပြီဆိုတော့ ချက်ပြုတ်လို့ကောင်းပါ့မလား”
“ရပါတယ်” ယွဲ့ရှက ရှုပ်ပွနေသော ကုတင်ပေါ်တွင် သူမ ဖုန်းကိုရှာလိုက်သည်။ သူမက ပြုံးပြီးရှင်းပြလာသည်။ “ငါတို့မိသားစုက ကိုယ်တိုင်ချက်ရင်ချက်မချက်ရင်မှာစားတယ်လေ နင်ဘာစားချင်လဲ”
ကျန်းရှုယောင်ကို ဧည့်ခံရသည်မှာလွယ်သည်။ သူမ အတွက်က ဘာစားစားအဆင်ပြေသည်။
အစားအစာရောက်လာပြီးနောက် သူတို့သည် ထမင်းစားစားပွဲသို့သွားလိုက်ကြသည်။ နွေးထွေးသောမီးအဝါရောင်အောက်တွင် ယွဲ့ရှသည် စားနေရင်းတန်းလန်း နှေးတုံးနှေးတုံ့ဖြစ်နေသော ကျန်းရှုယောင်ကိုမြင်သောကြောင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
ကျန်းရှုယောင်က ရှက်ကိုးရှက်ကန်းပြုံးပြလိုက်သည်။ “နင်သင်ပေးတဲ့ကစားနည်းကိုမှတ်မိအောင်လုပ်နေတာ”
ယွဲ့ရှကြောင်သွားသည်။ ကစားနေစဉ်ကတည်းက လေအေးပေးစက်ဖွင့်ထားသော်လည်းရှုယောင်မှာမူစိတ်လှုပ်ရှားပြီး ပူနေဆဲဖြစ်သည်။ သူမသည် မရီမိအောင်ထိန်းလိုက်သည်။
ကျန်းရှုယောင်သည် ဒေါသမကြီးသောသူဖြစ်သောကြောင့် သူမ ရယ်နေခြင်းကို ဘာမှမဖြစ်ပေ။ သူမက ကသိကအောက်ဖြစ်စွာပြောလာသည်။ “ငါအခြားသူတွေကို အပြစ်မပြောရဲဘူး”
“အဲ့ဒါအတွက် ဘာမှမစိုးရိမ်နဲ့ ငါတို့ကဂိမ်းကို အပျော်ကစားနေတာပဲဟာ” ယွဲ့ရှက ခေါင်းစောင်းပြီးမေးလိုက်သည်။ “ဒီနေ့ နင်ပျော်လား”
ကျန်းရှုယောင်က ပြန်ဖြေလာသည်။ “အွမ်း...”
ယွဲ့ရှ : “ နင်ဂိမ်းကစားရတာကြိုက်လား”
“အရမ်းထူးဆန်းတယ် ဒါပေမယ့် ဂိမ်းကစားရလို့ပျော်တာလား နင်နဲ့အတူ ကစားရလို့ပျော်တာလး မသိဘူး”
ကျန်းရှုယောင်က စားနေသည်ကို ရပ်လိုက်သည်။ သူမ က အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် “ဒါကို ဝါသနာလို့ခေါ်လို့ရလား”
သူမ မသိပေ။
မျက်ဝန်းနှစ်စုံသည် အချင်းချင်းကြည့်နေကြသည်။ ခဏအကြာ၌ သူမ ယွဲ့ရှ မျက်လုံးတစ်ဖက်ပိတ်ပြသည်ကိုမြင်လိုက်သည်။ “နောက်ထပ် နည်းနည်းထပ်ကစားကြည့်ရင် နင်သိသွားလိမ့်မယ်”
အိပ်ယာမဝင်ခင် ကျန်းရှုယောင်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုကြည့်လိုက်သည်။
ဧည့်သည်ခန်းမှ အိပ်ယာသည် နူးညံ့သည်။ သူမလည်ပင်းကိုခေါင်းအုံ့ပျော့ပျော့လေးက ပင့်ထားသည်။ စောင်မှ သင်းပျံ့လန်းဆန်းသော ရနံ့ကိုရသည်။ ကောင်းကင်ပေါ်တွင် ကြယ်လေးများရှိသည်။ သူမဆံပင်ရှည်ကိုဖြန့်ချထားပြီး ညမီးအိမ်ကဖျော့ဖျော့လေးလင်းနေသည်။
သူမသည် စောင်ထဲတွင် ငြိမ်းချမ်းစွာကွေးလိုက်သည်။ သူမကို နူးညံ့သောတိမ်၊ နွေးထွေးသောအလင်းရောင်က လွှမ်းမိုးထားသလိုခံစားလိုက်ရသည်။ သူမက အိပ်နေရင်း ယွဲ့ရှပြောသော “စမ်းကြည့်လေ”ဆိုသည်ကိုတွေးနေမိသည်။
ကောင်းကင်ယံကြီးကိုအမှောင်က လွှမ်းမိုးထားပြီးနောက် ညတာသည် တိတ်ဆိတ်သွားသည်။ နေသားမကျသေးသောအခြေအနေကြားထဲတွင် သူမသည် မနက်ဖြန်ကိုမျှော်လင့်နေမိသည်။
သူမ လုံးဝအိပ်မပျော်သွားခင် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။
အယ်?
ငါဘာလို့ အရေးကြီးတာတစ်ခုခုမေ့သွားသလိုခံစားနေရတာလဲ?
စွပ်ပြုတ်က ဘာဖြစ်သွားပြီလဲ။