← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂ - မင်းရဲ့ မူလသဘောထားကို ပြန်ပြပါ။

"ဖီးနစ် နတ်စွမ်းအား။"

မာဟုန်ကျွင်း၏ ရှေ့ရှိ လေဟာနယ်အထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ ပေါ်လာပြီး လျှပ်စီးများ ဖြာကျလာသည်။

ထိုအမည်းရောင် လျှပ်စီးတန်းများထံမှ ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများ ပျံ့လွင့်နေသည်။

၎င်းမှာ ဝိညာဉ်စွမ်းရည် အကြီးစားဖြစ်ပြီး အလွန်ပြင်းထန်သော တိုက်ခိုက်မှုမျိုး ဖြစ်သည်။

၎င်းမှာ မာဟုန်ကျွင်း၏ ပဉ္စမ ဝိညာဉ်စွမ်းရည် ဖီးနစ် ကြယ်ကြွေမိုးပင်ဖြစ်၏။

ထိုဧရာမ ဖီးနစ်ငှက်ကြီး ပေါ်လာသည်နှင့်အတူ မာဟုန်ကျွင်း၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ချက်ချင်းဆိုသလိုပင် ရှောင်ချန်ယွီ၏ ခေါင်းပေါ်တည့်တည့်၌ သူ ပြန်လည်ပေါ်လာပြီး သူ၏ နောက်ကျောတွင် အရှည်ပေတစ်ရာရှိသော ဖီးနစ်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

"ပဉ္စမ ဝိညာဉ်စွမ်းရည် ဖီးနစ် ကြယ်ကြွေမိုး။"

သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ထိုဧရာမ ဖီးနစ်အရိပ်ကြီးသည် ကြောက်မက်ဖွယ် လေချွန်သံနှင့်အတူ ရှောင်ချန်ယွီ၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ထိုးဆင်းလာသည်။

မိမိဆီသို့ ထိုးဆင်းလာသော ဧရာမ ဖီးနစ်အရိပ်ကြီးကို မြင်သောအခါ ရှောင်ချန်ယွီသည် တွန့်ဆုတ်မနေတော့ဘဲ ရှေးဟောင်းမြင့်မြတ် ခန္ဓာကို ချက်ချင်းအသက်သွင်းလိုက်ရာ သူ့ပုံရိပ်မှာ တစ်ခဏချင်း ပျောက်ကွယ်သွားသည်။

နောက်တစ်ခဏတွင် သူသည် ဒါဇင်ပေါင်းများစွာသော မီတာအကွာသို့ ရောက်ရှိသွားသည်။

"ဝူးးး"

မာဟုန်ကျွင်း၏ တိုက်ခိုက်မှုသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားရာ မြေပြင်မှာ အပိုင်းပိုင်းကွဲကြေသွားပြီး ကြီးမားသော အက်ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တိုက်ခိုက်မှု၏ ကျန်ရှိနေသော စွမ်းအားများသည် အဝေးသို့ လှိုင်းထပ်သကဲ့သို့ ပျံ့နှံ့သွားသည်။

"ဖီးနစ် ကြယ်ကြွေမိုးကို အဲဒီလောက် လွယ်လွယ် ရှောင်လို့ မရဘူ။"

ရှောင်ချန်ယွီ ရှောင်တိမ်းသွားသည်ကို မြင်သောအခါ မာဟုန်ကျွင်းသည် ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘုန်းးး"

ရုတ်တရက် ကမ္ဘာမြေကို တုန်လှုပ်စေမည့် အရှိန်အဟုန်ဖြင့် ပြင်းထန်သော မီးတောက်များစွာသည် ရှောင်ချန်ယွီဆီသို့ တိုးဝင်သွားသည်။

"'တိုက်ခိုက်ခြင်း လျှို့ဝှက်ချက် - ကြာနီမီးတောက်။"

တည့်တည့်လာနေသော ကြောက်မက်ဖွယ် မီးတောက်များကို ကြည့်ကာ ရှောင်ချန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ အနည်းငယ် အော်လိုက်သည်နှင့် သူ့ပတ်လည်တွင် မျက်စိကျိန်းလောက်သော အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး အလွန်လျင်မြန်စွာဖြင့် စိမ်းလန်းတောက်ပြောင်နေသော မီးလုံးကြီးအဖြစ် ပေါင်းစပ်သွားသည်။

"ဘုန်း ဘုန်း ဘုန်း ဘုန်း"

ထိုအချိန်တွင် နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မီးတောက်လှိုင်းများမှာ မာဟုန်ကျွင်း ရှိရာသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

နောက်ဆုံးတွင် မီးတောက်နှစ်မျိုးမှာ ကောင်းကင်တွင် ပြင်းထန်စွာ တိုက်မိပြီး ပေါက်ကွဲသွားသည်။

ထိုမျှသာမက မီးတောက်များအတွင်း၌ ပြင်းထန်သော ဆွဲဖြဲနိုင်စွမ်းရှိသည့် အားတစ်ခု ပါဝင်နေသဖြင့် မာဟုန်ကျွင်း၏ ဖီးနစ်အရိပ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

