အခန်း ၄၀
Vol. 3 Ch. 40
အပိုင်း -၄၀ ငါ ဘာလို့ အရေးကြီးတာတစ်ခုခုမေ့သွားသလိုခံစားနေရတာလဲ(၃)
ထိုစဉ် သေနတ်ပစ်ကွင်း၏အပေါက်ဝမှ သံချင်းပွတ်တိုက်သံကိုကြားလိုက်ရသည်။ ကောင်မလေးများသည် အလိုအလျောက် ထိုနေရာသို့ကြည့်လိုက်ချိန် လူနှစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ လျော့တိလျော့ရဲဆံပင်အနက်ရောင်နှင့်အသားဖြူသောကောင်မလေးဖြစ်သည်။ သူမသည် သူမဟာမဟုတ်သည့် ဘောင်းဘီတိုကိုဝတ်ဆင်ထားသည်။ ခါးနားသည်ချောင်နေသည်။ သူမ လမ်းတစ်ခါလျှောက်တိုင်း ဘောင်းဘီဆွဲကျနေပြီး အခြားမိန်းကလေးတစ်ယောက်ကို ခဏခဏလှည့်ကြည့်နေသည်။
အခြားကောင်မလေးတစ်ယောက်ကမူ ဘွတ်ဖိနပ်အရှည်ကိုဝတ်ဆင်ထားသည်။ ဘွတ်ဖိနပ်၏ ဒေါက်သည် ၆-၇ စင်တီမီတာခန့်ရှိသည်။ သူမသည် ရှည်ပြီးသားသူဖြစ်သောကြောင့် ထိုဖိနပ်ဝတ်ထားသောအခါ ပို၍ပင်ရှည်သွားသည်။ သူမ လက်ချောင်းထိပ်တွင် မျက်မှန်တစ်ခုကိုလည်းကိုင်ထားသေးသည်။
ယွဲ့ရှက ခေါင်းစောင်းပြီး “နင်အရင်သွားမလား၊ ငါသွားရမလား”
ယခုတစ်ခါသည် ကျန်းရှုယောင်အတွက် ပထမဆုံးအကြိမ် သေနတ်ပြစ်ကွင်းကိုလားဖူးခြင်းဖြစ်သည်။ သူမက ဟိုကြည့်ဒီကြည့်ဖြင့် “ငါ သေနတ်မပစ်ဖူးဘူး၊ ပြီးတော့ ငါရှီချင်းယင်ဆီ စွပ်ပြုတ်ယူသွားပေးရဉီးမှာ”
ယွဲ့ရှသည် ရှီချင်းယင်နှင့်ပတ်သတ်ပြီး သူမ ပြောချင်နေသောစကားကို မြိုချလိုက်ရသည်။ သူမ၏အပြုံးမှာမူ မပျောက်သွားပေ။ “လုပ်စမ်းပါ၊ စမ်းကြည့်လိုက်”
ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။ “ငါ ကစားလိုက်ရင် မေ့သွားလိမ့်မယ်”
ယွဲ့ရှပြောလာသည်မှာ ကျိုးကြောင်းစီလျော်သောကြောင့် ငြင်းရခက်ခက်ပင်။ “နင်မေ့တယ်ဆိုကတည်းက၊ သူကအဲ့လောက် အရေးမကြီးလို့လေ”
ကျန်းရှုယောင်မှာ သူမ ပြောသည်ကို မငြင်းနိုင်တော့ပေ။
ဘေးနားတွင် ထောင်လီက အံ့ဩတကြီး တိုးတိုးလေးပြောနေသည်။ “အဲ့တာ ယွဲ့ရှနဲ့ရှုယောင်မလား၊ သူတို့ဆက်ဆံရေးကောင်းတယ်ထင်တယ်၊ ရုံးဖွင့်ရက်ကြီးကို ဒီကို အတူရောက်လာကြတယ်”
ကျန်းရှုယောင်မျက်နှာမှာ သခွားသီးကဲ့သို့ချက်ချင်းစိမ်းသွားသည်။
မျက်စိရှေ့တွင် ရှိသော အမှန်တရားနှင့်ယှဉ်လျှင် သူမ၏မှန်သယောင်ယောင်ရှိသော စကားများမှာ လုံးဝအဓိပ္ပါယ်မရှိတော့ပေ။ ရှက်စရာအလွန်ကောင်းနေလေပြီ။
