အခန်း ၉၂
Vol. 10 Ch. 92
အခန်း ( ၉၂)
နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများမှာ နီရဲသွားပြီး၊ မျက်နှာသည် ကြောက်ရွံ့သွားသည့် ပုံစံဖြစ်သွားကာ ဘေးနားက သူ၏ ရဲဘော်ကို ဓားဖြင့် ပြန်လည် တိုက်ခိုက်တော့သည်။
“မိစ္ဆာကောင် ၊ မင်း... မင်း အနားမလာနဲ့ ၊ မင်းက မိစ္ဆာပဲကောင်”
“ဝမ်အာ မင်း ရူးသွားပြီလား”
သူ့ဘေးနားက ရဲဘော်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။ ဓားဖြင့် ခုတ်သတ်ခံလိုက်ရပြီး သွေးများက မြို့ရိုးပေါ်တွင် စီးကျသွားတော့သည်။
ထိတ်လန့်တုန်လှုပ်မှုများသည် ကပ်ရောဂါကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။
ထိုမီးခိုးများကို ရှူရှိုက်မိကြသော စစ်သည်များမှာ မိမိတို့၏ ရဲဘော်များကို မိစ္ဆာများဟု ထင်ယောင်ထင်မှား ဖြစ်ကုန်ကြပြီး အချင်းချင်း ပြန်လည် သတ်ဖြတ်ကြတော့သည်။
မြို့ရိုးပေါ်တွင် ချက်ချင်းဆိုသလို ရှုပ်ထွေးမှုများ ပေါ်ပေါက်လာခဲ့သည်။
“ငြိမ်ကြစမ်း အားလုံး ငြိမ်ကြစမ်း”
ချင်ချန်းမှာ ဒေါသကြောင့် မျက်လုံးများပင် နီမြန်းနေသည်။ သူသည် ဓားကို ဆွဲထုတ်ကာ မိမိထံသို့ ပြေးလာသော စစ်သည်တစ်ဦးကို သတ်ဖြတ်လိုက်ရသည်။
“ဒါဟာ မိစ္ဆာပညာပဲ ၊ ဒါတွေက ထင်ယောင်ထင်မှားတွေပဲ”
သူသည် မီးခိုးမရှူမိသေးသော စစ်သည်များကို နောက်ဆုတ်ခိုင်းပြီး ကာကွယ်ရေးကို ပြန်လည် ဖွဲ့စည်းရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ သူ၏ အကြည့်များက မြို့အောက်ရှိ နတ်ဆရာထံသို့ ရောက်ရှိသွားသည်။
“ လေးသည်တော်တွေ အဲဒီ မိစ္ဆာကောင်ကို ပစ်သတ်ကြစမ်း”
“ဟုတ်ကဲ့”
တပ်ထဲတွင် ထိပ်တန်း လေးသည်တော်များ ပါဝင်သော အဖွဲ့သည် နတ်ဆရာကို ချိန်ရွယ်လိုက်ကြသည်။
“ ဝှစ် ဝှစ်”
စိတ်အာရုံအပြည့်ဖြင့် ပစ်လွှတ်လိုက်သော မြှားများသည် နတ်ဆရာထံသို့ တိုးဝင်သွားသည်။
သို့သော် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
သံချပ်ကာကိုပင် ဖောက်ထွက်နိုင်သော ထိုမြှားများသည် နတ်ဆရာ၏ အရှေ့ သုံးပေအကွာသို့ ရောက်သောအခါ ၊ မမြင်ရသော တံတိုင်းတစ်ခုနှင့် တိုက်မိသကဲ့သို့ အရှိန်လျော့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။
နတ်ဆရာသည် မနှစ်မြို့ဖွယ်ရာ အသံဖြင့် အော်ဟစ် ရယ်မောလိုက်သည်။ သူသည် ဗရုတ်သုတ်ခ ဖြစ်နေသော သာရှစစ်သည်တော်များကို ရက်စက်သော အကြည့်များဖြင့် ကြည့်နေ၏။
“ခေါင်းဖြတ်တပ်ဖွဲ့ ၊ ငါ့နောက် လိုက်ခဲ့”
ရဲရင့်သော စစ်သူကြီးတစ်ဦးသည် အော်ဟစ်လိုက်ပြီး၊ အတော်ဆုံး စစ်သည်တစ်စုကို ဦးဆောင်ကာ မြို့ရိုးပေါ်မှ ဆင်းလာပြီး နတ်ဆရာကို သတ်ရန် ကြိုးစားခဲ့သည်။
