အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) - ဘတ်စကတ်ဘော ကစားနည်း သင်ပေးခြင်း။
နော့တင်းအကယ်ဒမီ၏ ခမ်းနားထည်ဝါသော အခန်းတစ်ခန်းအတွင်း။
ရှောင်ဝူသည် ဘေးဘက်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူမ၏ ဘဲဥပုံမျက်နှာလေးမှာ ရှေးဆန်သော ဆွဲဆောင်မှုရှိပြီး အသားအရေမှာလည်း ချောမွေ့ဖြူစင်ကာ ပိုးသားထက်ပင် ပို၍ နုညက်နေသည်။
သူမ၏ လှပသော မျက်ခုံး တောက်ပသော မျက်ဝန်းနှင့် ဖြူဖွယ်သော သွားလှလှလေးများမှာ သဘာဝအတိုင်း ဟန်ချက်ညီညီ လှပလွန်းလှသည်။
နှင်းဆီပွင့်ဖတ်လေးများကဲ့သို့ သူမ၏ နှုတ်ခမ်းလွှာလေးများမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပြီး ကြည်လင်သော မျက်ဝန်းအစုံမှာလည်း ရေလှိုင်းလေးများ လှုပ်ခတ်နေသကဲ့သို့ တောက်ပနေကာ မျက်တောင်ရှည်လေးများမှာလည်း ရံဖန်ရံခါ တုန်ယင်နေတတ်သည်။
“ည ၁၁ နာရီတောင် ရှိပြီပဲ ငါတို့ ဘတ်စကတ်ဘော အတူတူ ကစားကြမလား။”
ရှောင်ချန်ယွီက ပြုံးလိုက်ပြီး ရှောင်ဝူထံသို့ လျှောက်သွားသည်။ မူလဇာတ်လမ်း၏ ပထမပိုင်းမှ ဇာတ်သိမ်းသည်အထိ ထန်စန်းသည် ရှောင်ဝူကို တစ်ကြိမ်တစ်ခါမျှ မထိတွေ့ခဲ့ဖူးပေ။
အစောပိုင်းကာလများတွင်ထန်စန်းက သိက္ခာရှိသူတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့ပြီး နောက်ပိုင်းတွင်မူ ရှောင်ဝူက စတေးခံကာ သေဆုံးသွားခဲ့ရသည်။
ရှောင်ဝူသည် ဝိညာဉ်ကုန်းမြေကြီး ဇာတ်လိုက်မင်းသမီး ဖြစ်သော်လည်း အမှန်စင်စစ် ထန်စန်းနှင့် သူမကြားတွင် ရင်းနှီးမှုမှာ အနည်းဆုံးဖြစ်သည်။
တစ်ဖက်တွင်မူထန်စန်းသည် မိန်းကလေးများစွာနှင့် ပရောပရည်လုပ်တတ်ပြီး ပြဿနာတက်လျှင် ရှောင်ဝူကို အကာအကွယ်အဖြစ် သုံးကာ ငါ့နှလုံးသားက ရှောင်ဝူဆီမှာပါ။ဒါပေမဲ့ ငါ့ဝိညာဉ်ကတော့ လူတိုင်းအတွက်ပါ။ ဟု ပြောတတ်သည့် တကယ့်လူရှုပ်တစ်ယောက်ပင်ဖြစ်၏။
သို့သော် ရှောင်ချန်ယွီမှာမူ ထိုသို့မဟုတ်ပေ။
‘မတတ်နိုင်ဘူးလေ။ ငါက ဗီလိန်တစ်ယောက်ပဲဟာ။ ဗီလိန်တစ်ယောက်အနေနဲ့ အသားစားဖို့ မစဉ်းစားဘဲ တစ်နေ့ကုန် ဖြူစင်သောလူသားကြီးလို ဟန်ဆောင်နေရမှာလား။’
‘ဖြူစင်လွန်းတဲ့ ထန်စန်းလား။ ငါ ရှောင်ချန်ယွီကတော့ အဲဒီလိုလုပ်ဖို့ ရွံရှာမိတယ်။ ဝိညာဉ်ကုန်းမြေမှာ ငါ့ကို စောင့်ကြိုနေတဲ့ လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိသေးတယ်လေ။’
အမျိုးသားတစ်ဦး၏ ပူနွေးသော အသက်ရှူသံကို ခံစားလိုက်ရသောအခါ ရှောင်ဝူ၏ မျက်နှာလေးမှာ နီမြန်းသွားပြီး နားရွက်ဖျားလေးများပင် ပူထူလာရသည်။
“ငါက ငယ်သေးတယ်လေ။”
ရှောင်ဝူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ရှောင်ချန်ယွီ၏ စူးရှသော အကြည့်များနှင့် ဆုံမိသွားသည်။ ထိုညတွင် ဘာမှ ထပ်မပြောဖြစ်ကြတော့ပေ။ တိမ်တိုက်များ ကင်းစင်ကာ မိုးစဲသွားလေပြီ။
“ရွှီး... ရွှီး...”
ရှောင်ဝူနှင့် ရှောင်ချန်ယွီတို့ ဘတ်စကတ်ဘော ကစားခြင်းတွင် နှစ်မြုပ်နေစဉ်မှာပင် ရှောင်ဝူ၏ ဘေးနားမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဝိညာဉ် ဆက်သွယ်ရေး ကိရိယာလား။စိတ်ဝင်စားစရာပဲ။ ဒီလောက် ညဉ့်နက်နေမှ ဘယ်သူက ဆက်သွယ်နေတာလဲ။”
ရှောင်ချန်ယွီက ပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရယ်ချင်စိတ်များ ဖြတ်ပြေးသွားသည်။ ဘောလုံးကစားရသည်မှာ ပင်ပန်းသော်လည်း အလွန်ပင် ပျော်စရာကောင်းလှသည်။
ဝိညာဉ်ကုန်းမြေ၏ နည်းပညာမှာ အနည်းငယ် ထူးဆန်းသည်။ သာမန်ဝိညာဉ်သခင်များ ခရီးသွားလျှင် မြင်းလှည်းကဲ့သို့သော နှေးကွေးသည့် ကိရိယာများကို သုံးနေရဆဲ ဖြစ်သော်လည်း ဝိညာဉ်ကိရိယာ များမှာမူ အတော်လေး တိုးတက်နေပြီ ဖြစ်သည်။
ဤဆက်သွယ်ရေးကိရိယာမှာလည်း ရှောင်ချန်ယွီ၏ ယခင်ဘဝက လက်ကိုင်ဖုန်းနှင့် ဆင်တူလှသည်။
“ဟယ်လို”
ရှောင်ဝူက ပင်ပန်းနွမ်းနယ်စွာဖြင့် ထူးလိုက်သည်။ သူမသည် ဖုန်းချပစ်ချင်သော်လည်း ရှောင်ချန်ယွီ၏ အရိပ်အယောင်များကြောင့် ပြန်ထူးလိုက်ခြင်း ဖြစ်သည်။
“ထန်စန်း... ဒီလောက် ညမိုးချုပ်နေပြီ။ ငါ့ကို ဘာပြောမလို့လဲ။”
ရှောင်ဝူ၏ အသံမှာ အနည်းငယ် စိတ်မရှည်သလို ဖြစ်နေပြီး ဖုန်းကို ချက်ချင်း ချပစ်ချင်နေသည်။
“ရှောင်ဝူ ငါ မင်းကို ပြောစရာ ရှိလို့ပါ။ ဒီရှောင်ချန်ယွီဆိုတဲ့ကောင်က လူယုတ်မာပဲ။ သူက အပြင်ပန်းပဲ လူကြီးလူကောင်း ဟန်ဆောင်နေတာ။ တကယ့်တော့ လူဝတ်လဲထားတဲ့ တိရစ္ဆာန်ကောင်ပဲ။ မင်း သူ့ရဲ့ လှည့်စားမှုကို လုံးဝ မခံရစေနဲ့နော်။”
ထန်စန်း၏ စိုးရိမ်တကြီး အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“အင်း... ငါ နားလည်ပါတယ် ရှောင်ချန်ယွီက လူဆိုးကြီးပေါ့။ ငါ သိပါပြီ ဒါဆိုဖုန်းချလိုက်တော့မယ်နော်။”
ရှောင်ဝူ၏ အသံမှာ ထန်စန်းကို ပြန်ဖြေနေသော်လည်း အလွန်ပင် စိတ်မရှည် ဖြစ်နေပုံရသည်။
ရှောင်ဝူသည်ရှောင်ချန်ယွီအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသူဖြစ်ရာ ထန်စန်း၏ စကားကို မည်သို့ ယုံပါမည်နည်း။ ထန်စန်း၏ အကြံအစည်မှာ ကျရှုံးရန်သာ ရှိတော့သည်။
ထို့အပြင် ရှောင်ချန်ယွီမှာ ရှောင်ဝူ၏ ဘေးနားမှာတင် ရှိနေသည်မဟုတ်ပါလား။ ရှောင်ချန်ယွီ၏ ရှေ့မှာတင် သူ့ကို အတင်းပြောနေသည်မှာ ထန်စန်းသည် တကယ့်ကို တုံးအသော လူစားပင်။
“ရှောင်ဝူ နောက်ဆုံးတော့ မင်း ငါ့ကို ယုံကြည်သွားပြီပေါ့။ ငါအရမ်းပျော်တာပဲ။”
ဖုန်းထဲမှ ထန်စန်း၏ အသံမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
‘ထင်ထားတဲ့အတိုင်းပဲ ရှောင်ဝူက ငါ့ကို ယုံကြည်နေတုန်းပဲ။ ငါ ဆက်ကြိုးစားနေသရွေ့ တစ်နေ့ကျရင် ရှောင်ဝူက ရှောင်ချန်ယွီကို လူဆိုးမှန်း သိသွားပြီး သူ့ဆီက ထွက်လာမှာပါ။’
