အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - တိုက်ပွဲစတင်ခြင်း။
“ယွီထျန်းဟန်... မင်း ရူးနေတာလား။”
ယွီထျန်းဟန်၏ ရန်စမှုကို ရင်ဆိုင်ရင်း ရှောင်ချန်ယွီက အေးစက်စွာ ရယ်မောလိုက်ပြီး သူ့ကို အဖတ်လုပ်မည့်ဟန် မပြပေ။ မူရင်းဝတ္ထုကို ဖတ်ဖူးသူတိုင်း ယွီထျန်းဟန်၏ အနာဂတ်မှာ အလွန်မြင့်မားမည်ကို သိကြသည်။
သူသည်ထန်စန်း၏ ကျေးဇူးဖြင့် ထန်စန်း နတ်ဘုရားဖြစ်လာပြီးနောက် အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည့်သူဖြစ်ပြီး အနည်းဆုံး ထိပ်တန်းတုံ့လော အဆင့်အထိ ရောက်ရန် သေချာသူဖြစ်သည်။
ယွီထျန်းဟန်၏ ဦးလေး ယွီရှောင်ကန်းမှာ ထန်စန်း၏ ဆရာဖြစ်သောကြောင့် ယွီထျန်းဟန်သည် ထန်စန်း၏ အမာခံဘက်တော်သား ဖြစ်သည်။
တခြားသူဆိုလျှင်ထန်စန်းမျက်နှာကြောင့် ယွီထျန်းဟန်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်သော်လည်း ရှောင်ချန်ယွီမှာမူ မတူပေ။
‘ငါ ရှောင်ချန်ယွီက အစစ်အမှန် ဗီလိန်တစ်ယောက်ပဲ။ ယွီထျန်းဟန်... မင်းက အနာဂတ်မှာ ထန်စန်းရဲ့ ညာလက်ရုံးဖြစ်လာမှာဆိုတော့ ငါ့ရဲ့ ရန်သူဖြစ်ဖို့ ကံပါပြီးသားပဲ။ ရန်သူကို ငါက ဘာလို့ ယဉ်ကျေးနေရမှာလဲ။’
“ဒါကတော့ လွန်လွန်းပြီ ရှောင်ချန်ယွီ... မင်း တော်တော်ကို လွန်လာပြီ။”
ယွီထျန်းဟန်သည်ဒေါသကို မထိန်းနိုင်တော့ပေ။ သူ၏ချစ်သူ တုကူယန်းနှင့် မလျော်မကန် လုပ်ဆောင်နေပြီးမှ သူ့ကို ပြန်လည် ရန်တွေ့နေသော ရှောင်ချန်ယွီကို သူ ခွင့်မလွှတ်နိုင်တော့ပေ။
“လွန်တယ် ဟုတ်လား။ ငါ ရှောင်ချန်ယွီက ဘယ်တော့မှ လွန်လွန်ကဲကဲ မလုပ်တတ်ပါဘူး။”
ရှောင်ချန်ယွီကခပ်ပြုံးပြုံး ပင်ပြောလိုက်သည်။ သူသည် ဗီလိန်တစ်ဦးဖြစ်သဖြင့် အခြားသူ၏ ချစ်သူများကို သိမ်းပိုက်ရသည်ကို ပို၍ နှစ်သက်သူ ဖြစ်သည်။
“ဒီအပြာရောင်လျှပ်စီး နဂါးဘုရင် ဝိညာဉ်က တကယ်ပဲ အစွမ်းထက်တာလား။ ဒါမှမဟုတ် ပါးစပ်ပဲ ကောင်းနေတာလားဆိုတာ ကြည့်ရသေးတာပေါ့။”
ရှောင်ချန်ယွီကလှောင်ပြောင်လိုက်ပြီး ယွီထျန်းဟန်နှင့် တိုက်ပွဲကို စတင်လိုက်လေသည်။
“အပြာရောင်လျှပ်စီး နဂါးဘုရင်... ပူးကပ်ခြင်း။”
ယွီထျန်းဟန်သည်သူ၏ ဝိညာဉ်ကို ထုတ်ဖော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ အေးစက်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖုံးလွှမ်းသွားပြီး မျက်ဝန်းများမှာ သွေးကဲ့သို့ နီမြန်းလာသည်။
သူသည်မီးလျှံများ ပတ်လျှက်ရှိသော အပြာရောင်လျှပ်စီး နဂါးလှံကို ကိုင်စွဲကာ ရှောင်ချန်ယွီထံ တိုက်ရိုက် ပြေးဝင်လာသည်။