သို့သော် သူတို့သည် မြို့တံခါးမှ ခြေလှမ်းတစ်ရာအတွင်း၊ နတ်ဆရာနှင့် မလှမ်းမကမ်း ရောက်ရှိလာချိန်တွင် လူတိုင်းသည် တစ်ကိုယ်လုံး အားအင် ကုန်ခမ်းသွားသကဲ့သို့ ဖြစ်ကာ လက်ထဲမှ လက်နက်များကိုပင် မကိုင်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထို့နောက်တွင် သူတို့သည် လူရိုင်းမျိုးနွယ်စု စစ်သည်များ၏ ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
မြို့ရိုးပေါ်ရှိ လူတိုင်း ကျောချမ်းသွားကြသည်။
ဤကဲ့သို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော ထူးဆန်းသည့် အင်အားသည် သာရှ စစ်သည်များ၏ စိတ်ဓာတ်ကို လုံးဝ ချိုးနှိမ်ပစ်ခဲ့လေ၏။
ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများသည် ဟွမ်ဖုန်းခံတပ် တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
ကျဆုံးသူများပြားလာပြီး ၊ မြို့ရိုး၏ အစိတ်အပိုင်းများစွာမှာ တိုက်ခိုက်ခံနေရသည့်အပြင် ကာကွယ်ရေးသည် ပြိုလဲတော့မည့် အခြေအနေတွင် ရှိနေသည်။
ချင်ချန်းသည် မျက်လုံးများ နီမြန်းလျက် မြို့အောက်မှ နတ်ဆရာကို စိုက်ကြည့်နေသည်။ စစ်တိုက်လာသည့် ဆယ်စုနှစ်များစွာအတွင်း ၊ သူသည် ဤမျှလောက် အားကိုးရာမဲ့သည့် ခံစားချက်မျိုး မခံစားဖူးခဲ့ချေ။
ဤသည်မှာ စစ်ပွဲ မဟုတ်တော့ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးတစ်ခုသာပင်။
ထိုအချိန်မှာပင် နတ်ဆရာသည် ကြောင်နှင့်ကြွက် အမဲလိုက်တမ်းပွဲကြီးကို ပျင်းသွားဟန်ရှိသည်။
သူသည် ရက်စက်စွာ ပြုံးလိုက်ပြီး ၊ သူ၏ ဦးခေါင်းခွံ တောင်ဝှေးကို မြှောက်ကိုင်ကာ မြို့ရိုးအလယ်ရှိ ချင်ချန်း ရှိရာသို့ ညွှန်ပြလိုက်သည်။
ဦးခေါင်းခွံ၏ မျက်လုံးများမှ စိမ်းဖန့်ဖန့် အလင်းရောင်များက ပို၍ တောက်ပလာလေ၏။
“ချင်ချန်း ခွေးအိုကြီး၊ မင်းရဲ့ အသက်ကို ပေးစမ်း”
သူ၏ စူးရှသော အော်ဟစ်သံသည် လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင်၊
ဟွမ်ဖုန်းခံတပ်၏ နောက်ဘက်ရှိ မထင်ရှားသော တော်ဝင်နက္ခတ်တာရာကြည့်စင်ပေါ်တွင် ဆံပင်ဖြူဖြူ နှင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အသက်ကြီးကြီး ကြီးကြပ်ရေးမှူးတစ်ဦးသည် ရှုပ်ထွေးသော နက္ခတ်တာရာ ပြကွက်တစ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။
သူသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ ခေါင်းကို မော့ကြည့်လိုက်သည်။
သူ၏ မျက်လုံးများသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်သကဲ့သို့ အတားအဆီးများစွာကို ဖြတ်ကျော်ကာ ရှောင်ရှန်းရှိရာ တဲဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းများသည် လှုပ်ရှားသွားပြီး တိုးတိုးလေး ပြောလိုက်သည် ။
“မိစ္ဆာအရှိန်အဝါတွေက ကောင်းကင်အထိ ရောက်နေပြီ၊ ဒါပေမဲ့ နဂါးစွမ်းအားက ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိသေးတာလဲ”