← Chapters

အခန်း ၇၈၇

Vol. 40 Ch. 787

အခန်း ၇၈၇

Vol. 40 Ch. 787

အပိုင်း (၇၈၇) ကျန့်ယွမ်ကို ဖမ်းမိခြင်း

ဒီကျန့်ယွမ်ဆိုတဲ့ကောင်က သူ့အစွမ်းကိုသုံးပြီး မီးတောင်ရှင်တစ်လုံးကို စခန်းတစ်ခုအဖြစ် ပုံရိပ်ယောင်ဖန်တီးထားတာပဲ။

ပိုပြီးအစစ်နဲ့တူသွားအောင် သူက ဒီစခန်းတုကြီးရဲ့အပြင်ဘက်မှာ စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်တွေကိုပါ ချထားပြီး အကာအကွယ်အစစ်ကိုပါ တည်ဆောက်ထားသေးတယ်။

ဝမ်ထျန်အန်းနဲ့ ထူလုံတို့ လှည့်စားခံလိုက်ရတာလည်း မဆန်းပါဘူး။

ဘာပဲဖြစ်ဖြစ် အပြင်ဘက်က အစီအရင်တွေက တကယ်အစစ်အမှန် ရှိနေတာကိုး။

အတွင်းထဲက မီးတောင်က အတုကြီးဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး ထိုစခန်းတုကြီးကို ဆက်လက် အာရုံမစိုက်တော့ပေ။

ဒီနေရာက အတုဆိုမှတော့... အစစ်က ဘယ်မှာလဲ။

လင်းယွမ်က ထိုပတ်ဝန်းကျင် တစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်ရာ ချက်ချင်းပင် သဘောပေါက်သွားသည်။

"ဒီအနီးအနားမှာပဲ ဖြစ်ရမယ်... မဟုတ်ရင် ပတ်ဝန်းကျင် အနေအထား အရမ်းကွာခြားနေရင် ဝမ်ထျန်အန်း သတိမထားမိစရာ အကြောင်းမရှိဘူး"

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က သူ့လက်ဝါးကို ဆန့်တန်းကာ မြေကြီးပေါ်သို့ ဖိချလိုက်သည်။

"ဂျစ်"

မြောက်မြားစွာသော နှင်းရေခဲများက အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှေ့ဘက် မြေပြင်တစ်ခုလုံး နှင်းရေခဲများ ဖုံးလွှမ်းသွားတော့သည်။

ထို့နောက် ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသော အရှေ့ဘက် မြေပြင်တွင် ရေခဲများဖြင့် ဖုံးလွှမ်းကာ ဖောင်းကြွနေသည့် အမိုးခုံးပုံသဏ္ဌာန် အရာတစ်ခု အထင်အရှား ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး "တွေ့ပြီ"

ထူလုံသည်လည်း ပျံသန်းလာပြီး သွားကြိတ်ကာ "တကယ်ကို ကောက်ကျစ်တာပဲ... ဆရာလင်း... ဒီအကာအကွယ်ကို ကျွန်တော် ကိုယ်တိုင် သွားဖောက်ခွဲလိုက်မယ်"

ရှီဟိုင်ကျူးကလည်း ပျံသန်းလာပြီး ဒေါသတကြီးဖြင့် "ငါလည်း လိုက်မယ်"

သူတို့နှစ်ဦးမှာ ရှုံးပွဲမကြုံဖူးသူများ မဟုတ်ကြသော်လည်း ယခုလို အဆင့်နိမ့်သော လှည့်ကွက်မျိုးဖြင့် မီးတောင်ဝတွင် သေလုနီးပါး ဖြစ်ခဲ့ရခြင်းက သူတို့ကို အလွန်အမင်း ဒေါသထွက်စေခြင်း ဖြစ်သည်။

ဝမ်ထျန်အန်းသည်လည်း အလားတူ ဒေါသထွက်နေသည်။ သူက လင်းယွမ်ထံသို့ အခုလေးတင်မှ ခိုလှုံလာခဲ့ပြီး ကျေးကျွန်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။

နတ်သစ်ပင်ကျွန်း စခန်းကို ပြန်လည်သိမ်းပိုက်ရာတွင် အသုံးမဝင်ခဲ့သည့်အပြင် ယခု သခင်ဖြစ်သူ လင်းယွမ်ကပင် သူ့ကို လာရောက်ကယ်တင်နေရသဖြင့် ဒါက သူ့အတွက် အရှက်ရစရာ အကောင်းဆုံး ကိစ္စကြီးပင် ဖြစ်နေတော့သည်။

