← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) - အိပ်မက်ထဲတွင် “အမတ” ဘဝကို ကျင့်ကြံခြင်း

မြို့ရိုးထက်တွင် သွေးညှီနံ့များဖြင့် လွှမ်းမိုးနေ၏။

ထိုနတ်ဆရာမှ စေညွှန်လိုက်သည်နှင့်၊ သူ၏ တောင်ဝှေးရှိ ဦးခေါင်းခွံမျက်လုံးပေါက်ထဲမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ ကြိတ်ခွဲကျောက်တုံးလောက်ရှိသည့် ကြောက်စရာကောင်းသော တစ္ဆေလက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် စူးရှသော အော်ဟစ်သံနှင့်အတူ လေထုကို ဖြိုခွဲကာ ချင်ချန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။

တစ္စေလက်ဝါးကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လေထုမှာ ညစ်ညမ်းသွားပြီး ၊ ၎င်း၏ ပတ်ပတ်လည်ရှိ မည်းမှောင်နေသော မြူခိုးများသည် နာကျင်စွာဖြင့် အော်ဟစ်နေသော လူမျက်နှာများအဖြစ် ပြောင်းလဲသွားကာ လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။

“စစ်သူကြီး... သတိထား”

ကိုယ်ရံတော်များသည် ရှေ့သို့ ပြေးထွက်ကာ ကာကွယ်ရန် ကြိုးစားကြသော်လည်း၊ ထိုတစ္စေလက်ဝါးကြီးမှ ထွက်ပေါ်လာသော ကြောက်ခမမ်းလိလိ ဖိအားကြောင့် သွေးလေချောက်ခြားကာ လှုပ်ရှား၍ပင် မရတော့ပေ။

ချင်ချန်းသည် နေရာတွင်ပင် မလှုပ်မယှက် ရပ်နေခဲ့သည်။ သူ၏ စူးရှထက်မြက်သော မျက်ဝန်းတစ်စုံသည် သူ့ထံသို့ ပြေးဝင်လာသော တစ္စေလက်ဝါးကြီးကို စိုက်ကြည့်နေကာ သူ့ တစ်ကိုယ်လုံးရှိ ကြွက်သားများကို တင်းထားပြီး၊ ဤပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ပြင်ဆင်ထားခဲ့သည်။

သူ့အနေဖြင့် နောက်ဆုတ်လို့ မဖြစ်မှန်း သူ သိသည်။ သူသာ နောက်ဆုတ်လိုက်ပါက ၊ ဟွမ်ဖုန်းခံတပ်တစ်ခုလုံးရှိ စစ်သည်တော်များ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားပေလိမ့်မည်။

သူ သေရမှာကို မကြောက်။

သို့သော် ဤမျှ အရေးကြီးသော အခိုက်အတန့်တွင်၊

မည်သူမှ သတိမထားမိသည့် စစ်စခန်း၏ အတွင်းပိုင်း၌ ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။

…..

အိမ်ရှေ့စံမင်းသား၏ စစ်တဲအတွင်း။

ရှောင်ရှန်းတစ်ယောက် ကောင်းကောင်းကြီး အိပ်မောကျနေလေ၏။

သူသည် သူ၏ “ဖျားနာ၍ ထွက်ပြေးခြင်း” စီမံကိန်းကြီးအတွင် ဉာဏ်အကုန်ထုတ်သုံးကာ စဉ်းစားခဲ့ရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းသွားဟန် ရသည်။

ယခုတွင် ခေါင်းအုံးနှင့် ခေါင်းထိသည်နှင့် တပြိုင်နက် တန်းပြီး အိပ်ပျော်သွားလေတော့၏။

အိပ်မက်ထဲတွင် သူသည် ထိုခြောက်ခြားဖွယ်ရာ စစ်မြေပြင်ဟောင်းဆီသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားပြန်သည်။

ဘေးပတ်ပတ်လည်တွင် ပျက်စီးနေသော တံတိုင်းဟောင်းများနှင့် သဲထဲတွင် နစ်မြုပ်နေသော လက်နက်များ ရှိနေပြီး၊ မရေမတွက်နိုင်သော မှုန်ဝါးဝါးပုံရိပ်များက အော်ဟစ်တိုက်ခိုက်နေကြသည်။ သူသည် သီးခြားရပ်ကြည့်နေသူအဖြစ်သာ ရှိနေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် တစ်ခုခု ထူးခြားနေခဲ့သည်။

