← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) - အနှစ်တစ်ထောင် ကျိကွမ်းမြွေ။

“ဝိညာဉ်သားရဲ တစ်ကောင် လာနေပြီ။”

ရှောင်ဝူ၏ မျက်လုံးထဲတွင် နိုးကြားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ရှောင်ချန်ယွီကို ရပ်ရန် အချက်ပြလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အချိန်မရွေး တိုက်ပွဲဝင်နိုင်ရန် အသင့်ပြင်ထားလိုက်သည်။

ဝိညာဉ်ကုန်းမြေဟု သိကြသည့် ဤကမ္ဘာတွင် ဝိညာဉ်သခင်များအတွက် ဝိညာဉ်သားရဲများသည် အရေးကြီးဆုံးအရာများ ဖြစ်သည်။

ဝိညာဉ်သားရဲများမရှိပါက သူတို့သည် ဝိညာဉ်ကွင်းများကို ရရှိနိုင်မည်မဟုတ်ပေ။ ထိုသို့မရရှိပါက သူတို့၏ ဝိညာဉ်စွမ်းအား အဆင့်ကို မြှင့်တင်နိုင်မည်မဟုတ်သလို သူတို့၏ အစွမ်းကိုလည်း အဆင့်အတန်းမြင့်မားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပေ။

ရှောင်ချန်ယွီ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်မှာမူ အဆင့်တက်ရန်အတွက် ဝိညာဉ်ကွင်းများ မဖြစ်မနေ လိုအပ်သည့် ဝိညာဉ်ကုန်းမြေမှ သာမန်ဝိညာဉ်သခင်များနှင့် မတူဘဲ ၎င်းသည် အရင်းအမြစ် အမြောက်အမြားကိုလည်း လိုအပ်နေပါသည်။

ရှောင်ဝူ၏ မူလအသွင်မှာ အနှစ်တစ်သိန်း ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်သော်လည်း ၎င်းသည် သူမအနေဖြင့် ဝိညာဉ်သားရဲ အားလုံးအပေါ် စာနာစိတ်ရှိရမည်ဟု မဆိုလိုပေ။

ဝိညာဉ်သားရဲများကြားတွင်လည်းအငြင်းပွားမှုများ ရှိတတ်ပြီး လူသားများနှင့် နှိုင်းယှဉ်လျှင် တောရိုင်းဥပဒေ က ပို၍ပင် တိုက်ရိုက်ကျလှသည်။

“ရှုးး။”

တစ်ချိန်တည်းမှာပင် သုံးမီတာခန့် ရှည်လျားသော မြွေကြီးတစ်ကောင်မှာ ရှောင်ဝူနှင့် ရှောင်ချန်ယွီတို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ထိုမြွေကြီး၏ နဖူးပေါ်တွင် သွေးကဲ့သို့ ရဲရဲနီနေသည့် ပတ္တမြားနှင့်တူသော အမောက်တစ်ခု ပါရှိသည်။ ၎င်း၏ အမြီးမှာ အလွန်တရာ တုတ်ခိုင်ပြီး အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

သိသာသည်မှာ ဤမြွေကြီးသည် အနီးစပ်ဆုံး အနှစ်တစ်ထောင် အဆင့်တွင် ရှိနေခြင်းပင်ဖြစ်၏။

အရိုးပျော့ယုန်တစ်ကောင်အနေဖြင့် ရှောင်ဝူသည် သဘာဝအလျောက် အစာကွင်းဆက်၏ အောက်ခြေတွင် ရှိနေသည်။

သူမသည်အနှစ်တစ်သိန်း ဝိညာဉ်သားရဲမှ လူသားအသွင် ပြောင်းလဲထားသူ ဖြစ်သော်လည်း သူမ၏ နှလုံးသားထဲတွင် ကွယ်ဝှက်နေသော ကြောက်ရွံ့မှုကြောင့် ရှေ့မှ မြွေကြီးကို မြင်သောအခါ အသက်ရှူပင် မှားသွားရသည်။

“အနှစ်တစ်ထောင် ကျိကွမ်းမြွေလား အမလေးဗျာ... ဒါက နောက်ပိုင်းမှာ ထန်စန်းက မုန့်ယီရန် ဆီကနေ လုပြီးတော့ အော်စကာကို ပေးလိုက်တဲ့ ဝိညာဉ်သားရဲ မဟုတ်လား။”

မူလဇာတ်လမ်းကို ဖတ်ဖူးသူဖြစ်သဖြင့် ရှောင်ချန်ယွီ ချက်ချင်းပင် မှတ်မိသွားသည်။

ဤကျိကွမ်းမြွေသည် အဆိပ်မရှိသော်လည်း ရှားပါးပြီး အစွမ်းထက်သော အဆိပ်မရှိမြွေမျိုး ဖြစ်သည်။

၎င်း၏ တိုက်ခိုက်မှုနည်းလမ်းမှာ ရန်သူကို ရစ်ပတ်ကာ အသက်ရှူကျပ်အောင် လုပ်ခြင်းဖြစ်သည်။

တိုက်ခိုက်ပုံမှာရိုးရှင်းသော်လည်း ၎င်း၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှပေသည်။ ထို့အပြင် ၎င်း၏ အမောက်တွင် အာဟာရဓာတ်အမျိုးမျိုးကို သိုလှောင်ထားနိုင်သဖြင့် အရေးကြုံလာပါက အရှိန်ကို ရုတ်တရက် မြှင့်တင်နိုင်စွမ်း ရှိသည်။

ဝိညာဉ်ကုန်းမြေရှိ ဝိညာဉ်သားရဲများသည် အမျိုးမျိုး ကွဲပြားသကဲ့သို့ ဝိညာဉ်သခင်များ၏ ဝိညာဉ်များမှာလည်း ကွဲပြားလှသည်။

ဆရာသခင်ယွီရှောင်ကန်း၏ အဆိုအရ ဝိညာဉ်ကွင်း အမျိုးမျိုးသည် မတူညီသော ဝိညာဉ်သခင်များနှင့် သင့်တော်ကြသည်။

ဝိညာဉ်သခင် နှစ်ဦးတွင် ဝိညာဉ်ချင်း တူနေပါစေဦး။ သူတို့၏ ကိုယ်ပိုင် ကြီးထွားမှု လမ်းကြောင်းများ မတူညီပါက သူတို့နှင့် အသင့်တော်ဆုံး ဖြစ်မည့် ဝိညာဉ်သားရဲများမှာလည်း ကွဲပြားနေမည်မှာ သေချာသည်။

ဝိညာဉ်သားရဲ တစ်ကောင်တည်းမှ ထွက်ပေါ်လာသော ဝိညာဉ်ကွင်းသည် ဝိညာဉ်သခင် တစ်ဦးတည်းအတွက်သာ သင့်တော်သည် မဟုတ်ဘဲ လုံးဝ ကွဲပြားခြားနားသော အမျိုးအစား နှစ်ခုအတွက်လည်း အသုံးတည့်နိုင်သည်။

တစ်ခါကအော်စကာသည် ဝိညာဉ်တစ်ခုနှင့် ပတ်သက်ပြီး မုန့်ယီရန်နှင့် အငြင်းပွားခဲ့ဖူးသည်။

အော်စကာသည် ဤဝိညာဉ်သားရဲထံမှ ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက် သူရရှိမည့် ဝိညာဉ်စွမ်းရည်မှာ အရှိန်နှင့် သက်ဆိုင်မည် ဖြစ်သည်။

ထောက်ပံ့ရေးဝိညာဉ်သခင်တစ်ဦးအနေဖြင့် အော်စကာသည် ဤမြွေထံမှ တိုက်ခိုက်ရေး စွမ်းရည်များကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် အော်စကာအတွက် ဤဝိညာဉ်ကွင်းမှ ရရှိနိုင်မည့် တစ်ခုတည်းသော အာနိသင်မှာ အရှိန် ဖြစ်သွားသည်။

အကယ်၍ ထိုစဉ်က ယွီရှောင်ကန်းသာ ရှိနေခဲ့လျှင် အော်စကာသည် သူ၏ တတိယမြောက် ဝိညာဉ်ကွင်းကို စုပ်ယူပြီးပါက မည်သည့် ဝိညာဉ်စွမ်းရည် ရရှိမည်ကို ကြိုတင် ခန့်မှန်းနိုင်ပေလိမ့်မည်။

ဤမြွေ၏ ဝိညာဉ်ကွင်းကို စုပ်ယူခြင်းဖြင့် အော်စကာသည် အခြားသူများကို အရှိန်မြှင့်ပေးနိုင်ရုံတင်မကဘဲ ပျံသန်းခြင်းကိုပါ ပြုလုပ်နိုင်စေသဖြင့် အော်စကာ၏ အထောက်အကူပြုနိုင်စွမ်းကို များစွာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။

