အခန်း ၄၅
Vol. 3 Ch. 45
အပိုင်း ၄၅ - အဲ့ဆို ရှင်က ရှင့်သားမှာ မက်စရာ ပိုက်ဆံကလွဲ ဘာမှမရှိဘူးလို့ လက်ခံထားတာပေါ့ (၁)
လင်း၀မ်သည် ယွဲ့ရှ ထိုသို့ ပြုမူလိမ့်မည်ဟု မထင်ထားပေ။ သူမက ဒေါသကို လျှော့ချရန် အသက်ပြင်းပြင်းနှစ်ခါ ရှူလိုက်ပြီး လေးနက်သောအသံဖြင့် "ရှရှ၊ သမီး အန်တီကို အခု တောင်းပန်မယ်ဆို အန်တီ ဒါကိုမဖြစ်ခဲ့သလို ကျော်သွားပေးလို့ရတယ်"
သူမသည် ဘုရင်မတစ်ယောက်လို နေခဲ့ပြီး တစ်ပါးသူကို ကြမ်းတမ်းသော စကားများဖြင့် နင်းချေပြောရသည်မှာ သူမ အတွက်ပုံမှန်ပင်ဖြစ်သည်။ လက်ညိုးထိုးခံရပြီး အဆူမခံရသည်မှာ ဆယ်စုနှစ်ချီနေပြီဖြစ်သည်။
ယွဲ့ရှသည် ဒေါသထွက်နေဆဲပင်။ လင်း၀မ်၏စကားကို ကြားသောအခါ သူမသည် ရယ်ပင်ရယ်ချင်သွားသည်။
[ System ငါသိပြီး အဲ့လွှမ်းမိုးတတ်တဲ့ CEO စကားပြောပုံက သူ့အမေဆီက လာတာပဲ]
' ဘာမှမဖြစ်သလို လုပ်နေတော့ပေါ့လေ၊ နင့်ကိုသူက ယုံမှာဆိုတော့'
System သည် ယွဲ့ရှ နှင့် ငြင်းခုံစိတ်ရှိမ နေပေ။ [ နင်သူ့ကို ပြန်ပြောမယ့်ဟာကိုပဲ စဉ်းစားစမ်းပါ!]
"အော်" ယွဲ့ရှက လက်ပိုက်လိုက်ပြီး ပို၍ ရိုင်းစိုင်းသောပုံဖမ်းပြီးနောက် " တောင်းပန်တယ် သေတောင် မလုပ်ဘူး၊ အန်တီရှုယောင်ကို တောင်းပန်ရင်တောင် မလုပ်ဘူး"
လင်း၀မ်က ဒေါသဖြင့် ရယ်လိုက်သည်။ "နင့်မိဘတွေက နင့်ကို ဒီလိုသင်ပေးထားတာပေါ့လေ"
"ယွဲ့မိသားစုမှ သားသမီးကို ဘယ်လိုသင်ပြလဲဆိုတာ သမီးမသိပေမယ့်" ယွဲ့ရှက ပြုံးလိုက်ပြီး "အန်တီ့လို လူကြီးကို လေးစားရမယ်ဆိုတဲ့ ရှီမိသားစုရဲ့ သင်ပြပုံကကောင်းတဲ့ပုံ မပေါ်ဘူး"
'ရှီချင်းယင်လို မူမမှန်တဲ့ကောင်ကို မွေးဖို့ဆိုတာ ငယ်ကတည်းက အဲ့လိုမကောင်းတဲ့ အကျင့်စရိုက် တွေ ထည့်ပေးထားတာနေမှာ သူတို့သာ နည်းနည်းစောင့်ခဲ့ရင် အဲ့ကောင် အဲ့လောက်မဆိုးလောက်ဘူး'
သူတို့သည် အပြန်အလှန်ထေ့ငေါ့ ပြောနေကြသည်။ လင်း၀မ်ကို " လေးစားသင့်သည့်လူကြီးလား" ဟု သုံးပြီး ဆက်တိုက်ပြောလာသည်။ သူမသည် ပြောရမည့် စကားကိုစဉ်းစားစရာပင် မလိုတော့ပေ။ သူမ၏ရွဲ့နိုင်စွမ်းသည် ကောင်းကင်ကိုထိုးဖောက်နေပြီဖြစ်သည်။
လင်း၀မ်သည် သူမနှင့်ထိပ်တိုက်ရန်စနိုင်သောသူကိုမတွေ့ဖူးပေ။ သူမ၏ဂူဏ်သိက္ခာကြောင့် လွန်လွန်ကျူးကျူးလည်း မလုပ်ရဲပေ။ တဖြည်းဖြည်းနှင့်သူမ၏အရှိန်သည် ကျဆင်းလာခဲ့သည်။ အဆုံးတွင် သူမက အံကြိတ်ပြီး ပြောလိုက်သည်။ " ရှရှ သမီး သရုပ်ဆောင်နေတာ မလွန်လွန်းဘူးလား"
