← Chapters

အခန်း (၈၇၁-၈၇၂)

Vol. 88 Ch. 871-872

အခန်း (၈၇၁-၈၇၂)

Vol. 88 Ch. 871-872

အခန်း (၈၇၁) - အစွန်းရောက်လှုပ်ရှားမှု ၊ မင်းကို ဝိညာဉ်ဖမ်းစားသူ ရာထူးပေးမယ် ၊ လူလတ်ပိုင်း တာအိုဆရာ ၊ စစ်သုံးလှံရှည်ကြီး ၊ မျက်လုံးခြောက်လုံးရှိ

ထူးဆန်းသော လိပ်ကြီး

မြို့ဟောင်းအတွင်း၌...

အရာအားလုံးမှာ ယခင်အတိုင်းပင်။

ကောင်းကင်ထက်၌ သွေးလမင်းကြီး တစ်စင်း ချိတ်ဆွဲထားပြီး ကမ္ဘာဦးအစကတည်းက မပြောင်းလဲခဲ့သကဲ့သို့ ရှိနေ၏။

ဟောင်းနွမ်းအေးစက်လှပြီး လောကတစ်ခုလုံးမှာ မှောင်မည်းကာ ဖိနှိပ်လွန်းလှသည်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းက စိုးမိုးထား၏။

အဖြူအမဲ နတ်မင်းတို့သည် သူတို့၏ ပုံရိပ်များကို ရပ်တန့်လိုက်ကြသည်။

အဖြူရောင်နတ်မင်းက လေးလံသော အသံဖြင့် ပြောလိုက်သည်။

"ကောင်းကင်ဘုံအထိ သတင်းရောက်သွားပြီ... ခုနက မြို့ထဲက အရှိန်အဝါက လုနတ်မင်းထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေတယ်၊ ဒါက ဖြစ်နိုင်တာက..."

သူ၏ စကားလုံးများထဲတွင် ပြင်းထန်သော ကြောက်ရွံ့ထိတ်လန့်မှုများ ပါဝင်နေသည်။

အမဲရောင်နတ်မင်း၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားပြီး

"စကားကို ဆင်ခြင်ပါ" ဟု သတိပေးလိုက်သည်။

အဖြူရောင်နတ်မင်းမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး ရင်ထဲ၌ ထိတ်လန့်နေဆဲ ဖြစ်သည်။

သူတို့နှစ်ဦး ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ လက်ထဲတွင် ဆွဲခေါ်လာသော ကျိုးရွှန့်ဖုန်း ကို သတိရသွားကြသည်။

သူတို့၏ အကြည့်များမှာ တစ်ခဏချင်းမှာပင် မကောင်းဆိုးဝါးဆန်လာတော့သည်

ကျိုးရွှန့်ဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး နှစ်ယောက်ခင်ဗျာ အဲ့ဒီစာမူက တကယ်ပဲ ကျွန်တော့်ဆီမှာ ရှိတာပါ။ ကျွန်တော် ပြန်စဉ်းစားကြည့်တော့ ဒီစာမူကို ယူသွားတာက တကယ်ပဲ မလုပ်သင့်တဲ့ အလုပ်ပါ။ ကျွန်တော် တကယ်ပဲ နောင်တရလို့ မဆုံးပါဘူး၊ အခုပဲ ပြန်အပ်ပေးပါ့မယ် "

အဖြူအမဲ နတ်မင်းတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

အဖြူရောင်နတ်မင်းက အေးစက်စွာ ပြောသည်

"အခုမှ ထုတ်ပေးဖို့ စိတ်ကူးရတာလား"

ကျိုးရွှန့်ဖုန်းက ခေါင်းညိတ်ပြပြီး

"ဒါပေါ့၊ အစ်ကိုကြီးတို့က ဒီစာမူအတွက် ဒီလောက်အထိ ပင်ပန်းဆင်းရဲခံနေရတာကို မြင်တော့ ညီလေး စိတ်ထဲမှာ တကယ် မခံစားနိုင်တော့ပါဘူး။ တကယ့်ကို နောင်တရပြီး ပြုပြင်ချင်စိတ်တွေက ချောင်းရေတွေလို စီးဆင်းနေတာပါပဲ "

အဖြူရောင်နတ်မင်း၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားပြီး

"အရင်ကတော့ ထုတ်ပေးရင် လွှတ်ပေးမယ်လို့ ပြောခဲ့တာပေါ့၊ ဒါပေမဲ့ အခု အခြေအနေက နည်းနည်း ထူးခြားသွားပြီ"

ကျိုးရွှန့်ဖုန်းက အဖြူရောင်နတ်မင်း၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

"အစ်ကိုကြီးတို့က မြင့်မြတ်တဲ့ စိတ်ထားရှိပြီး ခန့်ညားထည်ဝါလှပါတယ်။ ညီလေးရဲ့ ရင်ထဲမှာ ကြည်ညိုလေးစားမှုတွေက မြစ်ရေပြင်ကြီးလို တဖွားဖွား ပေါ်ပေါက်နေတာမို့ အစ်ကိုကြီးတို့ရဲ့ ဘေးနားမှာပဲ နေပြီးတော့ မြင်းဇက်ကြိုးကို ကိုင်ပေးဖို့၊ လိုအပ်ရင် မီးထဲဆင်း ရေထဲတိုးဖို့ အသင့်ပါပဲ "

အဖြူရောင်နတ်မင်းက မျက်မှောင်ကြုတ်လိုက်ပြီး

"မင်းပြောတာက ဘာသဘောလဲ"

အမဲရောင်နတ်မင်းမှာလည်း ကျိုးရွှန့်ဖုန်း၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ကျိုးရွှန့်ဖုန်းက အလွန်ပင် တည်ကြည်လေးနက်စွာဖြင့်

"ရိုးရိုးလေး ပြောရရင်တော့... အစ်ကိုကြီးတို့ဆီမှာ လူခေါ်နေသေးလားလို့ပါ"

အဖြူအမဲ နတ်မင်း: "...................."

ခဏအကြာတွင်...

အဖြူရောင်နတ်မင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်

"မင်းက ငရဲပြည် ထဲကို ဝင်ချင်တာလား"

ကျိုးရွှန့်ဖုန်းက အတည်ပြုသည်

"အစ်ကိုကြီးတို့ရဲ့ လက်အောက်မှာ အငယ်တန်း အရာရှိလေး တစ်ယောက်အဖြစ် လုပ်ချင်တာပါ။ ကျွန်တော်က အုတ်ခဲတစ်ခဲလိုပါပဲ၊ ဘယ်နေရာမှာ လိုအပ်ရင် အဲ့ဒီနေရာကို သယ်သွားလို့ ရပါတယ် "

"............" အဖြူအမဲ နတ်မင်း။

သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အဖြူရောင်နတ်မင်းက ဖြည်းညှင်းစွာ ပြောသည်။

"အဲ့ဒီစာမူကို ထုတ်ပေး၊ မင်းကို ဝိညာဉ်ဖမ်းစားသူ ရာထူး တစ်နေရာ ရအောင် အာမခံပေးမယ်"

ကျိုးရွှန့်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့်

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူ့ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

တောက်... ဘယ်လိုဖြစ်ပြီး ငရဲပြည်အထိ ရောက်လာရတာလဲ ဒါပေမဲ့ အခုတော့ အသက်ဘေးက လွတ်ပြီ ထင်တာပဲ။

ကျိုဖုန်တောင်တန်း ၌...

ဆံပင်ကို နှစ်ဖက် ထုံးထားပြီး လက်ထဲတွင် ရွှေစင်တူငယ် နှစ်လုံးကို ကိုင်ထားသော လှပချောမောသည့် မိန်းကလေး တစ်ဦးရှိသည်။

ယခုအခါ သူမသည် ဒေါသတကြီးဖြင့် မြေပြင်ကို ခြေဖြင့် ခပ်ဖွဖွ နင်းလိုက်ရာ မြေပြင်မှာ ချက်ချင်းပင် နက်ရှိုင်းသော အက်ကြောင်းကြီး တစ်ခုအဖြစ် ကွဲအက်သွားတော့သည်။

"အဲ့ဒီ စိတ်တိုစရာကောင်းတဲ့ ကောင်လေးကို ရှာလို့ မတွေ့သေးဘူး၊ ဒီမြို့ဟောင်းက ဘယ်လိုဖြစ်ပြီး ငရဲပြည်ထဲကို ပြန်ဝင်သွားတာလဲ "

"ဘယ်အကောင်က များ သွားပြီး စောင့်ကြည့်ခံရအောင် လုပ်လိုက်တာလဲ "

မိန်းကလေးမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာလေး တစ်ခုလုံး နီရဲနေပြီး ကျိုဖုန်တောင်တန်း အနက်ပိုင်းသို့ ဆက်လက် စူးစမ်းရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ်မှာပင် ကျောတွင် ရှေးကျသော သန်လျက်တစ်စင်း လွယ်ထားသည့် လူလတ်ပိုင်း တာအိုဆရာ တစ်ဦးမှာ နတ်မျိုးနွယ် နှင်းကြာငှက် ကို စီးနှင်းကာ ရောက်ရှိလာသည်။

သူ၏ လက်ထဲတွင် ပုလွေတစ်ချောင်းကို ကိုင်ထားပြီး မုန့်ဆိတ်မွေး ရှည်သုံးမျှင်နှင့်အတူ စကျင်ကျောက်ကဲ့သို့ ချောမောသော မျက်နှာရှိကာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

ထိုလူလတ်ပိုင်း တာအိုဆရာသည် ရွှေတူနှစ်လုံးကို ကိုင်ထားသော မိန်းကလေးကို မြင်သောအခါ ချက်ချင်းပင် ရပ်တန့်လိုက်သည်။

"ဆရာ"

မိန်းကလေးက ရိုသေစွာ နှုတ်ဆက်လိုက်သည်။

လူလတ်ပိုင်း တာအိုဆရာသည် နှင်းကြာငှက်ပေါ်မှ ဆင်းသက်လာပြီး နွေးထွေးစွာ ပြုံးလျက်

"ရို့လီ၊ အဲ့ဒီစာမူကို ရှာလို့ မတွေ့သေးဘူးလား"

ထိုစကားကို ကြားသောအခါ ရို့လီမှာ ပို၍ပင် ဒေါသထွက်သွားပြီး

"ဟုတ်ကဲ့၊ ရှာတွေ့တော့မလို ဖြစ်နေတုန်းမှာ ဘာဖြစ်လို့မှန်း မသိဘဲ အဲ့ဒီမြို့ဟောင်းကြီးက ငရဲပြည်ထဲကို ရုတ်တရက်ကြီး ပြန်ဝင်သွားတာပဲ ဘယ်အကောင်က ပြဿနာရှာလိုက်လဲ မသိဘူး "

လူလတ်ပိုင်း တာအိုဆရာက ပြုံးကာ

"အဲ့ဒီစာမူက ကံကြမ္မာ အကျိုးဆက် ကြီးမားလွန်းတယ်၊ လူတစ်ယောက်တည်းရဲ့ ကံဇာတာ နဲ့ မခံနိုင်ဘူး။ ရှာမတွေ့တာကလည်း မကောင်းတဲ့အရာ မဟုတ်ပါဘူး"

ရို့လီက နှုတ်ခမ်းလေးကို ဆူလိုက်ပြီး

"ဆရာကလည်း... အမြဲတမ်း နားလည်ရခက်တဲ့ စကားတွေပဲ ပြောနေတာပဲ"

တာအိုဆရာက ရယ်မောလျက်

"ဗေဒင်ပညာနဲ့ တွက်ချက်ခြင်း အတတ်ကို သင်ခိုင်းတော့လည်း ပျင်းစရာကောင်းတယ်ဆိုပြီး ငြင်းခဲ့တာ မင်းပဲလေ၊ အခုတော့ ဆရာ့ကို လာအပြစ်တင်နေပြန်ပြီ"

ရို့လီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲ့ဒီပညာ သင်လိုက်ရင် စကားပြောတဲ့အခါ တစ်ဝက်ပဲ ပြောရတယ်လေ၊ တကယ်ကို အဓိပ္ပာယ် မရှိတာ"

လူလတ်ပိုင်း တာအိုဆရာက အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး

"အရှေ့ပင်လယ်မှာ နဂါးတစ်ကောင်က ဒုစရိုက်တွေ လုပ်နေတယ်၊ သူက နဂါးစစ်စစ် အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာ။ ဆရာ မင်းကို အဲ့ဒီကို ခေါ်သွားပြီး နှိမ်နင်းခိုင်းမယ်၊ ဒီတစ်ခါတော့ မင်း ဝအောင် တိုက်ရလိမ့်မယ် "

