← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) - မင်း ငါ့နဲ့ တိုက်ရဲသလား။

“ထန်စန်း... ငါက အစ်ကိုချန်ယွီရဲ့ ရည်းစားပဲ။ နင်နဲ့ ငါနဲ့က ဘာပတ်သက်မှုမှ မရှိဘူး။”

ပန်းရောင်ဝတ်စုံနှင့် ထိုမိန်းကလေးမှာ အခြားသူမဟုတ် ထန်စန်း၏ ရည်းစားဖြစ်သူ ရှောင်ဝူပင် ဖြစ်သည်။

သူမ၏ ပြတ်သားလှသော စကားများမှာ ထန်စန်းအတွက်တော့ အပြင်းထန်ဆုံး ရိုက်ချက်တစ်ခု ဖြစ်သွားရလေပြီ။

အမျိုးသားဟော်မုန်း အနံ့အသက်များမှာ ရှောင်ဝူကို ချက်ချင်းပင် လွှမ်းခြုံသွားစေသည်။ သူမသည် ရှောင်ချန်ယွီကို ကြည့်နေပြီး သူမ၏ မျက်နှာမှာ သိသိသာသာ နီမြန်းလာလေသည်။

ဤကဲ့သို့ရှက်သွေးဖြာနေသော သတို့သမီးလောင်းလေးကဲ့သို့ ပုံစံမှာ ရှောင်ချန်ယွီ၏ ရည်းစားဖြစ်ကြောင်း အတည်ပြုပေးနေသကဲ့သို့ပင်။

ထန်စန်းမှာ ဒေါသထွက်လွန်းသလို စိတ်ပျက်အားငယ်နေမိသည်။ သို့သော် သူ ဘာမှမတတ်နိုင် ရှောင်ဝူ တစ်စုံတစ်ယောက်၏ ပူးကပ်ခြင်းကို ခံထားရသလားဟုပင် သူသံသယဝင်မိသည်။

မဟုတ်လျှင်ဤမျှရက်စက်သော စကားများကို မည်သို့ ပြောနိုင်ပါမည်နည်း။ သို့သော် ရှောင်ဝူ၏ မျက်လုံးများမှာ အလွန်ပင် ကြည်လင်နေပြီး ရှောင်ချန်ယွီကို ကြည့်နေသည့် အကြည့်များမှာလည်း နက်ရှိုင်းသော အချစ်များဖြင့် ပြည့်နှက်နေတော့သည်။

ထန်စန်းကိုမူ သူမ လုံးဝ လျစ်လျူရှုထားလေသည်။

‘သောက်ပေါ ငါက သောက်ပေါကြီး ဖြစ်နေတာပဲ။’

ဤအတွေးတစ်ခုသာထန်စန်း၏ စိတ်ထဲတွင် ရှိနေတော့သည်။ ဤအချိန်တွင် သူ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားရလေသည်။

အစွမ်းထက်သူတစ်ဦးဖြစ်လာမည့် သူ၏ လမ်းစမှာ အစကတည်းက အညှောင့်ကဆွဲနှုတ် ခံလိုက်ရလေပြီ။

“ဂုဏ်ယူပါတယ် အိမ်ရှင် ဇာတ်လိုက် ထန်စန်းကို အပြင်းအထန် စိတ်ဓာတ်ကျအောင် လုပ်နိုင်ခဲ့ပါသည်။”

“ဂုဏ်ယူပါတယ် အိမ်ရှင်【ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်】 ပါရမီကို ရရှိသွားပါပြီ။”

ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်: ခေတ်အဆက်ဆက်တွင် ပြိုင်ဘက်မရှိ၊ကောင်းကင်အောက်တွင် အတုမရှိ၊ အနိုင်မခံ အရှုံးမပေးသော ခန္ဓာကိုယ်။

စနစ်၏ မိတ်ဆက်မှုမှာ အလွန်တိုတောင်းလှသည်။ သို့သော် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ဟူသော စကားလုံးကို မြင်လိုက်ရုံနှင့် ရှောင်ချန်ယွီ၏ စိတ်ဓာတ်မှာ တက်ကြွလာတော့သည်။