သူမက ယွဲ့ရှနောက်တွင် ကာကွယ်ပေးထားခြင်းခံရသော ကျန်းရှုယောင်ကိုကြည့်လိုက်သည်။ သူမသည် ကျန်းရှု ယောင်၏ မျက်နှာတ၀က်သာလျှင် မြင်ရသည်။ သူမကို ကြည့်ခြင်းအားဖြင့် သူမဆန္ဒကိုသိမြင် နိုင်သည်။
သူမသည် ယွဲ့ရှပိုတော်လာသည်ဟု ထင်ခဲ့သော်လည်း ငါးပါးမှောက်သွားခဲ့သည်။ ယွဲ့ရှသည် ယခင်အတိုင်း ဦးနှောက်မဲ့ဆဲပင်။ 'ကျန်းရှုယောင်ကို လှည့်စားဖို့ ဟန်ဆောင်နေတယ်ဆိုရင်လည်း ငါက ချင်းယင်ရဲ့ အမေဆိုတာ သိသင့်တယ်လေ၊ အဲ့ဒါကို သူက ငါ့ကိုလာရွဲ့နေတယ်ပေါ့လေ'
အာစေးကပ်နေသော ကျန်းရှုယောင် အဆုံးသတ်တွင် ၀င်ပြောဖို့ရန် အခွင့်အရေးခဲ့လေပြီ။ " ရှရှ ၊ ငါ---"
" ခဏစောင့် ငါမပြီးသေးဘူး" ယွဲ့ရှက ခေါင်းလှည့်လာပြီး ချိုမြိန်စွာ ကျန်းရှုယောင်ကိုပြောလိုက်သည်။
ထို့နောက် သူမက သုန်မှုန်နေသော မျက်နှာနှင့်ပြန်လှည့်သွားပြီ " အန်တီ့ပုံက ပြောခဲ့တဲ့စကားတွေနဲ့ မစိမ်းသလိုပဲနော်၊ ရှီချင်းယင်အတွက်နဲ့ အန်တီ ကောင်မလေးဘယ်နှစ်ယောက် လောက်နဲ့ပတ်သတ်ခဲ့တာလဲ၊ ကိုယ်၀န်ပျက်ကျတာကိုလည်း ပိုက်ဆံနဲ့ပဲကိုင်တွယ်ခဲ့တာပေါ့၊ အန်တီရဲ့အလှူဒါန အတွက် သမီးအရမ်းဂုဏ်ယူတာပဲ"
လင်းဝမ်နှင့်ကျန်းရှူယောင် မျက်နှာမှာ အရောင်ပြောင်းသွားသည်။
ယွဲ့ရှသည် ရှုယောင်၏အရှိုက်တည့်တည့်ထိစေဖို့ရန် မရည်ရွယ်ပေ။
လင်း၀မ်နှင့်ရှုယောင် အချေအတင် ဖြစ်နေပုံမှာ အဓိပ္ပါယ်မရှိဟု သူမ ခံစားရရုံသာ ဖြစ်သည်။
လူမှုအသိုင်းအဝိုင်း၏ထိပ်ဆုံးတွင်ရှိသော သူများသည် သူတို့ကိုယ်သူတို့ မြင့်မြတ်သူများဟု ထင်မှတ်ကြသည်။ သူတို့သည် ပိုက်ဆံကိုသာကြည့်သော ကြေးစားသမား များဖြစ်ကြသည်။ အောက်ခြေမှတက်လာသော လင်း၀မ်လိုလူသည်ပင်လျှင် ကျန်းရှုယောင်အပေါ် သူမ၏ဆက်ဆံပုံမှာ အကြင်နာမဲ့လှသည်။
ကျန်းရှုယောင်သည် ပန်းချီပညာကို လေ့လာသင်ကြားခဲ့ပြီး ပန်းထိုးခြင်းနှင့်ပုံဆွဲခြင်းတွင် ထူးချွန်သည်။ ယွဲ့ရှအိမ်တွင် နေစဉ်က သူမသည် ပန်းများညိုးသွားတိုင်း ပန်းလဲပေးပြီး တစ်ယောက်တစ်ခန်း ပန်းအိုးတစ်အိုးစီထားပေးထားလေ့ရှိသည်။ သူမသည် သူမကြောင့် သူများဂိမ်းရှူံးသွားမည်ကို စိုးရိမ် သောကြောင့် တိတ်တိတ်လေး ခိုးလေ့ကျင့်သူ ဖြစ်သည်။ သူမသည် မည်သည့်အရာကိုမဆို အလေး အနက်ထား၏။
