← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆) - မြစ်တစ်ဖက်ကမ်းက နှစ်သုံးဆယ်။

ထန်စန်းသည် စိတ်ဓာတ်ကျခြင်းကိုသာ ခံစားနေရသည်။ လူပုံအလယ်တွင် မျက်နှာဖြတ်ရိုက်ခံလိုက်ရသဖြင့် သူ၏စိတ်ထဲတွင် အလွန်ပင် မနှစ်မြို့ဖွယ် ဖြစ်နေတော့သည်။

“မဖြစ်နိုင်တာာ လုံးဝ မဖြစ်နိုင်ဘူး ငါ နော့တင်းအကယ်ဒမီမှာ ဒီရှောင်ချန်ယွီကို အမြဲစောင့်ကြည့်နေတာ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်သွားရတာလဲ။”

ထန်စန်းနှင့် ရှောင်ချန်ယွီတို့၏ တိုက်ပွဲကို ထန်စန်း၏ဆရာ ဖြစ်သူ ယွီရှောင်ကန်းကလည်း လှမ်းမြင်နေရသည်။

ယွီရှောင်ကန်းမှာ အရပ်အမောင်း အလယ်အလတ် အနည်းငယ် ပိန်ပါးပြီး အသက် ၄၀ ၊ ၅၀ ခန့် ရှိပုံရသည်။

သူ၏ အနက်ရောင် ဆံပင်တိုလေးမှာ ညာဘက်သို့ ခွဲထားပြီး ရုပ်ရည်မှာ အလွန်ပင် သေသပ်လွန်းသည်။

လက်နှစ်ဖက်ကိုနောက်ပစ်ထားသော သူ၏ပုံစံမှာ ထူးခြားသော အရှိန်အဝါရှိပြီး သူ၏မျက်လုံးများမှာ ပျင်းရိကာ စိတ်ပျက်အားငယ်နေသကဲ့သို့ ရှိနေသော်လည်း ယခုအခါတွင်မူ သူသည် ရှောင်ချန်ယွီ၏ ကျောပြင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

ယွီရှောင်ကန်းသည် အစွမ်းထက်လှသော အပြာရောင် လျှပ်စီးနဂါးဘုရင် မျိုးနွယ်စုမှ လာသူဖြစ်သော်လည်း သူ၏ဝိညာဉ်မှာ ဆိုးရွားစွာ အသွင်ပြောင်းသွားသဖြင့် လှောင်ပြောင်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် ယွီရှောင်ကန်းသည် ထန်စန်း၏ ပါရမီကို တန်ဖိုးထားသဖြင့် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ ထန်စန်း ကြီးပြင်းလာပြီး သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ပေးနိုင်ရန် သူ မျှော်လင့်ထားသည်။

သို့သော် ထန်စန်း၏ ရှောင်ချန်ယွီနှင့် ပထမဆုံး တိုက်ပွဲတွင်ပင် ချက်ချင်း အလဲထိုးခံလိုက်ရလိမ့်မည်ဟု မည်သူ သိပါမည်နည်း။

နော့တင်းအကယ်ဒမီတွင်ရှောင်ချန်ယွီ၏ နာမည်မှာ မကောင်းလှပေ။ သူသည် မြို့စားဖြစ်သော သူ၏ဖခင်ကို အားကိုးပြီး ဖြစ်သလိုနေတတ်သည့် အသုံးမကျသူတစ်ဦးသာ ဖြစ်သည်။

‘ငါများ မှားသွားတာလား။ ထန်စန်းကလည်း တကယ်တော့ အမှိုက်ပဲလား။’

ထို့အပြင် ရှောင်ချန်ယွီ၏ အစွမ်းမှာ ယွီရှောင်ကန်း၏ ဝိညာဉ်သီအိုရီများကို မျက်နှာဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။

ရှောင်ချန်ယွီ၏ ပထမဆုံး ဝိညာဉ်ကွင်းမှာ အဖြူရောင်ဖြစ်ပြီး ထန်စန်း၏ ပထမဆုံးကွင်းမှာမူ အဝါရောင် ဖြစ်သည်။ အဖြူရောင်က အဝါရောင်ထက် နိမ့်ကျသည် မဟုတ်ပါလား။ ဒါက ပုံမှန် အခြေအနေပဲ မဟုတ်လား။

ဘာလို့ ထန်စန်းက ရှောင်ချန်ယွီကို မနိုင်ရတာလဲ။ ရှောင်ချန်ယွီက ဝိညာဉ်စွမ်းရည် တစ်ခုတောင် မသုံးရသေးဘူးလေ။