ဤဝိညာဉ်ကွင်းသည်အော်စကာအတွက် အလွန်ကောင်းမွန်သော ဝိညာဉ်ကွင်းတစ်ခုဟု ဆိုနိုင်သည်။

“အနှစ်တစ်ထောင် ကျိကွမ်းမြွေကို ရှာဖို့ဆိုတာ တကယ် ခက်ခဲတယ်။ အခု ငါက သူ့ကို ဒီမှာ သတ်လိုက်မယ်ဆိုရင် အနာဂတ်မှာ ထန်စန်းက သူ့ကိုသုံးပြီး အော်စကာကို သိမ်းသွင်းနိုင်တော့မှာ မဟုတ်ဘူး။”

ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထန်စန်း၏ အစွမ်းမှာ သူတစ်ယောက်တည်း အစွမ်းထက်နေခြင်း မဟုတ်ပေ။ အဓိကသော့ချက်မှာ သူဦးဆောင်သည့် ရှီလိုင်ခဲနတ်ဆိုးခုနစ်အဖော်အားလုံးမှာ ပါရမီ အလွန်ထူးချွန်ကြပြီး နောက်ပိုင်းတွင် အားလုံး နတ်ဘုရားများ ဖြစ်လာကြခြင်းပင်။

အထူးသဖြင့်အော်စကာသည် အစားအသောက်စနစ် ဝိညာဉ်သခင် တစ်ဦးသာ ဖြစ်သော်လည်း ထန်စန်းအတွက် အလွန် ကြီးမားသော အကူအညီ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ထန်စန်းမှာ ချန်းရန်ရွှယ် ၏ သတ်ဖြတ်ခြင်းကို ခံရသောအခါ အော်စကာနှင့် နင်ရုံရုံ တို့ကို အားကိုးပြီးမှ ပြန်လည် ရှင်သန်လာခဲ့ရခြင်း ဖြစ်သည်။

ရန်သူ၏ အခွင့်အရေးကို ကြားဖြတ် လုယူနိုင်ခွင့် ရနေမှတော့ ရှောင်ချန်ယွီအနေနှင့် ယဉ်ကျေးနေစရာ မလိုတော့ပေ။

ဤဝိညာဉ်ကွင်းကို ဆုံးရှုံးလိုက်ရခြင်းက အော်စကာ၏ အနာဂတ် ကြီးထွားမှုအပေါ် သက်ရောက်မှု ရှိမရှိ သို့မဟုတ် အော်စကာနှင့် ထန်စန်းတို့၏ သူငယ်ချင်း သံယောဇဉ်အပေါ် သက်ရောက်မှု ရှိမရှိနှင့် ဝိညာဉ်နန်းတော် ပျက်စီးမည့် ရလဒ်များ ပြောင်းလဲသွားမလားဆိုသည်ကို ရှောင်ချန်ယွီ သိချင်နေမိသည်။

၎င်းမှာ သေးငယ်သော အပြောင်းအလဲတစ်ခုသာ ဖြစ်သော်လည်း ထန်စန်းကို နာကျင်စေနိုင်သရွေ့ ရှောင်ချန်ယွီအနေနှင့် လုပ်ဆောင်ရန် ဝန်မလေးပေ။

ထို့အပြင် ရှောင်ချန်ယွီသည် ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူသည် အနှစ်တစ်ထောင် ဝိညာဉ်ကွင်းကို မလိုအပ်သော်လည်း ဤခန္ဓာကိုယ်မှာ မည်သည့် အရင်းအမြစ်ကိုမဆို အသုံးချနိုင်သည်။

ဤဝိညာဉ်သားရဲပေါ်မှအရာအားလုံးကို ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် တိုးတက်ရန်အတွက် အရင်းအမြစ်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဤသို့ တွေးမိသောအခါ ရှောင်ချန်ယွီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

“အစ်ကိုချန်ယွီ... ဒီကျိကွမ်းမြွေက အနှစ်တစ်ထောင် ကျင့်ကြံမှုရှိတာ။ ကိုင်တွယ်ရခက်လိမ့်မယ်။”

ဘေးနားမှ ရှောင်ဝူ၏ မျက်လုံးထဲတွင်လည်း စိုးရိမ်မှုနှင့် နိုးကြားမှုများ ရှိနေသည်။

မူလဇာတ်လမ်းတွင်ထန်စန်းတို့နှင့် ဤမြွေကြီး တွေ့ဆုံစဉ်က ထန်ဆန်းမှာ အဆင့် ၂၉ သို့ ရောက်နေပြီဖြစ်သည့်အပြင် ရှီလိုင်ခဲအကယ်ဒမီမှ ဝိညာဉ်သူတော်စင်အဆင့်ရှိသော ဆရာများစွာ ပါဝင်နေသဖြင့် အနှစ်တစ်ထောင် ဝိညာဉ်သားရဲကို သတ်ရန်မှာ အလွန်ပင် လွယ်ကူခဲ့သည်။

