← Chapters

အခန်း ၄၂

Vol. 3 Ch. 42

အခန်း ၄၂

Vol. 3 Ch. 42

အပိုင်း (၄၂) - ငါ ကြောက်တယ် အဲ့လူရှိနေမှာကိုငါကြောက်တယ် (၁)

ယွဲ့ရှနှင့်ကျန်းရှုယောင် ပြန်ရန်ပြုချိန်သူတို့နှစ်ယောက်သည် VIP တန်းတွင်ထိုင်နေသော ကောင်မလေးများကို တွေ့လိုက်ရသည်။

ယွဲ့ရှနှင့်ကျန်းရှုယောင် သေနတ်ပစ်ကွင်းမှ ပြန်ကြတော့မည် ကို သူတို့ တွေ့သောအခါ အားလုံးခေါင်းမော့လာကြသည်။ သူတို့ပုံစံလေးမှာ မျက်လုံးတောက်တောက်လေးနှင့် ယုန်လေးများနှင့်ပင်တူသည်။ ကောင်မလေးများက သူတို့ကိုစိုက်ကြည့်နေကြ‌သော်လည်း စကားမပြောကြပေ။ သူတို့နှစ်ယောက် သူတို့ရှေ့ဖြတ်သွား‌သောအခါ ကောင်မလေးများက သူတို့ကို ကြည့်ပြီး တံတောင်တွတ်နေကြသည်။

“နင်သွား”

“ဟင့်အင်း”

“ဒီတိုင်းမေးတာပဲဟာ”

“အဲ့ဆိုနင်မေးလေ”

ယွဲ့ရှလိုတုံးသည့်သူနှင့်ကျန်းရှုယောင်လိုပတ်ဝန်းကျင်ကိုသတိမထားမိသော သူပင်လျှင် ကောင်မလေးများ၏ထူးဆန်းနေမှုကို သတိထားမိသည်။ ကျန်းရှုယောင်က ရပ်လိုက်ပြီး သူတို့ကို လှည့်ကြည့်လိုက်သည်။

ယွဲ့ရှက ဖုန်းကိုကြည့်လိုက်ပြီး Follower တိုးလာသော သူမ အကောင့်ကိုကြည့်ပြီး ထူးဆန်းနေသည်။ ထို follower များကလည်း ဖန်အင်အားတောင့်သော အကောင့်များဖြစ်ကြသည်။ ကျန်းရှုယောင်က သူမ အင်္ကျီကို အသာလေးဆွဲလိုက်သောကြောင့် သူမ လှည့်ကြည့်လိုက်သည်။

သူတို့သည် အချင်းချင်းကြည့်လိုက်ကြသည်။

“.....”

ဤအခြေအနေကို ကယ်တင်ရန် တစ်စုံတစ်ယောက်ရှေ့တက်ရန် လိုအပ်နေပြီဖြစ်သည်။ ထောင်လီသည် ရှက်ကိုးရှက်ကန်းဖြစ်နေသော အဖွဲ့ထဲမှ ဇာတ်လိုက်မင်းသမီးလိုထွက်လာပြီး ပြုံးလျက်ပြောလာသည်။ “ယွဲ့ရှနဲ့ရှုယောင်မလားရှင့်၊ အရင်တုန်းက တွေ့ဖူးပေမယ့်၊ မမှတ်မိလောက်ဘူးထင်တယ်”

ယွဲ့ရှ သေချာပြန်စဉ်းစားသော်လည်း သူမနှင့်ပတ်သတ်ပြီး ဘာမှမမှတ်မိပေ။

ကျန်းရှုယောင်က မသေချာမရေရာစွာ မေးလိုက်သည်။ “နင်က ထောင်လီလား”

ထောင်လီမှာ ကျန်းရှုယောင်သည်သူ့ကိုမှတ်မိလိမ့်မည် ဟု မထင်ထားပေ။ “နင်ငါ့ကိုမှတ်မိတယ်ပေါ့”

“အွမ်း” ကျန်းရှုယောင်က ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။ “ငါက အမှားလုပ်ရတာမကြိုက်လို့ ဧည့်သည့်စာရင်းထဲက ဧည့်သည်အကုန်လုံးရဲ့ ရုပ်နဲ့နာမည်ကိုသေချာမှတ်ထားတာ”

သူတို့စကားပြောနေစဉ် သူတို့နောက်မှ ကောင်မလေးများသည် အကြည့်နှင့်သာ စကားပြောနေကြသည်။