ယွီရှောင်ကန်းသည် ရှောင်ချန်ယွီမှာ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို ခုလေးတင် နိုးထထားခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းရည် တစ်ခုတည်းတောင် မရှိသေးသည်ကို မသိရှာပေ။

၎င်းအပြင် ယွီရှောင်ကန်းသည် ထန်စန်း၏ ဆရာဖြစ်သော်လည်း မူလဇာတ်လမ်းတွင် သူသည်လည်း အသုံးမကျသူ တစ်ယောက်သာ ဖြစ်သည်။ ထန်စန်းကို စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးရုံမှလွဲ၍ သူ အမှန်တကယ် ဘာမှ မလုပ်ပေးနိုင်ပေ။

သူ၏ ဝိညာဉ်သီအိုရီများမှာလည်း အမှားအယွင်းများစွာနှင့် ဟာကွက်များစွာ ရှိနေသည် မဟုတ်ပါလား။

(တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူ၏ ဆရာ ယွီရှောင်ကန်းကို သူ့ဘဝကိုယ်သူ သံသယဝင်အောင် လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။)

ယွီရှောင်ကန်းသည် သက်ပြင်းချလိုက်ပြီး သူ၏အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် ထန်စန်းကို အားကိုးနေရဦးမည်ဖြစ်ရာ ထန်စန်းကိုသာ ဤသို့ နှစ်သိမ့်လိုက်ရသည်။

“အစွမ်းထက်သူတစ်ယောက် ဖြစ်လာဖို့ လမ်းမှာ ဆူးခက်တွေ အမြဲရှိတတ်တယ်။ ဒါက အသေးအဖွဲလေး တစ်ခုပါပဲ။ မင်းသာ ကြိုးစားပြီး ကျင့်ကြံမယ်ဆိုရင် အနာဂတ်မှာ ရှောင်ချန်ယွီကို ဧကန်အမှန် မှီလာပါလိမ့်မယ်။”

“ငါ့အထင်တော့ ဒီရှောင်ချန်ယွီက မရိုးသားတဲ့ နည်းလမ်းတွေ သုံးထားတာ ဖြစ်ရမယ်။ ဒီလိုနည်းလမ်းတွေက အစောပိုင်းမှာ မြန်မြန် တိုးတက်နိုင်ပေမယ့် အဆင့်မြင့်လာတဲ့အခါမှာတော့ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး။”

ဤ စိတ်ဓာတ်မြှင့်တင်ရေး စကားများမှာ အတော်လေး အလုပ်ဖြစ်သွားသည်။ မကြာမီပင် ထန်စန်း၏ မျက်လုံးထဲတွင် ယုံကြည်မှု အရိပ်အယောင်များ ပြန်လည် ပေါ်ပေါက်လာပြီး ရှောင်ချန်ယွီကို ကြည့်ကာ ပြောလိုက်သည်။

“ဟမ့် မင်းက ကံကောင်းလို့ နိုင်သွားတာပဲ။ ဒီနေ့ ငါရခဲ့တဲ့ အရှက်ကွဲမှုကို အနာဂတ်မှာ မင်းဆီကနေ ပြန်ယူပြမယ်။”

“ထန်စန်း... နင့်မှာ အရှက်ရော ရှိရဲ့လား။ မနိုင်ရင် မနိုင်ဘူးပေါ့။ ဘာလို့ ဆရာကြီး လာလုပ်နေတာလဲ။”

ဘေးနားမှ ရှောင်ဝူက ထန်စန်းကို မထီမဲ့မြင် မျက်စောင်းထိုးရင်း လှောင်ပြောင်လိုက်သည်။

(တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။)

‘ထင်ထားတဲ့အတိုင်းပဲ နှုတ်သီးကောင်းလှတဲ့ ရှောင်ဝူလေးရေ... မင်း စကားပြောလိုက်တာနဲ့ ထန်စန်းအတွက်တော့ အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သွားရပြန်ပြီ။’

ရှောင်ချန်ယွီလည်းစိတ်ထဲကနေ ကျေနပ်စွာ ခေါင်းညိမ့်မိသည်။ ဤရှောင်ဝူမှာ သူ၏ စိတ်ထဲရှိသည့်အတိုင်း ပြောပေးနေသည့် သူ၏ အကောင်းဆုံး စပီကာပင် ဖြစ်တော့သည်။

ရှောင်ချန်ယွီက သူမကို ကျေနပ်စွာ ကြည့်လိုက်သည်ကို မြင်သောအခါ ရှောင်ဝူသည်လည်း ဝမ်းသာသွားပြီး သူမ၏ မျက်လုံးထဲတွင် ပျော်ရွှင်ရိပ်များ ဖြတ်ပြေးသွားသည်။

