← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း(၁၀၀)

ထိုလုပ်ကြံသူများ၏ လှုပ်ရှားမှုမှာ တစ်ချက် တုံ့ဆိုင်းသွားသည်။

လက်ထောက်စစ်သူကြီးသည် ထိုအရာကို အခွင့်အရေးကောငိးယူကာ ရန်သူများကို ဓားဖြင့် ပြန်လည် တိုက်ထုတ်လိုက်သည်။

နောက်ဆုတ်သွားသော လုပ်ကြံသူတစ်ဦးသည် ဟန်ချက်ပျက်ကာ ရှောင်ရှန်း ပုန်းနေသည့် စားပွဲနားသို့ ရောက်ရှိလာခဲ့ပြီး ၊ စားပွဲအောက်တွင် ပုန်းနေသော ရှောင်ရှန်းကို မြင်လိုက်ရသည်။

ထိုသူမှာ မည်သူမှန်း သူ မသိသော်လည်း ဝတ်စားဆင်ယင်မှု နှင့် ကိုယ်ရံတော်များ ဝန်းရံထားသည်ကို မြင်သောအခါ၊ ခေါင်းဆောင်ကို ဓားစာခံလုပ်ခြင်းက ပိုကောင်းမည်ဟု တွေးတောလိုက်သည်။

သူ၏ မျက်လုံးထဲတွင် လူသတ်လိုစိတ်များ ဖြစ်ပေါ်လာပြီး တစ်ချက် ပြုံးလိုက်ကာ လက်ထဲက ဓားဖြင့် စားပွဲအောက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“အား ၊ ငါတော့ သေပြီ ငါကိုယ်တော် တိုင်းပြည်အတွက် အသက်ပေးလိုက်ရပြီ ”

ရှောင်ရှန်း တစ်ယောက် မျက်လုံးမှိတ်ကာ အသားကုန် အော်ဟစ်လေတော့သည်။

သူသည် ဤတစ်ခါ သေချာပေါက် သေတော့မည်ဟု ယူဆလိုက်သည်။

အေးစက်သော ဓားသွားက စားပွဲခုံကို ထိတော့မည့်အချိန်၊ ဓားသွား၏ လေအဟုန်ကိုပင် ခံစားနေရသည့် အချိန်တွင်မူ။

“ဂျောက်... ဘုန်း”

စူးရှသော သစ်သားကျိုးသံနှင့်အတူ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာဘဲ၊ လေးလံသော အရာတစ်ခုက မြေပေါ်သို့ ပြုတ်ကျသွားသည့် အသံကိုသာ သူ ကြားလိုက်ရသည်။

ရှောင်ရှန်းသည် မျက်လုံးတစ်ဖက်ကို ခိုးဖွင့်ကြည့်လိုက်ရာ၊ သူ၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ‘ကျွေ့ရှန်းအဆောင်” ဆိုသည့် သစ်သားဆိုင်းဘုတ်ကြီးသည် တစ်ဖက်က ကျိုးကျလာပြီး၊ ဓားနှင့် ခုတ်မည့် လုပ်ကြံသူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားလေ၏။

ထိုလုပ်ကြံသူမှာ အသံတောင် မထွက်နိုင်ဘဲ တောင့်တောင့်ကြီး လဲကျသွားသည်။ ခေါင်းနောက်ဘက်မှ သွေးများ တရဟော ထွက်လာပြီး အသက်ရှူနှုန်းပင် မမှန်တော့ချေ။

ရှောင်ရှန်း : “......”

စူးဝမ်ချင် : “......”

ဘေးက ကိုယ်ရံတော်များ : “......”

စားသောက်ဆိုင် တစ်ခုလုံးမှာ ထူးဆန်းစွာဖြင့် ခဏတာ တိတ်ဆိတ်သွားသည်။

လူတိုင်းက ပြုတ်ကျနေသော ဆိုင်းဘုတ်နှင့် ထိုအောက်တွင် သတိလစ်နေသော ကံဆိုးသူကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။

စူးဝမ်ချင်၏ အေးစက်သော မျက်လုံးထဲတွင် ပထမဆုံးအကြိမ်အဖြစ် မယုံကြည်နိုင်လောက်သော အံ့သြမှုများ ဖြစ်ပေါ်လာခဲ့သည်။

‘ ဒါ... ဒါက ကံကောင်းတာထက် ပိုနေပြီမဟုတ်လား ဒါမှမဟုတ် ရှောင်ရှန်းက တကယ်ပဲ အစွမ်းထက်တဲ့ စွမ်းအားရှင်တစ်ယောက် ဖြစ်ပြီး.. ခုနကဟာတွေက ဟန်ဆောင်နေတာများလား’