၎င်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်လျှင် အထွတ်အထိပ် တစ်ဦးနှင့်ပင် ယှဉ်နိုင်သည့် ဒဏ္ဍာရီလာ ခန္ဓာကိုယ် မဟုတ်ပါလား။

မည်သို့သော ခန္ဓာကိုယ်မျိုး ဖြစ်ပါစေ။ သူ၏ လက်ရှိ အခြေအနေထက်တော့ ပိုဆိုးမည် မဟုတ်သည်မှာ သေချာသည်။

စနစ်၏ အချက်ပေးသံများမှာ ရှောင်ချန်ယွီ၏ စိတ်ထဲတွင် အတန်ကြာ မြည်နေပြီးမှ ပျောက်ကွယ်သွားသည်။

နွေးထွေးသောဝိညာဉ်စွမ်းအား စီးကြောင်းတစ်ခုမှာ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားတော့သည်။

နောက်တစ်စက္ကန့်တွင်အားကောင်းလှသော အရှိန်အဝါတစ်ခု တက်လာပြီး ရှောင်ချန်ယွီ၏ ဝိညာဉ်စွမ်းအား အဆင့်မှာ အံ့ဩစရာကောင်းလောက်အောင် အဆင့် ၁၉ သို့ ထိုးတက်သွားလေသည်။

“စနစ်ရှိနေတော့လည်း ဒီကမ္ဘာကြီးက ငါ့လက်ခုပ်ထဲမှာပါပဲ။ ဒီလိုမျိုး Level တက်တဲ့ အရှိန်ကတော့ ရူးချင်စရာပဲ။”

ရှောင်ချန်ယွီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်၏ တကယ့် အံ့ဖွယ်အသုံးဝင်ပုံမှာ သာမန် ဝိညာဉ်စွမ်းအား အဆင့်နှင့် ယှဉ်၍မရနိုင်ပေ။

ဝိညာဉ်ကုန်းမြေ၏ ကျင့်ကြံမှုစနစ်မှာ အုတ်ခဲတစ်လုံးဆိုလျှင် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်မှာ မိုးမျှော်တိုက်ကြီး တစ်ခုကဲ့သို့ပင်။

ထန်စန်း နတ်ဘုရား ဖြစ်လာချိန်တွင် သူကိုင်ဆောင်သည့် နတ်ဘုရားသုံးခွလှံမှာ ဂျင်ပေါင်း ၁၀၈,၀၀၀ သာ ရှိပြီး ၎င်းမှာ ၅၄ တန်ခန့်သာ ရှိသည်။

လူတိုင်းသိကြသည့်အတိုင်း ကုန်တင်ကားကြီး တစ်စီး၏ သယ်ဆောင်နိုင်စွမ်းမှာပင် ထိုအဆင့်ရှိသည်။

သို့ဆိုလျှင်ကုန်တင်ကားတစ်စီးက တိုက်လိုက်လျှင် ပင်လယ်နတ်ဘုရား သေသွားနိုင်သည်ဟု ဆိုလိုခြင်းလော။

နှိုင်းယှဉ်ကြည့်လျှင် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် ထန်စန်းကို အမှုန့်ခြေပစ်နိုင်ပေသည်။

အနာဂတ်တွင် ထန်စန်း၏ ဝိညာဉ်ကွင်းများ မည်မျှပင် ပြည့်စုံနေပါစေ နတ်ဘုရားတစ်ပါးကို ရှာပြီး ဝိညာဉ်ကွင်းအားလုံးကို အနှစ်တစ်သိန်းကွင်းများဖြင့် လဲလှယ်လိုက်ပါစေဦး ဤခန္ဓာကိုယ်ရှေ့တွင်မူ သူသည် အမှိုက်ကဲ့သို့သာ ဖြစ်နေပါလိမ့်မည်။

ဝိညာဉ်ကွင်းစနစ်ကို ကျင့်ကြံရန်မှာ ဝိညာဉ်သားရဲများကို ပင်ပင်ပန်းပန်း လိုက်လံရှာဖွေ သတ်ဖြတ်ရမည် ဖြစ်သည်။

သို့သော်ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းက ထန်စန်းကို ခြေဖျားမှ ခေါင်းအထိ အပြတ်အသတ် နှိမ်နင်းနိုင်စေမည်ဖြစ်၏။

