← Chapters

အခန်း ၇၈၁

Vol. 40 Ch. 781

အခန်း ၇၈၁

Vol. 40 Ch. 781

အပိုင်း (၇၈၁) လုတရုံနှင့် ပြန်လည်ဆုံတွေ့ခြင်း

လင်းယွမ်က အလွန်တရာ အံ့အားသင့်သွားသည်။

"နှလုံးအမြူတေက ခင်ဗျားဆီမှာ ရှိနေတာလား"

လုတရုံက လင်းယွမ်ကို မော့ကြည့်ကာ ရယ်မောရင်း "ဟုတ်ပါတယ် ဆရာလင်း... နှလုံးအမြူတေက ကျွန်တော့်ဆီမှာ ရှိနေတာတင် မကဘူး... ဒီကျွန်းရဲ့ ဦးနှောက်အမြူတေကလည်း ကျွန်တော်တို့လက်ထဲမှာ ရှိပါတယ်"

"ခင်ဗျားတို့"

လင်းယွမ်က ကြောင်အမ်းသွားပြီး အခြေအနေကို အလျင်အမြန် မေးမြန်းလိုက်သည်။

လုတရုံက သက်ပြင်းတစ်ချက်ချကာ "ကျွန်တော်ရယ်... လျန်မင်ရှုရယ်... ပြီးတော့ ဝမ်လီလီရယ်ပါ"

"လျန်မင်ရှုနဲ့ ဝမ်လီလီလား... သူတို့နှစ်ယောက်လုံး အသက်ရှင်နေကြသေးတာလား"

အမှန်အတိုင်းပြောရလျှင် လျန်မင်ရှုနှင့် ဝမ်လီလီတို့အပေါ် လင်းယွမ်၏ မှတ်ဉာဏ်က အလွန်နက်ရှိုင်းလှသည်။

ပထမတစ်ယောက်က တစ်ချိန်က မိန်တုဥယျာဉ် အမှတ် (၇၅) တိုက်၏ ခေါင်းဆောင်ဖြစ်ခဲ့သော တိန့်ဟူ၏ မိန်းမဖြစ်သည်။

လျန်မင်ရှုသည် ကျူးလင်လင်၊ ယွီရှောင်ယန်တို့နှင့်အတူ အသက်ရှင်သန်နိုင်ရေးအတွက် တစ်ဖက်လူအပေါ် မှီခိုရပ်တည်ခဲ့ရသည်။

နောက်ပိုင်းတွင် တိန့်ဟူကို လင်းယွမ်က သတ်ဖြတ်လိုက်ပြီးနောက် လျန်မင်ရှုက သူမ၏ ရုပ်ရည်ကို အသုံးချကာ လင်းယွမ်၏ အကာအကွယ်ကို ရယူရန် ကြိုးပမ်းခဲ့ဖူးသည်။

လင်းယွမ်က သူမကို သဘောမကျခဲ့သော်လည်း သူမကို အခက်အခဲ မဖြစ်စေဘဲ အမှတ် (၇၅) တိုက်တွင် ဆက်လက် နေထိုင်ခွင့် ပြုခဲ့သည်။

နောက်ပိုင်းတွင် လျန်မင်ရှုတို့ မိန်းမသုံးယောက်သည် တိန့်ဟူ၏ မိန်းမများ ဖြစ်ခဲ့ဖူးသောကြောင့် အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။

နောက်ဆုံးတွင် ကျူးလင်လင်က တာအိုဆရာလင်းကို မျက်နှာချိုသွေးနိုင်ခဲ့ပြီးနောက်မှသာ ထိုမိန်းမသုံးယောက်သည် အမှတ် (၇၅) တိုက်တွင် ခြေကုပ်ရလာခဲ့ပြီး မိန်တုဥယျာဉ်မှ ထွက်ခွာလာချိန်တွင် တာအိုဆရာလင်း၏ စောင့်ရှောက်မှုအောက်၌ သစ်သားဖောင်ပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။