‘ ဒါပေမဲ့ သူရဲ့ ကြောက်လန့်နေတဲ့ ပုံစံကတော့ ဟန်ဆောင်တာနဲ့ မတူသလိုပဲ’

ဤသို့ဖြင့် ချင်ချန်း၏ လက်ထောက်စစ်သူကြီးသည် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ကျန်ရှိသော လုပ်ကြံသူများမှာလည်း သူတို့လူများ ကျရှုံးသွားသည်ကို မြင်သောအခါ ထွက်ပြေးရန် ကြိုးစားကြသော်လည်း စောင့်ကြပ်နေသော ကိုယ်ရံတော်များနှင့် မြို့စောင့်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ရှောင်ရှန်းသည် ထိုအခါမှ တုန်တုန်ယင်ယင်ဖြင့် စားပွဲအောက်မှ ထွက်လာသည်။ မျက်နှာတွင် ဖုန်များ၊ ချွေးများဖြင့် ဖရိုဖရဲ ဖြစ်နေလေ၏။

သူသည် ရင်ဘတ်ကို ဖိကာ ညည်းညူရှာလေသည်။

“လန့်... လန့်သွားတာပဲ ၊ ဒီဆိုင်ရဲ့ ဖုန်းရွှေ ကလည်း မကောင်းဘူး ….ဆိုင်းဘုတ်က ပြုတ်ကျပြီး လူကို မှန်ရတယ်လို့ ၊ ငါကိုယ်တော် တိုင်စာပို့မယ် သေချာ စုံစမ်းရမယ် နောက်တစ်ခါ ငါ့ကို မှန်သွားရင် ဘယ်လိုလုပ်မလဲ”

သူ့ကို ကြည့်နေသည့် လူတိုင်း၏ အကြည့်များမှာ ပို၍ပင် နက်နဲလာတော့သည်။

‘အိမ်ရှေ့စံမင်းသားကတော့... တကယ်ကို ကောင်းကင်ဘုံက မစတဲ့သူပဲ၊ ကံတရားက အလွန်ကြီးမားတာပဲ ကောင်းကင်ဘုံကတောင် သူ့ကို ကူညီပေးနေတယ်…’

စူးဝမ်ချင်က ဆိုင်းဘုတ်မှန်သွားသော လုပ်ကြံသူအနားသို့ သွားကာ စစ်ဆေးလိုက်သည်။ ထိုသူမှာ သေဆုံးသွားပြီ ဖြစ်သည်။

သူမ၏ အကြည့်က လုပ်ကြံသူ၏ လည်ပင်းက ထူးဆန်းသော အမည်းရောင် တက်တူးတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

၎င်းမှာ ကင်းမြီးကောက်လည်း မဟုတ်၊ မြွေလည်း မဟုတ်သည့် မိစ္ဆာအငွေ့အသက်များ ပါဝင်‌နေသည့် တတ်တူးတစ်ခု ဖြစ်သည်။

“ဒါက…’’

သူမ၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားသည်။ ဤသည်မှာ သူမ စုံစမ်းနေသည့် လျှို့ဝှက်အဖွဲ့အစည်း၏ အမှတ်အသားနှင့် အလွန် တူညီနေသည်။

သူမ၏ စိတ်ထဲတွင် သံသယများ ပိုမို များပြားလာပြီး၊ ဆိုင်၏ လုံခြုံရေးကို ဆဲဆိုနေသော ရှောင်ရှန်းဘက်သို့ လှည့်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“အရှင့်သား၊ အရှင့်ရဲ့ ကံတရားကတော့... တကယ်ကို စဉ်းစားလို့ မရလောက်အောင်ပါပဲ”

ရှောင်ရှန်းက ထိုစကားကို ကြားသည်နှင့် ဒေါသထွက်သွားသည်။

“ကံတရား ဒါကို ကံကောင်းတယ်လို့ ခေါ်တာလား ၊ ငါ အသက်ပျောက်တော့မလို့လေ ဒီလို ရှုပ်ထွေးမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ ကံဆိုးခြင်းပဲ”

ဤ “ကောင်ချောလေး” သည် သူ့အား လှောင်ပြောင်နေသည်ဟု ထင်မှတ်သွားသည်။

သူ ယခု အလိုချင်ဆုံးအရာမှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာကာ စစ်တဲတွင်သာ လှဲလျောင်းချင်မိတော့သည်။

All Chapters