နဂါးဟူသော စကားကို ကြားရုံဖြင့် ရို့လီ၏ မျက်လုံးများမှာ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့်

"ကောင်းပြီ " ဟု အော်လိုက်သည်။

ထို့နောက် ဆရာနှင့် တပည့်နှစ်ဦးမှာ နှင်းကြာငှက်ကို စီးကာ ထွက်ခွာသွားကြသည်။

လူလတ်ပိုင်း တာအိုဆရာက ပြုံးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

နဂါးဆိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ရှေးဟောင်း မိစ္ဆာနဂါးကြီး ဖြစ်နေတာ။ မင်းရဲ့ စိတ်ရိုင်းတွေကို အဲ့ဒီမှာ သွားပြီး ဆုံးမခိုင်းတာပဲ

ဘေးနားရှိ ရို့လီကမူ တူနှစ်လုံးကို ကိုင်ကာ အားတက်သရော ဖြစ်နေပြီး တိုးတိုးလေး ရေရွတ်နေ၏

"နဂါးသား မစားဖူးသေးဘူး၊ ဒီတစ်ခါတော့ ဝအောင် စားရမယ် "

ဆရာနှင့် တပည့်နှစ်ဦးသည် နှင်းကြာငှက်ကျောပေါ်၌ ရပ်နေကြသော်လည်း ကျိုဖုန်တောင်တန်းရှိ လူတစ်ဦးတစ်ယောက်မျှ သူတို့ကို မမြင်နိုင်ကြပေ။ သူတို့ဆီမှ ဖော်မပြနိုင်သော နတ်ဘုရားကဲ့သို့သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

လီယန်ချူသည် တိမ်တိုက်ကို စီးနှင်းကာ ကျိုဖုန်တောင်တန်း အနက်ပိုင်းသို့ ဆက်လက် ပျံသန်းနေသည်။

သို့သော် ယခုအခါတွင်မူ သူသည် နတ်ဘုရားအာရုံ ကို မဖွင့်ထားသဖြင့် အနီးအနားမှ ဖြတ်ပျံသွားသော နှင်းကြာငှက်စီး ဆရာတပည့်ကို သတိမပြုမိလိုက်ပေ။

နှင်းကြာငှက်ပေါ်တွင် နဂါးသားကို ကင်စားရမလား၊ ပြုတ်စားရမလားဟု စဉ်းစားနေသော ရို့လီသည် ရုတ်တရက် မျက်လုံးများ တောက်ပသွားပြီး အဝေးမှ တိမ်စီးလာသော လူငယ်တာအိုဆရာကို လှမ်းကြည့်လိုက်သည်။

"ဆရာ၊ ဟိုလူက အရင်တုန်းက အဲ့ဒီလူငယ်ကို ကယ်သွားတဲ့သူပဲ သူသာ မရှိရင် ကျွန်မ ဟိုလူ့ကို ဖမ်းမိတာ ကြာလှပြီ "

ရို့လီက ပြောရင်းနှင့် ဒေါသပြန်ထွက်လာပြန်သည်။ အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အချိန် မဟုတ်ပါလား။

ကံဇာတာ အလွန်ကောင်းသော လူလတ်ပိုင်း တာအိုဆရာသည် ထိုစကားကို ကြားသောအခါ ခေါင်းမော့ကြည့်လိုက်သည်။ ခန့်ညားထည်ဝါသော လူငယ်တာအိုဆရာ တစ်ဦးဖြစ်ပြီး ခါးတွင် ရှေးကျသော ဓားတစ်စင်းကို လွယ်ထား၏။

ဘေးတိုက် မြင်ရုံမျှဖြင့်ပင် ထိုလူငယ်၏ ချောမောခန့်ညားမှုကို ခံစားမိနိုင်သည်။

လူလတ်ပိုင်း တာအိုဆရာက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒီတာအိုဆရာလေးရဲ့ ရုပ်ရည်ကတော့ ဆရာ့ကို ခြိမ်းခြောက်နိုင်တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ"

ရို့လီက မကျေမနပ်ဖြင့်

"ဆရာ၊ အဲ့ဒါက အဓိကလား"

တာအိုဆရာက ပြုံးလိုက်ပြီး အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ လေးနက်စွာ မှာကြားလိုက်သည်။

"နောက်ဆို ဒီလူနဲ့ တွေ့ရင် သွားပြီး မစနဲ့၊ တတ်နိုင်သမျှ သူ့ကို ဝေးဝေးက ရှောင်ပါ။ ရှောင်လို့ မရဘူးဆိုရင်တောင် သူ့နဲ့ ပဋိပက္ခ မဖြစ်စေနဲ့"

ရို့လီက သူမ၏ လှပသော မျက်ခုံးလေးများကို တွန့်လိုက်ပြီး

"ဘာဖြစ်လို့လဲ ကျွန်မက သူ့ကို ကြောက်နေရမှာလား"

တာအိုဆရာက ရယ်မောလျက်

"ဆရာက မင်းရဲ့ ဝိညာဉ်လေး သူ့ဆီ ပါသွားမှာကို ကြောက်လို့ပါ "

ရို့လီက ခါးကို လက်ထောက်ကာ ဒေါသတကြီးဖြင့်

"သူ့ကြောင့်နဲ့လား သူက ကြည့်ကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်မက ဘာလို့ သူ့ကို စိတ်ယိုင်ရမှာလဲ "

နောက်ဆုံး စကားပြောချိန်တွင် ရို့လီမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိလှပေ။ ထိုမျက်နှာကို ကြည့်လိုက်ရုံဖြင့်ပင် လူတစ်ယောက်မှာ ဒေါသထွက်ရန် ခဲယဉ်းလှသည် မဟုတ်ပါလား။

လူလတ်ပိုင်း တာအိုဆရာက အေးဆေးစွာ ပြောသည်

"အဲ့ဒီစာမူရဲ့ ကံကြမ္မာ အကျိုးဆက်က အရမ်းကြီးလွန်းလို့ လူတစ်ယောက်ရဲ့ ကံဇာတာနဲ့ မခံနိုင်ဘူးလို့ ဆရာ ပြောခဲ့တယ် မဟုတ်လား"

ရို့လီက ခေါင်းမော့ကာ ဆရာ့ကို နားမလည်သလို ကြည့်လိုက်သည်။ ဆရာက ဘာလို့ ဒီကိစ္စကို ပြန်ပြောနေမှန်း သူမ မသိပေ။

တာအိုဆရာက လီယန်ချူ ထွက်ခွာသွားသော ဘက်သို့ လက်ညှိုးညွှန်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

"ဒီလူကတော့ ခံနိုင်ရည် ရှိတယ်"

ရို့လီ၏ မျက်ဝန်းများမှာ ကျုံ့သွားပြီး ချစ်စရာကောင်းသော မျက်နှာလေးမှာလည်း တစ်ခဏချင်းမှာပင် လေးနက်သွားတော့သည်။

လီယန်ချူသည် တိမ်စီးနေစဉ် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားမိလိုက်သည်။

သို့သော် သူ လှည့်ကြည့်လိုက်သောအခါ မည်သည့်အရာမျှ မတွေ့ရပေ။

ယခုအခါ ကျိုဖုန်တောင်တန်း ပတ်ဝန်းကျင်၌ တတိယအဆင့် ကျွမ်းကျင်သူ အမြောက်အမြား ရှိနေသဖြင့် တစ်စုံတစ်ယောက်က သတိပြုမိခြင်းမှာ ထူးဆန်းသော အရာမဟုတ်ပေ။ ထို့ကြောင့် လီယန်ချူလည်း သိပ်ဂရုမစိုက်တော့ပေ။

ကျိုဖုန်တောင်တန်းမှ မြူများမှာ လူတို့၏ စိတ်ကို ရှုပ်ထွေးစေပြီး ထင်ယောင်ထင်မှားများ ဖြစ်စေနိုင်သည်။

လီယန်ချူသည် တိမ်တိုက်ပေါ်မှ ဆင်းသက်ကာ တောင်အနက်ပိုင်းသို့ ဝင်ရောက်လိုက်သည်။ ချောက်ကမ်းပါးကြီးနှင့် မဝေးတော့ပေ။

ယခင်က အတွေ့အကြုံ ရှိထားသဖြင့် လီယန်ချူသည် ဤတစ်ကြိမ်တွင် ကျွမ်းကျင်စွာပင် ချောက်အောက်ခြေသို့ ဆင်းသက်လာခဲ့သည်။

အောက်ခြေမှာ ယခင်အတိုင်းပင် နက်ရှိုင်းပြီး တိတ်ဆိတ်နေ၏။

ယခင်က တစ်စုံတစ်ယောက်သည် ချီရှောင်ဓား ကို ချောက်ကမ်းပါး၌ ချိတ်ဆွဲထားသဖြင့် ဝိညာဉ်ကျွမ်းကျင်သူများစွာ သေဆုံးခဲ့ရဖူးသော်လည်း လီယန်ချူက ၎င်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင်လည်း ချောက်ကမ်းပါး နံရံများပေါ်၌ တွားသွားတက်နေသူများ ရှိနေဆဲပင်။ ကျင့်ကြံသူများအတွက် အန္တရာယ်ကို မကြောက်ကြသော်လည်း ကံထူးမှု မရှိမှာကိုသာ ကြောက်ကြသည် မဟုတ်ပါလား။

လီယန်ချူသည် ပိုင်လီရှန်းလန်၏ လမ်းညွှန်ချက်အတိုင်း လိုက်ရှာရာ မကြာမီမှာပင် ထိုတောင်ကြားလမ်းကို တွေ့ရှိခဲ့သည်။ ၎င်းမှာ တကယ်ပင် အလွန်ကျဉ်းမြောင်းလှသည်။

ထိုလမ်းမှာ လူတို့ ထွင်းထုထားခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသကဲ့သို့ ရှိနေသဖြင့် အလွန်ပင် ထူးဆန်းလှသည်။

သို့သော် ကျိုဖုန်တောင်တန်းမှာ လျှို့ဝှက်နယ်မြေ အဝင်အဝများစွာနှင့် ဆက်သွယ်နေသလို၊ မဟာရှမင်းဆက်၏ နောက်ဆုံးဧကရာဇ် ဂူဗိမာန်လည်း ရှိနေသည်၊ ထို့ပြင် ငရဲပြည် ကျူးကျော်မှုပင် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးရာ ထူးဆန်းသော အရာများ ရှိနေခြင်းမှာ လက်ခံရခက်သော ကိစ္စမဟုတ်ပေ။

ဤကဲ့သို့သော အခြားလောကသို့ ဆက်သွယ်နေပြီး မကောင်းဆိုးဝါး နယ်မြေဟု ယူဆရသော အက်ကြောင်းကို လီယန်ချူသည် နတ်ဘုရားအာရုံဖြင့် မစမ်းသပ်ပေ။

နတ်ဘုရားအာရုံမှာ သုံးရလွယ်ကူသော်လည်း တစ်ဖက်မှ သတိပြုမိသွားစေနိုင်သည်။

ပိုင်လီရှန်းလန်က ဤနေရာသို့ ဝင်လျှင် ဖော်မပြနိုင်သော ဆွဲဆောင်မှုများကို ခံစားရလိမ့်မည်ဟု ပြောခဲ့သဖြင့် လီယန်ချူမှာ သတိထားရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ...