ရှောင်ချန်ယွီ အခုတော့ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်၏။ သူသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အသုံးပြုပြီး အစွမ်းကုန် အစွမ်းထက်လာအောင် လုပ်ကာ ဝိညာဉ်ကုန်းမြေကို ပြောင်းလဲပစ်မည်။

ဝိညာဉ်ကုန်းမြေကြီး၏ အနာဂတ်မှာ ရှေ့က ပင်လယ်နတ်ဘုရားဘုရင် ထန်စန်း ကြောင့် ဖရိုဖရဲ ဖြစ်ရပေလိမ့်မည်။

ဤငနဲကကံကြမ္မာအရှိန်အဝါ ကြီးမားလှသဖြင့် ရှောင်ချန်ယွီအနေနှင့် တစ်ချက်တည်းနှင့် သတ်ပစ်ရန် မလွယ်ကူပေ။

‘ဒါပေမယ့် ဘာဖြစ်လဲ။ ငါ ရှောင်ချန်ယွီ ရဲ့အနိုင်မခံ အစွမ်းနဲ့ဆိုရင်အရာအားလုံးကို ပြောင်းလဲပစ်နိုင်တယ်။’

ထန်စန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ရွှေရောင် ကံကြမ္မာအလင်းလုံးမှာ ယခုအချိန်တွင် အနည်းငယ် မှေးမှိန်သွားသည်။

ဤကောင်းကင်ဘုံ၏ ရွေးချယ်ခံဆိုသူမှာ တကယ်ပဲ ဤမျှ အားနည်းနေပါသလား။

ရှောင်ချန်ယွီက အေးအေးဆေးဆေး ပြောလိုက်သည်။

“သခင်လေး ထန်စန်း ပြဿနာတစ်ခုခု တက်လာရင် ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ဆန်းစစ်ပါ။ မင်းက ရုပ်ဆိုးလို့ ဘယ်မိန်းကလေးမှ မကြိုက်တာကို ငါ့ကို လာပြီး အပြစ်မတင်သင့်ဘူးလေ။”

ဤကဲ့သို့ ရန်စချင်စရာကောင်းသော မျက်နှာပေးနှင့် လေသံကြောင့် ထန်စန်းမှာ သွေးအန်မတတ် ဖြစ်သွားရသည်။

လူတိုင်းသိသည့်အတိုင်းဇာတ်လိုက်များမှာ အပြင်ပန်းတွင် သန့်သန့်ပြန့်ပြန့် ရှိတတ်ကြသည်။

ထိုသန့်သန့်ပြန့်ပြန့် ဆိုသည်မှာ ချောမောခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ဗီလိန်ဖြစ်သူ ရှောင်ချန်ယွီမှာမူ ကျောက်စိမ်းသားကဲ့သို့ တည်ကြည်ခန့်ညားပြီး အလွန်ပင် ချောမောသူဖြစ်လေသည်။

မူလက ဤကဲ့သို့ သတ်မှတ်ထားခြင်းမှာ ဇာတ်လိုက်က ဗီလိန်ကို နှိမ်လိုက်သည့်အခါ ပို၍ ကျေနပ်စရာကောင်းစေရန် ဖြစ်သော်လည်း ယခုမူ ရှောင်ချန်ယွီအတွက် ရန်သူကို လှောင်ပြောင်ရန် အရင်းအနှီး ဖြစ်သွားလေပြီ။

【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် +၁၀၀ ရရှိပါသည်။】

【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် +၁၀၀ ရရှိပါသည်။】

ကံကောင်းခြင်း ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်လှသော အရာပင်ဖြစ်သည်။

ကံကောင်းသူများသည် လုပ်သမျှ အောင်မြင်တတ်ကြသည်။ ထန်စန်းကို ကြည့်ပါ။ သူသည် သေရေးရှင်ရေး အခြေအနေများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး နတ်ဘုရားဖြစ်သွားသော ပိပိိတုံနှင့် ချန်းရန်ရွှယ်တို့၏ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရသည်။