ထိုစဉ်ကပင် ထန်စန်းသည် ဤမြွေကြီးကို အနိုင်ရရန် အတော်လေး ရုန်းကန်ခဲ့ရသေးသည်။

သို့သော်ယခုအခါတွင် ရှောင်ချန်ယွီမှာ အဆင့် ၁၉ သာ ရှိသေးသည်။ ရှောင်ဝူမှာလည်း အနှစ်တစ်သိန်း ဝိညာဉ်သားရဲ ဖြစ်သော်လည်း လူသားအသွင် ပြောင်းလဲခြင်းမှာ အလွန် အန္တရာယ်များသည့်အပြင် သူမ၏ အစွမ်းမှာလည်း လက်ရှိအဆင့်သို့ ကျဆင်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် ရှေ့မှ အနှစ်တစ်ထောင် ကျိကွမ်းမြွေ ရင်ဆိုင်ရန်မှာ ရှောင်ဝူအတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။

ရှေ့မှမြွေကြီးမှာလည်း ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့၏ အားနည်းချက်ကို သိရှိပုံရပြီး ၎င်း၏ မျက်လုံးများထဲတွင် လူသားတစ်ဦးကဲ့သို့ မထီမဲ့မြင်ပြုသော အကြည့်များပင် ပေါ်လာသည်။

“ရှုး”

မြွေကြီးက ရှောင်ချန်ယွီကိုစတင် တိုက်ခိုက်လိုက်သည်။

“ရှောင်ဝူ... အရင် နောက်ဆုတ်နေလိုက်။”

ရှောင်ချန်ယွီသည် တိုက်ခိုက်လိုသော စိတ်ဆန္ဒ အပြည့်ဖြင့် မြွေကြီးကို ရင်ဆိုင်ရန် ရှေ့သို့ တိုးထွက်လိုက်သည်။

“ဒုန်း”

ချက်ချင်းဆိုသလိုပင် မြွေကြီးမှာ ရှောင်ချန်ယွီ၏ ရှေ့သို့ ရောက်ရှိလာပြီး ၎င်း၏ သုံးမီတာကျော် ရှည်လျားသော အမြီးကြီးဖြင့် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

မြင်ရသူအဖို့အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ ၎င်းကို မြင်သောအခါ ရှောင်ချန်ယွီက မဆိုင်းမတွပင် ရှေ့သို့ ပြေးထွက်သွားသည်။

“အစ်ကိုချန်ယွီ... အန္တရာယ်ရှိတယ်။”

မြွေကြီး၏ လှုပ်ရှားမှုကို မြင်သောအခါ ရှောင်ဝူ၏ လှပသော မျက်နှာလေးမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။

ရှောင်ချန်ယွီနှင့်နှိုင်းယှဉ်လျှင် ဤမြွေကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားလှသည်။ အရွယ်အစားမှ ပေးသော ဖိအားကြောင့်ပင် သာမန်ဝိညာဉ်သခင် တစ်ဦးဆိုပါက ကြောက်ရွံ့တုန်ရင်နေပေလိမ့်မည်။

၎င်းအပြင် မြွေကြီး၏ အရှိန်မှာလည်း အလွန်မြန်လှသည်။ ရှောင်ချန်ယွီက သူ၏ ဝိညာဉ်ကိုပင် မခေါ်ထုတ်ရသေးပါလား။ ဝိညာဉ်သခင် တစ်ယောက်အနေနှင့် ဝိညာဉ်ကို မသုံးဘဲ တိုက်ခိုက်မည်ဆိုပါက လက်သီးကို သုံးမည်ဟု ဆိုလိုခြင်းလော။

လူသားတစ်ဦး၏ ခန္ဓာကိုယ်မှာ ဝိညာဉ်သားရဲများထက် သဘာဝအလျောက် ပိုမို နုနယ်သည်။ သူသည် မာကျောသော အနှစ်တစ်ထောင် ဝိညာဉ်သားရဲကို သူ၏ လက်သီးတစ်ခုတည်းနှင့် အမှန်တကယ် အနိုင်ယူနိုင်ပါ့မလား။

All Chapters