ထို့ကြောင့် သူ အမှန်တကယ်ပင် ဒေါသထွက်နေပြီး လင်းယွမ် စကားပြောမည်ကိုပင် မစောင့်တော့ဘဲ ရှေ့သို့ ပြေးထွက်သွားလေသည်။

"ကျန့်ယွမ်... အရှက်မရှိတဲ့ကောင်... ထွက်ခဲ့စမ်း"

သူ လေထဲတွင် ရှိနေစဉ်မှာပင် ကြယ်စင် ပုစဉ်းရင်ကွဲ သဏ္ဌာန်သို့ တိုက်ရိုက် အသွင်ပြောင်းလိုက်သည်။

ဧရာမ ဓားလက်တံကြီး နှစ်ချောင်းက ပုန်းကွယ်နေသော စခန်း၏ အကာအကွယ်ဆီသို့ လေခွင်းသံများဖြင့် ခုတ်ပိုင်းချလိုက်သည်။

"ဝုန်း"

ဟင်းလင်းပြင်အက်ကွဲဓားကွက် တစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ရေခဲချွန်များ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အမိုးခုံးကြီး တစ်ခုလုံးလည်း ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားလေသည်။

ပုံရိပ်ယောင်များ အားလုံး ကွဲကြေသွားပြီးနောက် ဧရာမ စခန်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

စခန်းအတွင်းရှိ လူအများအပြားမှာ ကောင်းကင်ယံကို ကြောက်လန့်တကြား မော့ကြည့်နေကြပြီး အပြင်ဘက်တွင်မူ အကာအကွယ်ဖြင့် ဖုံးလွှမ်းထားသော သင်္ကေတ အစီအရင်ကြီး ရှိနေသေးသည်။

ဝမ်ထျန်အန်း၏ ဤဓားချက်မှာ အစွမ်းထက်လှသော်လည်း စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကြီးကို ဖောက်ခွဲနိုင်ခြင်း မရှိသေးပေ။

သို့သော် ဘေးနားရှိ ထူလုံနှင့် ရှီဟိုင်ကျူးတို့က ပြေးဝင်လာကြပြီဖြစ်ပြီး သူတို့နှစ်ဦးလုံးက စွမ်းအင်ချိတ်ပိတ် သင်္ကေတ ဗုံးတစ်လုံးစီကို ပိုက်ထားကာ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်လွင်နေသည်။

"ခွေးမသား... ငါ့ကိုများ လှည့်စားရဲတယ်ပေါ့... ကွဲစမ်း"

ထူလုံက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ထဲရှိ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ဗုံးကို အားကုန် ပစ်ပေါက်လိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ဗုံး ပေါက်ကွဲသွားရာ ကျောက်ဆောင်အလား ခိုင်မာသော စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကြီး ချက်ချင်း ကွဲအက်သွားပြီး အကာအကွယ်များ အားလုံး ပြိုကျပျက်စီးသွားတော့သည်။

ထူလုံတို့ အဖွဲ့လည်း ချက်ချင်း ဟားတိုက်ရယ်မောလိုက်ကြပြီး အောက်သို့ အသီးသီး ပြေးဆင်းသွားကြသည်။

မကြာမီ အောက်ဘက်မှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး တိုက်ပွဲက ချက်ချင်း စတင်သွားလေပြီ။

လင်းယွမ်သည် လေဟာပြင်တွင် ရပ်နေပြီး တိုက်ပွဲထဲသို့ ဝင်မပါခဲ့ပေ။

ယခုအခါ ထိုက်ယန်တောင်၏ အင်အားမှာ အဆက်မပြတ် ကြီးထွားလာနေပြီဖြစ်ရာ ကိစ္စတော်တော်များများကို သူကိုယ်တိုင် ဝင်ပါစရာ မလိုတော့ပေ။

သူ၏ စိတ်စွမ်းအင်များကို ဖြန့်ကျက်လိုက်ပြီး တွင်းနက်အရိပ်နဂါးဝကို ဖွင့်လှစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အမှောင်ဓာတ် စွမ်းအင်များက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အမှောင်ထုက ထိုခိုက်ရီနည်းပညာ စခန်းပတ်လည်ကို ဖုံးလွှမ်းသွားပြီး စခန်းထဲမှ ထွက်ပြေးလာသူ မည်သူမဆို အရိပ်ကမ္ဘာထဲသို့ တိုက်ရိုက် ဆွဲသွင်းခံရမည် ဖြစ်သည်။