ထို့နောက် လိပ်ကျွန်းကို တွေ့ရှိချိန်တွင် ထိုမိန်းမသုံးယောက်အနက် လျန်မင်ရှုနှင့် ယွီရှောင်ယန်တို့က သာမန်ဘဝဖြင့် မနေလိုတော့ဘဲ သန္ဓေပြောင်းအစွမ်း နိုးထလာစေရန် ဆန္ဒရှိသဖြင့် လူအများအပြားနှင့်အတူ လိပ်ကျွန်းပေါ်သို့ ပြတ်သားစွာ တက်ရောက်သွားခဲ့ကြသည်။

သို့သော် လိပ်ကျွန်း နစ်မြုပ်သွားပြီးနောက်တွင် ထိုမိန်းမနှစ်ယောက်၏ သတင်းအစအန လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က လေပေါ်ကျွန်းပေါ်တွင် ဤအမည်များကို ပြန်လည်ကြားရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဝမ်လီလီနှင့် ပတ်သက်၍ကတော့ ပို၍ပင် ပြောစရာ မလိုတော့ပေ။

ထိုမိန်းကလေးက ကျန်းဖန်၏ ချစ်သူဖြစ်ပြီး လင်းယွမ်၏ အဖွဲ့ထဲသို့ အစောဆုံး ဝင်ရောက်လာသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။

ထိုစဉ်က သူမနှင့် ကျန်းဖန်တို့နှစ်ဦးသည် သန္ဓေပြောင်းအစွမ်း နိုးထလာစေရန် သတ္တိမွေးပြီး လိပ်ကျွန်းပေါ်သို့ တက်ရောက်သွားခဲ့ကြသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဝမ်လီလီက ပို၍ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသော မိန်းမတစ်ဦးဖြစ်ကာ ကျန်းဖန်ထက် ပို၍ တက်ကြွပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းသည်။

ကံမကောင်းစွာဖြင့် ထိုအချိန်က ကျန်းဖန်နှင့် ဝမ်လီလီတို့ နှစ်ဦးစလုံး လိပ်ကျွန်းပေါ်မှ အချိန်မီ လွတ်မြောက်မလာနိုင်ခဲ့သဖြင့် သူတို့နှစ်ဦးလုံး သေဆုံးသွားပြီဟု လင်းယွမ်က ထင်မှတ်ထားခဲ့သည်။

အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် ကျန်းဖန်က ရေလူသား အစွမ်းကို နိုးထလာနိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ရုံသာမက ကိုယ်ပိုင်အဖွဲ့ငယ်လေး တစ်ခုကိုပါ ဖွဲ့စည်းနိုင်ခဲ့ကာ လင်းယွမ်တို့အဖွဲ့ မိန်တုဥယျာဉ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်မှ သူတို့ ပြန်လည်ဆုံတွေ့ခဲ့ကြသည်။

ထိုစဉ်က ကျန်းဖန်သည် မိန်တုဥယျာဉ်မှ တစ်ကိုယ်တော် ထွက်ခွာရန် စွမ်းဆောင်ရည် မရှိသဖြင့် ဝမ်လီလီတို့ အသက်ရှင်နေသေးလျှင် သူ့ကို ပြန်လာရှာမည်ဟူသော မျှော်လင့်ချက်ဖြင့် မိန်တုဥယျာဉ်တွင်သာ စောင့်ဆိုင်းနေခဲ့ရသည်။

သို့သော် ဝမ်လီလီကို မစောင့်နိုင်ခင်မှာပင် လင်းယွမ်က သူ့ကို အရင် ရှာတွေ့သွားခဲ့သည်။

ဝမ်လီလီကို လင်းယွမ်တို့ ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိကြောင်း သိလိုက်ရချိန်တွင် ကျန်းဖန်က အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့သည်။

နောက်ပိုင်းတွင် သူက သူ့အဖွဲ့ထဲမှ ဝမ်ဖန်းဆိုသည့် မိန်းကလေးနှင့် အတော်လေး ရင်းနှီးနေကြောင်း လင်းယွမ် ကြားသိခဲ့ရသည်။

ထိုအကြောင်းကို တွေးမိပြီး လင်းယွမ်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

အကယ်၍ ဝမ်လီလီ မသေသေးကြောင်းကိုသာ ကျန်းဖန် သိသွားပါက သူနှင့် ဝမ်ဖန်းတို့ကြားတွင်တော့...

