← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) - ထန်ဆန်း၏ စိတ်ဓာတ် လုံးဝပြိုလဲသွားခြင်း။

“ထန်စန်း... မင်းက ငါနဲ့ သုံးနှစ်စာ ကတိကဝတ် လုပ်ချင်တာလား။”

ရှောင်ချန်ယွီက လှောင်ပြုံးပြုံးရင်း ထန်စန်းကို မထီမဲ့မြင် ကြည့်လိုက်သည်။

“အဲ့လောက်မလိုပါဘူး ငါ မင်းကို နှစ်သုံးဆယ်တောင် ပေးလိုက်မယ်။”

“နောက်အနှစ်သုံးဆယ်နေရင် ငါနဲ့ ရှောင်ဝူရဲ့ အယောက်သုံးဆယ်မြောက် ကလေးနဲ့ မင်းနဲ့ တိုက်ခိုက်ခိုင်းလိုက်မယ်။ ဘယ်လိုလဲ။”

သူ ပြောလိုက်သည့် စကားကြောင့် ခန်းမထဲရှိ လူတိုင်း ဆွံ့အသွားကြရသည်။

မြစ်တစ်ဖက်ကမ်း နှစ်သုံးဆယ် ဟိုဘက်ကမ်း နှစ်သုံးဆယ်ဆိုသည်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းသော စကားစုဖြစ်သည်။

လူတိုင်းပထမဆုံး ကြားလိုက်ရစဉ်က ထန်စန်းမှာ သာမန်လူမဟုတ်ဟု ခံစားခဲ့ကြရသည်။ သို့သော် ရှောင်ချန်ယွီက ဤသို့ ပြောလိုက်သောအခါ မည်သူမျှ ထိုစကားစုကို အရင်လို မမြင်နိုင်တော့ပေ။

‘မင်းကို အနှစ်သုံးဆယ် ပေးရမယ် ဟုတ်လား။အနှစ်သုံးဆယ်ဆိုရင် မင်းရန်သူရဲ့ ကလေးတွေတောင် လူလားမြောက်နေပြီလေ။’

“ငါ... ငါ အဲဒီလောက် မြန်မြန်ကြီး မမွေးနိုင်ပါဘူး။ ဒါပေမယ့်... ငါ အစွမ်းကုန် ကြိုးစားပါ့မယ်။”

ရှောင်ဝူ၏ ဖြူစင်သော ပါးပြင်ထက်တွင် နီမြန်းသော အရိပ်အယောင်များ ယှဉ်တွဲနေသော်လည်း သူမသည် ရှောင်ချန်ယွီ၏ စကားကို ငြင်းဆန်ခြင်း မပြုပေ။

သူမ၏ မျက်နှာမှာ ပူထူနေပြီး ရှောင်ချန်ယွီကို ကြည့်နေသည့် သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော သံယောဇဉ်နှင့် ငေးမောခြင်းများ ပြည့်နှက်နေသည်။

‘အနှစ်သုံးဆယ်မှာ ကလေး အယောက်သုံးဆယ်။ အဲ့အရှိန်က မြန်လွန်းတယ်ငါ့ရဲ့ မူလအသွင်က အရိုးပျော့ယုန် ဖြစ်လို့ တစ်သားကို ရှစ်ကောင်လောက် မွေးနိုင်ပေမယ့်လည်း အဲဒီလောက်ကြီးတော့ မဖြစ်နိုင်ဘူးလေ။’

‘ဒါပေမယ့် ပြဿနာရှိပုံမရပါဘူး။ ကလေးမွေးမယ်... ငါ တကယ်ပဲ ဒီလောက်စောစောကြီး ကလေးမွေးရတော့မှာလား။’

ရှောင်ဝူသည်အခြားအရာများကို မစဉ်းစားတော့ဘဲ အတွေးနက်သွားတော့သည်။ သူမသည် ရှောင်ချန်ယွီနှင့်အတူ ကလေးများစွာ မွေးဖွားမည့် အနာဂတ်နေ့ရက်များကို စိတ်ကူးယဉ်နေပုံရသည်။

“တောက်”

ရှောင်ချန်ယွီ၏ စကားကို ကြားသောအခါ ထန်စန်းမှာ နေရာမှာတင် သွေးအန်မတတ် ဖြစ်သွားရသည်။

သူဘာကြောင့် ရှောင်ချန်ယွီကို ဒီလောက် ပြင်းပြင်းထန်ထန် ပြန်တိုက်နေရတာလဲ။ရှောင်ဝူအတွက်ပေါ့။ ရှောင်ဝူက သူ၏ စိတ်ထဲက နတ်သမီးလေး ဖြစ်နေလို့ပေါ့။

ဒါပေမယ့် အနှစ်သုံးဆယ်သာ တကယ် စောင့်ရမယ်ဆိုရင် ရှောင်ဝူက ရှောင်ချန်ယွီရဲ့ ဇနီး ဖြစ်နေပြီလေ။ အဲဒီကျမှ တိုက်နေလည်း ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ရှောင်ချန်ယွီ ပြောသလိုပဲ အဲဒီကျရင် သူက ရှောင်ချန်ယွီနဲ့ ရှောင်ဝူတို့ရဲ့ အယောက်သုံးဆယ်မြောက် ကလေးနဲ့ပဲ တိုက်ရတော့မယ့် အခြေအနေ။