"ကိုယ်ပျောက်အစွမ်းကို ကျွမ်းကျင်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်က ဒီလိုအခြေအနေမျိုးဆိုရင် ကြိုပြီး ထွက်ပြေးဖို့ ရာခိုင်နှုန်းများတယ်"

"မင်း ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

လင်းယွမ်သည် လေဟာပြင်ထဲတွင် ရပ်နေရင်း စခန်းထဲမှနေ၍ အရိပ်ကမ္ဘာအတွင်းရှိ တွင်းနက်အရိပ်နဂါးဝထဲသို့ ဆက်တိုက် ပြေးဝင်လာကြသူများကို ခံစားသိရှိနေသည်။

ထိုလူများသည် ခေါင်းဖြတ်ခံထားရသော ယင်ကောင်များအလား အထဲသို့ ပြေးဝင်လာပြီးနောက် ကြောက်လန့်တကြား အော်ဟစ်ကာ အရပ်မျက်နှာ အနှံ့သို့ ရမ်းသမ်း ထွက်ပြေးနေကြပြီး သူတို့ကိုယ်သူတို့ အရိပ်တစ်ခုမျှသာ ဖြစ်နေသည်ကို လုံးဝ သတိမထားမိကြပေ။

မိနစ်ဆယ်ဂဏန်းခန့် ကြာပြီးနောက် အရာအားလုံး အေးချမ်းသွားတော့သည်။

ထိုက်ယန်တောင် အဖွဲ့က စခန်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။

လင်းယွမ်က စခန်းအတွင်းသို့ ပျံသန်းသွားသော်လည်း အပြင်ဘက်ရှိ တွင်းနက်အရိပ်နဂါးဝကို ပြန်လည် မသိမ်းဆည်းသေးပေ။

"ဆရာလင်း"

ဝမ်ထျန်အန်း ပြေးလာပြီး ရိုသေစွာ အရိုအသေပေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ကျန့်ယွမ်ကို ရှာတွေ့ပြီလား"

ဝမ်ထျန်အန်းက စိတ်ပျက်လက်ပျက်ဖြင့် "မတွေ့ဘူး... ဒီကောင်က အရမ်းအပြေး မြန်တယ်... ပြီးတော့ ပုံရိပ်ယောင် မျက်လှည့်အတတ်တွေလည်း တတ်သေးတယ်... အခု ဘယ်နားသွားပုန်းနေလဲ မသိဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ... သူ ထွက်ပြေးလို့ မလွတ်ပါဘူး"

ပြောပြီးသည်နှင့် လင်းယွမ်က တွင်းနက်အရိပ်နဂါးဝ၏ နယ်ပယ်ကို တိုက်ရိုက် ချဲ့ထွင်လိုက်ရာ စခန်းတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားလေသည်။

ဤသို့ဖြင့် စခန်းအတွင်းရှိ သက်ရှိအားလုံးသည် တွင်းနက်အရိပ်နဂါးဝမှတစ်ဆင့် အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။

လင်းယွမ်က ထိုလူများအားလုံးကို ကွင်းပြင်ဆီသို့ မောင်းနှင်သွားပြီးနောက် တွင်းနက်အရိပ်နဂါးဝထဲမှ ပြန်လည် လွှတ်ပေးလိုက်သည်။

"ဒီအထဲမှာ ကျန့်ယွမ် ရှိမရှိ ကြည့်လိုက်ဦး"

ဝမ်ထျန်အန်းက လူအုပ်ကြီးကို လျင်မြန်စွာ အကဲခတ်ကြည့်ရှုလိုက်ပြီး တစ်ယောက်ချင်းစီကို စစ်ဆေးလိုက်သည်။

ထိုသူကို မတွေ့ရသေးပေ။

ထိုသူသည် အပြီးအပိုင် ပျောက်ကွယ်သွားသကဲ့သို့ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

"မရှိဘူး... ဘယ်လိုလုပ် မရှိရတာလဲ"

ဝမ်ထျန်အန်း မျက်မှောင်ကြုတ်သွားပြီးနောက် စခန်းထဲရှိ လူများကို လှမ်းမေးလိုက်သည်။ "ကျန့်ယွမ်ကို မြင်လိုက်တဲ့သူ ရှိလား"