သူတို့သည် အနေနီးလွန်းသောကြောင့် တစ်ယောက်မျက်နှာပေါ်မှ အစက်လေးများကိုပင်မြင်နိုင်သည်။ သူတို့သည် ထိုလူနှစ်ယောက်မှာ အလွန်ကွဲပြားသောအကျင့်စရိုက်ရှိလောက်သည်ဟု ခံစားနေရသည်။ ယွဲ့ရှ၏နှုတ်ခမ်းများသည် အရောင်ဖျော့ပြီး မျက်နှာမှာ မည်သည့် အဖုအပေါက်မျှမရှိပေ။ သူမ မျက်ဝန်းများသည် မဲနက်နေသည်။ ကျန်းရှုယောင်မှာမူ မျက်နှာပိုသေးပြီး လက်တစ်ဖက်စာသာရှိသည်။

ပိုပြီးထူးခြားသည်မှာ သူတို့နှစ်ယောက်ထံမှ ရသောအနံ့သည် အတူတူပင်ဖြစ်သည်။

ဝမ့်ရှစ်ယာသည် ခိုးကြောင်ခိုးဝှက်ဖြင့် ခြေလှမ်းတစ်ဝက်ခန့်တိုးလိုက်ပြီး ခိုးရှူလိုက်သော်လည်း ရေမွှေးတံဆိတ်ကို မခန့်မှန်းနိုင်ခဲ့ပေ။ ယင်းသည် အလွန်ထူးခြားသော မွှေးရနံ့ဖြစ်သည်။ အနံ့သည် စူးလည်းမစူးရှသလို ပြင်းလည်းမပြင်းပေ။ ယင်းအနံ့မှာ အထင်သေးလို့မရသော ဆွဲဆောင်မှုရှိသော အနံ့ပင်ဖြစ်သည်။

‘ယွဲ့ရှက ဖက်ရှင်အသိုင်းအဝိုင်းမှာ သူငယ်ချင်းရှိတာလား၊ မထုပ်ရသေးတဲ့ ပစ္စည်းများလား’

ယွဲ့ရှသည် အနံ့နှင့်ပတ်သတ်ပြီး သိပ်အာရုံမစိုက်ပေ။ သူမသည် ပန်းရနံ့အရည်ကို အိမ်မှမထွက်ခင် ခြင်မကိုက်ခံရအောင် သူမနှင့်ရှုယောင် အပေါ်ဖြန်းထားခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အတိုဝတ်ထားသော ရှုယောင်ခြေ‌ထောက်မှာ အစက်အပျောက်များ မရတော့ပေ။ အရှည်ဝတ်ထားသော သူမကိုမူ ခြင်များက အဝတ်ကိုပင် ဖောက်ပြီးကိုက်သွားသောကြောင့် ခြင်ကိုက်ရာခြောက်ခုရခဲ့သည်။

[ဒါက ဘာကြီးလဲ ] ယွဲ့ရှက System ကို ဝမ်းနည်းစွာ ပြောပြလာသည်။ [ သူတို့က ဘာလို့ ငါ့ပဲလာကိုက်နေတာလဲ ]

System သည် လက်တလော “Diamond Sutra for self-improvement” ကိုဖတ်ရခြင်းကို အလွန်စွဲလန်း နေသည်။ သူက ပြန်ပြောလာသည်။ [ နင်နဲ့တန်တယ်လေ]

ယွဲ့ရှ : [….]

ထောင်လီနှင့်ကျန်းရှုယောင်က တစ်ဖက်တွင် စကားပြောနေကြသည်။ ထောင်လီသည် သူတို့ထက် ငယ်သော်လည်း သူမ၏ EQ (emotional intelligence) မှာအလွန်မြင့်သည်။ သူတို့၏ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်နေသော်လည်း သူမသည် ကျန်းရှုယောင်ကို မသက်မသာ အဖြစ်မခံပေ။ သူမသည် နောက်တစ်ခေါက်အားလျှင် အပြင်ထွက်ကြရန်ပင် ကျန်းရှုယောင်နှင့်ညှိလိုက်သည်။

မထွက်သွားခင် ယွဲ့ရှသည် ကောင်မလေးများကို တာ့တာပြလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုထူးဆန်းနေကြောင်းကို သတိထားမိသွားသည်။

ရာသီဥတုပူသောကြောင့်လား မသေချာသော်လည်း ကောင်မလေးတစ်ယောက်သည် မျက်နှာလေးနီရဲကာ မျက်လုံးလေးတောက်ပပြီး သူမကိုကြည့်နေသည်။ ယွဲ့ရှ ယခင်က သတိမထားမိ‌ပေ။ သူမက ရုတ်တရက်ပြောချလာသည်။ “နင့်မျက်နှာက ဘာလို့အဲ့လောက်ရဲနေတာလဲ”

ဝမ့်ရှစ်ယာ သည် ရုတ်တရက်အခေါ်ခံလိုက်ရသောကြောင့်လန့်သွားသည်။ သူမ၏မျက်နှာသည် ယခုတွင် ခရမ်းချဉ်သီးကဲ့သို့နီရဲသွားသည်။

ယွဲ့ရှ၏ထူးဆန်းနေသော အကြည့်အောက်တွင် သူမ တောင့်သွားသည်။ သူမမှာ အရှက်ရသွားပြီဖြစ်သောကြောင့် အဆုံးထိသွားဖို့ဆုံးဖြတ်လိုက်သည်။ “WeChat အကောင့်လေးပေးလို့ရမလား”

***

ကားထဲရောက်ပြီးသည်အထိကို ယွဲ့ရှသည် ညည်းညူနေဆဲပင်။ “ဒီခေတ်ကောင်မလေးတွေ တော်တော်အရှက်သည်းတာပဲနော်၊ ဒီတိုင်း Wechat အကောင့်တောင်းတာပဲဟာ သူ့ပုံစံက မသိရင် ငါ့ကိုဖွင့်ပြောတော့မလိုလို”

သူမတွင် အခြားသူ၏ We chat Qr code scan ရှိသောကြောင့် ထိပြီး သူမ အကောင့်ကိုဝင်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ချစ်ဖို့ကောင်းသော်လည်း အကောင့်မှာမူ နည်းနည်း ရှုပ်ထွေးနေသည်။ အကောင့်ပုံမှာ ပန်းရောင်လေးဖြစ်ပြီး WeChat အကောင့်နာမည်မှာမူ မြင်းရုပ်ကြီးဖြစ်နေသည်။

ယွဲ့ရှသည် သူမ ထံ friend request ပို့လိုက်ပြီးနောက် သူမ၏ friend list ထဲကိုဝင်ကြည့်လိုက်သည်။

[ နန်ကျီး အင်တာတိန်းမန့် နင်တို့တွေ နင်တို့ရဲ့ သစ္စာရှိတဲ့ဖန်တစ်ယောက်ဆုံးရှုံးသွာပြီ၊ ဘာ ကီးချိန်းတစ်ခုကို ၂၈၈ ယွမ် ဓားပြပဲသွားတိုက်လိုက်ပါတော့လား ဘာဖြစ်နေတာလဲ ငါတော့ လုံးဝ ဆွံ့အနေပြီ(ချွေးပျံနေသော ပဲပိစပ်ပုံ!!!!!)]

[ ငါ တီဗီပေါ်မှာ ရုပ်ဆိုးတဲ့ သရုပ်ဆောင်တွေမြင်တိုင် ငါစဉ်းစားမိတယ် ငါ့အိမ်က တံခါးစောင့်တောင် သရုပ်ဆောင်လုပ်လို့ရမလားဆိုပြီး]

[L&Pငါ ဒီတစ်ပတ် ဘယ်သူမှ မဆဲတော့ဘူးလို့ ကတိပေးတယ်၊ အမကြီးများ အိုင့်ကို ဆုံးမပေးကြပါ ]

[ အဲ့ ဆေးလိပ်သောက်တဲ့ စောက်တုံးကောင်တွေက မသေသေးတာလဲ ငါသွားထိုးပစ်မယ် ]

ယွဲ့ရှ : “….” ‘ဘာတွေလဲ ဒီကောင်မလေး အပြင်မှာ ဒီလို မဟုတ်ပါဘူး’

သူမ၏ friend request သည် စက္ကန့်ပိုင်းအတွင်း လက်ခံ,ခံလိုက်ရသည်။ တစ်ဖက်လူသည် သူမထံချက်ချင်းပင် page တစ်ခု ပို့လာခဲ့သည်။ ရှက်ရှက်ဖြင့် သူမက မှားနှိပ်မိကြောင်းယဉ်ကျေးစွာရှင်းပြလာသည်။ ၎င်းမှာ သူမအကောင့်ဖြစ်သည်။