သို့သော်သူ၏ ကံကောင်းမှူကြောင့် ထန်စန်းသည် သွေးအပြည့်ဖြင့် ပြန်လည်ရှင်သန်လာနိုင်ခဲ့သည်။

သူ၏ ကံကောင်းခြင်းမှာ စာဖတ်သူများပင် လက်မခံနိုင်လောက်အောင် သိသာလွန်းသော်လည်း ဇာတ်လမ်းအရတော့ ဖြစ်သင့်ဖြစ်ထိုက်သလိုမျိုး ဖန်တီးထားခဲ့သည်။

ဒါဟာ ကံကောင်းခြင်းရဲ့ အစွမ်းပဲ။ ရှောင်ဝူသည်လည်း ထန်စန်း၏ ကံကြမ္မာတွင် အလွန်အရေးကြီးသော ကွင်းဆက်တစ်ခု ဖြစ်နေသည်မှာ ထင်ရှားသည်။

ရှောင်ဝူမရှိတော့ဘဲ ထန်စန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ကံကြမ္မာအလင်းတန်းမှာ သိသိသာသာ အားနည်းသွားလေပြီ။

ထန်စန်းသည် ယခုအခါ အလွန် အရှက်ရနေလေသည်။ ရှောင်ချန်ယွီက ရှောင်ဝူကို နှောင့်ယှက်ခဲ့သည်ဟု ထင်ပြီး သူက ရန်လာစခြင်း ဖြစ်သည်။

သို့သော်ယခုအခါ ရှောင်ဝူသည် ရှောင်ချန်ယွီ၏ ရည်းစားဖြစ်နေသည်ဟု ဆိုရာ ထိုနှောင့်ယှက်မှု ဆိုသည်မှာ ချစ်သူနှစ်ဦးကြားမှ အချစ်စမ်းမှုလေးတစ်ခုအဖြစ်သာ နားလည်နိုင်တော့သည်။

ထိုကြားထဲမှဝင်ပါသည့် ထန်စန်းမှာ သောက်ပေါတစ်ယောက်နှင့်သာ တူနေတော့သည်။

ခန်းမထဲရှိ အခြား ကျောင်းသားများကလည်း စတင် ဝေဖန်လာကြသည်။

“သခင်လေး ရှောင်ချန်ယွီ ပြောတာ မှန်တယ်။မိန်းကလေးတစ်ယောက်ကို ရဖို့က ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တာအတင်းအကျပ် လုပ်လို့မရဘူး။ ဒီထန်စန်းကတော့ မိန်းကလေးကို မရလို့ ခန်းမထဲမှာ လာပြီး ရန်ရှာနေတာပဲ။ တကယ် အရှက်ကိုမရှိဘူး။”

“ရှောင်ဝူနဲ့ ရှောင်ချန်ယွီက လိုက်ဖက်တဲ့ စုံတွဲပဲ။ မင်းလို ဆင်းရဲတဲ့ကောင်က ဘာလို့ ကန့်ကွက်နေတာလဲ။”

“ရည်းစားလုတယ် ဟုတ်လား။ မမရှောင်ဝူက အမှောင်ထဲကနေ အလင်းထဲကို ကူးပြောင်းလာတာပဲ ဖြစ်မှာပါ။”

“ဒီထန်စန်းက တကယ် တုံးအတာပဲ။ ရုပ်ဆိုးတာ ထားပါဦး လူကြားထဲ လာပြီး အရှက်ခွဲတာကတော့ တကယ်ကို မှားတယ်။”

နော့တင်းအကယ်ဒမီမှ ကျောင်းသားများသည် ယနေ့တွင် ကြီးကျယ်သော ဒရာမာတစ်ခုကို ကြည့်လိုက်ရသည်။

မူလကရှောင်ချန်ယွီမှာ ထန်စန်းလက်ချက်ဖြင့် ဒုက္ခရောက်တော့မည်ဟု ထင်ခဲ့သော်လည်း ရှောင်ဝူ၏ စကားတစ်ခွန်းက ထန်စန်း၏ အခြေအနေကို အလွန် အကျပ်ရိုက်သွားစေခဲ့သည်။