ကံကောင်းစွာဖြင့် လူအားလုံး၏အာရုံမှာ ယွဲ့ရှထံရောက်နေကြသည်။
ရိုးရိုးသားသားပြောရပါက ထောင်လီသာ ယွဲ့ရှနာမည်ကို မပြောပါက ကျန်သည့် ကောင်မလေးများလည်း သူတို့ရှေ့မှ ကောင်မလေးသည် ကျွင်းရှောင်ဟန်ပြောနေသည့် သူဖြစ်ကြောင်းသိမည် မဟုတ်ပေ။
အလှလေးများကို ဓာတ်ပုံနှင့်ဗီဒီယိုမှတစ်ဆင့်မြင်ရလျှင် မည်သူမဆို ဂရုတစိုက်လေ့လာမိကြလိမ့်မည်။ သူတို့၏မျက်နှာအသေးစိတ် အားသာချက်နှင့်အားနည်းချက်မှာ ဆန်းစစ်ခံရလိမ့်မည်။ မိနစ်တိုင်း မြှောက်ပင့်ချီးကျူးခြင်းလည်းရှိသလို၊ ရှုပ်ချခြင်းလည်းရှိသည်။ သို့သော် ကျန်းရှုယောင်နှင့်ရှုယောင်ကို လူကိုယ်တိုင်မြင်သောအခါ သူတို့ခေါင်းထဲသို့ အရင်ရောက်လာသည်မှာ ချီးကျူးခြင်းသာဖြစ်သည်။
‘အရှည်ကြီးပဲ၊ ပိန်သွယ်နေတာပဲ၊ ဆံပင်ကလည်းအထူကြီးပဲ၊ အသားလည်းဖြူဖွေးနေတာပဲ နှစ်ယောက်လုံးလှလွန်းတယ်’
ယွဲ့ရှသည် ဝင်လာကတည်းက သူတို့ကိုမြင်ပြီးသားဖြစ်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ မကျေမနပ်ဖြစ်နေသော ကျွင်းရှောင်ဟန်မှတစ်ပါး ကျန်သောသူများကို သူမ မသိပေ။ သို့သော် မိန်းကလေးတစ်စု သူမကို ကြည့်နေပုံမှာ ချစ်ဖို့ကောင်းသောကြောင့် သူမက လက်ဝှေ့ပြလိုက်သည်။
ထို့နောက် သူမသည် သူတို့ထံမှ လက်ဝှေ့ပြခြင်းများကို ပြန်လည်ရရှိခဲ့သည်။
ပြန်ပြောရမည်ဆိုလျှင် ကျန်းရှုယောင်မှာ မနေ့က ရှီချင်းယင်ကိုမေ့သွားသောကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ သူမသည် ယနေ့ ရှီချင်းယင်ထံသွားပြီးတောင်းပန်မည်ဟု ယွဲ့ရှကို လာပြောချိန် ယွဲ့ရှမှာ အလွန်တက်ကြွနေသောကြောင့် သူမနှင့်အဖော်လိုက်ခဲ့ပေးရသည်။
ယခုတွင် သူမသည် ယွဲ့ရှအင်္ကျီများ ဝတ်ရခြင်းကို မငြင်းဆန်တော့ပေ။ ပိုက်ဆံစုရာတွင် တော်တော်လေး အထောက်အကူပြုခဲ့သည်။ သူတို့အိမ်မှထွက်လာချိန်သည် ယွဲ့ရှမှာ ဘွတ်ဖိနပ်ရှည်စီးနေသည်ကို သူမ တွေ့လိုက်သည်။
သူမမှာ မတတ်သာပဲ မေးလိုက်မိသည်။ “အဲ့ဒါဝတ်လိုက်ရင် နင်တအားရှည်သွားမှာပေါ့”
ယွဲ့ရှသည် အရပ်ရှည်ပြီးသားဖြစ်သည်။ သူမသည် ဘွတ်ဖိနပ်ကို ဝတ်ပြီးဆိုပါက သူမသည် ၁.၈ မီတာလောက်ရှည်သွားနိုင်သည်။
ယွဲ့ရှက ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
