← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း(၉၉) - ကံဆိုးခြင်းနှင့် ကံကောင်းခြင်း ဆက်စပ်နေခြင်း

“အဟွတ်”

လူအများ၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ရှောင်ရှန်းတစ်ယောက် နေရထိုင်ရခက်လာသည်။

အထူးသဖြင့် စူးဝမ်ချင်၏ အကဲခတ်သည့် အကြည့်များက သူ့ကို အမွှေးနုတ်ခံထားရသည့် မျောက်တစ်ကောင်လို ခံစားရစေသည်။

သူသည် မျက်လုံးများကို ကစားလိုက်ပြီး ဉာဏ်နီဉာဏ်နက် ထုတ်လိုက်သည်။ မျက်နှာပေါ်တွင် “ဖော်ရွေသော” အပြုံးကို ချိတ်ဆွဲလျက် စူးဝမ်ချင်အနားသို့ တိုးကပ်သွားပြီး ပြောလိုက်သည်။

“ဒီက သခင်လေး၊ ကြည့်ရတာ မင်းရဲ့ အရိုးတည်ဆောက်ပုံက ထူးခြားပြီး ဒီလို သဘာဝလွန်ကိစ္စတွေကို အရမ်း စိတ်ဝင်စားနေတာဆိုတော့... ငါတို့တွေက လမ်းစဉ်တူတဲ့သူတွေပဲ မဟုတ်ဘူးလား”

သူသည် “လမ်းစဉ်တူသူ” ဆိုသည့် စကားလုံးကို တမင်တကာ အလေးပေး ပြောလိုက်ပြီး၊ သူ့ကိုယ်သူ “နတ်ဆရာ” တစ်ယောက်ပါဟု အရိပ်အယောင် ပြသလိုက်ခြင်း ဖြစ်သည်။

စူးဝမ်ချင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ကြားဖူးရုံ‌ပါ … လမ်းစဉ်တူသူလို့တော့ မခေါ်ဝံ့ပါဘူး”

“အို... ခုလို ဆုံရတာ ရေစက်ပဲ”

ရှောင်ရှန်းသည် စူးဝမ်ချင်၏ ပုခုံးကို လှမ်းဖက်လိုက်သည်။ အား သိပ်မပါသော်လည်း ငြင်းပယ်၍မရသော လူလည်ကျသည့် အငွေ့အသက်များတော့ ပါဝင်နေခဲ့သည်။

“မင်းရဲ့ အသွင်အပြင်က သာမန်မဟုတ်တာကို ငါကိုယ်တော် မြင်တယ်၊ ဒါကြောင့် မြို့ထဲမှာ အကောင်းဆုံးဖြစ်တဲ့ ‘ကျွေ့ရှန်းအဆောင်’ မှာ အရက်သောက်ဖို့ မင်းကို ဖိတ်ခေါ်ချင်တယ်”

“ဘယ်လိုလဲ ငါကိုယ်တော်လည်း ဒီ ‘မိစ္ဆာပူး’တဲ့ ကိစ္စအပေါ် မင်းရဲ့ အမြင်တွေကို နားထောင်ချင်သေးတယ်”

သူ၏ စိတ်ထဲတွင်မူ ဤကဲ့သို့သော “ကောင်ချောလေး” တစ်ယောက်ကို အရက်ဆိုင်သို့ ဆွဲခေါ်ကာ အပျော်အပါး လိုက်စားပြခြင်းဖြင့် မိမိ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်မည်ဟု တွေးနေခဲ့သည်။

ထို့အပြင် သူသည် ဤဆေးဆိုင်ကနေ အမြန် လစ်ချင်နေပြီ ဖြစ်သည်။ သို့မဟုတ်ပါက “ဆေးတစ်ခွက်နဲ့ ရောဂါပျောက်စေတဲ့ နတ်ဘုရားလက် အိမ်ရှေ့စံ” ဆိုသည့် နာမည်ကြီး ထပ်တိုးလာမည်ကို သူ ကြောက်မိသည်။