သူက ဒီနေရာကို ပိုက်ဆံလာကောက်တာပဲလေ။

တောင်ကြားလမ်း၏ အဆုံးသို့ ရောက်သောအခါ လီယန်ချူသည် ပတ်ဝန်းကျင် လောကကြီးမှာ ရုတ်တရက် ကျယ်ပြောသွားသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင် အခြေအနေမှာ ကျိုဖုန်တောင်တန်းနှင့် မတူတော့ပေ။

"အက်ကြောင်းကနေတစ်ဆင့် တခြားလောကကို ရောက်သွားတာများလား"

ဟု လီယန်ချူက တွေးလိုက်မိသည်။

မဝေးသော နေရာသို့ လျှောက်သွားသောအခါ လူတစ်ဝက်ခန့် မြင့်သော ကျောက်ဆောင်ကြီးတစ်ခု၏ အောက်၌ ရှစ်ထောင့် ကြေးခေါင်းလောင်းလေး တစ်ခုကို တွေ့လိုက်ရသည်။

ခုနစ်သိန်း ကုသိုလ်မှတ်ရှိသည့် ဒိုချန်ပုတီး ကို ပိုင်ဆိုင်ထားသော လီယန်ချူအဖို့ ရတနာများနှင့် တွေ့ဆုံနိုင်ခြေမှာ ကံဇာတာရှင် များထက်ပင် ပို၍ များပြားလှသည်။

သူ၏ လက်ဖဝါးမှ စွမ်းအားကို အသုံးပြုကာ ထိုခေါင်းလောင်းလေးကို လှမ်းယူလိုက်သည်။ ထိုခေါင်းလောင်းလေးသည် သူ၏ လက်ထဲ၌ ငြိမ်သက်စွာ ရှိနေ၏။

၎င်းမှ ထွက်ပေါ်နေသော တာအိုအငွေ့အသက် များမှာ ဖြည်းညှင်းစွာ စီးဆင်းနေပြီး အလွန်ပင် ဆန်းကြယ်လှသည်။

"ဒါက မိစ္ဆာတွေကို နှိမ်နင်းတဲ့ ပစ္စည်းတစ်ခု ဖြစ်ရမယ်"

လီယန်ချူက ထိုအငွေ့အသက်ကို ခံစားကြည့်ကာ ဆုံးဖြတ်လိုက်သည်။ ဤကိရိယာ၏ အစွမ်းမှာ ငါးကြိမ်တိုင်တိုင် အဆင့်မြှင့်ပေးခံထားရသော ကျန့်‌ေကျာင်းဓားနှင့် အဆင့်တူလောက် ရှိသည်။

ဆိုလိုသည်မှာ လီယန်ချူသည် ဤနေရာသို့ ဝင်လာရုံဖြင့် ကုသိုလ်မှတ် တစ်သောင်းငါးထောင် တန်ဖိုးရှိသော မိစ္ဆာနှိမ်နင်းရေး ကိရိယာတစ်ခုကို ကောက်ရလိုက်ခြင်း ဖြစ်ပြီး ၎င်းမှာ အလွန်ပင် ပြည့်စုံကောင်းမွန်နေဆဲ ဖြစ်သည်။

"တကယ်ပဲ... လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တာပဲ"

ဟု လီယန်ချူက သက်ပြင်းချလိုက်မိသည်။

ပိုင်လီရှန်းလန်ကို မကယ်ခဲ့လျှင် ဤမျှ လျှို့ဝှက်သော နေရာကို သူ မည်သို့ သိနိုင်မည်နည်း။

နောက်ထပ် ဆယ်လှမ်းခန့် လျှောက်ပြီးသောအခါ လီယန်ချူသည် မြေပြင်ပေါ်၌ ပုတီးတစ်ကုံးကို တွေ့လိုက်ပြန်သည်။ ၎င်းမှာ မြေကြီးထဲ၌ တစ်ဝက်ခန့် မြုပ်နေ၏။

ထိုပုတီးပေါ်တွင် သန့်စင်သော ဗုဒ္ဓဘာသာ စွမ်းအားများ ရှိနေပြီး ကိုင်တွယ်လိုက်လျှင် စိတ်နှလုံးကို ငြိမ်းချမ်းစေကာ ဂရုဏာစိတ်များကို ဖြစ်ပေါ်စေသည်။

ဤပုတီးမှာ အနည်းငယ် ပျက်စီးနေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရပုံရသည်။

သို့သော် ၎င်း၏ အရည်အသွေးမှာ ခုနက ခေါင်းလောင်းထက် ပို၍ အစွမ်းထက်ပြီး ခြောက်ကြိမ်တိုင်တိုင် အဆင့်မြှင့်ပေးခံထားရသော ကျန့်ကျောင်းဓား အဆင့်လောက် ရှိသည်။

လီယန်ချူသည် ပုတီးကို သိမ်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်ကာ စဉ်းစားနေမိသည်။

"နေရာအနှံ့မှာ ကိရိယာတွေပဲ၊ ဒီနေရာက တကယ်တော့ ဘယ်လိုနေရာမျိုးလဲ"

သူသည် ဆက်လက် စူးစမ်းလာရာ နောက်ဆုံး၌ ပိုင်လီရှန်းလန် ပြောခဲ့သော အက်ကြောင်းကြီးကို တွေ့ရှိခဲ့သည်။

ကျဉ်းမြောင်းသော တောင်ကြားလမ်းကို ဖြတ်ကျော်လာပြီးနောက် ထပ်မံ၍ အက်ကြောင်းတစ်ခုကို တွေ့ရသဖြင့် လီယန်ချူမှာ အံ့အားသင့်သွားသည်။

အရင်က သူသည် ဟင်းလင်းပြင် အက်ကြောင်း မျိုးဟု ထင်ထားသော်လည်း အမှန်တကယ်မှာမူ ၎င်းမှာ စစ်မှန်သော "မြေပြင်အက်ကြောင်းကြီး" ဖြစ်နေသည်။

ဤအက်ကြောင်း၏ ဘေးနှစ်ဖက်မှာ အလွန်ပင် ချောမွေ့ပြီး တည့်မတ်လှသည်။ ပေတံဖြင့် တိုင်းလျှင်ပင် ဤမျှ တည့်လိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းထားသကဲ့သို့ပင်။

လီယန်ချူ၏ ကိုယ်ပေါ်တွင် ကိရိယာ ၅ ခု ရှိနေပြီ ဖြစ်သည်။ အားအနည်းဆုံးမှာပင် ငါးကြိမ်တိုင်တိုင် အဆင့်မြှင့်ပေးခံထားရသော အဆင့် ဖြစ်သည်။

အစွမ်းအထက်ဆုံးမှာ သုံးလက်မခန့်ရှိသော ဓားတိုလေး တစ်စင်းဖြစ်ပြီး ၎င်းပေါ်တွင် "ပါးရှို့ " ဟု ရှေးဟောင်းစာလုံးဖြင့် ရေးထွင်းထားသည်။

၎င်းမှာ ခုနစ်ကြိမ်တိုင်တိုင် အဆင့်မြှင့်ပေးခံထားရသော အဆင့်နှင့် ညီမျှပြီး အစွမ်းအချို့ ဆုံးရှုံးနေခြင်း ဖြစ်သည်။

လီယန်ချူသည် အက်ကြောင်းရှေ့တွင် ရပ်ကာ သေချာစွာ အာရုံခံကြည့်သော်လည်း ဖော်မပြနိုင်သော ကြောက်စရာကောင်းသည့် တိုးတိုးလေး ပြောသံများ သို့မဟုတ် စိတ်ကို လှည့်စားသော မိစ္ဆာအသံများကို မကြားရပေ။

"ငါ အထဲကို သိပ်မဝင်ရသေးလို့လား"

လီယန်ချူက တွေးတောရင်း ထိုအက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။ အထဲသို့ ရောက်မှသာ အပြင်ဘက်မှ မြင်ရသော မြင်ကွင်းမှာ အတုအယောင်ဖြစ်ကြောင်း သိလိုက်ရသည်။

ဤအက်ကြောင်းမှာ အပြင်မှ ကြည့်လျှင် အလွန်ကျဉ်းမြောင်းပြီး ကျပ်နေပုံရသော်လည်း ဝင်လိုက်သောအခါတွင်မူ အလွန်ပင် ချောမွေ့လှပြီး အတွင်းပိုင်းမှာ အလွန်ကျယ်ပြောလှသည်။

လီယန်ချူ လှည့်ကြည့်လိုက်သောအခါ အဝင်ဝ၌ အလင်းတန်းတစ်ခုကို မြင်နေရဆဲဖြစ်ပြီး သူကိုယ်တိုင်မှာမူ မှောင်မည်းသော နေရာတစ်ခုအတွင်း ရောက်ရှိနေသည်။

"ဒီမြင်ကွင်းက ဘာလို့ သိပ်ပြီး ကံမကောင်းသလို ခံစားနေရတာလဲ"

ဟု လီယန်ချူက စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။

ဤအက်ကြောင်းအတွင်း၌မူ မည်သည့် ကိရိယာ သို့မဟုတ် အဆောင်ကိုမျှ မတွေ့ရပေ။ အပြင်ဘက်ရှိ နေရာအနှံ့၌ ရတနာများ ရှိနေသော်လည်း ဤနေရာမှာမူ ပြောင်ရှင်းနေ၏။

ဤနေရာမှာ ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်စုံတစ်ယောက်က သိမ်းကျုံးယူသွားသကဲ့သို့လည်းကောင်း ခံစားရသည်။ မိုင်ပေါင်းများစွာ လျှောက်လာပြီးနောက် ပတ်ဝန်းကျင်မှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။

လီယန်ချူသည် ယခုအခါ ထူးဆန်းသော လောကတစ်ခုအတွင်း ရောက်ရှိနေပြီ ဖြစ်သည်။ မြေပြင်ပေါ်၌ လက်နက်များစွာ ပြန့်ကျဲနေပြီး မြေကြီးထဲသို့ စိုက်ဝင်နေကြ၏၊ အားလုံးမှာ သံချေးတက်နေကြသည်။

ဓား၊ လှံ၊ သန်လျက်၊ လှံရှည်၊ ပုဆိန် စသည့် လက်နက် ၁၈ မျိုးလုံး ရှိနေပြီး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အငွေ့အသက်များက မျက်နှာဆီသို့ တိုးဝင်လာသည်။

ဤနေရာရှိ လက်နက်အများစုမှာ ပျက်စီးနေကြပြီး အချို့မှာ အလွန်ပင် ဟောင်းနွမ်းနေကြပြီ ဖြစ်သည်။

ဤနေရာသို့ ရောက်ချိန်တွင် လီယန်ချူ၏ နားထဲသို့ ဝေဝါးသော အသံများ ထွက်ပေါ်လာသည်။ အဝေးမှ ထွက်ပေါ်လာသကဲ့သို့လည်းကောင်း၊ နားနား၌ တိုးတိုးလေး ပြောနေသကဲ့သို့လည်းကောင်း ခံစားရသည်။

ထိုအသံမှာ တုန်ခါနေပြီး အလွန်ပင် ရှေးကျလှသည်။

"အရင်က ပိုင်လီရှန်းလန် ကြားခဲ့တဲ့ အသံက ဒါမျိုးလား"

ရုတ်တရက်...

သူသည် ကြီးမားလှသော ဘီလူးကြီး တစ်ကောင် လမ်းလျှောက်သွားသည်ကို တွေ့လိုက်ရသည်။ ကမ္ဘာဦးအစပိုင်း ခေတ်ကာလမှ ထွက်ပေါ်လာသကဲ့သို့ပင်။ ထိုဘီလူး၏ အရှိန်အဝါမှာ အလွန်ပင် ရှေးကျလှသည်။

ဤဘီလူးသည် နဂါးဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိပြီး လက်နက်အကျိုးအပဲ့များ ပြည့်နှက်နေသော ဤမြေပြင်ပေါ်၌ လမ်းလျှောက်နေ၏။

သူ ဘယ်ကို သွားနေမှန်း မသိရပေ။

လီယန်ချူ၏ စိတ်က လှုပ်ရှားသွားပြီး သူ၏ အရှိန်အဝါကို ဖျောက်ကွယ်ကာ ထိုနဂါးဦးခေါင်းနှင့် ဘီလူးကြီးနောက်သို့ လိုက်သွားလိုက်သည်။

မြေပြင်ပေါ်၌ အပျက်အစီးများစွာ ရှိနေပြီး ရံဖန်ရံခါတွင် လက်နက်ကိရိယာများကို တွေ့ရသော်လည်း အပြင်ဘက်နှင့် မတူပေ။ ဤနေရာရှိ လက်နက်များနှင့် ရတနာများမှာ အလွန်အမင်း ပျက်စီးနေကြသည်။

ထိလိုက်ရုံဖြင့် အပိုင်းပိုင်း ကွဲကြေသွားမည့်အတိုင်းပင်

နဂါးဦးခေါင်းနှင့် ဘီလူးကြီးသည် ကြီးမားသော ကျင်းကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုကျင်းကြီးမှာ မည်းမှောင်နေပြီး လျှပ်စီးစွမ်းအား အငွေ့အသက်များ ကျန်ရှိနေ၏၊ လျှပ်စီးဒဏ် ခံထားရသကဲ့သို့ပင်။

လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်အထိ ထိုကျင်းကြီးအတွင်း၌ ကြီးမားလှသော လျှပ်စီးစွမ်းအားများ ရှိနေဆဲ ဖြစ်သည်။ ထိုနေရာသို့ ကျရောက်ခဲ့သော လျှပ်စီးမှာ မည်မျှ အစွမ်းထက်မည်နည်း။

ထိုလျှပ်စီးကျင်း၏ အလယ်ဗဟိုတွင် အစွမ်းထက်လှသော လက်နက်တစ်ခု စိုက်ထူထားသည်။ ၎င်း၏ ပုံစံမှာ အလွန်ပင် ရှေးကျလှ၏။

၎င်းမှာ စစ်သုံးလှံရှည်ကြီး တစ်လက် ဖြစ်သည်။ ၎င်း၏ အသွားမှာ အလွန်ပင် အေးစက်စူးရှလှပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။

ဤနေရာရှိ လက်နက်များမှာ ပျက်စီးနေသော်လည်း ၎င်းတို့၏ မူလအရှိန်အဝါများ ကျန်ရှိနေသေးသော်လည်း ဤစစ်သုံးလှံရှည်ကြီး၏ ရှေ့တွင်မူ အားလုံးမှာ သာမန်လက်နက်များကဲ့သို့ ဖြစ်သွားကြသည်။

"နောက်ဆုံးတော့ ပြည့်စုံတဲ့ ရတနာတစ်ခု တွေ့ပြီ"

ဟု လီယန်ချူက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ရုတ်တရက်

ထိုနဂါးဦးခေါင်းနှင့် ဘီလူးကြီး လှုပ်ရှားလိုက်သည်။ သူသည် ကျင်း၏ အလယ်ဗဟိုသို့ ချဉ်းကပ်သွားပြီး ထိုစစ်သုံးလှံရှည်ကြီးကို ဆွဲနှုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုကဲ့သို့ ရိုးရှင်းသော လှုပ်ရှားမှုကိုပင် ဤ ခေတ်မှ ရှေးကျသော နတ်ဘုရားမှာ မလုပ်နိုင်ခဲ့ပေ။

လှံရှည်ကြီးပေါ်မှ အလွန်ပင် အစွမ်းထက်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နဂါးဦးခေါင်းနတ်ဘုရားမှာ အနားသို့ပင် မကပ်နိုင်ခဲ့ပေ။

ဝုန်း

နဂါးဦးခေါင်းနတ်ဘုရား၏ ကိုယ်ပေါ်မှ ရှေးကျသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မြေပြင်မှာ အက်ကွဲကာ ဟာလာဟင်းလင်းပြင်မှာ တုန်ခါသွားတော့သည်။ သူသည် လှံရှည်ကြီး၏ အရှိန်အဝါကို ဂရုမစိုက်ဘဲ...

အတင်းအဓမ္မ ဆွဲနှုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် မကြာမီမှာပင် ထိုနဂါးဦးခေါင်းနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်၌ သေးငယ်သော အက်ကြောင်းများ ပြည့်နှက်သွားသည်ကို လီယန်ချူ မြင်လိုက်ရသည်။

ဂျွတ်

ဂျွတ်

သူ၏ သန်မာလှသော နတ်ဘုရားခန္ဓာကိုယ်မှာ လက်မချင်းစီ ကွဲအက်လာသည်။ ဖော်မပြနိုင်သော စွမ်းအားတစ်ခုက သူ့ကို ရိုက်ချလိုက်သကဲ့သို့ ခံနိုင်ရည် မရှိတော့ပေ။

သို့သော် ထိုဘီလူးကြီးမှာ နောက်မဆုတ်ပေ။ သူ၏ အရှိန်အဝါကို ထပ်မံ မြှင့်တင်လိုက်ပြီး နောက်ဆုံး၌ ထိုလှံရှည်ကြီးကို ထိတွေ့လိုက်နိုင်သည်။

ဝုန်း

မမြင်နိုင်သော စွမ်းအားလှိုင်းတစ်ခု အပြင်ဘက်သို့ ပြန့်နှံ့သွားပြီး လီယန်ချူမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံလှသော စွမ်းအားတစ်ခုက သူ့ကို တိုက်ခိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။

လှံရှည်ကြီးမှာ နဂါးဦးခေါင်းနတ်ဘုရား၏ ထိတွေ့မှုကြောင့် အနည်းငယ် လှုပ်ရှားသွားသည်။

ထို့နောက် ကမ္ဘာပျက်မတတ် တုန်ခါမှုများ ဖြစ်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။

ဤတားမြစ်နယ်မြေအတွင်းရှိ လက်နက်များအားလုံးမှာ တုန်ခါသွားကြပြီး သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်အထိ ရောက်ရှိသွား၏

ဤမျှ ကြောက်စရာကောင်းသော အရှိန်အဝါအောက်တွင် လီယန်ချူ၏ မျက်နှာမှာ လေးနက်သွားတော့သည်။

ကောင်းကင်ထက်၌ မျက်လုံးခြောက်လုံးရှိ ထူးဆန်းသော လိပ်ကြီး တစ်ကောင် ခေါင်းပြူထွက်လာသည်။ သူ၏ မျက်လုံးများမှာ အလွန်ပင် အေးစက်လှပြီး မိစ္ဆာဆန်လှသည်။

ဟိန်း

မျက်လုံးခြောက်လုံးလိပ်ကြီးက ပါးစပ်ကို ဟလိုက်ရာ ကြီးမားလှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ နဂါးဦးခေါင်းနတ်ဘုရားမှာ လျှပ်စီးအပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"မင်းလား"

သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီး လက်ကို ဝှေ့ယမ်းကာ သတ်ဖြတ်ခြင်း နတ်ဘုရားပညာ တစ်ခုကို ထုတ်ဖော်လိုက်ရာ ကျယ်ပြောလှသော မြစ်ကြီးတစ်စင်း စီးဆင်းလာသကဲ့သို့ အလင်းတန်းများမှာ တောက်ပလှသည်။

မျက်လုံးခြောက်လုံးလိပ်ကြီး၏ မျက်လုံးများမှ အလင်းတန်းများ ပစ်ထုတ်လိုက်ရာ ကောင်းကင်မှ လျှပ်စီးများ ကျလာသကဲ့သို့ပင်။ သို့သော် ထိုအလင်းတန်းမှာ အမဲရောင်ဖြစ်ပြီး အေးစိမ့်လှသော အရှိန်အဝါများ ပြည့်နှက်နေ၏။

ဒုန်း ဒုန်း ဒုန်း

လောကအနှံ့တွင် ပြင်းထန်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

နဂါးဦးခေါင်းနတ်ဘုရား၏ အသံမှာ လျှပ်စီးသံကဲ့သို့ ပြန်လည်ထွက်ပေါ်လာပြီး အလွန်ပင် ရှေးကျလှသည်။

"ငါ့လက်ကို အသုံးချပြီး ဒီလှံရှည်ကြီးကို လုဖို့ ကြိုးစားနေတာလား၊ အိပ်မက်မက်နေလိုက် "

ဝုန်း

မြစ်ရေပြင်ကြီးအတွင်း၌ ဓား၊ လှံ၊ လှံရှည်၊ ပုဆိန် စသည့် လက်နက်ပုံရိပ်များ ပေါ်ထွက်လာသည်။ ၎င်းတို့မှာ မြေပြင်၌ စိုက်နေသော ရှေးဟောင်းလက်နက်များနှင့် အတိအကျပင် တူညီလှသည်။

သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်သွား၏။

မျက်လုံးခြောက်လုံးလိပ်ကြီး၏ မျက်လုံးများမှာ ပို၍ တောက်ပလာပြီး အလင်းတန်းများမှာ အလွန်ပင် ပူပြင်းလှသည်။

ဝုန်း ဝုန်း ဝုန်း

အစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခုမှာ တိုက်ခိုက်နေကြပြီး ကောင်းကင်ထက်၌ မှိုပွင့်ပုံစံ တိမ်တိုက်များစွာ ပေါက်ကွဲထွက်ပေါ်လာသည်။

"နှစ်၁၃၀၀ ကြာခဲ့ပြီ၊ မင်းကတော့ အရင်အတိုင်း တိုးတက်မှု မရှိသေးဘူးပဲ "

မျက်လုံးခြောက်လုံးလိပ်ကြီး၏ အသံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေ၏။

လီယန်ချူသည် သူ၏ အရှိန်အဝါကို ဖျောက်ကွယ်ကာ ဘေးမှနေ၍ ဤအစွမ်းထက်လှသော တည်ရှိမှုကြီးနှစ်ခု၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။ ထိုစကားကို ကြားသောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကျွမ်းကျင်သူကြီးနှစ်ယောက်က အချင်းချင်း သိနေကြတဲ့ ပုံပဲ"

"နှစ် ၁၃၀၀... ဒါဆို မဟာရှမင်းဆက် ခေတ်ကတည်းက ရှိခဲ့တာလား၊ မဟုတ်ဘူး၊ အဲ့ဒီထက်တောင် ပိုပြီး ရှေးကျနိုင်သေးတယ်"

လီယန်ချူ၏ အကြည့်မှာ မြေပြင်၌ စိုက်နေသော လှံရှည်ကြီးဆီသို့ ရောက်သွားသည်။

ယခင်က နဂါးဦးခေါင်းနတ်ဘုရား၏ လှုပ်ခါမှုကို ခံခဲ့ရသဖြင့် ယခု ဤလိပ်ကြီးမှာ အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်ပုံရသည်။

"ဒါဆိုရင်... အခုက ဒီလှံရှည်ကြီးကို လုဖို့ အကောင်းဆုံး အချိန်ပဲပေါ့ "

လီယန်ချူ၏ စိတ်ထဲ၌ အကြံတစ်ခု ရသွားသည်။

သူ၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ကိုယ်လုံးထွားကြိုင်းလှသော ဝတ်စုံနက်ဝတ် အဖိုးအိုကြီး တစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ အကြည့်မှာ စူးရှလှသည်။

နတ်ဘုရားခြေလှမ်း ကို အသုံးပြုကာ ထိုလှံရှည်ကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး မဆိုင်းမတွဘဲ လှမ်းဖမ်းလိုက်သည်။

ဤမျှ အဖိုးတန်သော ရတနာကြီးကို မြင်နေရပါလျက်နှင့် မလုယူလျှင် အားနာစရာ ကောင်းသည် မဟုတ်ပါလား။

ဝုန်း

လှံရှည်ကြီးပေါ်မှ ထိတ်လန့်စရာကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

လီယန်ချူ၏ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာလှပြီး တောင်တန်းများကို မနိုင်၊ ပင်လယ်ကို သယ်နိုင်ခြင်း နှင့် ကြီးမားသောခွန်အား စသည့် နတ်ဘုရားပညာသုံးမျိုးကိုပါ ပေါင်းစပ်လိုက်သည်။

ထို့ပြင် ကုသိုလ်မှတ် ခုနစ်သိန်းအဆင့်ရှိသော အစီရင်ဝတ်စုံနှင့် ခရမ်းရောင်နတ်ဝတ်ရုံတို့ဖြင့် ကာကွယ်ထားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်သာ လှုပ်ခါသွားပြီး ဒဏ်ရာ မရရှိခဲ့ပေ။

သို့သော် ထိုမျှနှင့်ပင် သူ၏ ကိုယ်တွင်းရှိ သွေးကြောများမှာ ဆူပွက်သွားပြီး ညည်းတွားလိုက်မိသည်။

နဂါးဦးခေါင်းနတ်ဘုရားမှာ ဤမြင်ကွင်းကို ပထမဆုံး သတိပြုမိသွားပြီး အလွန်ပင် ဒေါသထွက်သွားတော့သည်။

"မိုက်ရူးရဲလိုက်တာ"

အသံမှာ လျှပ်စီးသံကဲ့သို့ ကောင်းကင်၌ ဟိန်းထွက်သွား၏။

သို့သော် သူသည် လှံရှည်ကြီးကို လုယူခံရမှာကိုမူ သိပ်မစိုးရိမ်ပေ။ သူ၏ ကြီးမားလှသော ခွန်အားဖြင့်ပင် လှံရှည်ကြီးကို ဆွဲနှုတ်ရန် အချိန်ယူရဦးမည် မဟုတ်ပါလား။

အရင်ဆုံး ဒီစိတ်တိုစရာကောင်းတဲ့ လိပ်ကြီးကို ရှင်းပစ်ဖို့က ပိုအရေးကြီးသည်။

လီယန်ချူက ထိုလှံရှည်ကြီးကို တိုက်ရိုက်ဆုပ်ကိုင်ကာ လေးလံသော အသံဖြင့် အော်လိုက်သည်။

"ထွက်စမ်း"

လှံရှည်ကြီးပေါ်မှ သတ်ဖြတ်လိုစိတ်များကို အစီရင်ဝတ်စုံနှင့် နတ်ဝတ်ရုံတို့က တားဆီးပေးထားသဖြင့် လီယန်ချူမှာ လှံရှည်ကြီးကို ဆွဲနှုတ်ရန်သာ အာရုံစိုက်လိုက်သည်။

မူလက ကျောက်ဆောင်ကြီးကဲ့သို့ ခိုင်မြဲနေပြီး ကမ္ဘာဦးအစကတည်းက ထိုနေရာ၌ စိုက်နေသကဲ့သို့ရှိသော လှံရှည်ကြီးမှာ လီယန်ချူ၏ ဆွဲနှုတ်မှုကြောင့် ရုတ်တရက် ကျွတ်ထွက်လာတော့သည်။

နဂါးဦးခေါင်းနတ်ဘုရား: "..........."