လူအားလုံးက ခေါင်းယမ်းလိုက်ကြပြီး ဝမ်ထျန်အန်းကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

ဝမ်ထျန်အန်းက စိတ်ရှုပ်စွာဖြင့် ဆဲဆိုလိုက်ပြီး လင်းယွမ်အနားသို့ လျှောက်သွားကာ "ဆရာလင်း... ဒီကောင် ထွက်ပြေးလွတ်သွားတာတော့ မဟုတ်ပါဘူးနော်... ငရဲကျွန်းရဲ့ အမြူတေက သူ့လက်ထဲမှာ ရှိနေသေးတယ်"

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "မလွတ်ပါဘူး... သူ ဒီလူတွေကြားထဲမှာ ရှိနေသေးတယ်"

"ဘာ... ဒီလူတွေကြားထဲမှာ ဟုတ်လား" ဝမ်ထျန်အန်း အလွန်အံ့သြသွားသည်။ "ကျွန်တော် ခုနကပဲ တစ်ယောက်ချင်းစီ သေချာကြည့်ပြီးပြီ... မတွေ့ပါဘူး"

လင်းယွမ်က လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်ပြီး "မေ့နေပြီလား... သူက ပုံရိပ်ယောင် မျက်လှည့်အတတ်ကို ကျွမ်းကျင်တယ်... ခင်ဗျား မြင်နေရတာတွေက အစစ်အမှန် ဖြစ်ချင်မှဖြစ်မှာ"

ဘေးနားရှိ ထူလုံက ချက်ချင်း သဘောပေါက်သွားပြီး... "ဆရာလင်း... သူက မျက်လှည့်အတတ်ကိုသုံးပြီး ဒီလူအုပ်ကြားထဲမှာ ပုန်းနေတယ်လို့ ပြောချင်တာလား"

"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ... ဌာနမှူးကျွမ်းသာ ဒီမှာရှိရင် ကောင်းမှာပဲ" ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ကျွမ်းရှုယွမ်၏ အစွမ်းက လူတို့၏ စိတ်ကို ဖတ်နိုင်သည်ဖြစ်ရာ မည်သည့် မျက်လှည့်အတတ်ကို သုံးသုံး၊ မည်မျှပင် ဖုံးကွယ်ထားနိုင်စေကာမူ အသုံးမဝင်ပေ။

လင်းယွမ်သည် ထိုခိုက်ရီနည်းပညာ ကုမ္ပဏီမှ လူများကို ကြည့်လိုက်သည်။ ထိုလူများထဲတွင် တိုက်ခိုက်ရေးသမားများအပြင် သုတေသနနှင့် ဖွံ့ဖြိုးရေး ဝန်ထမ်းများ၊ နောက်တန်း ထောက်ပံ့ရေး ဝန်ထမ်းများလည်း အများအပြား ပါဝင်နေသည်။

ထိုကဲ့သို့သော လူမျိုးများတွင် ဒေါသဆိုသည်မှာ မရှိဘဲ ကြောက်ရွံ့မှုသာ ရှိနေကြသည်။

လင်းယွမ် အနည်းငယ် စဉ်းစားပြီးနောက် "မြေအောက်မှာ ပုန်းနေတဲ့ ကြွက်တစ်ကောင်လောက်ကို အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး"

"ဒီလိုလုပ်... သူတို့အားလုံးကို ဖမ်းပြီး ကျွန်းပေါ်မှာ ယာယီ ချုပ်နှောင်ထားလိုက်"

"ဒီနေရာကို အခုလောလောဆယ် ကျွန်တော်တို့လူတွေပဲ တာဝန်ယူပြီး စခန်းကို အမြန်ဆုံး ပြန်ဆောက်ကြတာပေါ့"

"ပြီးတော့ လူတစ်ယောက်ကို ထိုက်ယန်တောင်ကို လွှတ်ပြီး ဌာနမှူးကျွမ်းကို သွားခေါ်ခိုင်းလိုက်"

"နားလည်ပါပြီ... ဆရာ"

လင်းယွမ်၏ စီစဉ်ညွှန်ကြားမှုနှင့်အတူ အရာအားလုံး စနစ်တကျ လည်ပတ်နေသည်။

မကြာမီ ထိုက်ယန်တောင် အဖွဲ့က ဤနေရာသို့ ဝင်ရောက်တပ်စွဲလိုက်ပြီး သုတေသနဌာနမှ လူများက အကာအကွယ် အစီအရင်များကို ပြောင်းလဲတပ်ဆင်ကြကာ ဆောက်လုပ်ရေးဌာနမှ လူများကမူ စခန်း၏ အဆောက်အအုံတချို့ကို ထပ်မံဖြည့်စွက် ပြင်ဆင်ကြလေသည်။