လင်းယွမ်က ဆက်၍ မတွေးတော့ဘဲ လုတရုံကို ကြည့်ကာ ပြုံးရင်း "အစ်ကိုလု... ခင်ဗျားကို ပြန်တွေ့ရတာ တကယ် ဝမ်းသာပါတယ်ဗျာ"

"အဲဒီတုန်းက ခင်ဗျားတို့ ဘယ်ရောက်သွားတာလဲ... ကျွန်တော်တို့က ဘာလို့ ရှာမတွေ့ခဲ့တာလဲ"

လုတရုံက စိတ်လှုပ်ရှားစွာဖြင့် "ဆရာလင်း... အဲဒီတုန်းက ကျွန်တော်တို့ သုံးယောက်က အနီးအနားမှာ ရှိနေတာပါ... အဲဒီကျွန်း မနစ်မြုပ်ခင်လေးတင် ကျွန်တော်က သန္ဓေပြောင်း အသီးတစ်လုံးကို စားမိသွားပြီး မထင်မှတ်ဘဲ အစွမ်းနိုးထလာလို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာပါ"

"မင်ရှုနဲ့ လီလီတို့လည်း အတူတူပါပဲ... သူတို့လည်း အစွမ်းနိုးထစေတဲ့ အသီးတွေကို ကိုယ်စီ စားမိပြီး ချက်ချင်းပဲ အစွမ်းနိုးထလာကြလို့ ကံကောင်းထောက်မစွာနဲ့ အသက်လု ထွက်ပြေးနိုင်ခဲ့တာပါ"

"ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလိပ်ကြီးရဲ့ ရေစီးကြောင်းအောက်ကို ရောက်သွားပြီး ဘယ်နေရာကို မျောပါသွားမှန်းကို မသိလိုက်ဘူး... ရေပေါ် ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ဟန်လုံစင်တာဘက်မှာ မရှိတော့ပါဘူး"

"နောက်တော့ ကျွန်တော်တို့က အနီးအနားမှာ အတော်ကြာကြာ လိုက်ရှာကြည့်မှ... ရေစီးကြောင်းကြောင့် နှစ်မိုင်နီးပါးလောက် ဝေးတဲ့နေရာကို မျောပါလာခဲ့တယ်ဆိုတာ သေချာသွားတာပါ"

"ကျွန်တော်တို့ ဆရာလင်းတို့ကို ပြန်သွားရှာတဲ့ အချိန်ကျတော့ လုံးဝ ရှာမတွေ့တော့ဘူး"

လင်းယွမ်က သက်ပြင်းချလိုက်မိသည်။ ထိုလိပ်ကြီး၏ အမြန်နှုန်းနှင့် အစွမ်းကုန် ကူးခတ်သွားမည်ဆိုပါက နှစ်မိုင်မကဘဲ ခြောက်မိုင်လောက်အထိ ခေါ်ဆောင်သွားမည်ဆိုလျှင်တောင် လင်းယွမ် အံ့သြမည် မဟုတ်ပေ။

ထိုလိပ်ကြီးက တကယ်ကို ကြီးမားလွန်းလှသည် မဟုတ်ပါလော။

ရေကြီးမှုကြောင့် တစ်မြို့လုံး ရေလွှမ်းမိုးခံထားရပြီး ရေပြင်ပေါ်တွင် မျောပါနေသော လူသားများအဖို့ အမှတ်အသားပြုစရာ မရှိသည့် အခြေအနေတွင် အရပ်မျက်နှာကို လုံးဝ ခွဲခြား၍မရနိုင်ပေ။

နှစ်မိုင်ဆိုသည်ကို ထားလိုက်ဦး၊ မိုင်ဝက်ကျော်သွားလျှင်ပင် အမြင်အာရုံက အရပ်မျက်နှာကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။

ရေနစ်နေသူများက ကမ်းစပ်နှင့် နီးကပ်နေပါလျက်နှင့် ကမ်းပေါ်သို့ မကူးခတ်တတ်ကြသည်မှာ အဘယ်ကြောင့်နည်း။