လီယန်ချူသည် လှံရှည်ကြီးကို ရယူပြီးနောက် ၎င်းကို သူ၏ သို‌ေလှာင်အိတ် အတွင်းသို့ အမြန်ထည့်ရန် ကြိုးစားသော်လည်း လှံရှည်ကြီးပေါ်ရှိ သတ်ဖြတ်ခြင်း စွမ်းအားများကြောင့် ထည့်၍ မရဖြစ်နေသည်။

သူသည် မဆိုင်းမတွဘဲ နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ ထိုတားမြစ်နယ်မြေအတွင်းမှ ချက်ချင်း ပြေးထွက်လိုက်သည်။

သို့သော် နဂါးဦးခေါင်းနတ်ဘုရားက လက်ကို ဝှေ့ယမ်းလိုက်ရာ တားမြစ်နယ်မြေ အဝင်ဝမှာ ကြီးမားသော စွမ်းအားများဖြင့် ပိတ်ဆို့ခံလိုက်ရသည်။

မျက်လုံးခြောက်လုံးလိပ်ကြီး၏ မျက်လုံးများမှ ပူပြင်းလှသော အလင်းတန်းများ ပစ်လွှတ်လိုက်ရာ ဟင်းလင်းပြင် အလွှာများကို ဖောက်ထွက်လာသည်။

၎င်းမှာ သာမန် တတိယအဆင့် အထွတ်အထိပ်၏ စွမ်းအား မဟုတ်တော့ပေ။

ဖျက်ဆီးခြင်း အငွေ့အသက်များ ပါဝင်နေ၏

လီယန်ချူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ကြီးမားလှသော လက်သီးအသိ နှင့် အလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံသွားသည်။

ဒုန်း

ပူပြင်းလှသော အလင်းတန်းမှာ လက်သီးတစ်ချက်တည်းဖြင့်ပင် တားဆီးခံလိုက်ရပြီး ဖျက်ဆီးခြင်း စွမ်းအားများအားလုံးကို လီယန်ချူ၏ ကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံက ကာကွယ်ပေးလိုက်သည်။

မျက်လုံးခြောက်လုံးလိပ်ကြီး၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ၊ ငါ ဘာလို့ မင်းကို ဒီမှာ တစ်ခါမှ မမြင်ဖူးတာလဲ"

နဂါးဦးခေါင်းနတ်ဘုရားမှာလည်း ဒေါသထွက်ကာ အံ့ဩနေသည်။ သူသည် လိပ်ကြီး၏ ခုနက တိုက်ခိုက်မှု အစွမ်းကို ကောင်းကောင်း သိထားသည် မဟုတ်ပါလား။

ယခု ဤတားမြစ်နယ်မြေအတွင်း၌ မည်သူမှန်းမသိသော ကျွမ်းကျင်သူ တစ်ဦး ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။

သူသည် ထိုသူနှင့် အသေအလဲ မတိုက်ခိုက်လိုပေ။

ဒဏ်ရာရရှိသွားပါက ထိုလိပ်အိုကြီးက အခွင့်ကောင်းယူသွားနိုင်သောကြောင့်ပင်။

လီယန်ချူက မာန်ပါပါဖြင့်

"ငါက ငရဲတောင် ရဲ့ အရှင်သခင်ပဲ၊ မသေချင်တဲ့ကောင် လာခဲ့"

စကားအဆုံးတွင်...

သူသည် လက်သီးတစ်ချက်ဖြင့် တားမြစ်ချက်ကို ရိုက်ခွဲကာ အပြင်သို့ ထွက်ခွာသွားပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

နဂါးဦးခေါင်းနတ်ဘုရားမှာ အလွန်ပင် ဒေါသထွက်သွားပြီး ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများ ပြန့်နှံ့သွားသော်လည်း သူသည် လိုက်လံ မတိုက်ခိုက်ခဲ့ပေ။

ဤတားမြစ်နယ်မြေသည် သူ့အတွက် ကြီးမားသော ကန့်သတ်ချက် ရှိနေသဖြင့် ထွက်ခွာ၍ မရပေ။ ထို့ပြင် လှံရှည်ကြီးကို ဆွဲနှုတ်ခံရပြီးနောက် ဤအက်ကြောင်းမှာလည်း စတင် ပေါင်းစပ်ကာ ပျောက်ကွယ်တော့မည် ဖြစ်သည်။

သူသည် မျက်လုံးခြောက်လုံးလိပ်ကြီးကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများမှ ဒေါသမီးများ ထွက်ပေါ်နေ၏။

"ဒါတွေ အကုန်လုံး မင်းကြောင့်ပဲ"

သူသည် လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ တားမြစ်နယ်မြေအတွင်းရှိ ပျက်စီးနေသော လက်နက်များအားလုံး ပျံတက်လာကြပြီး သူ၏ နတ်ဘုရားပညာမြစ်ကြီးအတွင်းသို့ ဝင်ရောက်ကာ ပုံရိပ်များနှင့် ပေါင်းစပ်သွားသဖြင့် စွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။

သူသည် ထိုကြီးမားလှသော ဒေါသများကို မျက်လုံးခြောက်လုံးလိပ်ကြီးပေါ်သို့သာ ပုံချလိုက်တော့သည်။

သူ၏ စိတ်ထဲ၌ ဤလိပ်ကြီးအပေါ် သတ်ဖြတ်လိုစိတ်မှာ ခုနက ငရဲတောင် အရှင်သခင်ထက်ပင် မလျော့ပေ။

"ငါ အပြင်ကို ထွက်နိုင်တဲ့နေ့ကျရင် ငရဲတောင် တစ်ခုလုံးကို သတ်ဖြတ်ပစ်မယ် "

မျက်လုံးခြောက်လုံးလိပ်ကြီးမှာ နှစ်ပေါင်းများစွာ အောင်းအောင်းနေခဲ့ပြီး နဂါးဦးခေါင်းနတ်ဘုရားကို အသုံးချကာ လှံရှည်ကြီးကို လုယူရန် ကြံစည်ခဲ့သော်လည်း ယခုမူ အားလုံးမှာ အိပ်မက်ပျက်သွားခဲ့ပြီ ဖြစ်သည်။

ရှေးကျလှသော တည်ရှိမှုကြီးနှစ်ခုမှာ ဒေါသထွက်ကာ အသေအလဲ တိုက်ခိုက်နေကြတော့သည်။

အခန်း (၈၇၂) - လက်နက်သွန်းလုပ်ခြင်း၏ လက်ရာမွန်၊ နတ်ဆေးလုံးကို ဖော်စပ်ခြင်း၊ စစ်ချန်းဝမ်နှင့် ရူးသွပ်နေသော လူရမ်းကား

လီယန်ချူသည် ရှေးဟောင်းလှံရှည်ကြီးကို ရရှိပြီးနောက် အမှောင်ဖုံးကွယ် နှင့် ဘေးအန္တရာယ် ပပျောက်စေခြင်း ဟူသော နတ်ဘုရားစွမ်းရည်နှစ်ခုကို ဆက်တိုက်အသုံးပြုလိုက်သည်။ ထို့ပြင် ဒိုချန် ပုတီးကို အသက်သွင်းကာ မိမိကိုယ်မိမိ ကောင်းချီးပေးပြီး ကံတရားအကျိုးအမြတ် များကို ဖုံးကွယ်လိုက်ရာ သူ၏ တည်ရှိမှုမှာ လုံးဝ ပျောက်ကွယ်သွားသလောက် ဖြစ်သွားသည်။ ဤအလုပ်များမှာ သူ့အတွက် အခြေခံ အလုပ်များသဖွယ် ဖြစ်နေပြီဖြစ်၍ အလွန်ပင် ကျွမ်းကျင်လှသည်။

အရှိန်အဝါများ ယိုစိမ့်ထွက်မလာစေရန် သူသည် မှော်လွန်းပျံကို တိုက်ရိုက်ထုတ်ယူကာ အလင်းတန်းတစ်ခုအသွင်ဖြင့် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။ ဤရတနာသည် ကောင်းကင်ရော မြေကြီးပါ လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းရှိရာ ခဏချင်းမှာပင် မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီးနောက် လူသူမနီးသည့် တောင်ရိုင်းတစ်ခုသို့ ရောက်ရှိသွားသည်။

သူ၏ ကိုယ်ဟန်မှာလည်း တုန်ခါသွားပြီးနောက် ပြင်းထန်သော အရှိန်အဝါရှိသည့် ဝတ်စုံနက်ဝတ် အဖိုးအိုအသွင်မှ ငယ်ရွယ်သော တောင်သူလယ်သမားလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"ဟိုအက်ကြောင်းနောက်က တည်ရှိမှုကြီးက ငရဲတောင် ကို ရှာတွေ့နိုင်မလားတော့ မသိဘူး"

ဟု လီယန်ချူက တွေးတောနေမိသည်။

သူသည် လက်ထဲမှ လှံရှည်ကြီးကို ကြည့်လိုက်သည်။ ထိုလှံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ အလွန်ပြင်းထန်လှရာ သူ၏ အစီရင်ဝတ်စုံ နှင့် ခရမ်းရောင် နတ်ဝတ်စုံ တို့ကို အမြဲတမ်း အသက်သွင်းထားမှသာ ခုခံနိုင်ပေမည်။ ဤမျှအစွမ်းထက်လှသဖြင့် လီယန်ချူ၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ သူသည် ဖန်ဆင်းခြင်း ရွှေကျမ်းစာ ကို အသုံးပြု၍ လှံရှည်ကြီးနှင့် စိတ်ချင်းဆက်သွယ်ရန် ကြိုးစားလိုက်သည်။

လှံရှည်ကြီးက သူ့ကို နက်နဲလှသော ခံစားချက်မျိုး ပေးစွမ်းနေပြီး ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်။ ကံကောင်းသည်မှာ သူ၏ ဖန်ဆင်းခြင်း ရွှေကျမ်းစာ မှာ အလွန်ထူးခြားဆန်းကြယ်လှသဖြင့် သူ၏ အစွမ်းကုန် ကြိုးစားမှုအောက်တွင် လှံရှည်ကြီးမှာ နောက်ဆုံး၌ ငြိမ်သက်သွားခဲ့သည်။ အမှန်စင်စစ် ဤလှံကို နဂိုနေရာမှ ဆွဲနှုတ်ပြီးကတည်းက သတ်ဖြတ်ခြင်း အရှိန်အဝါမှာ အတော်အတန် လျော့ပါးသွားခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက ဤမျှ လွယ်လွယ်ကူကူ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။ နဂါးဦးခေါင်းနှင့် နတ်ဘုရားမှာ မည်သည့် စွမ်းရည်ကို အသုံးပြုကာ တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည်မသိသော်လည်း နောက်ဆုံးတွင်တော့ လီယန်ချူကသာ အမြတ်ထွက်သွားခဲ့သည်။

လီယန်ချူသည် လှံရှည်ကြီးကို သိုလှောင်အိတ် ထဲသို့ ထည့်ရန် ကြိုးစားကြည့်သော်လည်း ဖန်ဆင်းခြင်း ရွှေကျမ်းစာ နှင့် ချိတ်ဆက်ထားသဖြင့် အနည်းငယ် ငြိမ်သက်သွားရုံသာ ရှိပြီး အိတ်ထဲသို့ ထည့်၍မရသေးပေ။