ကျွေ့ရှန်းအဆောင်။

မြို့တော်တွင်လည်း အလွန် ခမ်းနားထည်ဝါသော ထိုအမည်နှင့် ဆိုင်တစ်ဆိုင် ရှိသည်ကို စူးဝမ်ချင် မှတ်မိသည်။

နယ်စပ်မြို့လေးက ဆိုင်နှင့် သိပ်တော့ ကွာခြားမည် မဟုတ်ကြောင်း သူမ ယူဆမိသည်။ မူလက သူမ အနေဖြင့် ငြင်းဆန်လိုခဲ့သော်လည်း၊ ရှောင်ရှန်း၏ ထူးဆန်းမှုများကို အနီးကပ် လေ့လာနိုင်ရန်အတွက် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ အရှင့်သားကို အားနာရတော့မှာပဲ”

ရှောင်သယ့်ဇီက ဘေးမှနေ၍ ခြေဆောင့်ကာ စိုးရိမ်နေ၏။

“အရှင့်သား၊ စစ်သူကြီးချင်က မှာထားပါတယ်၊ အရှင်က...”

“ပါးစပ်ပိတ်ထားစမ်း”

ရှောင်ရှန်းက မျက်လုံးပြူးကြည့်လိုက်သည် ။

“ငါကိုယ်တော်က ဒီညီလေးနဲ့ မြင်မြင်ချင်း ခင်မင်သွားလို့ အရက်သောက် စကားပြောတာ ဒါ ဘဝရဲ့ ပျော်ရွှင်မှုပဲ ၊ ချင်ချန်းမှာ ကန့်ကွက်စရာရှိရင် သူ့ဘာသာသူ ငါ့ဆီ လာပြောခိုင်းလိုက်”

ချင်ချန်းကတော့ ပြောစရာစကားရှိမည် မဟုတ်ပေ။

အိမ်ရှေ့စံမင်းသားသည် ဒေသခံ အရက်ဆိုင်သို့ “နှိမ့်ချစွာ” ကြွရောက်ပြီး၊ သံသယဖြစ်ဖွယ် “ချောမောသော စာသင်သား”လေး တစ်ဦးကို “ဖိတ်ကြား” ခဲ့ကြောင်း ကြားသိလိုက်သည်နှင့် ၊ သူသည် မတားသည့်အပြင် မျက်လုံးများပါ ဝင်းလက်သွားသည်။

အိမ်ရှေ့စံမင်းသား၏ လုပ်ရပ်တိုင်းက အဓိပ္ပာယ် နက်နဲလှသည်။ ထိုစာသင်သားမှာ ရန်သူဘက်မှ သူလျှို ဖြစ်နိုင်ပြီး ၊ အရှင့်သားသည် သူ့ကို ထိန်းထားကာ အမြစ်ပြတ် ချေမှုန်းရန် ကြံစည်နေခြင်း ဖြစ်နိုင်သည်။

သို့မဟုတ် အရှင့်သားသည် တစ်စုံတစ်ခုသော မိစ္ဆာအငွေ့အသက်ကို ခံစားမိ၍ လူစည်ကားသော နေရာသို့ ဆွဲထုတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

“အမိန့်ပေးလိုက်စမ်း”

ချင်ချန်းက ကိုယ်ရံတော်ကို တိုးတိုးလေး မှာကြားလိုက်သည်။

“ ကျွေ့ရှန်းအဆောင်မှာ လူရှင်းဖို့ မလိုဘူး၊ ရန်သူ လန့်သွားလိမ့်မယ်၊ ဒါပေမဲ့ အပြင်ပန်းကို လျှော့ထားပြီး အတွင်းပိုင်းကိုတော့ တင်းကျပ်ထား”

“ဝင်ထွက်သွားလာသူ အကုန်လုံးကို စစ်ဆေး ပြီးတော့ ပါးနပ်တဲ့သူတချို့ကို စားသောက်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး အိမ်ရှေ့မင်းသားနဲ့ အဲဒီ ‘စာသင်သား’ ရဲ့ ဘေးကင်းမှုကို အစွမ်းကုန် ကာကွယ်စေ”