သူ၏ ဦးနှောက်ထဲတွင် လွင့်မျောနေပြီး ပုံမှန်အားဖြင့် ငြိမ်သက်နေသော “တစ္ဆေလက်ရေးခြစ်”များသည် “ ဘာကြီးပဲဖြစ်နေဖြစ်နေ အိပ်ခြင်းကသာ အကောင်းဆုံး”ဟူသော သူ၏ ပျင်းရိနေသော စိတ်အစဉ်ကြောင့် နိုးထလာပုံရကာ ဖြည်းဖြည်းချင်း သက်ဝင်လှုပ်ရှားလာကြသည်။

မှော်သင်္ကေတများသည် တစ်ခုပြီးတစ်ခု လင်းလက်သွားကာ နောက်တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားခဲ့သည်။

၎င်းတို့သည် ညကောင်းကင်ယံတွင် တစ်ခုပြီးတစ်ခု လင်းလက်လာသော ကြယ်တာရာများကဲ့သို့ပင်၊ ရှေးကျပြီး လျို့ဝှက်ဆန်းကြယ်သော ကြယ်မြေပုံတစ်ခုအဖြစ် ပေါင်းစပ်သွားကာ သူ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာတွင် ဖြည်းဖြည်းချင်း လည်ပတ်နေတော့သည်။

ထိုကြယ်မြေပုံ လည်ပတ်လာသည်နှင့်အမျှ၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော အေးမြသန့်စင်သည့် စွမ်းအင်အငွေ့အသက်များသည် မမြင်ရသော ဆွဲဆောင်မှုတစ်ခုကြောင့် မိုးနှင့်မြေကြားမှ စိမ့်ထွက်လာခဲ့ပြီး စစ်တဲကို ဖြတ်ကျော်ကာ ရှောင်ရှန်း၏ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်သွားခဲ့သည်။

ဤစွမ်းအင်သည် အလွန်ပင် ကြည်လင်သန့်ရှင်းလှသည်။ “ဘယ်လိုလုပ်မှ သေနိုင်မလဲ” ဟု တွေးတောရင်း ပင်ပန်းနေခဲ့သော ရှောင်ရှန်း၏ စိတ်ဓာတ်မှာ အားအင်များဖြင့် ပြန်လည် ပြည့်ဝလာလေ၏။

သူ၏ အလိုလိုက်ခံထားရသော ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပြောမပြနိုင်လောက်အောင် သက်သောင့်သက်သာ ဖြစ်သွားလေသည်။

အကယ်၍ ဤနေရာတွင် စွမ်းအားရှင်ကြီးတစ်ဦးသာ ရှိနေခဲ့လျှင်ဖြင့် ရှောင်ရှန်း၏ ခန္ဓာကိုယ်မျက်နှာပြင် ၊ အထူးသဖြင့် မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးနေရာမှ သာမန်လူများ မမြင်နိုင်သော ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်ပြီးနောက် အလွန် ထိတ်လန့်သွားပေလိမ့်မည်။

ဤအလင်းရောင်သည် သန့်ရှင်းစင်ကြယ်ပြီး ငြိမ်းချမ်းလှကာ၊ မိစ္ဆာအပေါင်းကို နှိမ်နင်းပြီး မကောင်းသော အရာမှန်သမျှကို ဖျက်ဆီးပစ်နိုင်သည့် မြင့်မြတ်သန့်စင်သော အရှိန်အဝါများ ပါဝင်နေခဲ့သည်။

...

မြို့ရိုးထက်တွင် ထိုတစ္စေလက်ဝါးကြီးမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာချေပြီ။

ချင်ချန်းသည်လည်း ပုပ်စော်နံသော အနံ့ဆိုးများကိုပင် ရရှိနေပြီ ဖြစ်ကာ သူသည် သေဆုံးရန်ပင် အသင့်ပြင်ထားပြီး ဖြစ်သည်။