"ဒီလှံရဲ့ အရှိန်အဝါက အရမ်းကြမ်းတမ်းတာပဲ၊ အိတ်ထဲ ထည့်လို့မရရင် လူကြားထဲမှာ ပေါ်လွင်လွန်းနေလိမ့်မယ်"

ဟု သူတွေးလိုက်သည်။

ရုတ်တရက် သူစိတ်ကူးရကာ ဟူထျန်း အတတ်ကို အသုံးပြုလိုက်ရာ သူ၏ရှေ့တွင် အဝင်ဝတစ်ခု ပွင့်လာသည်။ ၎င်းမှာ အလွန်သေးငယ်သော ဂူဗိမာန် တစ်ခုဖြစ်သည်။ ဟူထျန်း နတ်အတတ်သည်ဟင်းလင်းပြင် လမ်းစဉ် နှင့် သက်ဆိုင်ရာ အလွန်နက်နဲလှသည်။ လီယန်ချူသည် ပါရမီထူးသူ ဖြစ်သော်လည်း ဤပညာရပ်တွင် တိုးတက်မှု အနည်းငယ် နှေးကွေးနေဆဲ ဖြစ်သည်။

သို့သော်လည်း သူ၏ တိုတောင်းလှသော ကျင့်ကြံမှု သက်တမ်းအတွင်း ဤကဲ့သို့ ကိုယ်ပိုင် ဂူဗိမာန် ကို ဖွင့်လှစ်နိုင်ခြင်းမှာပင် အံ့မခန်း ပါရမီရှင် ဖြစ်နေပြီဖြစ်သည်။ အစစ်အမှန် နတ်ဘုရားအတတ် တစ်ခုကို ကျင့်ကြံရန်မှာ အနည်းဆုံး နှစ်ပေါင်း ခြောက်ဆယ်ခန့် အချိန်ယူရပြီး၊ ရာစုနှစ်ချီ၍ အောင်မြင်မှုရရှိပါကပင် ထူးချွန်သူဟု သတ်မှတ်ခံရသည်။

အထူးသဖြင့် ဟူထျန်း ကဲ့သို့ ဟင်းလင်းပြင် စွမ်းရည်မှာ ပို၍ ခက်ခဲလှရာ လီယန်ချူ၏ တိုးတက်မှုမှာ သဘာဝတရားကို ဆန့်ကျင်နေသကဲ့သို့ပင်။

ဟူထျန်း ဖြင့် တည်ဆောက်ထားသော ဂူဗိမာန်မှာ ကိုယ်ပိုင်ကမ္ဘာတစ်ခုသဖွယ် အလွန်တည်ငြိမ်ရာ လှံရှည်ကြီးကို ထိုထဲသို့ ဘေးကင်းစွာ ထည့်သွင်းနိုင်ခဲ့သည်။ လီယန်ချူလည်း သက်ပြင်းချနိုင်တော့သည်။

"နတ်ဘုရားပညာတွေကတော့ များများရှိလေ ကောင်းလေပဲ၊ နောက်ကျရင် အခွင့်အရေးရရင် နောက်ထပ် အများကြီး သင်ရဦးမယ်"

သူသည် ယခင်က အသွင်းသန္ဓေပြောင်းလဲခြင်း အတတ်ကို အသုံးပြုခဲ့ရာ တားမြစ်နယ်မြေထဲမှ ရှေးဟောင်းတည်ရှိမှုကြီး နှစ်ခုပင်လျှင် သူ၏ အစစ်အမှန်ကို မခွဲခြားနိုင်ခဲ့ပေ။ ၎င်းမှာ သာမန် ရုပ်ဖျက်အတတ်များထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလှသည်။

လီယန်ချူသည် လွန်းပျံကို စီးနင်းကာ ဝေမြို့ သို့ ပြန်လာခဲ့သည်။ သူသည် ကျိုဖုန်းတောင် တွင် ဖြစ်ပျက်ခဲ့သမျှကို ဆိုင်ရှင်မအား ပြောပြခဲ့သည်။ ၎င်းထဲတွင် ငရဲပြည်မှ လာသည်ဟု ယူဆရသော မြို့ဟောင်းကြီး၊ အဖြူအမဲ နတ်သံတမန်များ၊ ကောင်းကင်ယံမှ ကြီးမားသော မျက်လုံးကြီးနှင့် နောက်ဆုံးမှ တားမြစ်နယ်မြေ အကြောင်းတို့ ပါဝင်သည်။

ဆိုင်ရှင်မက လေသံတိုးတိုးဖြင့် ပြောသည်

"ယင်နဲ့ ယန် နယ်နိမိတ်တွေက ဝေဝါးလာနေပြီထင်တယ်၊ အဲဒီမြို့ဟောင်းက ငရဲပြည်က လာတာ သေချာတယ်၊ နောက်နောင် ဒီလိုကိစ္စမျိုးတွေ ပိုပြီး များလာလိမ့်မယ်"

လီယန်ချူက မျက်မှောင်ကြုတ်လိုက်ကာ

"ငရဲပြည်က ကျူးကျော်လာရတဲ့ အရင်းအမြစ်ကို ရှာချင်တာ၊ အခုကြည့်ရတာ ဒီကိစ္စက အတော်လေး ကျယ်ပြန့်လွန်းနေပြီ၊ မြေပြင်နတ်ဘုရား အဆင့်လောက်မှပဲ ကိုင်တွယ်နိုင်မယ် ထင်တယ်"

ဆိုင်ရှင်မက ခေါင်းခါလိုက်ပြီး

"ကမ္ဘာနှစ်ခုရဲ့ နယ်နိမိတ် ဝေဝါးလာတာကို မြေပြင်နတ်ဘုရားလည်း မတတ်နိုင်ဘူး၊ ဒါက လောကရဲ့ လားရာပဲ၊ ဒါပေမဲ့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့သူ ရှိပုံရတယ်၊ မဟုတ်ရင် ဒီလောက် မမြန်နိုင်ဘူး"

လီယန်ချူက "ဘယ်သူများလဲ" ဟု မေးရာ

ဆိုင်ရှင်မက

"ယန်လောက က ရှေးဟောင်း အင်အားစုတွေလည်း ဖြစ်နိုင်သလို၊ ယင်လောက က တည်ရှိမှုတချို့လည်း ဖြစ်နိုင်တာပဲ"

ဟု ပြန်ဖြေသည်။

ထိုစကားကြောင့် လီယန်ချူ တိတ်ဆိတ်သွားသည်။ ငရဲတောင်၊ ချွန်းချိုးလင် ၊ ရှန်းရှန်နန်းတော် ၊ ကြာပန်းဖြူဂိုဏ်း နှင့် ရှေးဟောင်း ကျင့်ကြံသူ မိသားစုကြီးများ... ဤအင်အားစုများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေကြရာ ယခုခေတ်ကြီးမှာ ပို၍ ရှုပ်ထွေးလာနေပြီး မည်သူမဆို ဤကိစ္စကို လုပ်ဆောင်နိုင်ခြေ ရှိသည်။

ဆိုင်ရှင်မက သူ့ကို ကြည့်ကာ သနားဂရုဏာဖြင့် ပြောသည်။

"ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့၊ ဒီလောကမှာ ရှင်တစ်ယောက်တည်းမှ အစွမ်းထက်တာ မဟုတ်တာ။ ကိစ္စတွေက ကြီးထွားလာရင် တစ်ယောက်ယောက်ကတော့ ထွက်ပြီး ကိုင်တွယ်မှာပါပဲ"

လီယန်ချူက ခေါင်းငြိမ့်လိုက်သည်။ အမှန်ပင် ဖြစ်သည်။ အရာရာတိုင်းမှာ အတိုင်းအထက်အလွန် ဖြစ်ရန်မသင့်ပေ။ သူသည် ဟူထျန်း ဂူဗိမာန်ထဲမှ လှံရှည်ကြီးကို ထုတ်ကာ ကြမ်းပြင်ပေါ် ချလိုက်သည်။

ဒုန်း

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြန်လည် ထွက်ပေါ်လာပြန်သည်။

ဖန်ဆင်းခြင်း ရွှေကျမ်းစာ နှင့် ချိတ်ဆက်ထားသော်လည်း ဟူထျန်း နယ်မြေထဲမှ ထွက်လာသည်နှင့် ဤလှံမှာ မူလအခြေအနေသို့ ပြန်ရောက်သွားသည်ကို လီယန်ချူပင် မထင်မှတ်ထားမိပေ။ လီယန်ချူ၏ ခန္ဓာကိုယ်မှ မိုးကြိုးနှင့် မီးတောက် အရှိန်အဝါများ ထွက်ပေါ်လာပြီး ဆိုင်ရှင်မကို မထိခိုက်စေရန် သူမ၏ ရှေ့မှ ကာကွယ်ရပ်လိုက်သည်။

သို့သော် ဆိုင်ရှင်မက ပြုံးလိုက်ကာ "ဘာမှမဖြစ်ပါဘူး" ဟု ဆိုသည်။

သူမသည် ရှေ့သို့တိုးကာ လှံရှည်ကြီးကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး အလွန်ပင် ယဉ်ပါးသွားတော့သည်။

လီယန်ချူ : "...................."

ဤလှံ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ကောင်းကောင်းသိသည်။ သူကိုယ်တိုင်ပင် အစီရင်ဝတ်စုံ ကို အသုံးပြုမှ ခုခံနိုင်ခြင်း ဖြစ်သည်။ သို့သော် အိမ်ရှင်မ၏ လက်ထဲတွင် ဤမျှ ယဉ်ပါးသွားသည်ကို မြင်ရသောအခါ သူ အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ"

ဆိုင်ရှင်မက ရယ်မောကာ "ကျွန်မက ချောနေလို့ ဖြစ်မှာပေါ့ " ဟု ပြန်ပြောသည်။

လီယန်ချူ : "...................."

ဆိုင်ရှင်မသည် လှံရှည်ကို ကိုင်ကာ အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။ ထိုသတ်ဖြတ်ခြင်း အရှိန်အဝါကို မြင်ရသောအခါ လီယန်ချူပင် စိတ်လှုပ်ရှားသွားရသည်။

"ဒီ နတ်လက်နက် ကို ရှင်တကယ်ပဲ လုယူနိုင်ခဲ့တာပဲ"

ဟု ဆိုင်ရှင်မက ရေရွတ်လိုက်သည်။

လီယန်ချူက မျက်ခုံးပင့်ကာ "နတ်လက်နက် ဟုတ်လား"

ဆိုင်ရှင်မက ခေါင်းငြိမ့်ပြကာ

"ဟုတ်တယ်၊ ခရမ်းရောင် နတ်ဝတ်စုံတို့၊ ရှင်းဟွမ် အလံတော်တို့လိုမျိုး နတ်ရတနာ အမျိုးအစားပဲ၊ ဒါပေမဲ့ သူက သတ်ဖြတ်ခြင်းမှာ အဓိကပဲ"

လီယန်ချူ၏ မျက်လုံးများ တောက်ပသွားသည်။ မူလက ပိုင်လီရှန်းလန် ၏ စကားကို နားထောင်ကာ ပိုက်ဆံသွားကောက်သလို ရတနာသွားယူခြင်း ဖြစ်သည်။ ခြောက်ကြိမ်၊ ခုနစ်ကြိမ်ခန့် အဆင့်မြှင့်တင်ထားသော လက်နက်များနှင့် တန်းတူသည့် ရတနာများကို ရရုံနှင့်ပင် သူ ကျေနပ်နေပြီ ဖြစ်သော်လည်း၊ တားမြစ်နယ်မြေထဲသို့ တစ်ခေါက်ဝင်လိုက်ရုံနှင့် ရလာသည်မှာ နတ်လက်နက် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။

"ဒါကတော့ တကယ့်ကို ထူးခြားတဲ့ ကံကြမ္မာပဲ"

ဟု လီယန်က ရယ်မောရင်း ပြောသည်။

ဆိုင်ရှင်မက ဆွဲဆောင်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ

"ဒီလှံက ရှင့်ရဲ့ အရှိန်အဝါနဲ့ အရမ်းလိုက်ဖက်တာပဲ၊ နောက်ကျရင် အစီရင်ဝတ်စုံဝတ်ပြီး ဒီလှံကိုပဲ သုံးလိုက်တော့"