"ဒီလောက် အစွမ်းထက်တဲ့ မီးစွမ်းအားတိုက်ခိုက်မှုမျိုးလား။"

ထိုအခြေအနေကို ကြည့်ရင်း မာဟုန်ကျွင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ အနည်းငယ် အံ့အားသင့်သွားခြင်း ဖြစ်သည်။

ရှောင်ချန်ယွီသည် ထိုက်လုံကို မီးဖြင့် တိုက်ခိုက်ကာ အနိုင်ယူခဲ့သည်ကို မာဟုန်ကျွင်း သိထားသည်။

သို့သော် ထိုစဉ်က ထိုက်လုံမှာ အလွန်အားနည်းသည်ဟုသာ သူ ထင်ခဲ့သည်။

တိုင်လုံ၏ ဝိညာဉ်မှာ ဂေါ်ဇီလာ ဖြစ်ရာ မီးဓာတ်နှင့် မကိုက်ညီသောကြောင့် ရှောင်ချန်ယွီလက်ချက်ဖြင့် ရှုံးနိမ့်ခြင်းမှာ မထူးဆန်းပေ။ ရှောင်ချန်ယွီ၏ မီးတောက်သည် အခွင့်အရေးကောင်းကို အသုံးပြု၍သာ အနိုင်ရခဲ့ခြင်း ဖြစ်မည်ဟု သူ ယူဆထားသည်။

မာဟုန်ကျွင်းသည် သူ၏ မကောင်းဆိုးဝါးမီးဖီးနစ်ဝိညာဉ်သည် အစွမ်းအထက်ဆုံးဖြစ်ကြောင်း အလွန်ယုံကြည်ချက်ရှိသည်။

သို့သော် ယခု ရှောင်ချန်ယွီ၏ တိုက်ခိုက်ခြင်း လျှို့ဝှက်မှ ထွက်လာသော ကြာနီမီးတောက် ကို မြင်သောအခါ မာဟုန်ကျွင်းမှာ အံ့အားသင့်သွားသည်။

'ကြာနီမီးတောက်ရဲ့ အရည်အသွေးက ငါ့ရဲ့ မီးဖီးနစ်ထက်တောင် သာလွန်နေတယ်။'

မာဟုန်ကျွင်း၏ 'မကောင်းဆိုးဝါးမီးဖီးနစ် သည် လက်ရှိအဆင့်တွင် အစွမ်းထက်သော်လည်း အရာအားလုံးကို ဖိနှိပ်နိုင်သည့် အဆင့်ထိ မရောက်သေးပေ။

မူလဇာတ်လမ်းအရ မာဟုန်ကျွင်း၏ ဝိညာဉ်တွင် အားနည်းချက်ရှိပြီး ဝိညာဉ်စွမ်းအား မြင့်မားလာလေလေ ကျင့်ကြံရန် ခက်ခဲလေလေ ဖြစ်ကာ အသက်အန္တရာယ်ပင် ရှိတတ်သည်။ ကံကောင်းထောက်မစွာ သူသည် တန်စန်းနှင့် တွေ့ဆုံခဲ့ရသည်။

တန်စန်းသည် ရေခဲနှင့်မီး ယင်ယန်ရေတွင်းမှ အဖိုးတန်ဆေးပင်များကို ရှာဖွေပေးနိုင်ခဲ့၍ မာဟုန်ကျွင်း၏ ဝိညာဉ်အပြစ်အနာအဆာများကို ဖယ်ရှားပေးကာ စစ်မှန်သော ဖီးနစ်ဖြစ်လာစေခဲ့သည်။

နောင်တွင်လည်း သတ်ဖြတ်ခြင်းမြို့တော်၌ အဆိပ်မြွေ၏ အတွင်းဓာတ်ကို ရရှိကာ ခေါင်းကိုးလုံးပါ မီးဖီးနစ်ဖြစ်လာခဲ့သည်။

သို့သော် ယခုမူ မာဟုန်ကျွင်းမှာ မည်သည့်ဆေးမြက်ကိုမျှ မစားရသေးသလို ပြောင်းလဲမှုလည်း မဖြစ်သေးပေ။

သူသည် ရှောင်ချန်ယွီ၏ ရှေးဟောင်းမြင့်မြတ် ခန္ဓာနှင့် မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

တိုက်ခိုက်ခြင်း လျှို့ဝှက်ချက်နှင့်ရော မည်သို့ ယှဉ်နိုင်မည်နည်း။

သို့သော် မာဟုန်ကျွင်းသည် ရှောင်ချန်ယွီကို ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။

"ဟွန်း မင်းရဲ့ မီးစွမ်းအားက နည်းနည်း ပိုသာနေတာပဲ ရှိတာပါ။ ဘာများ ဂုဏ်ယူစရာရှိလို့လဲ။"

သူ ပြောပြီးသည်နှင့် ရှောင်ချန်ယွီကို နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖီးနစ်အရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ စဉ်ဆက်မပြတ် ဖြာထွက်နေသည်။