ဝမ်ထျန်အန်းက ခေါင်းဆောင် အခွင့်အာဏာကို အသုံးပြု၍ စခန်းအတွင်းရှိ အဆောက်အအုံများ၊ စက်ကိရိယာများနှင့် အချက်အလက်များ အားလုံးကို ထိုက်ယန်တောင်မှ လူများထံသို့ အကြွင်းအကျန်မရှိ လွှဲပြောင်းပေးအပ်လိုက်သည်။

ဤသို့ဖြင့် လင်းယွမ်က ဤငရဲကျွန်းကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့လေပြီ။

လင်ကျောင်းမြို့ ကောင်းကင်ယံရှိ လေပေါ်ကျွန်း ငါးကျွန်းအနက်မှ သုံးကျွန်းကို သူ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ မြွေခရုကျွန်းနှင့် သားရဲကျွန်း ဟူ၍ နှစ်ကျွန်းသာ ကျန်ရှိတော့သည်။

ထိုကျွန်းနှစ်ကျွန်းသည် နေထိုင်ရန် မသင့်တော်ပေ။ ကျွန်းပေါ်တွင် သန္ဓေပြောင်း သားရဲများ အရမ်းများလွန်းလှသည်။

ထို့အပြင် ထိုလေပေါ်ကျွန်း နှစ်ကျွန်း၏ အမြူတေနှင့် ဦးနှောက်အမြူတေများကိုလည်း ထိုသန္ဓေပြောင်း သားရဲများက သန့်စင်စုပ်ယူထားပြီး ဖြစ်သဖြင့် ခိုက်ရီနည်းပညာနှင့် မုန်ယာကုမ္ပဏီ တို့ကပင် ထိုကျွန်းနှစ်ကျွန်းကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဲကြပေ။

လင်းယွမ်တွင်လည်း လတ်တလော၌ တခြားအကြံအစည်များ မရှိသေးပေ။ ထိုကျွန်းနှစ်ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် အလောတကြီး မလိုအပ်သေး။ မည်သို့ပင်ဖြစ်စေ ယခု ထိုက်ယန်တောင်၏ နယ်မြေက အရမ်းကျယ်ဝန်းနေပြီး လူဦးရေက အလွန်နည်းပါးနေသေးရာ အလျင်လိုနေစရာ အကြောင်းမရှိပေ။

ထိုကျွန်းနှစ်ကျွန်းက ရန်သူ့လက်ထဲသို့ မရောက်သွားသရွေ့ အဆင်ပြေသည်။

"ဆရာလင်း... ဒီဘက်တော့ အကုန်လုံး ပြီးသလောက်ရှိနေပါပြီ" ထူလုံက ရောက်လာပြီး တိုးတက်မှု အခြေအနေကို အစီရင်ခံလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး လေးနက်သောအသံဖြင့် "သတိတော့ မပေါ့ကြနဲ့... မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာက ဒီအတိုင်း လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး... မကြာခင် အစွမ်းထက်တဲ့သူတွေ ရောက်လာလောက်တယ်"

"အကာအကွယ်တွေ အားလုံး ပြင်ဆင်ပြီးတာနဲ့ ကျွန်းသုံးကျွန်းကို တတ်နိုင်သမျှ နီးနီးကပ်ကပ် ထားလိုက်... တစ်ကျွန်းနဲ့တစ်ကျွန်း အကူအညီ ပေးလို့ရအောင်လို့"

"နားလည်ပါပြီ"

"နောက်ရက်တွေဆိုရင်တော့ ကျွန်တော် လေဟုန်စီး ငါးလိပ်စွန်ကျွန်းပေါ်မှာ နေပြီး ကွပ်ကဲမယ်"

"ဒါဆို ထိုက်ယန်တောင်ဘက်ကရော"

"ဆက်ပြီးတော့ ပြောင်းရွှေ့ကြတာပေါ့... ရေခဲတွေ အရည်ပျော်သွားတာနဲ့ ရေကြီးတာက ချက်ချင်း ပြန်ရောက်လာလိမ့်မယ်... လူတွေအားလုံးကို ရေပေါ်ကျွန်းတွေဆီ ပြောင်းရွှေ့ခိုင်းလိုက်ပါ"