‘ဒါပေမဲ့ ရှောင်ဝူက ဒီနေ့ နည်းနည်း ပင်ပန်းနေပုံရတယ်။ ငါ သူမရဲ့ အနားယူချိန်ကို နှောင့်ယှက်မိပြီ ထင်တယ်။’
ထန်စန်းသည် အလွန်ပင် ထက်မြက်သည်ဟု ဆိုရမည်။ သူသည် ရှောင်ချန်ယွီကို အစွမ်းဖြင့် မယှဉ်နိုင်သောအခါ ရှောင်ဝူထံတွင် တိုင်တောရန် သင်ယူခဲ့သည်။ သို့သော် ရှောင်ဝူက သူ့ကို ယုံ မယုံ ဆိုသည်မှာမူ အခြားတစ်ကဏ္ဍ ဖြစ်သည်။
“အင်း... ကောင်းပြီ မင်း ကောင်းကောင်း အနားယူလိုက်ပါဦး။ မင်း ကြိုးစားရမယ်နော်။”
ရှောင်ဝူ၏ အသံကို ကြားသောအခါ ထန်စန်း၏ စိတ်ထဲမှ သံသယများ ပြေပျောက်သွားသည်။
ရှောင်ဝူ၏ ဝိညာဉ်မှာ အရိုးပျော့ယုန်ဖြစ်သဖြင့်သူမ၏ ဝိညာဉ်စွမ်းရည်များမှာ ရုပ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်လှသည်။ သူမသည် အပြင်းအထန် လေ့ကျင့်နေခြင်းကြောင့် ပင်ပန်းနေသည်ဟု သူ တွေးလိုက်မိသည်။
‘ရှောင်ဝူက ဒီလောက် အစွမ်းထက်နေတာတောင် ကြိုးစားနေတုန်းပဲ။ ငါ တကယ်ကို ဝမ်းသာလို့ မျက်ရည်တောင် ကျချင်တယ်။ ငါ ထန်စန်းလည်း ကြိုးစားရမယ်။’
“အင်း ကောင်းပြီ။”
ရှောင်ဝူ၏ သက်ပြင်းချသံများ ပိုမို လေးလံလာပြီးနောက် ဖုန်းမှာ ချက်ချင်းဆိုသလို ပြတ်တောက်သွားတော့သည်။
ပြတ်သွားသောဖုန်းကို ကြည့်ရင်း ထန်စန်းမှာ ဟာတာတာကြီး ခံစားလိုက်ရသည်။
“ရှောင်ချန်ယွီ မင်းက ရှောင်ဝူ မင်းကို ကြိုက်နေလို့ မောက်မာနေတာ မဟုတ်လားယ”
“မှတ်ထားလိုက် ငါ ထန်စန်း တစ်နေ့ကျရင် မင်းကို ကျော်တက်ပြမယ်။”
【တိန် ရှောင်ဝူကို ပိုင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ်များ ရရှိပါသည်။】
【တိန် ရှောင်ဝူကို ပိုင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ်များ ရရှိပါသည်။】
【တိန် ရှောင်ဝူကို ပိုင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ယာယီပါရမီ - သစ်တော၏သားတော်ကို ရရှိပါသည်။ သစ်တောအတွင်း ကျင့်ကြံပါက အရှိန် +၁၀၀၀%၊ အချစ်ကံ +၁၀၀၀%၊ အခွင့်အရေးရရှိမှု +၁၀၀၀%၊ ကံကောင်းမှု +၁၀၀၀% ကြာချိန် - ၆ နှစ်။】
ထိုအချိန်တွင် ထန်စန်းမှာ အပြင်းအထန် ကျင့်ကြံနေသော်လည်း ရှောင်ချန်ယွီက သူ၏ နတ်သမီးလေးနှင့် အတူရှိနေသည်ကို မသိရှာပေ။
နတ်သမီးလေးနှင့်အတူ ဘတ်စကတ်ဘော ကစားရင်း ဆုလာဘ်များ ရရှိနေခြင်းမှာ တကယ့်ကို သက်သောင့်သက်သာ ရှိလှသည်။
ထို့အပြင်ရှောင်ချန်ယွီ အနေနှင့် သူ၏ အစွမ်းကို မြှင့်တင်ရန်အတွက် ကြယ်သစ်တောသို့ သွားရန် လိုအပ်နေသည်။ ထိုတောအုပ်ထဲတွင် သူရယူရမည့် အရင်းအမြစ်များစွာ ရှိနေသည် မဟုတ်ပါလား။
အိပ်ချင်နေတုန်း ခေါင်းအုံး လက်ဆောင် လာပေးသလိုပင် ဖြစ်တော့သည်။