Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - ယွီထျန်းဟန်၏ ငိုကြွေးသံများ။

“ဟက် မင်းက ငါ့ရဲ့ အပြာရောင်လျှပ်စီး နဂါးဘုရင် ဝိညာဉ်ကို တုပနိုင်ရုံနဲ့ ဘာဖြစ်လဲ။”

ယွီထျန်းဟန်ကရှောင်ချန်ယွီကို စိုက်ကြည့်ကာ...

“မင်းရဲ့ အစွမ်းက ဆယ်ဆလောက် တက်လာရင်တောင် ငါ မင်းကို သတ်ပစ်ဦးမှာပဲ။”

ယွီထျန်းဟန်မှာ အကြီးအကျယ် ဒေါသထွက်နေသည်။ မိမိချစ်သူနှင့် အခြေအနေမဟန်ဖြစ်နေသည့် ရှောင်ချန်ယွီကို သူ မနိုင်ခြင်းမှာ ပို၍ပင် ရှက်စရာကောင်းနေသည်။

ရှောင်ချန်ယွီကမူလှောင်ပြုံးပြုံးရင်း...

“ဆယ်ဆတက်လာမယ် ဟုတ်လား။ မင်း ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ ငါ သိချင်မိတယ်”။

ယွီထျန်းဟန်ထံသို့အရိပ်တစ်ခုအလား အလျင်အမြန် ပြေးဝင်သွားသည်။

ယွီထျန်းဟန်ကလည်း သူ၏လှံဖြင့် ပြန်လည် ထိုးနှက်လိုက်ရာ မီးလျှံလှံအလင်းတန်းမှာ ရှောင်ချန်ယွီ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။

သို့သော်ရှောင်ချန်ယွီမှာ ဘာဒဏ်ရာမှ မရရှိဘဲ ယွီထျန်းဟန်၏ ရင်ဘတ်မှာမူ ချိုင့်ဝင်သွားပြီး အဝတ်အစားများပင် မီးလောင် ပျက်စီးသွားရသည်။

“မင်း...”

ယွီထျန်းဟန်မှာအံ့သြတုန်လှုပ်သွားသည်။ သာမန်တိုက်ခိုက်မှုများမှာ ရှောင်ချန်ယွီကို မထိခိုက်နိုင်တော့မှန်း သူ သိလိုက်ရပြီ။

ပထမ ဝိညာဉ်စွမ်းရည် — မိုးကြိုးနဂါးလက်သည်း။

ယွီထျန်းဟန်သည် လေထဲသို့ ခုန်တက်ကာ သူ၏ ပထမဝိညာဉ်ကွင်းကို အသုံးပြု၍ ပြင်းထန်သော လျှပ်စီးလက်သည်းဖြင့် တိုက်ခိုက်လိုက်သည်။

၎င်းမှာ လေထုကိုပင် တုန်ခါသွားစေသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ရှောင်ချန်ယွီက ပြုံးလိုက်သည်။

“ရှေးဟောင်းမြင့်မြတ်ခန္ဓာ ထွက်ပေါ်လာစမ်း။”

“လက်နက်လျှို့ဝှက်ချက်တုပခြင်း။”

“မိုးကြိုးနတ်ဘုရားခန္ဓာ။”

ရှောင်ချန်ယွီ၏ မျက်ဝန်းမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ပေတစ်ရာခန့်အထိ ကြီးမားလာကာ မိုးကြိုးနတ်ဘုရား နဂါးလှံကြီးဖြင့် ယွီထျန်းဟန်ကို ရိုက်ချလိုက်သည်။

ယွီထျန်းဟန်မှာထိုဖိအားအောက်တွင် ငါးကလေးတစ်ကောင်က နဂါးစစ်စစ်ကို တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။

တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့ချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး ယွီထျန်းဟန်မှာ လွင့်ထွက်သွားကာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်သွားသည်။

“ဒါ မဖြစ်နိုင်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ။”

ယွီထျန်းဟန်ကမယုံကြည်နိုင်စွာ မေးလိုက်သည်။

ရှောင်ချန်ယွီက အေးစက်စွာ ကြည့်ကာ....

“မင်းလိုလူက ငါ့ရဲ့ စွမ်းအားအစစ်ကို သုံးဖို့ မထိုက်တန်ဘူး။ ငါ အခုသုံးလိုက်တာ ငါ့ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။”

“၁၀ ရာခိုင်နှုန်း ဟုတ်လား။”

ယွီထျန်းဟန်မှာပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အဆင့် ၁၉ ရှိသော ဝိညာဉ်ဆရာတစ်ဦးက အဆင့် ၃၂ ရှိသော သူ့ကို ၁၀ ရာခိုင်နှုန်းသော အစွမ်းဖြင့်ပင် အနိုင်ယူနေခြင်းမှာ သူ လက်မခံနိုင်သော အမှန်တရား ဖြစ်နေသည်။

“အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းကနံပါတ်တစ် သားရဲဝိညာဉ်လို့ ကြွေးကြော်နေပေမဲ့ တကယ်တော့ တွင်းထဲက ဖားတွေပါပဲ။ ဒီကမ္ဘာကြီးက မင်းထင်တာထက် အများကြီး ပိုကျယ်ပြောတယ်။”

ရှောင်ချန်ယွီကထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။

ယွီထျန်းဟန်သည် သူ၏ နောက်ဆုံး အားမာန်ကို စုစည်းကာ ဒုတိယဝိညာဉ်စွမ်းရည်ဖြစ်သော မိုးကြိုးဒေါသဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

လျှပ်စီးမြားပေါင်းများစွာရှောင်ချန်ယွီထံသို့ ဦးတည်သွားသော်လည်း ရှောင်ချန်ယွီမှာ မရှောင်ဘဲ တုံ့ပြန်လိုက်သည်။

“ရှေးဟောင်းမြင့်မြတ်ခန္ဓာ...နဂါးနတ်ဘုရား၏ဟိန်းဟောက်သံ။”

ရှောင်ချန်ယွီ၏ လက်သီးချက်မှ ထွက်ပေါ်လာသော ငွေရောင်အလင်းတန်းမှာ ယွီထျန်းဟန်၏ တိုက်ခိုက်မှုကို အမှုန့်ပြုကာ သူ့ကို တိုက်ရိုက် ထိမှန်သွားသည်။

ယွီထျန်းဟန်မှာမယှဉ်နိုင်တော့မှန်း သိသဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ရှောင်ချန်ယွီက သူ၏ မိုးကြိုးလှံဖြင့် အားလုံးကို ဖျက်ဆီးပစ်လိုက်လေတော့သည်။