"နားလည်ပါပြီ... ကျွန်တော် အခုပဲ ထိုက်ယန်တောင်ကို သွားလိုက်ပါ့မယ်"

"ပြီးတော့ သုတေသနဌာနကို စူပါလမ်းကြောင်းတစ်ခု တည်ဆောက်လို့ ရမရ နည်းလမ်းရှာကြည့်ခိုင်းလိုက်... လေပေါ်ကျွန်းနဲ့ ရေပေါ်ကျွန်းကြားကို တိုက်ရိုက် ဆက်သွယ်လို့ရမယ့် နည်းလမ်းရှိရင် အကောင်းဆုံးပဲ" လင်းယွမ်က ထပ်မံ၍ မှာကြားလိုက်သည်။

မိုးကြိုးမုန်တိုင်း တိမ်တိုက်များ၏ အဟန့်အတားကြောင့် အချက်ပြလှိုင်းများ ထုတ်လွှင့်ရန် ခက်ခဲလှသဖြင့် ကြိုးမဲ့ အချက်ပြလှိုင်းများပင်လျှင် မိုးကြိုးသံလိုက်စက်ကွင်း၏ နှောင့်ယှက်မှုကို ဖောက်ထွက်ရန် အလွန် ခက်ခဲလှသည်။

တည်ငြိမ်သော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု တည်ဆောက်ရန်မှာ မလွယ်ကူပေ။

သို့သော် ဤကဲ့သို့သော လမ်းကြောင်းမျိုးကို မတည်ဆောက်၍လည်း မဖြစ်ပေ။ မဟုတ်ပါက အထက်နှင့် အောက်သည် အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သတင်းအချက်အလက်များကို အချိန်မီ မပေးပို့နိုင်လျှင် တိုက်ပွဲနယ်မြေအတွက်မူ မျက်တောင်တစ်ခတ်အတွင်း အခြေအနေတွေ အများကြီး ပြောင်းလဲသွားနိုင်သည်။

ထို့ကြောင့် သတင်းအချက်အလက် ပေးပို့ခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်ပြီး သတင်းအချက်အလက် လမ်းကြောင်း တည်ဆောက်ရေးက အလွန် အရေးတကြီး လိုအပ်နေပေသည်။

နေ့လယ်ပိုင်း အချိန်တွင် ကျွမ်းရှုယွမ်က လေယာဉ်ပျံနှင့်အတူ လေပေါ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။

ကျွမ်းရှုယွမ်၏ အကူအညီဖြင့် ငရဲကျွန်းမှ ဖမ်းဆီးရမိသူများကို လျင်မြန်စွာ စတင်စစ်ဆေးတော့သည်။

ကျန့်ယွမ်သည် ထိုလူများကြားတွင် အမှန်တကယ် ပုန်းအောင်းနေခဲ့သည်။ ကျွမ်းရှုယွမ်က လာရောက်၍ တစ်ချက် အကဲခတ်ကြည့်လိုက်ရုံဖြင့် အသံတိတ် အကျဉ်းခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

မကြာမီ ရှီဟိုင်ကျူးနှင့် ဝမ်ထျန်အန်းတို့ နှစ်ဦး အကျဉ်းခန်းထဲသို့ ရောက်လာကြပြီး မျက်မှန်တပ်ထားသော လူငယ်တစ်ဦးကို တိုက်ရိုက် ဖမ်းဆွဲလိုက်ကြသည်။

ထိုလူငယ်မှာ သိသိသာသာ ကြောင်အမ်းသွားပြီး မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သော အမူအရာများ ပေါ်လာကာ "ဘာလုပ်တာလဲ... ကျွန်တော့်ကို လွှတ်... ခင်ဗျားတို့ ကျွန်တော့်ကို လွှတ်ပေးစမ်း"

ဝမ်ထျန်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီး "ဟန်ဆောင်... မင်း ဆက်ပြီး ဟန်ဆောင်နေလိုက်... ကျန့်ယွမ်... မင်းကိုယ်မင်း အပြစ်အနာအဆာမရှိ ပုန်းကွယ်နိုင်တယ်လို့ တကယ်ပဲ ထင်နေတာလား"

"ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ အစွမ်းဆိုတာ မရှိဘူးကွ... မင်းကို ငါတို့ မိသွားပြီ"