၎င်းမှာ ရေထဲတွင် အမြင်အာရုံ ဆုံးရှုံးသွားပြီး မည်သည့်နေရာက ကမ်းစပ်ဖြစ်ကြောင်း မခွဲခြားနိုင်သောကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့် ထိုသုံးယောက် အရပ်မျက်နှာကို ရှာမတွေ့ခဲ့ခြင်းမှာ အလွန် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စပင်။

လင်းယွမ်က "ဒါနဲ့... ခင်ဗျားတို့က ဒီကို ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ" ဟု မေးမြန်းလိုက်သည်။

လုတရုံက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် အကူအညီတောင်းခံသံ တစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"အစ်ကိုကြီးလု... ကယ်ပါဦး... ကယ်ပါဦး"

"အစ်ကိုကြီးလု... ကျွန်တော်တို့က ဒီခိုက်ရီနည်းပညာက လူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလို့ သူတို့ကို အမြန်ပြောပေးပါဦး"

ရှီဟိုင်ကျူးနှင့် ချန်ကျန့်ဖုန်းတို့က လူနှစ်ယောက်ကို အသီးသီး ဖမ်းဆွဲထားရင်း လင်းယွမ်တို့ဘက်သို့ တိုက်ရိုက် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ချန်ကျန့်ဖုန်းက "ဆရာလင်း... အနီးအနားက သူလျှိုနှစ်ယောက်ကို ကျွန်တော်တို့ ဖမ်းမိထားပါတယ်"

"ဒီကောင်လေး နှစ်ယောက်ရဲ့ အစွမ်းက တော်တော် ထူးခြားတယ်... တစ်ယောက်က ပန်းတွေ သစ်ပင်တွေအဖြစ် ပြောင်းလဲနိုင်ပြီး... နောက်တစ်ယောက်ကတော့ ကိုယ်ပျောက်သွားနိုင်တယ်"

"ကျွန်တော်တို့ နှစ်ယောက် ကိုယ်တိုင် ဝင်မဖမ်းဘူးဆိုရင် သူတို့ကို ဖမ်းမိဖို့ တကယ် မလွယ်ဘူး"

ရှီဟိုင်ကျူးက "ဆရာလင်း... သူတို့က သူတို့ဟာ ခိုက်ရီနည်းပညာက လူတွေ မဟုတ်ဘူး... ကျွန်တော်တို့ဆီ လာပူးပေါင်းချင်လို့ ဆိုပြီး ပြောနေကြတယ်"

ရှီဟိုင်ကျူးက ပြောရင်း လင်းယွမ်၏ ဘေးတွင်ရှိသော လုတရုံကို မျက်လုံးထောင့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

သူ၏ မျက်ခုံးများကြားတွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ၏ ရှေ့ရှိ ရိုးသားအေးချမ်းပုံရသော အမျိုးသားမှာ ရင်းနှီးနေသလို ခံစားရကာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရှိနေသည်။

သို့သော် ချက်ချင်းတော့ ပြန်စဉ်းစား၍ မရနိုင်သေးပေ။

လုတရုံက အလျင်အမြန်ပင် "မိတ်ဆွေတို့... နားလည်မှုလွဲနေတာပါ... နားလည်မှုလွဲနေတာ... သူတို့နှစ်ယောက်က ခိုက်ရီနည်းပညာက လူတွေ တကယ် မဟုတ်ပါဘူး"

သူက လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ "ဆရာလင်း... သူတို့က ကျွန်တော့်လူတွေပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရှီဟိုင်ကျူးကို ပြုံးပြရင်း "သူတို့ကို လွှတ်ပေးလိုက်ပါ... အားလုံးက ကိုယ့်လူတွေချည်းပါပဲ"

ရှီဟိုင်ကျူးက အံ့အားသင့်သွားပြီး "ကိုယ့်လူတွေ ဟုတ်လား"