သူသည် “စာသင်သား” ဆိုသည့် စကားလုံးကို အထူး အလေးပေး ပြောကြားလိုက်သည်။

ရှောင်ရှန်းသည် စူးဝမ်ချင်ကို ခေါ်ဆောင်ကာ အရပ်ဝတ် ကိုယ်ရံတော်များ၏ “ဝန်းရံမှု” ဖြင့် နယ်စပ်မြို့လေး၏ “ ကျွေ့ရှန်းအဆောင်” သို့ ရောက်ရှိလာခဲ့ရာ ၊ ဗဟုသုတ ကြွယ်ဝသော စူးဝမ်ချင်ပင် မျက်ခုံးပင့်မိသွားသည်။

ဤကျွေ့ရှန်းအဆောင်သည် အရက်ဆိုင်ကြီးထက်စာလျှင် စားသောက်ဆိုင်လေးနှင့် ပိုတူသည်။

နှစ်ထပ် သစ်သားအဆောက်အအုံမှာ ဆေးများ ကွာကျနေပြီး ဆိုင်းဘုတ်ပေါ်က “ ကျွေ့ရှန်း အဆောင်” ဆိုသည့် စာလုံးမှာလည်း ထောင့်တစ်ဖက် ကျိုးနေသဖြင့် သစ်သားအသစ်ဖြင့် ဖာထားရာ ၊ အရောင်မှာ အတော်လေး ကြည့်ရဆိုးပေသည်။

ဆိုင်ထဲတွင် အလင်းရောင် မှိန်ပျပျရှိပြီး စားပွဲကုလားထိုင်များမှာ ဆီများဖြင့် စေးကပ်နေကာ လေထုထဲတွင် စျေးပေါသော ဟင်းနံ့နှင့် အရက်နံ့များ ရောထွေးနေသည်။

ရှောင်ရှန်းတစ်ယောက် နှာခေါင်းရှုံ့လိုက်သည်။

" တောက်. ဒီနေရာက ကျွေ့ရှန်းအဆောင်လို့ ခေါ်ဖို့ တန်လို့လား”

သူသည် မကျေနပ်ကြောင်း အော်ဟစ်ချင်သော်လည်း စူးဝမ်ချင်၏ တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

ဘာကြောင့်မှန်းမသိ၊ ဤ “ ကောင်ချောလေး” ရှေ့တွင် အရှက်ကွဲရမည်ကို သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

သူတို့နှစ်ဦးသည် ကိုယ်ရံတော်များ အလိုအလျောက် နေရာယူထားသည့် “အကောင်းဆုံး ကာကွယ်ရေးနေရာ” ဖြစ်သော ပြတင်းပေါက်နားက စားပွဲတွင် ထိုင်လိုက်ကြသည်။

စားပွဲထိုးလေးက ပြေးလာပြီး ဟင်းအမည်များကို ရွတ်ပြလေ၏။

ရှောင်ရှန်းက လက်ကာပြလိုက်သည် ။

“ဒီမှာ အစျေးအကြီးဆုံး ဟင်းတွေကို ငါကိုယ်တော်... မဟုတ်ဘူး၊ ငါတို့ ဒီညီလေးအတွက် အကုန်ချပေးစမ်း”

သူသည် စူးဝမ်ချင်ကို ညွှန်ပြလိုက်သည်။

စူးဝမ်ချင်က တည်ငြိမ်စွာပင်။

“အပိုအကုန်အကျ မခံပါနဲ့၊ ရိုးရိုးရှင်းရှင်း ဟင်းအနည်းငယ်ဆို ရပါပြီ”

ဟင်းများ မှာယူပြီးလို့ အကုန်မရောက်သေးခင်မှာပင် ၊ အပြောင်းအလဲကြီး တစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။

“ဗုန်း” ဆိုသည့် အသံနှင့်အတူ ဘေးစားပွဲက သာမန် စားသောက်သူဟု ထင်ရသော လူအချို့က စားပွဲကို မှောက်လှန်လိုက်ပြီး၊ လက်နက်များကို ဆွဲထုတ်ကာ စစ်ဘက်အရာရှိ အနည်းငယ်ကို တိုက်ခိုက်လာခဲ့သည်။

