အခန်း ၄၃
Vol. 3 Ch. 43
အပိုင်း (၄၃) - ငါ ကြောက်တယ် အဲ့လူရှိနေမှာကိုငါကြောက်တယ်(၂)
အဖေရှီ၏ ပထမမိန်းမဆုံးပြီး နှစ်လပင်မကြာသေးချိန်တွင် လင်းဝမ်သည် ရှီမိသားစုထဲသို့ ကိုယ်ဝန်ဖြင့်ဝင်လာသည်။ ရှီချင်းယင်ကိုမွေးပြီးနောက် သူမသည် ရှီမိသားစုတွင် ပို၍ပင် အခြေမြဲသွားသည်။ လူပေါင်းမြောက်များစွာထံမှ ဝေဖန်ခံရသော်လည်း သူမသည် အခွင့်အရေးကို သေချာကိုင်တွယ်တတ်ပြီး ထက်မြက်သောမိန်းမတစ်ယောက်ဖြစ်နေသည်ကိုတော့ ငြင်းမရပေ။
ရှီချင်းယင်က ကျန်းရှုယောင်နှင့်စေ့စပ်ရန် မရမက တောင်းဆိုသောအခါ နိုင်ငံခြားတွင်ရောက်နေသော လင်းဝမ်က အိမ်သို့ အလောတကြီးပြန်လာခဲ့သည်။ သူတို့နှစ်ယောက် အပြင်းအထန်ငြင်းခုံကြသည်မှာ ကောင်းကင်ပြိုပြီးလားဟုပင် ထင်ရစေသည်။ ထိုရန်ပွဲထဲတွင် သူမသည် ဘေးတွင် ငြိမ်သက်စွာ ရပ်နေကာ စူးရှသောလင်းဝမ်အကြည့်များကို ခံစားနေရသည်။
လင်းဝမ်အကြည့်များထဲတွင် အေးစက်မှုနှင့်အထင်အမြင်သေးမှုတို့ကိုခံစားရသည်။ သူမ ပုံစံမှာ ဖယ်ရှား၍မရသော ရွံ့စရာဖားတစ်ကောင်ကိုကြည့်နေသည်နှင့်ပင်တူသည်။
ကျန်းရှုယောင်၏အတွေးများသည်လည်း တဖြည်းဖြည်းမှောင်မိုက်လာခဲ့သည်။ သူမသည် စိတ်ဖိစီးမှု ကျဆင်းဖို့ရန်အလို့ငှာ သက်ပြင်းရှည်ချလိုက်သည်။
ယွဲ့ရှ သည်System ထံမှ သတင်းညှစ်ထုပ်နေသည်။ [ရှီချင်းယင် အခု ဘာလုပ်နေတာလဲ ]
System : [နင်ခုတော့သူ့ကို သတိရပြီးပေါ့၊ သူအလုပ်လုပ်နေတယ် ]
ယွဲ့ရှသည် သူ့ကိုအထင်ကြီးသွားသည် အနည်းဆုံးတော့ အလုပ်နှင့်ပတ်သက်လျှင်။ [ သူက နံရိုး ကျိုးနေတာတောင် အလုပ်လုပ်နိုင်သေးတယ်ပေါ့၊ အလုပ်ကြိုးစားလှချည်လား ရင်ထဲတောင်ထိသွားတယ်]
System : [ သူလည်းလုပ်ချင်လို့လုပ်နေတာ မဟုတ်ဘူး၊ သူက သူ့အလုပ်ကို အချိန်မီမပြီးရင် သူ့အလုပ်က ရှီယွမ်ကျန်း လက်ထဲထပ်ပြီး အပ်လိုက်ရမှာ ]
ယွဲ့ရှသည် ချမ်းသာသောလူမှုအသိုင်းအဝန်း၏လျှို့ဝှက်ထံမှ အပက်ခံလိုက်ရသည်။
[ ရှီယွမ်ကျန်းဆီ ပေးလိုက်တာ ပိုမကောင်းဘူးလား ] ယွဲ့ရှက ကျိူးကြောင်းစီလျော်စွာ စီစစ်လာသည်။ [ ရှီယွမ်ကျန်းက သူ့ထက်ပိုတော်တာကို]
System : [….] ‘အဲ့ဒါကိုပျော်တာ နင်တစ်ယောက်ပဲရှိတယ်!’
