အခန်း ၄၁
Vol. 3 Ch. 41
အပိုင်း ၄၁- ငါ ဘာလို့ အရေးကြီးတာတစ်ခုခုမေ့သွားသလိုခံစားနေရတာလဲ(၄)
အခြားတစ်ဖက်တွင် ယွဲ့ရှသည် သေနတ်ပစ်ဖို့ရန် စတင်နေပြီဖြစ်သည်။
သူမသည် သေနတ်ကို တည်ငြိမ်စွာကိုင်လိုက်ပြီး ကျည်ထုပ်လိုက်သည်။ သူမ၏လက်ချောင်းလှုပ်ရှားပုံများသည် အလွန်သွက်လက်သည်။ သူမ လှုပ်ရှားပုံမှာ အနည်းငယ်နှေးသော်လည်း ကြည့်လို့ပျော်သည်။ သူမ လက်ဆန့်ပြီး သေနတ်ချိန်လိုက်ချိန် အကုန်လုံးမှာ အသက်အောင့်ထားမိသည်။ သေနတ်မှာ အနည်းငယ် ပြန်ကန်လိုက်ချိန် သူမ၏အနက်ရောင်ဆံပင်အဖျားပိုင်းမှာ အနည်းငယ်လွင့်သွားသည်။
သူမ၏လှုပ်ရှားပုံများသည် သေသပ်၊ ကျွမ်းကျင်၊ လှပ ပြီး ချောမွေ့သည်။ ထို့နောက် သူမ ပစ်လိုက်သော ကျည်ငါးခုလုံး အကုန် နေရာလွဲသည်။
ကျန်းရှုယောင် : “....”
အခြေအနေမှာ အနည်းငယ် ကသိကအောက်ဖြစ်နေသော်လည်း ယွဲ့ရှသည် အရေးကြီးသောသူတစ်ယောက်မဟုတ်ပေ။ ယွဲ့ရှမှာ သူမ၏ဆံပင်ကိုခါလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလာသည်။ “ငါ့လက်တွေက သေနတ်နဲ့ သိပ်နေသားမကျသေးဘူး”
ကျန်းရှုယောင် : “ဟုတ်တယ်”
ယွဲ့ရှ : “နင်စမ်းကြည့်ပါလား”
ကျန်းရှုယောင် : “အွမ်း”
ကျန်းရှုယောင်သည် ထိုရှက်ဖွယ်ကောင်းသောအခြေအနေအား ယွဲ့ရှကို ဆက်မလုပ်စေချင်တော့ပေ။ သူမသည် သေနတ်ကိုယူလိုက်ပြီး မျက်တောင်ခတ်ပြီးနောက် ချိန်လိုက်သည်။
၉ ကွင်း၊ ၉ ကွင်း၊ ၈ ကွင်း၊ ၇ ကွင်း၊ ၉ ကွင်း....
(သေနတ်ချိန်ပစ်ရာ စာရွက်ပေါ်တွင် အကွင်းဆယ်ကွင်းပါပြီး ဆယ်ကွင်းမြောက်က အလယ်တည့်တည့်ပါ)
ယွဲ့ရှ : “...”
သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြသည်။ ကျန်းရှုယောင်မှာ ယွဲ့ရှထက်ပင် ပို၍ ကသိကအောက်ဖြစ်နေသည်။
ယွဲ့ရှက သက်ပြင်းချလိုက်သည်။ “နင်အလုပ်နောက်တစ်ခုခိုးလုပ်နေတာလား၊ ငါပြောချင်တာ အသက်နဲ့ရင်းရတဲ့ သမ္မတအိမ်တော်ထဲ ခိုးဝင်တာမျိုး”
ကျန်းရှုယောင် တစ်ခေါက်ထပ်ပစ်ပြီးနောက် ယွဲ့ရှသည် သူမအတွက် ကျည်ဆံထည့်ပေးထားကြောင်းကို သူမသိလိုက်ရသည်။ သူမ၏ကြင်နာမှုကို ငြင်းရန်မှာ ရိုင်းရာကျသောကြောင့် သူမက ထပ်ပစ်လိုက်သည်။
ပလက်ဖောင်းပေါ်မှ ကောင်မလေးသည် တွန်းတိုက်ပြီးလာကြည့်ကြသည်။
“သူ့နံပါတ်သွားမေးလိုက်ပါလား”
“နင်သွား ငါအရင်တစ်ခေါက်က သွားပြီးပြီ”
“ငါမသွားရဲဘူး”
“ကျွင်းရှောင်ဟန်မှာ သူ့ဖုန်းနံပါတ်ရှိလောက်တယ်၊ ငါတို့ သူ့ကိုမေးလို့ရမယ်ထင်တယ်”
“သူက အဲ့အကောင့်ကို စနောက်ဖို့လုပ်ထားတာနေမယ်၊ နောက်မှ ငါကြည့်ကြည့်လိုက်မယ်”
ရှန်းယုနှင့်သူ့သူငယ်ချင်းများ ရောက်သောအခါ ယင်းမှာ သူတို့ ပထမဆုံး မြင်ရသော မြင်ကွင်းဖြစ်နေသည်။
ဗိုလ်ကေနှင့်ကောင်က ပလက်ဖောင်းဘေးနားက ကောင်မလေးတစ်စုကိုမြင်သောအခါ စိတ်ပျက်စွာဖြင့် သရော်လိုက်သည်။ “ဒီမိန်းမတွေ သေနတ်ပစ်ဖို့လာတာလဲ မဟုတ်ဘဲနဲ့ နားညည်းလိုက်တာ၊ သူတို့က မင်းကိုမြင်ရဖို့ တစ်နေကုန်ထိုင်စောင့်နေကြတာ”
သူက သူ့သူငယ်ချင်းပုခုံးကို ပုတ်လိုက်သည်။
တုန်းဟွေ့ က သူ၏အနက်ရောင်ရှပ်အင်္ကျီကော်လံကိုပြင်လိုက်ပြီး အမူအရာမဲ့စွာပြောလာသည်။ “ဘာပဲဖြစ်ဖြစ်”
ရှန်းယုသည် ဆန့်ကျင်ဘက်လိင်ဆီမှ စိတ်ဝင်စားခြင်းခံရခြင်းကို ကျေနပ်သောသူဖြစ်သည်။ ကုတ်အင်္ကျီကိုချွတ်ပြီးသွားရန် ပြင်လိုက်ချိန် သူသည် ထူးဆန်းသောအရာတစ်ခုကို ရှာတွေ့သွားသည်။
အကြောင်းမှာသူတို့ရောက်လာသည်ကို ကောင်မလေးများ သတိမထားမိခြင်းဖြစ်သည်။ သူတို့သည် သူမတို့အမြင်တွင် ကိုယ်ပျောက်လူသားဖြစ်နေသည်။
သူသည် ကောင်မလေးများကြည့်ရာကိုကြည့်လိုက်သောအခါ သူ့မျက်စံမှာကြုံ့သွားသည်။
‘ီးပဲ ဘာလို့ ယွဲ့ရှနဲ့ကျန်းရှုယောင်က ဒီကိုရောက်နေတာလဲ’
ထိုနှစ်ယောက်ကိုမြင်ခြင်းကြောင့် အံ့ဩသူမှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ဗိုလ်ကေကောင်ပါ ထိုနေရာသို့ ကြည့်လိုက်သောအခါ မေးစေ့ပင်ပြုတ်ကျလုနီးနီးပင်ဖြစ်သွားသည်။
တုန့်ဟွေ့မှာ သူတို့၏အလွန်အကျူးမျက်နှာအမူအရာမြင်သောအခါ စိတ်မဝင်စားစွာ လှည့်ကြည့်လိုက်သည်။ သူတို့ကြည့်နေသောသူကိုမြင်သောအခါ မျက်နှာအမူအရာမရှိ ရေခဲတုံးကဲ့သို့အေးစက်သောသူ့မျက်နှာပေါ်တွင် စိတ်ရှုပ်မှုတစ်ခုပေါ်လာသည်။
ဗိုလ်ကေနှင့်ကောင် ရှီချင်းယင်ကို ပတ်ရှာသော်လည်း မတွေ့ခဲ့ပေ။ သူသည် ကျန်းရှုယောင်သည် ယွဲ့ရှနှင့်လာခဲ့ကြောင်းကို လက်မခံချင်ဘဲ လက်ခံခဲ့ရသည်။ သူ၏အမှန်တရားပေါ်မြင်ပုံမှာ ၁၈၀ဒီဂရီစောင်းသွားသလိုခံစားလိုက်ရသည်။ “ဘာတွေဖြစ်နေတာလဲ၊ သူ့ကောင်မလေးနဲ့သူ့အရံကောင်မလေးက တည့်နေတာလား အကိုကြီးရှီကတော့ လုံးဝ အံ့ဩစရာကြီးပါကွာ”
“မဖြစ်နိုင်တာ” ရှန်းယုက ရေရွတ်လိုက်သည်။ “ယွဲ့ရှ.... ယွဲ့ရှက ရှီချင်းယင်ကို လေထဲလွင့်အောင်ပါးချလိုက်တဲ့ ကြောက်စရာကောင်းတဲ့မိန်းမလေ၊ ရှီချင်းယင်သာ သူ့ကိုခွင့်လွှတ်ရင် သူရူးနေလို့ပဲနေမှာ အသက်ရှင်ရတာကို စိတ်ကုန်သွားလို့ပဲနေမှာ၊ ဖျားပြီး ဉီးနှောက်ပါ ပါသွားတာလား!!!!!”
တုန်းဟွေ့သည် သူတို့ပြောနေသော အကြောင်းအရာများကို မသိပေ။
ယွဲ့ရှသည် ဤနေရာသို့လာရခြင်းမှာ ကျန်းရှုယောင်သေနတ်ပစ်ရသည်ကို ပျော်မပျော် သိချင်လို့လာခဲ့ခြင်းဖြစ်သော်လည်း ရှုယောင်၏သေနတ်ပစ်စွမ်းရည်မှာ ဂိတ်ဆုံးရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။ ရှီချင်းယင်နောက်တစ်ခါ လက်ပေါ်လွင့်ဖို့အတွက် အခွင့်အရေးကောင်းကိုမြင်ရဖို့ရန် သူမသည် ရှုယောင်ကို လက်ဝှေ့စင်တာသို့ နောက်တစ်ခါ ခေါ်ဖို့ စဉ်းစားနေပြီဖြစ်သည်။
ကျန်းရှုယောင်လူများလာသည်ကို သတိထားမိသောအခါ ယွဲ့ရှနားသို့ အလိုအလျောက်ကပ်သွားသည်။
ရှန်းယု : “.....”
ဗိုလ်ကေနှင့်ကောင် : “.....”
“ဒါကြီးကို ဘယ်လိုလုပ်ကြမလဲ” ရှန်းယုက ကြောင်တောင်တောင်ဖြင့်မေးလာသည်။ “ရှီချင်းယင်ကကော ဘယ်မှာလဲ၊ အလုပ်ခရီးထွက်နေတာလား၊ ငါတို့ ခုတလော ဘာလို့သူ့ဆီကနေ ဘာမှ မကြားရတာလဲ”
ဗိုလ်ကေနှင့်ကောင်က ကြောင်တောင်တောင်ဖြင့် ခေါင်းလာသည်။ “ငါလည်းမသိဘူး”
***
ထိုစဉ် ရှီချင်းယင်မှာ ရှုယောင် သူ့အတွက် အရိုးစွပ်ပြုတ်ယူလာမည်ပြောသောကြောင့် စောင့်နေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်သည်။ သူစိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သော်လည်းရောက်လာသူမှာ သူ မတွေ့ချင်ဆုံး သူ့အကိုဖြစ်နေသည်။
ရှီယွမ်ကျန်း အခန်းထဲသို့ဝင်လာသောအခါ သူနှင့်အတူ အေးစက်သောလေကိုပါ သယ်ဆောင်လာခဲ့သည်။ ရှီချင်းယင်မှာ ချက်ချင်းပင် ဖိစီးလာသည်။ “အကိုကြီး ကျွန်တော်ကိုလာတွေ့တာလား”
လက်တလော သူသည် ကုတင်ပေါ်တွင်သာ လှဲနေရသည်။ နေရာမှာကောင်းမွန်ပြီး သူနှင့်ခင်သောသူမှာ မနည်းသော်လည်း လက်ရှိတွင် သူအထီးကျန်နေရသည်။
ရှီချင်းယင် စိတ်ထဲမှ သူ့ကိုယ်သူလှောင်ပြောင်မိပြီး ဝမ်းနည်းစွာ ရယ်လိုက်သည်။ သူ့ဆီလာလည်သော တစ်ယောက်တည်းသောသူမှာ သူ့အကိုကြီးဖြစ်နေလိမ့်မည်ဟု သူမထင်ထားမိပေ။
ရှီယွမ်ကျန်းက သူ့ကိုကြည့်လိုက်ပြီး အေးစက်သော အမူအရာဖြင့် ဆေးစာတမ်းကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဟမ်....”