ထိုလူနှစ်ယောက်က မည်သို့မည်ပုံ ကိုယ့်လူများ ဖြစ်လာကြောင်းကို သူ နားမလည်သော်လည်း လင်းယွမ်၏ စကားကို ချက်ချင်း လိုက်နာကာ သူ၏ လက်ထဲရှိ ချူလျန်ကို လွှတ်ပေးလိုက်သည်။

အခြားတစ်ဖက်မှ ချန်ကျန့်ဖုန်းကလည်း ကျန်းယန်ကို လွှတ်ပေးလိုက်သည်။

ချူလျန်နှင့် ကျန်းယန်တို့ နှစ်ဦးစလုံးက လုတရုံအနီးသို့ အလျင်အမြန် ပြေးသွားကြပြီး သူတို့၏ မျက်နှာများမှာ စိုးရိမ်ပူပန်နေပုံ ရသည်။

လုတရုံက သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။ "မစိုးရိမ်ကြနဲ့... ဒါက ဆရာလင်းတဲ့... မင်းတို့ကို ငါ ပြောပြဖူးတယ်လေ"

"သူက တကယ့် လူကောင်းပါ... ခိုက်ရီနည်းပညာက လူတွေနဲ့ မတူဘူး"

လင်းယွမ်က လုတရုံကို တစ်ချက်ကြည့်ပြီးနောက် ချူလျန်နှင့် ကျန်းယန်ဆိုသည့် လူငယ်နှစ်ဦးကို ကြည့်ကာ ပြုံးရင်း "မင်းတို့နှစ်ယောက် စိတ်ချလက်ချ နေလို့ရပါပြီ... မင်းတို့ လုံခြုံသွားပါပြီ"

ထိုအချိန်တွင် လုတရုံက ရှီဟိုင်ကျူးကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ "ခင်ဗျားက... ရှီဟိုင်ကျူး မဟုတ်လား"

ရှီဟိုင်ကျူးမှာ ချက်ချင်း ကြောင်သွားပြီး ဤလူက သူ့ကို သိနေသည်ဆိုသည့် အချက်အပေါ် အံ့အားသင့်သွားသည်။

သူက သူ့အဖို့ အနည်းငယ် ရင်းနှီးနေပုံရသော ဤလူကို အလျင်အမြန် အသေးစိတ် အကဲခတ်ကြည့်လိုက်သည်။

လုတရုံက သူ၏ ရှုပ်ပွနေသော ဆံပင်များကို အလျင်အမြန် သပ်တင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော်ပါ... ကျွန်တော် လုတရုံလေ"

ရှီဟိုင်ကျူးက အလွန်အမင်း အံ့အားသင့်သွားပြီး ချက်ချင်း ပြန်အမှတ်ရသွားသည်။ "လုတရုံ... ခင်ဗျားက လုတရုံလား... အအမလေး လုယွီယန်ရဲ့ အဖေလား"

နောက်ဆုံးတော့ သူ၏ ရှေ့ရှိ လူမှာ မည်သူဖြစ်ကြောင်း သူ အမှတ်ရသွားခဲ့လေပြီ။

လုတရုံဟု ပြောလျှင် သူ့အဖို့ သိပ်ပြီး မှတ်မှတ်ရရ မရှိသော်လည်း အအမလေး လုယွီယန်၏ အဖေဟု ပြောလိုက်လျှင်တော့ သူ ချက်ချင်း ပြန်သတိရလာတော့သည်။

ဤအတွက် ရှီဟိုင်ကျူးကိုလည်း အပြစ်တင်၍ မရပေ။ ရှီဟိုင်ကျူးက အမှတ် (၇၅) တိုက်မှ လူတစ်ယောက်ဖြစ်ပြီး ထိုက်ယန်တောင်သို့ မဝင်ရောက်မီ အားလုံးက တစ်တိုက်ထဲတွင် မဟုတ်သဖြင့် တစ်ယောက်နှင့် တစ်ယောက် သိပ်မရင်းနှီးကြသည်မှာ သဘာဝပင်။

လုတရုံနှင့် ရှီဟိုင်ကျူးတို့၏ တစ်ခုတည်းသော တွေ့ဆုံချိန်မှာ သစ်သားဖောင်ပေါ်တွင် ရှိနေစဉ်က အချိန်လေးသာ ဖြစ်သည်။