System နှင့် စကားပြောပြီးနောက် သူမသည် ရှုယောင်ဘက်လှည့်လိုက်ချိန် ဓာတ်ဘူးအကြီးကြီးကို ဂရုတစိုက်ကိုင်ထားသော ရှုယောင်ကို တွေ့လိုက်ရသည်။ သူမသည် စပ်စုချင်သောကြောင့် မေးလိုက်သည်။ “ဘာစွပ်ပြုတ်လဲဟင်”
ရှုယောင်သည် မနက်ကတည်းက ထိုစွပ်ပြုတ် မီးအေးအေးနှင့်ချက်နေသည်ကို သူမသိသည်။ ဓာတ်ဘူးအဖုံးကိုဖွင့်လိုက်ပြီးနောက် ထွက်လာသော အငွေ့နှင့် အနံ့နှင့်ပင် သူမ ဘာစွပ်ပြုတ်မှန်း ခန့်မှန်းလို့ရသွားသည်။ စွပ်ပြုတ်ကိုလက်ဆက်နေစေရန် သူမသည် မီးဖိုချောင်ထဲတွင် တစ်မနက်လုံး အလုပ်ရှုပ်နေပြီး သေချာမအိပ်ရသေးပေ။
“ကြက်သားစွပ်ပြုတ်ပြစ်ပြစ်လေး” ကျန်းရှုယောင်က တု့န်ဆိုင်းစွာ ခေါင်းနိမ့်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာသည်။
“ဒါ ငါပထမဆုံး စွပ်ပြုတ်ချက်ဖူးတာ ချင်းယင် ကြိုက်ပါ့မလား မသိ”
ယွဲ့ရှသည် ရှီချင်းယင်မှာ ရှုယောင်စွပ်ပြုတ်နှင့်မထိုက်တန်ဟုပင် တွေးမိသွားသည်။ မနာလိုစွာဖြင့် သူမ ကပြောလာသည်။ “တကယ်တော့ နာလန်ထူ လူနာနေတွေ အတွက် စွပ်ပြုတ်က သိပ်တော့ မသင့်တော်ဘူး၊ အဓိက ပါဝင်ပစ္စည်းက ဆီဆိုတော့ လူနာအတွက် အဆင်မပြေဘူး၊ ငါဘဲသောက်လိုက်....”
သူမ ပြောလို့မပြီးသေးခင်မှာပင် ကျန်းရှုယောင်က ဓာတ်ဘူးကို ညင်သာစွာဖွင့်လိုက်သည်။
စွပ်ပြုတ်အနံ့သည် သင်းပျံ့စွာထွက်လာသည်။
ယွဲ့ရှက စကားလမ်းကြောင်းကို ချောမွေ့စွာ ပြောင်းလဲလိုက်သည်။ “ဒါပေမယ့် နင့်ရည်ရွယ်ချက်က အဖိုးမဖြတ်နိုင်တာမို့လို့ ရှီချင်းယင်ပဲ အကုန်သောက်သင့်တယ်လို့ ငါထင်တယ်၊ သူ တစ်စက်မကျန်သောက်သင့်တယ်”
‘ရှီချင်းယင် နင်တော်တော်ကံကောင်းတယ်’
ရုံးဖွင့်ရက်ဖြစ်သောကြောင့် လာလည်သူမှာ ပို၍ပင်နည်းပါးနေသည်။ ယွဲ့ရှသည် ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်ပြီး AI သံလို မေးလာသည်။ “သူ့ငါ့ကိုမြင်ရင် အဆင်ပြေပါ့မလား”
ကျန်းရှုယောင်က မျက်မှောင်ကြုတ်လိုက်သည်။ “မဖြစ်ပါဘူး၊ နင်က သူ့လာတွေ့တာကို”
ယွဲ့ရှက စိတ်ဓာတ်ကျဟန်ဆောင်လိုက်သည်။ “မဟုတ်ဘူးရပါတယ်၊ ငါနင့်ကိုတံခါးဝမှာပဲ စောင့်နေပေးရင်....”
ကျန်းရှုယောင်က ယွဲ့ရှလက်ကို ကိုင်လိုက်ပြီး လေးနက်စွာ ပြောလာသည်။ “သူဘာမှ မပြောပါဘူး”
ယွဲ့ရှမှာ နေလို့ကောင်းသွားသည်။ သူမသည် ရှီချင်းယင်ကို အနှောင့်အယှက်ပေးဖို့ရန် ပန်းတိုင်သို့ လမ်းမှန်သွားပြီဖြစ်သည်။ ထို့နောက် Sytsem စက်သံ ပိတ်သွားသောအခါ သူမကချက်ချင်း မတုန့်ပြန်ပေ။
[အရေးပေါ် ! အရေးပေါ် ! အရေးပေါ် ! ဇာတ်ကွက်နှင့်သက်ဆိုင်တဲ့သူ ပေါ်လာပြီ၊ Host ဒါကို အခွင့်ကောင်းယူပြီး ဇာတ်ကွက်ရှေ့ဆက်ဖို့လုပ်ပါ ]
ကော်ရစ်ဒါ အပြင်ဘက်တွင် ပြတင်းပေါက်ကိုမှီပြီးမည်သည်ကိုမှ ဂရုမစိုက်သည့် အမူအရာဖြစ်ရပ်နေသော မိန်းမတစ်ယောက်ရှိသည်။ မိန်းမသည် အသံလာရာဖြစ်သော သူတို့နေရာသို့ကြည့်လိုက်သည်။
ယွဲ့ရှလက်များသည် တင်းကြပ်စွာ ဆုပ်ထားခံလိုက်ရသလိုခံစားလိုက်ရသည်။
ကျန်းရှုယောင်သည် အလိုအလျှောက်လက်သီးဆုပ်မိသည်။ သူမပုံစံမှာ အလွန်တရာကြောက်လန့်နေပုံပင်။
တစ်ခါတစ်ရံ ကိစ္စများသည် မဖြစ်ချင်လေ ပိုဖြစ်လာတတ်ကြသည်။
ယခုကဲ့သို့ပင် သူမသည် လင်းဝမ်နှင့်မတွေ့မိအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ပိတ်ရက်တွင် မလာခဲ့သော်လည်း သူမနှင့်ထိပ်တိုက်တိုးစမြဲပင်။ တိုက်ဆိုက်ခြင်းမဟုတ်သည်လည်း ဖြစ်နိုင်သည်။ လင်းဝမ်သည် သူမကိုစောင့်နေခြင်းလည်းဖြစ်နိုင်သည်။ လင်းဝမ်သည် မကြာခဏ ထိုကဲ့သို့လုပ်လေ့ရှိသည်။ ထိုကဲ့သို့ဖြစ်သည်မှာ တတိယအကြိမ်ဖြစ်သည်။
ယခုတစ်ခါသည် ယွဲ့ရှအတွက် ရှီချင်းယင်၏အမေကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
လင်းဝမ်သည် ကိုယ်ရံတော်များတကားကားလိုက်သည့် ပိုလွန်သောအရာများမလုပ်ပေ။ သူမ ပုံစံသည်လည်း အလွန်ဈေးကြီးသော အပြင်အဆင်နှင့်ဝတ်စားထားပုံ မပေါ်ပေ။ သူမသည် လက်ချုပ် ဂါဝန်ရှည်ကိုသာ ဝတ်ဆင်ထားသည်။ သူမအသားသည် ဖြူဖွေးပြီး သူမ အသက်ထက်ပင် ငယ်ပုံ ပေါ်သည်။