ရှီချင်းယင် : “….?.....”
သူ့ပါးချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ထိုင်ချဖို့ရန်အားယူလိုက်ပြီး ရှီယွမ်ကျန်းဆေးစာတမ်းကိုကြည့်နေသည်ကိုကြည့်ရင်း သူ့စိတ်ညစ်လာတော့သည်။
ယခုတစ်ခါသည် ပထမဆုံးအကြိမ်မဟုတ်ပေ။
‘အဖေ ဒီလိုဖြစ်တာ ငါ့တုံးအမှုကြောင့်ထင်မှာလား၊ ယွဲ့ရှ နဲ့ကျန်းရှုယောင်ကြောင့်လို့ထင်မှာလား မိန်းမတစ်ယောက်ကြောင့် အခုလိုဖြစ်သွားလို့ သူငါ့ကိုစိတ်ပျက်နေပြီလား’
ရှီယွမ်းကျန်းသည် အလုပ်ကိစ္စကြောင့် ရောက်လာပုံပေါ်သည်။ ဆေးစာတမ်းကိုကြည့်ပြီးနောက် သူသည် တုန့်ဆိုင်းမှုမရှိဘဲ ပြန်ထွက်သွားသည်။
“ခဏ...!!!!” သူ့အကိုကြီးနောက်ကျောကိုကြည့်ပြီး ရှီချင်းယင် ခါးသီးလာတော့သည်။ သို့သော် ရှီယွမ်ကျန်းနှင့်မျက်လုံးချင်းစုံသွားသောအခါ ထိုမျက်လုံးများမှာ တည်ငြိမ်အေးစက်နေသောကြောင့် နှင်းကြားထဲရောက်သွားသလိုပင် သူခံစားလိုက်ရသည်။ “အကိုကြီး...ကျွန်တော့်ကို ပြောစရာတစ်ခုခုမရှိဘူးလား”
သူသည် ရှီယွမ်ကျန်းလာလည်ရသည့် ရည်ရွယ်ချက်ကိုသိဖို့ရန်လိုအပ်သည်။ ရှီယွမ်ကျန်းသည် ထိုကိစ္စကြောင့် သူတို့အဖေထံမှ ချစ်ခြင်းမရဖူးသော်လည်း အမွေဆက်ခံခြင်းနှင့်ပတ်သတ်ပြီး ယုံကြည်ချက်ရှိသည်။ သို့သော်လည်းပဲ...
ရှီယွမ်ကျန်းက တန့်သွားသည်။ “မင်းက ငါ့ကိုတစ်ခုခုပြောစေချင်လို့လား”
"Yes."ရှီချင်းယင်မျက်လုံးများသည် တည်ငြိမ်သွားသည်။ “အွမ်း...”
သူတို့သည် မျက်လုံးချင်းစုံသွားသည်။ ရှီချင်းယင်က လက်သီးဆုပ်လိုက်ပြီး အသက်အောင့်လိုက်ပြီးနောက် သူသည် တတ်နိုင်သမျှ အာရုံစိုက်လိုက်ပြီး သူထိုထက်ပို၍ အာရုံမစိုက်နိုင်ပေ။
ရှီယွမ်ကျန်းအကြည့်သည် သူ၏ပါးမှ သူ၏နံရိုးနားသို့ရွေ့သွားသည်။ သူထံမှာ ကြားရုံမျှသာ မထိတထိလှောင်ရယ်သံထွက်လာသည်။ ထို့နောက် သူက သူ့ကိုငုံ့ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောလိုက်သည်။ “မင်းနဲ့ထိုက်တန်တယ်”
ရှီချင်းယင် : “.?????”