သို့သော် ထိုစဉ်မှာပင်

လက်စွမ်းပြနေသော နတ်ဆရာ၏ မျက်နှာမှာ ဝုန်းခနဲ ပြောင်းလဲသွားသည်။

သူသည် မိမိ၏ မန္တန်နှင့် ထိုတစ္စေလက်ဝါးကြားရှိ ချိတ်ဆက်မှုမှာ တစ်စုံတစ်ခု၏ နှောင့်ယှက်မှုကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

တစ္စေလက်ဝါးကြီးပေါ်ရှိ အဖျကိစွမ်းအားများသည် အလိုအလျောက် အားနည်းသွားသည်။

အနည်းငယ်မျှသာ အားနည်းသွားခြင်း ဖြစ်သော်လည်း ဖန်တီးသူတစ်ယောက် အနေဖြင့် သူသည် ရှင်းလင်းစွာ သိလိုက်ရသည်။

“ဟင်”

နတ်ဆရာသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အင်အားကို အလွန်အကျွံ သုံးလိုက်သောကြောင့် ဝေဝါးသွားခြင်း ဖြစ်မည်ဟု ထင်ကာ၊ ချင်ချန်းကို တစ်ကွက်တည်းနှင့် အပြီးသတ်ရန် သူ၏စွမ်းအားကို ထပ်မံ မြှင့်တင်လိုက်သည်။

သို့သော် သူ၏ မိစ္ဆာစွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည့်အခါတွင် ထိုထူးဆန်းသော ဖိနှိပ်မှု ခံစားချက်မှာ ပို၍ပင် ပြင်းထန်လာတော့သည်။

သူ၏ မိစ္ဆာစွမ်းအားများသည် သာရှစစ်စခန်း၏ အချက်အချာနေရာနှင့် နီးကပ်လာသည်နှင့်အမျှ ၊ မမြင်ရသော တံတိုင်းကြီးတစ်ခုနှင့် ထိမှန်သွားသကဲ့သို့ စွမ်းအားများမှာ သိသိသာသာ လျော့နည်းလာကာ ပျောက်ကွယ်သွားတော့မည့် လက္ခဏာများကိုပင် ပြသနေခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ တစ္စေလက်ဝါးကြီးသည် ချင်ချန်းနှင့် သုံးပေအကွာသို့ ရောက်လာချိန်တွင် ၊ ၎င်းပေါ်ရှိ မည်းမှောင်သော အငွေ့အသက်များသည် နေရောင်အောက်က ‌နှင်းများလိုပင် တရှဲရှဲဖြင့် ပျောက်ကွယ်သွားလေတော့သည်။

အဖျက်စွမ်းအားများမှာလည်း ချက်ချင်းဆိုသလို ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။

“ဝုန်း ”

ချင်ချန်းသည် ဤအခွင့်အရေးကို လက်မလွှတ်ဘဲ ဒေါသတကြီး ခုတ်ပိုင်းချလိုက်သည်။

ဓားသွားနှင့် တစ္စေလက်ဝါးတို့ ပြင်းထန်စွာ ထိခတ်သွားလေရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေ၏။

ချင်ချန်းသည် ပြင်းထန်သော တွန်းကန်အားကြောင့် သူ့လက်များ ထုံကျင်သွားကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားခဲ့သည်။

သူသည် မတ်မတ်ရပ်နိုင်ရန် အတော်လေး ကြိုးစားလိုက်ရပြီး ၊ လည်ချောင်းထဲတွင် သွေးအရသာကို ခံစားလိုက်ရသော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ဤတိုက်ကွက်ကို ခုခံနိုင်ခဲ့ပြီ ဖြစ်သည်။

သူ့အနေဖြင့် အတွင်းဒဏ်ရာ အနည်းငယ် ရသွားသော်လည်း စိုးရိမ်စရာ မရှိပေ။

“ ဒါဘယ်လိုဖြစ်တာလဲ”

မြို့အောက်ရှိ နတ်ဆရာမှာ လုံးဝ တုန်လှုပ်သွားသည်။

ဤတိုက်ကွက်သည် သူ၏ အကောင်းဆုံး အတတ်ပညာဖြစ်ပြီး ၊ သူနှင့် လက်ရည်တူသည့် ပြိုင်ဘက်များကိုပင် သတ်နိုင်စွမ်းရှိသည်။

သို့သော် ချင်ချန်းသည် အဘယ့်ကြောင့် ခုခံနိုင်ခဲ့သနည်း။

All Chapters