“လက်နက်လျှို့ဝှက်ချက်။ မိုးကြိုးနတ်ဘုရား နဂါးလှံ... ထွက်ပေါ်လာစမ်း။”
ရှောင်ချန်ယွီကအော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင် ကြီးမားသော လှံကြီးတစ်စင်း ပေါ်လာကာ ယွီထျန်းဟန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။
ရှောင်ချန်ယွီသည်ဝိညာဉ်ကို အသုံးမပြုဘဲ ရှေးဟောင်းမြင့်မြတ်ခန္ဓ ၏ ရိုးရှင်းပြီး ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ အစွမ်းကိုသာ သုံးခြင်းဖြစ်သည်။
သို့သော်သူသည် လက်နက်လျှို့ဝှက်ချက်ကို အသုံးပြု၍ ယွီထျန်းဟန်၏ ဝိညာဉ်စွမ်းအားကို တုပကာ ပိုမို အားကောင်းအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။
ရှောင်ချန်ယွီထုတ်ဖော်လိုက်သော မိုးကြိုးလှံ၏ ဖိအားမှာ မူလပိုင်ရှင် ယွီထျန်းဟန်ထက်ပင် ပိုမို ကြီးမားနေသည်။
“ဒါ ဘယ်လိုဖြစ်နိုင်တာလဲ။ သူက ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်နည်းစနစ်တွေကို ဘယ်လို သိနေတာလဲ။”
ယွီထျန်းဟန်မှာအံ့သြမှင်သက်သွားရသည်။ ဘေးမှ ကြည့်နေသော တုကူယန်းနှင့် ရဲ့လင်လင်တို့မှာလည်း ရှောင်ချန်ယွီ၏ အံ့မခန်းသော တိုက်ခိုက်မှုစတိုင်ကြောင့် မှင်သက်နေကြသည်။
ရှောင်ချန်ယွီသည်ပြိုင်ဘက်၏ အစွမ်းကို တုပရုံတင်မက မူလထက်ပင် ပိုမို သန်မာအောင် လုပ်ဆောင်နိုင်စွမ်း ရှိနေသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာရှေ့တွင် ဝိညာဉ်ကုန်းမြေ၏ နံပါတ်တစ် သားရဲဝိညာဉ်ဆိုသည်မှာ အမှိုက်ကဲ့သို့ပင် ဖြစ်သည်။
လှံနှစ်စင်းထိပ်တိုက်တွေ့ဆုံချိန်တွင် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ယွီထျန်းဟန်မှာ နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ဆုတ်ခွာသွားရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
မိမိထက်အဆင့်နိမ့်သော ရှောင်ချန်ယွီက မိမိကို နောက်ဆုတ်အောင် လုပ်နိုင်ခြင်းအပေါ် ယွီထျန်းဟန်မှာ မျက်နှာပျက်သွားသည်။
“မင်း မမျှော်လင့်ထားဘူး မဟုတ်လား။ ငါက အဆင့် ၁၉ ပဲ ရှိသေးပေမဲ့ မင်းလို အဆင့် ၃၂ ဝိညာဉ်သခင် ဆိုတာ ငါ့အတွက် ဘာမှမဟုတ်ပါဘူး။”
ရှောင်ချန်ယွီကလှောင်ပြောင်ပြောဆိုလိုက်သည်။ ရှောင်ချန်ယွီသည် အပြင်ပန်းတွင် အဆင့် ၁၉ သာ ရှိသဖြင့် ပြိုင်ဘက်များက အထင်သေးတတ်သော်လည်း အမှန်တကယ် တိုက်ခိုက်ချိန်တွင်မူ သူသည် ရှေးဦးကမ္ဘာမှ သားရဲကြီးတစ်ကောင်ကဲ့သို့ အစွမ်းထက်လှပေသည်။