လိပ်ကျွန်း ကိစ္စ ပြီးဆုံးသွားပြီးနောက်တွင် သူက လုတရုံကို လုံးဝ ထပ်မတွေ့ခဲ့ရတော့ပေ။

သူတို့နှစ်ဦး မရင်းနှီးကြခြင်းမှာ အလွန် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စပင်။

လုတရုံက ရှီဟိုင်ကျူးကို မှတ်မိနေခြင်းမှာ ရှီဟိုင်ကျူးသည် အမှတ် (၇၅) တိုက်တွင် တာအိုဆရာလင်းနှင့် ရန်ဆန်းမင်တို့ပြီးလျှင် အဓိက အရေးပါသော လူတစ်ဦး ဖြစ်သောကြောင့်ပင်။

ထိုကဲ့သို့ အဓိက အရေးပါသော လူတစ်ဦးကို အခြားသူများက အလေးထား မှတ်သားထားကြသည်မှာ သဘာဝပင် ဖြစ်သည်။

လုတရုံက ယခင်က အလွန် သာမန်ဖြစ်လွန်းပြီး လူအုပ်ထဲတွင် ထင်ရှားသော အရည်အသွေး တစ်ခုမျှ မရှိခဲ့ပေ။

ရှီဟိုင်ကျူးကို ထားလိုက်ဦး၊ ရန်ဆန်းမင်၊ တာအိုဆရာလင်းတို့သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ထိုကဲ့သို့သော လူတစ်ယောက်ကို သိပ်ပြီး မှတ်မိမည် မထင်ပေ။

လုတရုံက တစ်ဖက်လူမှ သူ၏ သမီးအကြောင်းကို ပြောလာသည်ကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

"ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော်က လုယွီယန်ရဲ့ အဖေပါ... ဟိုလေ... ဟို... ကျွန်တော့် သမီးလေး... သူ အဆင်ပြေရဲ့လား"

လုတရုံက စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ကာ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။

သူက စောစောကတည်းက ယခုအထိ သူ၏ သမီးအကြောင်းကို မေးမြန်းရန် မဝံ့မရဲ ဖြစ်နေခဲ့ခြင်းမှာ မကောင်းသော သတင်းတစ်ခုခု ကြားရမည်ကို စိုးရိမ်နေသောကြောင့်ပင်။

ဒီလောက်ကြာလာသည့်တိုင် သမီးဖြစ်သူကို ရှာတွေ့ရန်ဟူသည့် အချက်က သူ့ကို ဆက်လက် အသက်ရှင်သန်စေသော တွန်းအားတစ်ခု ဖြစ်နေခဲ့သည်။

သူက မကောင်းသော သတင်းများကိုတော့ တကယ်ကို လက်မခံနိုင်ပေ။

ရှီဟိုင်ကျူးက ဟားတိုက် ရယ်မောလိုက်ပြီး "အစ်ကိုလု... ခင်ဗျားက သမီးအလိမ္မာလေး တစ်ယောက်ကို မွေးထားတာပဲ... အအမလေး လုယွီယန်က အခု ကျွန်တော်တို့ ထိုက်ယန်တောင်မှာ နာမည်ကြီးနေပြီဗျ"

"သူက အခု ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ နာမည်ကြီး ရောဂါကုသရေး အဆိုတော်အဖွဲ့မှာ ပါဝင်နေတာဗျ"

လုတရုံမှာ ကြားပြီး အံ့အားသင့်သွားသည်။ "အဆိုတော်... အဖွဲ့ ဟုတ်လား"

ရှီဟိုင်ကျူးက ပြုံးရင်း "အစ်ကိုလု... ခင်ဗျား မသိသေးဘူးမလား... ခင်ဗျားရဲ့ သမီးလေးက ကျွန်တော်တို့ ထိုက်ယန်တောင်မှာ မျိုးရိုးဗီဇကျင့်စဉ် ကို ပထမဆုံး ကျင့်ကြံတဲ့သူလေ"