ထန်စန်းမှာမူ သူ၏ ရင်ဘတ်ထဲတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသလို ခံစားနေရသည်။ သူ၏ စိတ်ထဲရှိ နတ်သမီးလေးမှာ ရှောင်ချန်ယွီ၏ အလုခံလိုက်ရလေပြီ။

ပိုဆိုးသည်မှာသူ၏ အစွမ်းမှာ ရှောင်ချန်ယွီကို မမီခြင်းပင် ဖြစ်သည်။ နော့တင်းအကယ်ဒမီတွင် လူပုံအလယ်၌ အရိုက်ခံလိုက်ရသဖြင့် သူ၏ နတ်သမီးလေးကို ပြန်လည် ရယူနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ဤသည်ကို တွေးမိသောအခါ ထန်စန်း၏ ဝိညာဉ်စွမ်းအား လည်ပတ်မှုမှာ အနည်းငယ် နှေးကွေးသွားသလို ခံစားရသည်။ သူ၏ ငွေပြာမြက်မှ ထွက်နေသော ဝိညာဉ်စွမ်းအားမှာ ယခင်ကထက် ပို၍ စိမ်းသွားလေပြီ။

“ဟမ့်ရှောင်ချန်ယွီ... မြစ်တစ်ဖက်ကမ်းက နှစ်သုံးဆယ် ဟိုဘက်ကမ်းက နှစ်သုံးဆယ်တဲ့။မင်း ဒီတစ်ခါတော့ ကံကောင်းလို့ နိုင်သွားတာပါ။ သတ္တိရှိရင် ငါ့ကို သုံးနှစ်လောက် အချိန်ပေး အဲဒီကျရင် ငါတို့ ပြန်တိုက်ကြမယ်။”

ထန်စန်းသည် သူ၏ အနာဂတ်အပေါ် အလွန် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ သူသည် ထန်ဂိုဏ်းမှ လာသူဖြစ်ပြီး လျှို့ဝှက်ကျင့်စဉ်များ ရှိနေသဖြင့် သူ၏ ကျင့်ကြံမှုမှာ သာမန် ဝိညာဉ်သခင်များထက် မြန်ဆန်နေမည်မှာ အသေအချာပင်။

ထို့အပြင်၎င်းကျင့်စဉ်မှာ အဆင့်မြင့် ကျင့်စဉ်ဖြစ်သဖြင့် အဆင့်မြင့်လာလေ အစွမ်းထက်လေ ဖြစ်သည်။ အစောပိုင်းတွင် ရှောင်ချန်ယွီကို မမီခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု သူ တွေးလိုက်သည်။

‘ဟုတ်တယ် ဒါက ကောင်းကင်ဘုံက ငါ့ကို စမ်းသပ်နေတာပဲ။ ရှောင်ချန်ယွီ... မင်း သိပ်ပြီး ကြာကြာ မပျော်ရပါဘူး။’

“မင်းကို သုံးနှစ် အချိန်ပေးရမယ်။ ဟားဟား... ထန်စန်း ငါ မင်းကို နှစ်သုံးဆယ် အချိန်ပေးလိုက်ရင်ရော ဘာဖြစ်လာမှာမို့လို့လဲ။”

ရှောင်ချန်ယွီက အနည်းငယ် ပြုံးလိုက်သည်။ ဤထန်စန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားသူများ၏ စကားကို ခိုးယူသုံးစွဲပြီး မြစ်တစ်ဖက်ကမ်း နှစ်သုံးဆယ်ဆိုသည့် အညံ့စား ဇာတ်လိုက်တစ်ယောက် ဖြစ်သွားလေပြီလား။

“ငါ့တပည့်ပီသပါပေတယ်။ တကယ်ကို စိတ်သဘောထား ကြီးမြတ်တာပဲ။ ရှောင်ချန်ယွီ... လူအထက်မှာလူ ရှိသေးတယ်။ ကောင်းကင်အထက်မှာ ကောင်းကင် ရှိသေးတယ်ဆိုတာ မင်း သိထားသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မောက်မာမနေနဲ့။”

ဘေးနားမှ ယွီရှောင်ကန်းကလည်း ထန်စန်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။ ဆရာနှင့် တပည့်မှာ တစ်ယောက်ကိုတစ်ယောက် ထိန်းပေးနေကြသကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် ထန်စန်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင် ကံကြမ္မာအရှိန်အဝါမှာ ပြန်လည် တက်ကြွလာသည်။