“နင်တအားအရပ်ရှည်နေရင်၊ ကောင်လေးတွေက နင့်ကိုရှိန်မှာပေါ့” ကျန်းရှုယောင်က ပြောလာသည်။
ယင်းမှာ သူမ၏ဆရာများပြောနေကျစကားဖြစ်သည်။
“ရှိန်ရုံပဲလား” ယွဲ့ရှက ပေါ့ပါးစွာ ဘွတ်ဖိနပ်ရှည်ကိုဝတ်လိုက်ပြီး ပြောလာသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး စုန်းမလို စူးစူးဝါးဝါးရယ်လိုက်သည်။ “ငါကသူတို့ကို ရှိန်စေချင်တာ”
ကျန်းရှုယောင်မှာ သူမ သရုပ်ဆောင်နေသည်ကို ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ “ဟုတ်ပါပြီ”
ယွဲ့ရှသည် အပြင်သို့မသွားခင် မိတ်ကပ်မပြင်သွားသည်ကို သူမ တွေ့သောအခါ မိတ်ကပ်ပြင်ခြင်းကိုပါ စိတ်ရှုပ်စရာဟု သူမတွေးမိသွားသည်။ သူတို့နှစ်ယောက်သန့်ရှင်းရေးလုပ်ပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက်ထိမိသွားသည်။ သူတို့နှစ်ယောက်လုံးတစ်ဖက်လူမျက်နှာသည် အခွံခွာပြီးသာ ကြက်ဉပြုတ်ကဲ့သို့ ချောမွတ်နေသည် ဟု ခံစားလိုက်ရပြီး ကျေနပ်မှုအပြည့်ဖြင့် အပြင်သို့ထွက်လာကြသည်။
“သူ့ခြေထောက်တွေက အရှည်ကြီးပဲ”
“အဲ့ဒါရှုယောင်လား၊ သူတို့နှစ်ယောက်လုံးလှလိုက်တာကော”
“သူတို့ သေနတ်ပစ်လေ့ကျင့်ဖို့လာကြတာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကိုလာစောင့်တာလား”
သူတို့သည် ခမ်းနားကြီးကျယ်သောနေရာများနှင့်နေသားကျနေသူများဖြစ်ပြီး လူမှုကျင့်ဝတ်ကိုနားလည်သောသူများဖြစ်ကြသော သူတို့၏ပထမဆုံးတုန့်ပြန်ချက်မှာ-
“သူတို့ကတစ်ယောက်အင်္ကျီတစ်ယောက်ဝတ်လို့ရတယ်ပေါ့၊ အားကျလိုက်တာ”
ကျွင်းရှောင်ဟန်၏မျက်နှာမှာ ပြောင်းလဲသွားသည်။ ပထမဉီးစွာ သူမသည် ယွဲ့ရှထံမှ လျစ်လျူရှုခံလိုက်ရသည်။ ယခုတွင် သူမ သူငယ်ချင်းများကပါ သူမကို လျစ်လျူရှုသွားသည်။ သူမ ဒေါသတကြီး အံကြိတ်လိုက်ပြီး သူမ မျက်လုံးများမှာ နီရဲလာသည်။ သူမက နောက်လှည့်လိုက်ပြီး ပိုက်ဆံအိတ်ကိုကိုင်ပြီးနောက် ချဉ်စူးစူးမျက်နှာဖြင့် ထထွက်သွားတော့၏။
သူမ ခြေစောင့်ပြီးထွက်သွားသော်လည်း ကျန်သောသူများကမူ သူဒေါသထွက်နေမှန်းမသိကြပေ။ သူမ ဒေါသတကြီးထထွက်သွားပြီးမှသာ ကျန်သောသူများက လှည့်ကြည့်လာကြပြီး ဇဝေဇဝါဖြစ်သွားကြသည်။
‘သူ မဟုတ်တရုတ်ပြောထားတာတွေအကုန် ငါတို့မှမဖော်ခဲ့တာ ဘာတွေ အဲ့လောက်ဒေါသထွက်နေတာလဲ’