သူမသည် အားကစားလုပ်နိုင်သူတစ်ယောက်လည်းဖြစ်ပြီး မည်သည့်အားကစားကိုမဆို ကစားနိုင်သည်။ သူမသည် သန်မာသူတစ်ဉီးလည်းဖြစ်သည့်အလျောက် လုပ်ဖော်ကိုင်ဖက်နှင့်ကျောင်းသားများအတွက် အလေးမ ရသောကိစ္စများနှင့်ပတ်သတ်လျှင် အမြဲကူညီပေးသည်။ သူမသည် စကားပြောရာတွင် နူးညံ့ပြီး သူမ၏ကိုယ်ပိုင်ခံစားချက်ထက် သူများခံစားချက်ကိုသာ အရေးပေးသည်။
သို့သော် လင်း၀မ်၏မျက်လုံးထဲတွင် ရှုယောင်၏အရည်အချင်းများအားလုံးသည် ငယ်ရွယ်ပြီး လှပသောခန္ဓာကိုယ်သာရှိသည့် အဆင့်ထိ ကျဆင်းသွားသည်။ သူမအတွက် ရှုယောင်ကဲ့သို့ မိန်းကလေးမျိုးသည် နေရာတိုင်းတွင်ရှိသည်။ ရှီချင်းယင်မှာ ရှုယောင်ကို အခန်းကျဉ်းလေးထဲ ဝှက်ထားချင်လျှင်တောင် သူမ ဂရုမစိုက်ပေ။ ရှုယောင်၏တောက်ပမှုများကို သူမကို အလေးမထားသော လူတစ်ယောက်သာလျှင် မြင်နိုင်သည်။
" အန်တီပြောချင်တာက သူကပိုက်ဆံကြောင့် အန်တီ့သားကိုတွဲနေတာပေါ့"
ယွဲ့ရှက လင်း၀မ်ကိုကြည့်လိုက်ပြီး " အဲ့ဆို အန်တီသားမှာ ပိုက်ဆံကလွဲပြီး မက်စရာမရှိတဲ့ အချက်ကို အန်တီလက်ခံတယ်ပေါ့"
လင်း၀မ်၏မျက်နှာအမူအရာမှာ ရုပ်ဆိုးလာပြီး သူမက လှည့်ထွက်သွားရန်ပြင်လိုက်သည်။
ကျန်းရှုယောင်မှာ ကြောင်တောင်တောင်လေးဖြစ်နေသည်။ "ရှရှ"
" အဲ့လောက်ထိကြီးပြန်ဖို့မလောပါနဲ့" ယွဲ့ရှက အင်္ကျီလက်ကိုတင်လိုက်ပြီး သူမပုံမှာ ရှုယောင်ကို တစ်ဆုံးထိစွပေးချင်သည့်ပုံပင်"သုံးယောက်တည်းကျ ပျင်းစရာကြီးလေ နောက်တစ်ယောက်ပါထပ် ခေါ်လိုက်ပါလား"
လင်း၀မ် : "?"
ကျန်းရှုယောင်:"?"
ယွဲ့ရှက သူမ ခြေထောက်ကိုမလိုက်ပြီး ရှီချင်းယင် အခန်းတံခါးတွန်းဖွင့်လိုက်ပြီး ပြေး၀င်သွားသည်ကို အလန့်တကြား ကြည့်နေကြသည်။ " ထစမ်း"
လင်း၀မ် : "?"
ကျန်းရှုယောင်:"?"
သူတို့နှစ်ယောက်၏မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီးနောက် အတွင်းကြိတ်အော်လိုက်ပြီး မကြာမီ သူမကိုတားရန် ပြေးလာကြသည်။ " မလုပ်နဲ့!!!!!'
ကျန်းရှုယောင်နှင့်လင်း၀မ်၏အချေအတင်သည် နောက်ကွယ်တွင်သာ ဖြစ်သည်။ စေ့စပ်ပွဲကိစ္စမှတစ်ပါး ကျန်းရှုယောင်သည် သူမနှင့်လင်း၀မ်ကြားစကားကို ရှီချင်းယင်ကိုမပြောပြဖူးပေ။ သူမကို နိုင်ငံခြားသို့သွားစေခဲ့သည့် ကိစ္စပါ,ပါ၀င်သည်။ သူမသည် ရှီချင်းယင်ကို ရည်းစားနှင့်အမေကြား ကသိ ကအောက် မဖြစ်စေချင်ပေ။
သို့သော် သူတို့သည် ယွဲ့ရှကိုတားဖို့ရန် နောက်ကျသွားလေပြီ။