ရှောင်ချန်ယွီကိုရှုံးနိမ့်ခြင်းက သူ့အပေါ် သိပ်ပြီး သက်ရောက်မှု မရှိလှပုံရသည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဟုတ်လျှင် မျက်နှာပြောင်မှု မှာ ရှောင်ချန်ယွီ လိုက်မမှီနိုင်သော အရာပင် ဖြစ်သည်။

‘ထန်စန်း... မင်း ဒီလောက်အထိ မောက်မာရဲတာက မင်းမှာ ထန်ဟောက် ဆိုတဲ့ အဆင့် ၉၅ ရှိတဲ့ အထွတ်အထိပ် ဖခင်ရှိနေလို့ မဟုတ်ဘူးလား။ မင်းက ဒီလောက် အစွမ်းထက်တဲ့ နောက်ခံရှိနေပြီးတော့ တစ်နေကုန် ငါက ပါရမီမရှိတဲ့ သာမန်လူပါလို့ ပြောနေတာ မရှက်ဘူးလား။’

“ဒီထန်စန်းက စိတ်ဓာတ် တည်ကြည်တာပဲ။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး။’

“ရှောင်ချန်ယွီကို ရှုံးသွားပေမယ့် ထန်စန်းက အရှုံးကို သိပြီး သတ္တိရှိရှိ ပြန်ကြိုးစားမယ့်ပုံပဲ။ နောက်သုံးနှစ်ဆိုရင်တော့ သူ ရှောင်ချန်ယွီကို တကယ် နိုင်သွားနိုင်တယ်။’

“တကယ်တော့ ရှောင်ချန်ယွီက ထန်စန်းထက် သိပ်အများကြီး သာနေတာ မဟုတ်ပါဘူး။ အဆင့် ၁၉ နဲ့ အဆင့် ၁၅ ပဲလေ။ ဒီလောက် ဝိညာဉ်စွမ်းအား ကွာဟချက်လေးကတော့ မကြာခင် ပြန်မှီသွားမှာပဲ။’

“ဒီလိုကြည့်ရင်တော့ ရှောင်ချန်ယွီက နည်းနည်း စောစောစီးစီး မောက်မာနေတာလား။’

ထန်စန်း၏ ယုံကြည်မှုရှိသော ပုံစံကို မြင်သောအခါ နော့တင်းအကယ်ဒမီမှ ကျောင်းသားများမှာလည်း ဝေခွဲမရ ဖြစ်လာကြသည်။ ဝိညာဉ်ကုန်းမြေတွင် လူအများစုမှာ သာမန်လူများနှင့် သာမန်ဝိညာဉ်သခင်များသာ ဖြစ်ကြသည်။

လူအများစုမှာထန်စန်းကဲ့သို့ ထင်ပေါ်အောင် မနေရဲကြပေ။ ထန်စန်းက ဤမျှအထိ ဟန်ရေးပြရဲသည်ဆိုလျှင် သူ့တွင် တစ်ခုခုတော့ ရှိရမည်ဟု သူတို့ တွေးလိုက်ကြသည်။

“ငါနဲ့ အနာဂတ် ပါရမီချင်း လာပြိုင်မလို့လား။ ရယ်စရာပဲ ပြည့်စုံသွားတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ထက် ဘာကများ ပိုပြီး ပါရမီရှိနိုင်မှာမို့လို့လဲ။”

ရှောင်ချန်ယွီ တစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်မိတော့သည်။

ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ဆိုသည်မှာ အစွမ်းထက်သူများက တောင်တွေကို ရွှေ့ ပင်လယ်တွေကို ဖို့ပြီး ကြယ်တာရာတွေကို ဖျက်ဆီးနိုင်သည့် အဆင့်မြင့်ကမ္ဘာများတွင်ပင် အနိုင်မခံ အရှုံးမပေးသော မြင့်မြတ်သော ခန္ဓာကိုယ်အဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။

ဝိညာဉ်ကုန်းမြေတွင်မူရှောင်ချန်ယွီအနေနှင့် ဤခန္ဓာကိုယ်၏ အနာဂတ်စွမ်းအားနှင့် ယှဉ်နိုင်မည့်အရာကို လုံးဝ ရှာမတွေ့နိုင်ပေ။

‘ထန်စန်းရဲ့ ထန်ဂိုဏ်း လက်နက်ပုန်းတွေနဲ့လား။ ထန်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်နဲ့လား။’

ရှောင်ချန်ယွီက ခေါင်းခါလိုက်သည်။ ထိုလျှို့ဝှက်လက်နက်များက သူ၏ ခံစစ်ကိုတောင် ဖောက်နိုင်ပါ့မလားဆိုသည်ကို သူ သံသယရှိနေမိသည်။

All Chapters