လီယန်ချူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

(တရုတ်စာသားပါ "လှံရှည်" နှင့် "လိင်တံ" အသံထွက်ဆင်တူမှုကို ရည်ညွှန်းသော ဟာသကြောင့် လီယန်ချူ မျက်နှာပျက်သွားခြင်း ဖြစ်သည်။)

သူ၏ အကြည့်မှာ အနည်းငယ် ထူးဆန်းနေသဖြင့် ဆိုင်ရှင်မမှာ ခဏမျှ ကြောင်သွားပြီးမှ သဘောပေါက်သွားကာ ဖြူစင်လှပသော ပါးပြင်လေးမှာ နီမြန်းသွားတော့သည်။

"သွားစမ်း"

သူမက လီယန်ချူကို မူနွဲ့စွာဖြင့် မောင်းထုတ်လိုက်သည်။

ခရမ်းရောင် သစ်ရွက် ဂါလန်း ကို ဆိုင်ရှင်မက ခြံထဲတွင် စိုက်ပျိုးထားလိုက်သည်။ ခန္ဓာကိုယ် တည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်သော ဤဆေးဖက်ဝင် အပင်ကို ဆိုင်ရှင်မက လီယန်ချူအား တိုက်ရိုက်မစားခိုင်းပေ။ ဆေးဖော်စပ်မှု ပညာရှင်ကြီး တစ်ဦးအတွက်ဆိုလျှင် ထိုသို့လုပ်ခြင်းမှာ နှမြောစရာကောင်းလှသည်။

"ဒီဆေးပင်သာ မရှိရင် ကျွန်မ စိတ်ကူးမိမှာ မဟုတ်ဘူး၊ အခု ဒီဆေးပင်ရှိပြီဆိုတော့ သုံးရောင်ခြယ် နတ်ကြာပန်း ၊ နှစ်ပေါင်းသောင်းချီ ကျောက်စိမ်းအဆီအနှစ် နဲ့ နတ်နှလုံးသားသီး တို့နဲ့ ပေါင်းစပ်ရင် နတ်ဆေးလုံး တစ်လုံး ဖော်စပ်နိုင်တယ်"

"ဒီဆေးလုံးကို စားသုံးပြီးရင် ခန္ဓာကိုယ်တစ်ခုလုံး အသစ်ပြန်ဖြစ်သွားပြီး နတ်ခန္ဓာ ကို ရရှိနိုင်လိမ့်မယ်၊ ဟိုဖက်ကမ်း ပန်း နဲ့ ယှဉ်ရင်တောင် မနိမ့်ကျဘူး"

"နတ်ဆေးလုံး ဟုတ်လား"

လီယန်ချူ ကြောင်သွားပြီးမှ မေးလိုက်သည်

"မင်းပြောတဲ့ အဲဒီပစ္စည်းတွေကို ငါတစ်ခါမှ မကြားဖူးဘူး"

ဆိုင်ရှင်မက ပြုံးကာ

"အဲဒါတွေက နတ်ဆေးပင်တွေ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခုခေတ်လောကမှာတော့ ရှိမှာ မဟုတ်တော့ဘူး၊ ရှေးဟောင်း ဂူဗိမာန်တွေ ဒါမှမဟုတ် နယ်မြေအသစ်တွေမှာတော့ ရှိနိုင်သေးတယ်"

လီယန်ချူက ခေါင်းငြိမ့်ကာ "နောက်ကျရင် ငါ ရှာကြည့်ပါ့မယ်" ဟု ဆိုသည်။

ဆိုင်ရှင်မက နူးညံ့စွာဖြင့်

"ကျင့်ကြံတာနဲ့ နတ်ဆိုးနှိမ်နင်းတာတွေကိုပဲ အာရုံစိုက်မနေပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် အရမ်း မပင်ပန်းစေနဲ့။ လာ... အခန်းထဲသွားရအောင်၊ ကျွန်မ ရှင့်အတွက် ခြေအိတ်နက် ဝတ်ပြမယ်... ကစားကြမယ်လေ"

လီယန်ချူက "နေခင်းကြောင်တောင်ကြီးကို" ဟု ဆိုရာ

ဆိုင်ရှင်မက ဆွဲဆောင်မှုရှိရှိ ရယ်မောကာ

"ဘာလဲ... အပြင်မှာ ဝအောင် စားလာခဲ့လို့လား ဒါမှမဟုတ် အားမရှိတော့လို့လား "

လီယန်ချူလည်း ရယ်မောလိုက်ပြီး ဆိုင်ရှင်မကို ပွေ့ချီလိုက်သည်။ ရင်ခွင်ထဲမှ ခန္ဓာကိုယ်မှာ ပြည့်ဖြိုးနူးညံ့ကာ ကျောက်စိမ်းသားကဲ့သို့ နွေးထွေးချောမွတ်နေသည်။ လီယန်ချူက ဆိုင်ရှင်မ၏ တင်ပါးကို အသာပုတ်လိုက်ပြီး အခန်းထဲသို့ ရယ်မောကာ ဝင်သွားတော့သည်။

"မငိုနဲ့ပေါ့လေ"

အခန်းထဲရောက်မှ လီယန်ချူ သတိထားမိသည်မှာ ဆ်ုင်ရှင်မသည် ခြေအိတ်နက်တင်မကဘဲ သူ၏ အံ့မခန်း ပါရမီဖြင့် သူနာပြုဝတ်စုံ ကိုပါ ဖန်တီးထားခြင်း ဖြစ်သည်။ ဤအရာမှာ နည်းပညာ သိပ်မခက်ခဲဘဲ ပုံစံကို တိကျစွာ ဖော်ဆောင်နိုင်ရန်သာ လိုအပ်သည်။

ဆိုင်ရှင်မ၏ ခါးသွယ်သွယ်နှင့် ခြေတံရှည်ရှည်များမှာ ထိုဝတ်စုံကြောင့် ပို၍ ပေါ်လွင်နေပြီး ခြေအိတ်နက်က ပို၍ပင် ဆွဲဆောင်မှု ရှိနေစေသည်။ အထူးသဖြင့် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ကံကောင်းထောက်မစွာဖြင့် အခန်းထဲက ကုတင်မှာ ခိုင်ခံ့နေသဖြင့်သာ တော်တော့သည်။

အချိန်အတော်ကြာမှ အခန်းထဲမှ လှုပ်ရှားမှုများ ငြိမ်သက်သွားသည်။

လီယန်ချူက ဒီဝတ်စုံက ခြေအိတ်ဖြူ နဲ့ဆို ပိုပြီး အရသာရှိဦးမှာ ဟု ဆိုလိုက်ရာ

ဆိုင်ရှင်မက ရေငွေ့များ ဝိုင်းနေသကဲ့သို့ စိုစွတ်လှပသော မျက်လုံးများဖြင့် ကြည့်ကာ

"ရှင်ကတော့ တကယ်ကို ကစားတတ်တာပဲ၊ ကျွန်မကို ပျက်စီးသွားအောင် လုပ်ချင်နေတာလား"

ဟု နှုတ်ခမ်းလေးကို ကိုက်ကာ မူနွဲ့စွာ မေးရှာသည်။

လီယန်ချူ၏ ရင်ထဲတွင်လည်း ပူနွေးသွားသည်။ အမှန်ပင် စီနီယာအစ်မ (ဆိုင်ရှင်မ) များမှာ အဆင့်အတန်းမြင့်မားလှပေသည်။

နောက်တစ်နေ့ မွန်းတည့်ချိန်မှသာ လီယန်ချူသည် ချင်းယွန်ဘုရားကျောင်း မှ ထွက်လာခဲ့သည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ၊ စိတ်ကြည်လင်လန်းဆန်းကာ မျက်လုံးများမှာလည်း ကြယ်စင်များကဲ့သို့ တောက်ပနေသည်။ စိတ်ထဲတွင် စုပုံနေသော ဖိအားများမှာလည်း ကွယ်ပျောက်သွားခဲ့ပြီ။ ဤကဲ့သို့သော အချိန်မှာ တရားဓမ္မကို ဆင်ခြင်ရန် အကောင်းဆုံး ဖြစ်သည်။

နတ်ဆရာကြီး မှာ ဘုရားကျောင်းထဲတွင် အလွန်ပင် အေးချမ်းစွာ နေထိုင်နေသည်။ အားလျှင် လက်ဖက်ရည်ကြမ်း သောက်ကာ နေပူဆာလှုံနေတတ်သည်။ သို့မဟုတ်လျှင်လည်း အိမ်နီးနားချင်းများ၏ မင်္ဂလာဆောင်၊ နာရေးကိစ္စများတွင် ပင့်ဖိတ်ခြင်း ခံရတတ်သည်။ ဤလုံဟူရှန်း၏ နတ်ဆရာကြီး လေးဦးအနက် အကြီးအကဲ ဖြစ်သူမှာ ဝေမြို့တွင် အလွန်ပင် ရိုးရှင်းစွာ နေထိုင်နေခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် လီယန်ချူမှာ ဝေမြို့တွင် တရားဓမ္မ ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာ လေ့ကျင့်ခြင်းတို့ဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ ကျိုဖုန်းတောင်မှ ပြန်လာပြီးနောက် နှစ်ပတ်ခန့် ကြာသွားရာ သူ၏ ခန္ဓာကိုယ်မှာ ပို၍ သန်မာလာခဲ့သည်။ သူပိုင်ဆိုင်ထားသော နတ်ဘုရားအတတ်များကိုလည်း ယခင်က နားမလည်ခဲ့သော အပြောင်းအလဲများကိုပါ သိရှိလာခဲ့သည်။

ဥပမာ ပဲစေ့မှ စစ်သည်များ ဖန်တီးခြင်း အတတ်မှာ ပဲစေ့မှသာ မဟုတ်ဘဲ အခြားအရာများကိုလည်း အသုံးပြုနိုင်ကြောင်း သိလာသည်။ ဥပမာ ဆံပင်ကို အသုံးပြုခြင်းမျိုး ဖြစ်သည်။ ၎င်းမှာ မျောက်မင်းကြီး စွန်းဝူခုန်းက ဆံပင်တစ်ပင်ကို မှုတ်ကာ မျောက်စစ်သည်များ ဖန်တီးသကဲ့သို့ပင်။ သို့သော် လီယန်ချူမှာ ပညာမကျွမ်းကျင်မီ မိမိကိုယ်မိမိ ကတုံးဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သိပ်မစမ်းသပ်ရဲသေးပေ။

ထူးခြားသည်မှာ တောင်ကိုရိုက်၍ ကျောက်တုံးကို ရွှေ့ခြင်း နတ်ဘုရားပညာကို ဆိုင်ရှင်မက အပြည့်အစုံ ဖြည့်စွက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ မူလက ကျောက်တုံးရွှေ့ခြင်းသာ ပါဝင်ပြီး တောင်ကို ရိုက်နှက်နိုင်သည့် စွမ်းရည် မပါဝင်ခဲ့ပေ။ ယခုမူ ခွန်လွန်ဂိုဏ်းခွဲဖြစ်သည့် ယုယင်းဂိုဏ်း ၏ မပြည့်စုံသော ပညာမှာ အပြည့်အစုံ ဖြစ်သွားခဲ့ပြီ။ သူ၏ တောင်ထမ်း အတတ် နှင့် ပေါင်းစပ်လိုက်ပါက တောင်များကိုပင် လက်ဖြင့် မယူနိုင်သည့်အဆင့် ရောက်ရှိသွားသည်။

ထိုနေ့တွင် သူသည် ကိုယ်ခံပညာ အတွင်းမြင်ကွင်းကို လေ့ကျင့်နေသည်။ ကိုယ်ခံပညာရှင်မှာ ကမ္ဘာကြီးကို မိမိအသုံးချရန် သိမ်းယူပြီး မိမိကိုယ်တွင်း၌ ကမ္ဘာတစ်ခု ဖန်တီးခြင်း ဖြစ်သည်။ ကိုယ်တွင်း အင်္ဂါများနှင့် အကြောများမှာ တောင်တန်း၊ မြစ်ချောင်း၊ လနှင့် ကြယ်များသဖွယ် ဖြစ်လာသည်။ ဤသည်မှာ အလွန်နက်နဲသော အဆင့်ဖြစ်ပြီး လေ့ကျင့်လေလေ ပို၍ ကြီးမားကျယ်ပြန့်လာလေ ဖြစ်သည်။