"ဝိညာဉ်အဆင့်မြှင့်တင်ခြင်း - ဖီးနစ်ကောင်းကင် ကိုးခွန်း အပိုင်းအစ။"

မာဟုန်ကျွင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် စွမ်းအင်ကို ခံစားမိလိုက်ရာ ရှောင်ချန်ယွီ၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

ဤအစွမ်းမှာ မာဟုန်ကျွင်း ကျင့်ကြံထားသော ဝိညာဉ်စွမ်းရည်များကို ပေါင်းစပ်ပြီး အသုံးပြုနိုင်သည့် အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သည်။ ဤအချိန်တွင် မာဟုန်ကျွင်းသည် အစွမ်းကုန် အသုံးပြုနေခြင်းဖြစ်သည်။

ပုံရိပ်တစ်ခု လှုပ်ရှားသွားပြီးနောက် အဖြူရောင် ဝတ်ရုံနှင့်လူငယ်တစ်ဦး ကောင်းကင်တွင် ပေါ်လာသည်။ သူသည် လက်ျာလက်ကို ဆုပ်ကာ လက်ဖဝါးထဲတွင် အစိမ်းရောင် မီးတောက်ကို ဖြည်းညင်းစွာ လောင်ကျွမ်းစေသည်။ ထိုမီးတောက်၏ စွမ်းအင်လှိုင်းများမှာ တိတ်တဆိတ် ပျံ့နှံ့နေသည်။

"ဘုန်း"

မာဟုန်ကျွင်း၏ ဖီးနစ်အရိပ်သည် ရှောင်ချန်ယွီ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။

ဖီးနစ်အရိပ်သည် ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ကို ထိခိုက်တော့မည့်အချိန်တွင် ဓားအလင်းတန်းတစ်ခုက ဖြတ်တောက်သွားသည်။

တစ်စုံတစ်ခုကို ထိုးဖောက်လိုက်သည့် အသံနှင့်အတူ မာဟုန်ကျွင်း၏ ဖီးနစ်အရိပ်မှာ ရှောင်ချန်ယွီ၏ ဓားအလင်းတန်းကြောင့် တိုက်ရိုက် ထိုးဖောက်ခံလိုက်ရသည်။ ထို့နောက် ပေါက်ကွဲကာ လုံးဝ ပျက်စီးသွားတော့သည်။

သူ အားကိုးနေသော ဖီးနစ်ပင်လျှင် ရှောင်ချန်ယွီ၏ ဓားကို မခုခံနိုင်သည်ကို မြင်သောအခါ မာဟုန်ကျွင်း၏ အမူအရာ ပျက်သွားသည်။

"မင်းနိုင်တယ် ငါ လက်ခံတယ်။"

ယခုအချိန်တွင် မာဟုန်ကျွင်း၏ လေသံမှာ အလွန်ပျော့ပျောင်းသွားသည်။ မာဟုန်ကျွင်းသည် အလွန်ရိုးရှင်းသောသူ ဖြစ်သည်။

သူ၏ နည်းဗျူဟာအားလုံးကို ရှောင်ချန်ယွီက အလွယ်တကူ ချေဖျက်လိုက်နိုင်သည့်အတွက် သူ ရှုံးနိမ့်သွားသည်။ ရှောင်ချန်ယွီက သူ့ကို ကစားနေသကဲ့သို့လှောင်ပြောင်နေသကဲ့သို့ပင် သူ ခံစားရသည်။

ရှောင်ချန်ယွီမှာ ငယ်သေးသော်လည်း သူ၏ နည်းလမ်းများမှာ မည်သူမှ မမှန်းဆနိုင်အောင် နက်နဲလှသည်။ ဒီကောင်လေးက အင်အားကြီး မျိုးနွယ်စုတစ်ခုခုက လာသူဖြစ်ရမည်။

မာဟုန်ကျွင်းသည် စိတ်မြန်လက်မြန်ရှိပြီး တိုက်ခိုက်ရတာကို နှစ်သက်သော်လည်း ရှီလိုင်ခဲအဖွဲ့မှ လူများမှာ မိုက်မဲသူများ မဟုတ်ကြပေ။

ရှီလိုင်ခဲအဖွဲ့သည် လူများကို အနိုင်ကျင့်ရတာကို နှစ်သက်သော်လည်း နောက်ခံအင်အား ရှိသူများနှင့် တွေ့သည့်အခါတွင်မူ အကျိုးအပြစ်ကို ချင့်ချိန်တတ်ကြသည်။

ရှောင်ချန်ယွီက အေးစက်စက် ပြောလိုက်သည်။

"မင်းရဲ့ မူလကရှိတဲ့ ထောင်လွှားပြီး မာနကြီးတဲ့ ပုံစံကိုပဲ ငါ ပိုသဘောကျတယ်။ မင်းရဲ့ မူလသဘောထားကိုပဲ ပြန်ပြပေးပါ။"

All Chapters