ရှောင်ဝူနှင့်ရှောင်ချန်ယွီတို့က ချစ်သူများဖြစ်နေကြသဖြင့် ထန်စန်းမှာ အကြောင်းပြချက်မရှိဘဲ ရန်ရှာနေသူ ဖြစ်သွားရတော့သည်။

မိန်းကလေးကို မရသဖြင့် အရှက်ရကာ ဒေါသထွက်ပြီး ရမ်းကားနေသူနှင့်ပင်တူနေသေးသည်။

“ရှောင်ချန်ယွီ ငါနဲ့မင်းနဲ့က လုံးဝမပြေလည်နိုင်တော့ဘူး။ ငါ မင်းကို တစ်ခုပဲ မေးမယ်။မင်း ငါနဲ့ တိုက်ရဲသလား။”

ထန်စန်း၏ မျက်နှာမှာ မီးခိုးရောင် သန်းနေပြီး သူ၏ မျက်လုံးထဲမှ ဒေါသမီးများမှာ ရှောင်ချန်ယွီကို ဝါးမြိုပစ်တော့မည့်အလားပင်။

မိမိ၏ ရည်းစားက လူပုံအလယ်တွင် အခြားယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲသို့ ပစ်ဝင်နေသည်ကို အချစ်အပေါ် အစွဲအလမ်းကြီးသော ထန်စန်းအဖို့ မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

ထန်စန်း အလွန်စိတ်ပျက်နေသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့ ရန်စခံရလျှင် ဤလူလေလူလွင့်မှာ ဒေါသတကြီးဖြင့် သူ့ဆီ ပြေးလာရမည် မဟုတ်ပါလား။

ဒီကောင်ကဘယ်လိုလုပ်ပြီး စိတ်ကိုသတ်တဲ့နည်း ကို သိနေတာလဲ။

ဇာတ်လိုက်တစ်ယောက်အနေဖြင့်ထန်စန်းသည် အမြဲတမ်း မြင့်မြတ်သူအဖြစ် နေချင်သည်။ သူသည် ဗီလိန်၏ မျက်နှာကို ဖြတ်ရိုက်ချင်ရုံသာမက ကိုယ်ကျင့်တရားအရလည်း အသာစီး ရချင်သူဖြစ်သည်။

သို့သော်ယခုမူ ရှောင်ချန်ယွီ၏ အသုံးချခြင်းကို ခံလိုက်ရပြီး သူကိုယ်တိုင် အကျပ်ရိုက်သွားရလေပြီ။

သို့သော် ယခုအခါ မြားက လေးကြိုးပေါ် ရောက်နေပြီဖြစ်ရာ ပစ်ရန်သာ ရှိတော့သည်။ ထန်စန်း အားကိုးနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ လက်ရှိ ကျင့်ကြံမှုသာ ဖြစ်သည်။

အဆင့်၁၅ ဝိညာဉ်သခင် တစ်ယောက်အနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရှောင်ချန်ယွီထက် သာလွန်ပေသည်။

၎င်းအပြင် ဝိညာဉ်ကုန်းမြေတွင် မရှိသေးသည့် ထန်ဂိုဏ်း၏ လျှို့ဝှက်လက်နက်များကိုလည်း သူ တတ်မြောက်ထားသည်။ ရှေ့က ရှောင်ချန်ယွီမှာမူ အဆင့် ၁၁ သာရှိသော အသုံးမကျသူ တစ်ယောက်သာ မဟုတ်ပါလား။

စကားနှင့် ပြောလို့မရလျှင် တိုက်ခိုက်မှုဖြင့်သာ အဖြေရှာရပေတော့မည်။ ရှောင်ချန်ယွီကို အနိုင်ယူနိုင်မှသာ ယခုရရှိထားသော အရှက်ကွဲမှုကို ဆေးကြောနိုင်မည် ဖြစ်သည်။

အေးစက်စွာ လှောင်ပြုံးပြုံးရင်း ထန်စန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရှောင်ချန်ယွီ မင်းက နောက်ခံကို အားကိုးပြီး ဖြစ်သလိုနေတတ်တဲ့ အမှိုက်တစ်စပဲ။ သတ္တိရှိရင် အခုငါနဲ့ လာ တိုက်စမ်း။”

All Chapters