သူမသည် စကားမပြောလာဘဲ တောင့်ခဲနေသော ကျန်းရှုယောင်ကိုသာ တည်ငြိမ်စွာကြည့်နေသည်။ သူမ ခေါင်းလှည့်လိုက်ပြီး ယွဲ့ရှကိုမြင်သောအခါ ခံစားချက်မှာ နောက်ဆုံးတွင် သူမ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ အံ့ဩသောမျက်နှာအမူအရာပင်။
“ရှရှ” လင်းဝမ်၏သေချာထိန်းသိမ်းထားသောမျက်နှာပေါ်တွင် အပြုံးတစ်စုံပေါ်လာသည်။ သူမသည် ထိုထက်ပို၍ လိုလားပုံ မပေါက်နိုင်တော့ပေ။ “သမီး ချင်းယင်ကို လာတွေ့တာလား”
သူမသည် ယွဲ့ရှဘေးနားတွင် ရပ်နေသော ရှုယောင်ကို ကိုယ်ပျောက်လူသားလို ဆက်ဆံထားသည်။ သူမသည် သူ့ကို အသိအမှတ်မပြုချင်ပေ။
မူရင်းဇာတ်လမ်းထဲတွင် လင်းဝမ်သည် ကျန်းရှုယောင်မိသားစုနောက်ခံကို သဘောမကျပေ။ သူမသည် ယွဲ့ရှကိုသာလျှင် အလွန်သဘောကျပြီး သူမနှင့်သာအနေနီးသည်။ တစ်ခါကဆိုလျှင်၊ လင်းဝမ်သည် ယွဲ့တဲ့လျန်နှင့်လီမိန်ကျူတို့နှင့် နှစ်ဉီးနှစ်ဖက် မိသားစုများကဲ့သို့ပြောသည် အဆင့်ထိပင် ရောက်သွားသည်။ သို့သော် ရှီချင်းယင်သည် ထိုကိစ္စကို ပြဿနာရှာသည်။ ထို့ကြောင့် မိသားစုနှစ်စုသည် ပုံမှန်သူငယ်ချင်းများပုံစံသို့သာ ပြန်ပြောင်းသွားပြီး မဖြစ်ခဲ့သလို သဘောထားလိုက်ရသည်။
ယွဲ့ရှသည် ကျန်းရှုယောင်လက်ကို ပြန်ဆုပ်ကိုင်ပေးလိုက်ပြီး သူမ၏အေးစက်နေသာလက်များကို ညစ်ပေးလိုက်သည်။ သူမသည် သူတို့တွဲထားသောလက်ကို လွှဲလိုက်ပြီး “မဟုတ်ပါဘူး၊ သမီးက သမီးသူငယ်ချင်းကိုလာစောင့်တာ အဲ့တာမှ သမီးတို့ အတူတူပြန်လို့ရမှာလေ”
လင်းဝမ်က ကြောင်သွားပြီး “သူငယ်ချင်း၊ ကျန်းလေးကိုပြောတာလား”
ယွဲ့ရှ : “ ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“အော်” လင်းဝမ်ကကျန်းရှုယောင်ကို စူးရှစွာ တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိစွာပြုံးလိုက်ပြီး “မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး”
‘ယွဲ့ရှက ပိုထက်မြတ်လာပုံပဲ၊ သူက ဒီနည်းကိုသုံးပြီးချင်းယင်ကို ချည်းကပ်မှာပေါ့၊ မဆိုးပါဘူး တော်ပါတယ်၊ အနည်းဆုံးတော့ အရင်ကထက်စာရင်ပေါ့”