သူ၏ နတ်လမ်းစဉ် မှာ တတိယအဆင့် နှောင်းပိုင်းသို့ ရောက်နေပြီး၊ ကိုယ်ခံပညာမှာ တတိယအဆင့် အလယ်ပိုင်းတွင် ရှိသည်။ အတွင်းမြင်ကွင်း ကို နားလည်ပြီးနောက် သူ၏ အဆင့်မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ နတ်လမ်းစဉ်ရော ကိုယ်ခံပညာပါ တတိယအဆင့် နှောင်းပိုင်းသို့ ရောက်ရှိသွားပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားပေလိမ့်မည်။

ရုတ်တရက် လီယန်ချူသည် ဝေမြို့တောင်တန်းထဲမှ အစွမ်းထက်သော အရှိန်အဝါနှစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ကောင်းကင်ယံမှလည်း ပေါက်ကွဲသံများ ကြားနေရသည်။

"ဝေမြို့တောင်ထဲမှာ တတိယအဆင့် ကျွမ်းကျင်သူတွေ တိုက်ခိုက်နေကြတာလား "

လီယန်ချူသည် ခေါင်းမော့ကာ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သူ၏ အဆင့်ဖြင့်ဆိုလျှင် အလွန်ဝေးကွာသော နေရာအထိ အာရုံခံနိုင်သည်။ မကြာခင်မှာပင် ပစ်မှတ်ကို ရှာတွေ့သွားသည်။ ၎င်းမှာ အလွန်လှပသော ဝတ်စုံစိမ်းနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ လက်ထဲတွင် သုံးပေခန့်ရှိသော ပါးလွှာသည့် ဓားရှည်တစ်လက် ရှိသည်။

ရှပ် ရှပ် ရှပ်

သူမက ဓားချက်များကို ပစ်လွှတ်လိုက်ရာ အနီးအနားရှိ ဖုတ်ကောင် များ တစ်ကိုယ်လုံး ပြတ်တောက်ကာ လဲကျသွားသည်။ သူမ၏ ရှေ့တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ဖုတ်ကောင်ကြီးတစ်ကောင် ရှိနေသည်။ ၎င်းမှာ အလွန်ရှည်လျားသော လက်မောင်းများနှင့် ချွန်ထက်သော အစွယ်များ ရှိပြီး၊ တိုက်ခိုက်လေတိုင်း ထိုမိန်းကလေး၏ ဓားချက်ကြောင့် ဒဏ်ရာများ ရနေသည်။

၎င်းမှာ တတိယအဆင့်ရှိသော ဖုတ်ကောင်ဖြစ်ပြီး သာမန်ဖုတ်ကောင်များကဲ့သို့ မဟုတ်ဘဲ ဉာဏ်နီဉာဏ်နက်ရှိကာ အလွန်လျင်မြန်သည်။ ၎င်းသည် မကောင်းသော အငွေ့အသက် များကို သံကြိုးများအဖြစ် ပြောင်းလဲကာ မိန်းကလေးကို တိုက်ခိုက်နေသည်။ သို့သော် ထိုမိန်းကလေးမှာ အလွန်ထူးချွန်လှရာ ထိုဖုတ်ကောင်ကြီးမှာပင် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။

လီယန်ချူက မျက်မှောင်ကြုတ်ကာ

"ဝေမြို့နားမှာ ဒီလို တတိယအဆင့် ဖုတ်ကောင်ကြီး ဘယ်ကနေ ထွက်လာတာလဲ"

ဟု တွေးမိသည်။

ဝေမြို့တဝိုက်က မိစ္ဆာတွေကို သူ ရှင်းလင်းထားတာ ကြာပြီ ဖြစ်သော်လည်း ဤကဲ့သို့ အစွမ်းထက်သည့် ဖုတ်ကောင်ကြီး ပုန်းအောင်းနေလိမ့်မည်ဟု မထင်ထားပေ။ လီယန်ချူက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"ဒါကတော့ ကိုယ့်ဖာသာကိုယ် အသေခံဖို့ လာတာပဲ"

ဝေမြို့တောင်တန်းထဲတွင်

ဝတ်စုံစိမ်းနှင့် မိန်းကလေးမှာ ဓားကို ဝှေ့ယမ်းကာ ဖုတ်ကောင်ကြီးအား ဒဏ်ရာများစွာ ရစေခဲ့သည်။

ဝုန်း

ရုတ်တရက် ကောင်းကင်ယံတွင် မိုးတိမ်များ ဖုံးလွှမ်းလာပြီး လေထုမှာ လေးလံသွားသည်။ မိုးကြိုးလျှပ်စီးများမှာ နဂါးများသဖွယ် တိမ်တိုက်ထဲတွင် ဝေ့ဝဲနေသည်။

ဂျိန်း

မိုးကြိုးတစ်ချက် ပစ်ချလိုက်ရာ ထိုတတိယအဆင့် ဖုတ်ကောင်ကြီးပေါ်သို့ တည့်တည့်ကျသွားသည်။ ကောင်းကင်ဘေးဒဏ်ပင် ဖြစ်သည်။ ထို့နောက် မိုးကြိုးများစွာ ဆက်တိုက် ကျလာပြန်ရာ ကျန်ရှိနေသော ဖုတ်ကောင်များအားလုံး အမှုန့်ဖြစ်သွားရသည်။

အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ဖုတ်ကောင်များသာမက မကောင်းသော အငွေ့အသက်များပင် လုံးဝ ရှင်းလင်းသွားခဲ့ပြီ။ ဝတ်စုံစိမ်းနှင့် မိန်းကလေးမှာ ကြောင်အသွားပြီး ကောင်းကင်ကို မော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မိုးကြိုးငါးပါး တရားတော် လား"

ဟု သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဉ် သူမသည် တစ်စုံတစ်ခုကို အာရုံရသဖြင့် တောအုပ်ထဲသို့ လှည့်ကြည့်လိုက်ရာ၊ ခါးတွင် ရှေးဟောင်းဓားတစ်လက် ချိတ်ထားသော ခန့်ညားသည့် တာအိုဆရာလေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။

"မိန်းကလေး... ငါက တမင်နှောင့်ယှက်တာ မဟုတ်ပါဘူး၊ ဒီနားမှာ ကျင့်ကြံနေရင်းနဲ့ ဖုတ်ကောင်တွေက ဘေးပြုနေတာကို တွေ့လို့ မနေနိုင်လို့ ကူညီလိုက်တာပါ"

ဟု လီယန်ချူက ပြုံးရွှင်စွာ ပြောသည်။

အမှန်စင်စစ် ဤမိန်းကလေးမှာ ဖုတ်ကောင်၏ ဖိနှိပ်ခြင်းကို ခံနေရသည် မဟုတ်ပေ။ လီယန်ချူကတော့ မိစ္ဆာနှိမ်နင်းချင်၍သာ ဖြစ်ပြီး သူတစ်ပါး၏ လုပ်ကွက်ကို လုယူခြင်း မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေသည်။

မိန်းကလေးက တစ်ခုခုပြောရန် ပြင်စဉ်၊ အနီးအနားရှိ ဂူတစ်ခုထဲမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

ဟိန်း

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွင့်စင်လာပြီး သစ်ပင်ပန်းမာန်များမှာ ချက်ချင်း ညှိုးနွမ်းသွားရသည်။ ထို့နောက် ဆံပင်ဖားလျားနှင့် ရူးသွပ်နေသော လူရမ်းကားတစ်ဦးမှာ ဂူထဲမှ ပျံထွက်လာပြီး ထိုမိန်းကလေးအား အတင်းဝင်တိုက်တော့သည်။

မိန်းကလေးမှာ ထိတ်လန့်သွားသည်။ တတိယအဆင့် ဖုတ်ကောင်ကို သူမ မကြောက်သော်လည်း၊ ဤလူရမ်းကား၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှပြီး ရှေးဟောင်းခေတ်မှ လာသည့်အလား အလွန်ကြောက်စရာ ကောင်းလှသည်။ သူမ မခုခံနိုင်လောက်ပေ။

"မဖြစ်ဘူး... ငါ့ဂိုဏ်း ပျက်စီးရတဲ့ နောက်ကွယ်က လက်မည်းကြီးကို မရှာရသေးခင် ဒီမှာ သေလို့မဖြစ်ဘူး "

သူမ စိတ်ပူသွားစဉ်မှာပင်၊ လီယန်ချူက လှုပ်ရှားလိုက်သည်။ သူသည် ထိုလူရမ်းကား၏ ကိုယ်ပေါ်သို့ လက်ဝါးတစ်ချက် ရိုက်လိုက်ရာ၊ ထိုသူမှာ နှာခေါင်းနှင့် မျက်လုံးများမှ သွေးများထွက်ကာ လွင့်ထွက်သွားပြီး တွင်းထဲတွင် အပြင်းအထန် တုန်ခါနေတော့သည်။ အသက်ရှင်ဖို့ လမ်းမရှိတော့ပုံရသည်။

မိန်းကလေး : "...................."

လီယန်ချူက

"မိန်းကလေး... ဒီတစ်ခါလည်း ငါတမင် လုပ်တာ မဟုတ်ပါဘူးနော်" ဟု ဆိုသည်။

ထိုမိန်းကလေးသည် မကောင်းဆိုးဝါးနှိမ်နင်းရေး ခေါင်းလောင်း ကို ထုတ်ယူကာ ဓားချက်များဖြင့် တီးခတ်လိုက်သည်။

ဒေါင် ဒေါင် ဒေါင်

ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ထိုလူရမ်းကားကို တားမြစ်ချက်များဖြင့် ချုပ်နှောင်လိုက်သည်။ ဤခေါင်းလောင်းမှာ အလွန်အစွမ်းထက်သော ရတနာဖြစ်ပြီး သူမ၏ ချုပ်နှောင်မှု ပညာမှာလည်း အလွန်ပင် နက်နဲလှသည်။

သူမသည် လီယန်ချူဘက်သို့ လှည့်ကာ

"ကျွန်မကတော့ ရော်ဖူတောင် ရဲ့ ဂိုဏ်းချုပ် စစ်ချန်းဝမ်ပါ၊ ဆရာလေးရဲ့ အမည်ကို သိပါရစေ"

ရော်ဖူတောင် ဂိုဏ်းချုပ်... လီယန်ချူက

"ငါကတော့ လီယန်ချူပါ" ဟု ပြန်ဖြေလိုက်သည်။

ဤမိန်းကလေးမှာ ငယ်ငယ်လေးနှင့် ဂိုဏ်းချုပ် ဖြစ်နေသည်ကို သူ အံ့သြမိသည်။ ရော်ဖူတောင် ဟူသော အမည်ကိုလည်း သူ မကြားဖူးပေ။

သူသည် မြေပြင်ပေါ်မှ လူရမ်းကားကို ကြည့်လိုက်သည်။ စစ်ချန်းဝမ်၏ ခေါင်းလောင်းအောက်တွင် ထိုသူမှာ အလွန်အားနည်းစွာ ရုန်းကန်နေရသည်။ လီယန်ချူသည် သူ၏ ဝိညာဥ်မျက်စိ ကို အသက်သွင်းကာ ကြည့်လိုက်သောအခါ ထိုသူ၏ ဦးခေါင်းနှင့် ကိုယ်တွင်းတွင် မသိအပ်သော စွမ်းအားတစ်ခု လွှမ်းမိုးထားသည်ကို တွေ့လိုက်ရသည်။

လီယန်ချူ၏ နားထဲတွင် တိုးတိုးလေး ပြောဆိုသံများ၊ မိစ္ဆာသံများနှင့် လူပေါင်းသောင်းချီ၍ တရားရွတ်နေသည့် အသံများ ကြားလာရသည်။ သို့သော် သူ၏ စိတ်ကြည်လင် ကျောက်စိမ်း ကြောင့် ထိုအသံများ ချက်ချင်း ပျောက်ကွယ်သွားသည်။

"ထူးဆန်းတာပဲ... ဒီအသံတွေက ဟိုတားမြစ်နယ်မြေထဲမှာ ကြားခဲ့ရတဲ့ အသံတွေနဲ့ ဆင်နေသလိုပဲ"

ဟု လီယန်ချူ တွေးလိုက်မိသည်။

ဝတ်စုံစိမ်းနှင့် စစ်ချန်းဝမ်သည်လည်း ထိုလူရမ်းကားကို စိုက်ကြည့်နေသည်။ ထိုသူ၏ မျက်နှာကို သေချာမြင်လိုက်ရသောအခါ စစ်ချန်းဝမ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

"ဦးလေးလေး "

All Chapters