ယွဲ့ရှသည် လင့်ခ်ကို နှိပ်ကြည့်လိုက်သောအခါ ပထမဆုံး သူမ မြင်သည်မှာ :

[ ငါ XPP brand ရဲ့ ဖက်ရှင်ရှိုးကို တက်ခွင့်ရခဲ့တယ်ကွာ၊ ငါ သူတို့ရဲ့ ဒီဇိုင်းကို အမြဲတမ်းကြိုက်ခဲ့တာလေ၊ အကုန်လုံးကတော့ မလှပေမယ့်ပေါ့ ]

ဖြတ်ညှပ်ကပ်လုပ်ထားသော ပုံ ၉ ပုံပါ တွဲပါလာသည်။

ယွဲ့ရှမှာ သူမ ဝင်မပါသင့်သောကိစ္စတစ်ခုကို သိလိုက်ရသလိုခံစားလိုက်ရသည်။ သူမက ရယ်စရာ တွေးလိုက်သည်။ ‘ ဝမ့်ရှစ်ယာက ငါ့ကို ပါးစပ်ပိတ်ဖို့ လူသတ်သမားလွှတ်တော့မှာလား’

ကျန်းရှုယောင်သည် တခြားကောင်မလေးနှင့်စကားပြောစဉ်က ရခဲ့သည့် အပျော်ထဲ နစ်ဝင်နေဆဲပင်။ သူမသည် ယွဲ့ရှဘေးနားတွင်ထိုင်နေပြီး ဓာတ်ဘူးကိုလည်းကိုင်ထားသည်။ သူမက တတိယအကြိမ်မြောက်ထပ်မေးလာသည်။ “ရှရှ ငါစကားမှားပြောမိသေးလား”

ယွဲ့ရှ‌က ခေါင်းခါပြလိုက်သည်။ “မပြောမိပါဘူး၊ သူက ငါတို့နဲ့အပြင်ထွက်ချင်တယ်လို့တောင် ပြောခဲ့သေးတယ်လေ”

ကျန်းရှု‌ယောင်မှာ ထိုစကားများသည် ယဉ်ကျေးသမှုဖြင့် ပြောခဲ့သော စကားများဖြစ်ကြောင်းကို သိသော်လည်း သူမ ပျော်နေဆဲပင်။ “ကောင်းတာပေါ့”

သူမသည် တော်တော်ကြာသည်အထိ ရှီချင်းယင်၏သူငယ်ချင်းများနှင့်သာ စကားပြောဖူးသည်။ သူ၏ပိုင်ဆိုင်လိုစိတ် ပေါက်ထွက်လာသောအချိန်တွင် သူမကို သူ့သူငယ်ချင်းများနှင့်ပင် ပေးမတွေ့ပေ။ သူတွေ့ဖူးသော ကောင်မလေးအနည်းစုသည်လည်း သူ့သူငယ်ချင်း၏ကောင်မလေးများဖြစ်ပြီး သူတို့သည် ရည်းစားခဏခဏ ပြောင်းပြီး သူတို့၏ရည်စားဆက်ဆံ‌ရေးသည်လည်း မကြာကြပေ။

ရှီချင်းယင် အကြောင်းကိုတွေးမိသောအခါ ကျန်းရှုယောင် မပြုံးတော့ပေ။ သူမသည် စတင်ပြီးစိုးရိမ်လာပြန်သည်။ ‘သူ့ဒဏ်ရာတွေကော အဆင်ပြေရဲ့လား၊ သူသက်ကောသက်သာရဲ့လား”

ဤရက်တွေထဲတွင် သူမသည် သူ့ထံသွားလည်မည့်အစား ယွဲ့ရှနှင့်သာ အချိန်ကုန်ဆုံးနေမိသည်။ ယွဲ့ရှနှင့်အချိန်ကုန်ဆုံးရသည်ကို ပျော်လို့သက်သက်တစ်ခုတည်းပင်မဟုတ်ပေ နောက်ထပ်အကြောင်း ပြချက်ရှိသေးသည်။ ကျန်းရှုယောင်သည် နှုတ်ခမ်းစေ့လိုက်ပြီး ဓာတ်ဘူးကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။ သူမ ကြောက်နေမိသည်။ ထိုလူရှိနေမှာကို သူမ ကြောက်မိသည်။

ရှီချင်းယင် အမေ အဖေရှီ၏ ဒုတိယမိန်းမ၊ လင်းဝမ်။

All Chapters