ရှောင်ချန်ယွီဟာ ဝိညာဉ်ကုန်းမြေကမ္ဘာထဲကို ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ သူဟာချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ ဗီလိန်တစ်ယောက်အနေနဲ့ စတင်ခဲ့ရပြီး ဇာတ်လိုက်ရဲ့ ရန်ငြိုးထားမှုကို ခံရရုံသာမက ထန်စန်းရဲ့ ခြေနင်းတုံး သက်သက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ကံကောင်းထောက်မစွာဖြင့် ရှောင်ချန်ယွီဟာ ဇာတ်လမ်း၏ အသွားအလာကို ကောင်းကောင်းသိရှိထားပြီး ဗီလိန်တန်ပြန်တိုက်စစ်စနစ်ကို ရရှိသွားပါတယ်။ အဲဒီနောက်မှာတော့သူဟာ ဇာတ်လိုက်ရမယ့် အခွင့်အရေးတွေ ကံကောင်းမှုတွေနဲ့ မိန်းကလေးတွေကို အသည်းအသန် လုယူရင်း နတ်ဘုရားတစ်ပါးဖြစ်ရန်ခရီးစဉ်ကို စတင်ခဲ့ပါတော့တယ်။ ရှောင်ဝူ :"ထန်စန်း... ငါ့ဆီ နောက်ထပ်လာမရှာနဲ့တော့။အစ်ကိုချန်ယွီ နားလည်မှုလွဲသွားမှာ ငါစိုးရိမ်တယ်။" ချန်းရန်ရွှယ် : "ထန်စန်းလား... ခွေးတောင် သူ့ကိုနမည် ကို မဟောင်ချင်ဘူး။ အစ်ကိုချန်ယွီကမှ တကယ့် အစွမ်းထက်ဆုံးသူပဲ။" ရှောင်ချန်ယွီ: "ကံကြမ္မာက ရွေးချယ်ထားတဲ့သူ ဟုတ်လား။ အဲဒီလိုလူမျိုးကိုမှ ငါက ပိုပြီး ဖြတ်ရိုက်ပြမယ်။"