ဒါက လွန်လွန်းတယ်။

ဒီရှောင်ချန်ယွီကတကယ်ကို လွန်လွန်းတယ်။

ရှောင်ဝူ၏ ရှက်သွေးဖြာနေသော ပုံစံနှင့် ရှောင်ချန်ယွီကို အချစ်စမ်းအကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ ထန်စန်း၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားရလေပြီ။

ငါ့ဘဝရဲ့ တိုက်ပွဲတွေက ဘယ်သူ့အတွက်လဲ။ ဘယ်နှစ်ကြိမ်လောက် ချစ်ပြီး ဘယ်နှစ်ကြိမ်လောက် မုန်းရဦးမှာလဲ။ ဒီရှောင်ဝူလေးကတော့ ရှောင်ချန်ယွီ ပိုင်ဆိုင်သွားပြီပဲ။

ထန်စန်းငိုချင်နေသော်လည်း မျက်ရည်က ထွက်မလာခဲ့...

【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။】

“ဒါကတော့... နည်းနည်းတော့ သနားဖို့ကောင်းတယ်... ရှောင်ဆန်း လူတစ်ယောက်က ဘဝမှာ အောင်မြင်ချင်ရင် ခေါင်းပေါ်မှာ အစိမ်းရောင် နည်းနည်းတော့ တင်ထားရတတ်တာပဲ...”

ယခုတစ်ကြိမ်တွင်မူ ထန်စန်းကို စိတ်ဓာတ်ခွန်အားပေးရာတွင် အလွန်တော်သော ဆရာ ယွီရှောင်ကန်းပင်လျှင် မည်သို့ နှစ်သိမ့်ရမည်ကို မသိတော့ပေ။

၎င်းမှာ ယွီရှောင်ကန်း၏ ချစ်သူ လျူအာလုံ ဆီကနေ တစ်နေ့မှာ “ငါ တတိယမြောက် ကလေးမွေးလိုက်ပြီ လက်ဆောင် လာပေးပါဦး။” ဆိုသည့် စာတို ရလိုက်သကဲ့သို့ပင်။ မည်သည့် အမျိုးသားမဆို ဒေါသကြောင့် မျက်နှာစိမ်းသွားပေလိမ့်မည်။

“ဆရာ... စကားကောင်းကောင်း မပြောတတ်ရင် မပြောပါနဲ့တော့။ ကျွန်တော်အေးအေးဆေးဆေး နေပါရစေ။”

ထန်စန်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားသည်။

‘ဘာလဲဗျာ...ဘဝမှာ အောင်မြင်ချင်ရင် ခေါင်းပေါ်မှာ အစိမ်းရောင် တင်ထားရမယ်။ ဟုတ်လား။ ဆရာပဲ သွားတင်လိုက်ပါလား။’

“အေးအေးဆေးဆေး ဆိုတာ ဘယ်သူလဲ။ ရှောင်ဆန်း... လူတစ်ယောက်က စိတ်နှစ်ခွ မဖြစ်ရဘူး။ လက်တွဲဖော် ရှာတဲ့အခါ အစကနေ အဆုံးထိ သစ္စာရှိရမယ် လူကောင်းတစ်ယောက် ဖြစ်ရမယ်။”

ယွီရှောင်ကန်းက သူ၏ အတွေ့အကြုံများကို အသုံးပြုပြီး လူကောင်းတစ်ယောက်အကြောင်းကို ထန်စန်းအား သင်ပြပေးချင်နေသည်။

“ထွက်သွား။”

နော့တင်းအကယ်ဒမီမှ ပရိသတ်များမှာ ထန်စန်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြီး အချို့မှာ ရယ်ပင်ရယ်ချင်နေကြသည်။

“ထန်စန်းအတွက် ခဏတော့ စိတ်မကောင်းဖြစ်မိတယ်။ မြစ်တစ်ဖက်ကမ်း နှစ်သုံးဆယ်ဆိုတဲ့ စကားကို ပြောဖို့ သူ ဘယ်က သတ္တိတွေ ရလာတာလဲ မသိဘူး။”

“ငါက ထန်စန်း သတ္တိရှိတယ် အောက်မေ့တာ အခုတော့ သူက နှုတ်သီးကောင်းတဲ့ ဘဲသေတစ်ကောင်လိုပါပဲလား။”

“တကယ်သာ အစွမ်းရှိရင် ချက်ချင်း ထုတ်ပြလိုက်မှာပေါ့။ ဘာလို့ ဒီမှာ စကားကြီးစကားကျယ်တွေ ပြောနေရတာလဲ။”

“ဟားဟား ငါ့ကလေးနဲ့ တိုက်ဖို့ မင်းကို နှစ်သုံးဆယ် ပေးမယ်တဲ့ ဟားဟား သခင်လေး ရှောင်ချန်ယွီကတော့ တကယ်ကို စိတ်ကို သတ်တတ်တာပဲ။”

ကြမ်းတမ်းသော စကားလုံးများက ထန်စန်း၏ နားထဲသို့ ဝင်လာသဖြင့် သူ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။

သူသည်ဤလူအားလုံးကို ဖမ်းပြီး ထိုးကြိတ်ချင်စိတ် ပေါက်နေမိသည်။

တကယ်ကိုယုတ်မာလွန်းကြတယ်။ ဤရှောင်ချန်ယွီက တကယ်ကို နှုတ်သီးအဆိပ်ရှိတာပဲ။

ထန်စန်းက မိမိကိုယ်ကိုယ် ဇာတ်လိုက်ဟု ယူဆထားသည်။ ပုံမှန်အားဖြင့် သူသည် ရှောင်ချန်ယွီကဲ့သို့ ဗီလိန်များကို အစွမ်းဖြင့် ခြေမှုန်းရမည်ဖြစ်သလို စကားနာထိုးခြင်းနှင့် ဟန်ရေးပြခြင်းတို့တွင်လည်း မရှုံးနိမ့်သင့်ပေမြစ်တစ်ဖက်ကမ်း နှစ်သုံးဆယ် ဆိုသည်မှာ အလွန် အားမာန်ပါသော စကားဖြစ်သော်လည်း ရှောင်ချန်ယွီ၏ နှောင့်ယှက်မှုကြောင့် အားမာန် ပျောက်ဆုံးသွားရုံတင်မကဘဲ လူတိုင်း၏ အမြင်တွင် ရယ်စရာတစ်ခု ဖြစ်သွားရလေပြီ။

“မှတ်ထားလိုက် ရှောင်ချန်ယွီ။”

ထန်စန်းက ရှောင်ချန်ယွီကို စိုက်ကြည့်ရင်း ကြိမ်းဝါးလိုက်သည်။ သို့သော် ရှောင်ချန်ယွီက အပြစ်ကင်းစင်သော ပုံစံဖြင့် လက်ကာပြလိုက်ပြီး။

“ငါကတော့ စောင့်နိုင်ပါတယ်။ ဒါပေမယ့် ငါနဲ့ ရှောင်ဝူရဲ့ ကလေးကတော့ မစောင့်နိုင်လောက်ဘူးလေ။”

ဤစကားကြောင့် ထန်စန်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားရပြန်သည်။

【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။】

အပြတ်အသတ် အောင်ပွဲပင်။

ထန်စန်းမှာအရှက်တကွဲဖြင့် ထွက်ခွာသွားရတော့သည်။ သူသည် အရှိန်အဟုန်ဖြင့် ရောက်လာပြီး ရှောင်ချန်ယွီကို နှိမ်ကာ နော့တင်းအကယ်ဒမီ၏ အမိုက်ဆုံးလူ ဖြစ်လာချင်ခဲ့သော်လည်း ရှောင်ချန်ယွီက သူ့ကို ကဏ္ဍတိုင်းတွင် ခြေမှုန်းပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စကားပြောခြင်းတွင်လည်း ထန်စန်းက ရှောင်ချန်ယွီကို မယှဉ်နိုင်။ အစွမ်းတွင်လည်း ရှောင်ချန်ယွီက သူ့ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။

မိန်းကလေးများ၏ နှစ်သက်မှုတွင်ပင် သူ၏ ချစ်လှစွာသော နတ်သမီးလေး ရှောင်ဝူမှာ ရှောင်ချန်ယွီနောက်သို့ ပါသွားလေပြီ။ ထန်စန်းမှာ အရာအားလုံး ဆုံးရှုံးသွားသည်ဟု ဆိုနိုင်သည်။

ထန်ဆန်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင် ကံကြမ္မာအရှိန်အဝါမှာ သိသိသာသာ လျော့ပါးသွားပြီး ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။

“လမ်းကတော့ အဝေးကြီး ကျန်ပါသေးတယ်။ ဒီထန်စန်းက ဒီလောက်နဲ့ အရှုံးပေးမယ့်သူ မဟုတ်ဘူး။”

ရှောင်ချန်ယွီကသူ၏ မျက်လုံးများကို မှေးစက်လိုက်သော်လည်း သူ၏ မျက်တောင်များကြားမှ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်နေဆဲဖြစ်သည်။

ဗီလိန်တစ်ယောက်အနေနှင့် ဇာတ်လိုက် ထန်စန်းနှင့် ရန်သူဖြစ်ရန်မှာ ရှောင်လွှဲ၍မရပေ။ အခုတော့ ထန်စန်းကို မျက်နှာဖြတ်ရိုက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် နောက်ထပ်လုပ်ရမည့် အရာမှာ ဆက်လက် ကြိုးစားပြီး မိမိ၏ အစွမ်းကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

မဟုတ်လျှင်မူထန်စန်း၏ ကြီးထွားနှုန်းနှင့် ဇာတ်လိုက်အရှိန်အဝါကြောင့် တစ်ဖက်လူက ပြန်လည် ဦးမော့လာမည်မဟုတ်ဟု မည်သူမှ အာမမခံနိုင်ပေ။

All Chapters