ထိုအရာရှိများ၏ ခေါင်းဆောင်မှာ ချင်ချန်း၏ လက်အောက်ခံ စစ်သူကြီးတစ်ဦးပင် ဖြစ်သည်။

“လုပ်ကြံသူတွေ”

“စစ်သူကြီးကို ကာကွယ်ကြ”

ဆိုင်အတွင်း၌ ချက်ချင်းဆိုသလို ရုန်းရင်းဆန်ခတ်မှုများ ဖြစ်လာခဲ့သည်။ ပန်းကန်ခွက်ယောက် ကွဲသံများ၊ ကုလားထိုင် ကျိုးပဲ့သံများ ၊ အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် ယောက်ျားသားများ၏ ဟိန်းဟောက်သံများဖြင့် ဆူညံသွားသည်။

တလက်လက် တောက်ပနေသော ဓားသွားများကြား ၊ သွေးညှီနံ့များက လျင်မြန်စွာ ပျံ့နှံ့လာလေ၏။

“အမလေး”

ရှောင်ရှန်း၏ တုံ့ပြန်မှုမှာ မြန်ဆန်လှသည်။ သူသည် ခေါင်းကို လက်နှင့်အုပ်ကာ စားပွဲအောက်သို့ “ဝှစ်” ခနဲ တိုးဝင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လေတော့သည်။

“လုပ်ကြံသူတွေ ၊ ငါကိုယ်တော့်ကို သတ်ဖို့ လာတာပဲ ….မြန်မြန် ကာကွယ်ကြ ကာကွယ်ကြစမ်း”

သူ့ဘေးက ကိုယ်ရံတော်များမှာလည်း ထိတ်လန့်သွားသော်လည်း ၊ လေ့ကျင့်ထားသည့်အတိုင်း ချက်ချင်းလက်ငင်း ဓားများကို ဆွဲထုတ်ကာ ကာကွယ်ထားကြသည်။

သူတို့သည် အိမ်ရှေ့စံမင်းသားကို ဆွဲထုတ်ကာ အပြငိသို့ ခေါ်ဆောင်သွားချင်သော်လည်း ၊ မင်းသားကြီးမှာ စားပွဲခြေထောက်ကို ဖက်ထားပြီး ဘယ်လိုမှ ထွက်မလာပေ။

စူးဝမ်ချင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုလုပ်ကြံသူများ၏ ပစ်မှတ်မှာ လက်ထောက်စစ်သူကြီး ဖြစ်ပြီး ရှောင်ရှန်း မဟုတ်ပေ။

သူတို့၏ တိုက်ကွက်များမှာ ရက်စက်ပြီး ထူးဆန်းလှပေရာ သာမန်စစ်သားများ မဟုတ်ဘဲ အထူးလေ့ကျင့်ထားသော လုပ်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။

လက်ထောက်စစ်သူကြီးမှာ အန္တရာယ်ရှိနေပြီး သူ၏ ကိုယ်ရံတော်အချို့မှာလည်း လဲကျသွားပြီဖြစ်သည်။

အခြေအနေက အရေးကြီးနေသဖြင့် စူးဝမ်ချင်သည် မိမိ၏ အစွမ်းအစကို ထုတ်မပြချင်သော်လည်း လူသေမည့်အရေးကိုတော့ လက်ပိုက်ကြည့်မနေနိုင်ပေ။

သူမ၏ လက်ကောက်ဝတ်သည် အနည်းငယ် လှုပ်ရှားသွားပြီး သေးငယ်သော ငွေအပ်များက သူမ၏ လက်ကြားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်မှာပင် သူမသည် တစ်ချက် လှမ်းပစ်လိုက်ရာ ၊ လက်ထောက်စစ်သူကြီးကို ဝိုင်းထားသော လုပ်ကြံသူများ၏ လည်ပင်းနောက်ဘက်ရှိ အရေးကြီးသော နေရာများသို့ တိကျစွာ ထိုးဖောက်သွားသည်။

All Chapters