"ဆရာလင်း ကိုယ်တိုင် သင်ပေးခဲ့တာ... သူက မျိုးရိုးဗီဇကျင့်စဉ် ကို ကျင့်ကြံပြီး သန္ဓေပြောင်းအစွမ်း နိုးထလာတဲ့ ပထမဆုံးလူပဲ"

"အော်... ဒါနဲ့... သူ သန္ဓေပြောင်းအစွမ်း နိုးထလာပြီးတဲ့နောက်မှာ အရင်က အ နေတာလည်း ပျောက်သွားပြီဗျ"

"အရင်တုန်းက စကားပြောတာ သိပ်မပီပေမဲ့ အခုတော့ တော်တော်လေးကို ပြောတတ်နေပြီ"

"အခု သူက ထိုက်ယန်တောင်မှာ မုန့်ယိုယိုနဲ့ ပေါင်းပြီး အဖွဲ့လေးတစ်ခု ဖွဲ့ထားတယ်... လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို အဓိက ကုသပေးတာလေ"

"သူတို့နှစ်ယောက်က တစ်ယောက်က သီချင်းဆို... တစ်ယောက်က ကပြပြီး... အခုချိန်မှာ သူတို့ ဘယ်လောက်တောင် နာမည်ကြီးနေလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး... ကလေးတွေ အများကြီးရဲ့ အချစ်တော်တွေ ဖြစ်နေပြီ"

လုတရုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားလွန်း၍ နှုတ်ခမ်းများပင် တုန်ယင်လာခဲ့သည်။

သူက သူ့နားကို သူ မယုံရဲသလို ဖြစ်နေပြီး လင်းယွမ်ကို အလိုအလျောက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် အတည်ပြုချက် တောင်းဆိုနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြကာ "ခင်ဗျား သမီးက တော်တော်လေးကို တော်တာပါ... အခုဆိုရင် စကားပြန်ပြောနိုင်ရုံသာမကဘဲ သူ့ခြေထောက်ပေါ်သူလည်း ရပ်တည်နိုင်နေပြီ... သူ့ကိုယ်ပိုင် အစွမ်းအစနဲ့တင် အသက်ရှင်သန်နိုင်နေပြီ"

"ကျွန်တော် အရင်က သူ့ကို သေချာ စောင့်ရှောက်ပေးမယ်လို့ ခင်ဗျားကို ကတိပေးထားခဲ့တာလေ... အခုတော့ ကတိမဖျက်ခဲ့ဘူးလို့ ပြောလို့ရတာပေါ့"

လုတရုံ၏ မျက်ဝန်းများ နီရဲလာပြီး သမီးဖြစ်သူ၏ အနီးသို့ ချက်ချင်း ပြေးသွားကာ သူမ၏ လက်ရှိ ပြောင်းလဲမှုများကို ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

သူက မျက်ရည်များကို သုတ်ကာ ရှိုက်ငင်ရင်း "ကောင်းလိုက်တာ... ဝမ်းသာလိုက်တာ... အသက်ရှင်နေသေးရင်ကို တော်ပါပြီဗျာ... "

တစ်ချိန်က အလွန်ရိုးသား အေးချမ်းခဲ့သော ဤအမျိုးသားသည် ယခုအခါတွင် မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။

လုတရုံသည် ယခင်က သူနှင့် နှိုင်းယှဉ်လျှင် အလွန် ကြီးမားသော ပြောင်းလဲမှုများ ရှိနေကြောင်း လင်းယွမ် မြင်နိုင်ပေသည်။

သူ၏ မျက်နှာသွင်ပြင်က ရိုးသားအေးချမ်းသည့် ပုံစံမျိုး ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါတွင် သူက အလွန် ခိုင်မာသော ကိုယ်ပိုင်ရပ်တည်ချက်၊ စွမ်းဆောင်ရည်နှင့် တာဝန်ယူမှုရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လေပြီ။

သူတို့နှင့် ခွဲခွာသွားပြီးနောက်ပိုင်း လုတရုံက တကယ်ကို ရင့်ကျက်လာခဲ့ပုံရသည်။

ဆက်ရန်...

All Chapters