ထိုစကားကို ကြားလိုက်ရသည်နှင့် ထိုလူငယ်က ချက်ချင်း ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး မျက်နှာပေါ်တွင် သံသယဖြစ်ဟန်များ ပေါ်လာကာ "ငါ့ကို မင်းတို့ ဘယ်လိုရှာတွေ့သွားတာလဲ"

ဝမ်ထျန်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီး သူ့ကို အပိုစကားတွေ ဆက်မပြောတော့ပေ။

ရှီဟိုင်ကျူးက "အပိုစကားတွေ ပြောမနေနဲ့... ဆရာလင်းက မင်းကို တွေ့ချင်နေတယ်"

ကျန့်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကို ဝမ်ထျန်အန်းက ဖမ်းချုပ်ထားသဖြင့် လုံးဝ ရှောင်တိမ်း၍ မရနိုင်တော့ပေ။

မူလက သူ့အဖြစ်မှန်ကို သေချာဖုံးကွယ်ထားပြီး ဌာနချုပ်က ကယ်ဆယ်ရေး လာမည့်အချိန်ကို စောင့်နေလိုက်လျှင် သူ မျက်နှာပန်းလှမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

ယခုကြည့်ရသည်မှာ ဌာနချုပ်မှ ကယ်ဆယ်ရေး လာမည့်အချိန်အထိ သူ စောင့်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက မျက်နှာကို ခပ်တည်တည်ထားကာ တိတ်ဆိတ်စွာဖြင့် ထိုနှစ်ဦးနောက်သို့ လိုက်ပါလာပြီး အကျဉ်းခန်း အပြင်ဘက်သို့ ရောက်လာခဲ့သည်။

လင်းယွမ်သည် မနီးမဝေးရှိ ကျောက်တုံးပေါ်တွင် ထိုင်နေပြီး မီးတောင်ဝကို ကြည့်ရှုနေပုံရသည်။

ရှီဟိုင်ကျူးက "ဆရာလင်း... လူကို ခေါ်လာခဲ့ပါပြီ"

လင်းယွမ်က လှည့်မကြည့်ဘဲ "ငရဲကျွန်းရဲ့ အမြူတေကို ထုတ်ပေးလိုက်... မင်း အနာသက်သာမယ်"

ကျန့်ယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "ဟက်ဟက်... နေ့ခင်းကြောင်တောင် အိပ်မက်မက်နေလိုက်... မင်းတို့ ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး... ဌာနချုပ်က လူတွေ အချိန်မရွေး ရောက်လာတော့မှာ... မင်းတို့တွေ ခိုက်ရီနည်းပညာရဲ့ အစစ်အမှန် စွမ်းအားကို လုံးဝ မသိကြဘူးပဲ"

"ဝမ်ထျန်အန်း... ဒါက မင်း သစ္စာခံထားတဲ့ သခင်လား... ဟက်ဟက်... မင်းကတော့ ကြာလေလေ အဆင့်အတန်း နိမ့်ကျလာလေလေပဲ... ဒီလူက ကုမ္ပဏီကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်စွမ်း ရှိတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

ဝမ်ထျန်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီး "မင်း အပူပါလို့လား"

လင်းယွမ်က လှည့်ကြည့်လိုက်ပြီး ကျန့်ယွမ်ကို ကြည့်ကာ "မင်းက ခိုက်ရီနည်းပညာ ကုမ္ပဏီအပေါ် အရမ်း ယုံကြည်နေတာလား... ခိုက်ရီနည်းပညာမှာ ဘာတွေရှိနေလို့ မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"

ကျန့်ယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "မင်းက ငါတို့ ကုမ္ပဏီရဲ့ နောက်ကြောင်းကိုတောင် သေချာ မစုံစမ်းဘဲ ငါတို့ ကုမ္ပဏီကို ရန်သူအဖြစ် သတ်မှတ်ရဲတယ်ပေါ့လေ... တကယ်ကို ရယ်စရာကောင်းလွန်းတယ်... တခြားဟာတွေ မပြောနဲ့ဦး... ငါတို့ ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် တချို့ဆိုရင် အားလုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၆၀% အထက် ရောက်နေတဲ့ အစွမ်းပိုင်ရှင်တွေချည်းပဲ... မင်းတို့က ဘာနဲ့ သွားယှဉ်မှာလဲ"

ဆက်ရန်...

All Chapters