အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) - တုန်လှုပ်သွားသော မုန့်ယီရန်။
‘ရှောင်ချန်ယွီ... တစ်ခါမှ မကြားဖူးတဲ့ နာမည်ပဲ။ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ငါ့လောက်တောင် မမြင့်တာ ဘာကြောက်စရာ ရှိလို့လဲ။’
မုန့်ယီရန်သည် မိမိကိုယ်ကိုယ် အာရုံခံစားမှု လွန်ကဲနေမိသလားဟု တွေးရင်း စိတ်ထဲမှ တဟားဟား ရယ်မောနေမိသည်။
ဝိညာဉ်စွမ်းအားအဆင့်အရဆိုလျှင် မုန့်ယီရန်က အဆင့် ၂၀ သို့ ရောက်ရှိနေပြီး ရှောင်ချန်ယွီမှာ အဆင့် ၁၉ သာ ရှိသေးသည်။
ဝိညာဉ်ကုန်းမြေရှိ အဆင့်နိမ့် ဝိညာဉ်သခင်များကြားတွင် ဝိညာဉ်စွမ်းအား တစ်ဆင့် နှစ်ဆင့် ကွာခြားခြင်းမှာ အရေးမကြီးလှပေ။
မူလဇာတ်လမ်းတွင်ထန်စန်းသည် မိမိထက် အဆင့်မြင့်သော ပြိုင်ဘက်များကို အောက်အဆင့် ဝိညာဉ်စွမ်းအားဖြင့် မကြာခဏ အနိုင်ယူလေ့ရှိသည်။
သို့သော်ဝိညာဉ်သခင် အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။ အဆင့်နိမ့်သူက အဆင့်မြင့်သူကို ရှုံးနိမ့်ခြင်းမှာ သဘာဝတရားပင် ဖြစ်သည်။
ဝိညာဉ်ကုန်းမြေမှာ အလွန်ကျယ်ပြန့်လှသဖြင့် အဆင့်ကျော်ပြီး ပြိုင်ဘက်ကို သတ်နိုင်သည့် မိစ္ဆာကောင်မျိုးတွေ ဒီလောက် အများကြီး ရှိမနေနိုင်ပါဘူး။
‘ငါမုန့်ယီရန် တစ်ယောက် အပြင်ထွက် လမ်းလျှောက်ရုံနဲ့ အဲဒီလိုလူမျိုးနဲ့ တိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလေ။ ဟုတ်တယ်မလား။’
ထို့အပြင် ရှောင်ဝူကို အနိုင်ယူလိုက်နိုင်ခြင်းက မုန့်ယီရန်ကို သူမ၏ အစွမ်းအပေါ် ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။
ရှေ့မှရှောင်ဝူမှာ ဒေါသကြီးပြီး ရန်စရခက်မည့်ပုံ ပေါက်သော်လည်း သူမ မုန့်ယီရန်ကို ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား။
‘ဒီရှောင်ချန်ယွီကတော့ ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့တဲ့ပုံပဲ။ ကြည့်ရတာ အန္တရာယ်မရှိတဲ့ပုံစံမို့ တိုက်ခိုက်ရေးစွမ်းရည် သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒီမောင်လေးကို နည်းနည်းလောက် စနောက်ကြည့်ရင် ကောင်းမလား။’
အမှန်စင်စစ် မုန့်ယီရန်က ရှောင်ချန်ယွီကို ချောမောသည်ဟု မြင်သောကြောင့်သာ ဖြစ်သည်။
အကယ်၍ သူသာ ရုပ်ဆိုးနေပါက ရုပ်ရည်ကို အလေးထားသော မုန့်ယီရန်က သူ့ကို စကားအရှည်ကြီး ပြောနေမည် မဟုတ်ပေ။
“မောင်လေး ချန်ယွီ... မင်းသာ ငါ့ကို မမကြီးလို့ ခေါ်မယ်ဆိုရင် ငါ မင်းကို ညှာတာပြီး တိုက်ပေးမယ်နော်။”
မုန့်ယီရန်၏ စကားသံမှာ သင်းပျံ့လှပြီး သူမ၏ မျက်လုံးထဲတွင် စနောက်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဒါဆိုရင် မင်းမှာ အဲဒီလို အရည်အချင်း ရှိ မရှိ ကြည့်ကြတာပေါ့။”
ရှောင်ချန်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပထမဆုံး စတင် တိုက်ခိုက်လိုက်သည်။ မုန့်ယီရန်သည် အမှန်တကယ် လှပသော်လည်း ရှောင်ချန်ယွီကတော့ အပေါ်စီးကနေသာ နေချင်သူ ဖြစ်သည်။
ထို့အပြင်မုန့်ယီရန်သည် သူပင်ပင်ပန်းပန်း သတ်ထားသည့် အနှစ်တစ်ထောင် ကျိကွမ်းမြွေကို ရောက်ရောက်ချင်း တောင်းဆိုနေခြင်း ဖြစ်ရာ ရှောင်ချန်ယွီအနေနှင့် လုံးဝ အလျော့ပေးနိုင်စရာ အကြောင်းမရှိပေ။
အနှစ်တစ်ထောင် ကျိကွမ်းမြွေ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ရတနာများပင်ဖြစ်သည်။ ၎င်းသည် ရှောင်ချန်ယွီ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန်အတွက် အလွန် အထောက်အကူ ဖြစ်စေလိမ့်မည်။
မိန်းကလေးတစ်ယောက်ကိုစိတ်ကျေနပ်စေရန်အတွက် ရှောင်ချန်ယွီက ၎င်းကို မည်သို့ ပေးကမ်းနိုင်မည်နည်း။ ၎င်းအပြင် မုန့်ယီရန်မှာ မူလဇာတ်လမ်းမှ ဇာတ်ပို့ဇာတ်ရုပ် တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ထန်စန်းနှင့်တွေ့လျှင် သူမက ထန်စန်းကို နွေးထွေးမှုတွေ သွားပေးနေမလား မည်သူသိနိုင်မည်နည်း။
နိဂုံးချုပ်ရလျှင် ရှောင်ချန်ယွီအနေနှင့် အပေးအယူလုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
နှစ်ဦးသားမှာ လျင်မြန်စွာ ထိတွေ့မိသွားပြီး တိုက်ပွဲမှာ ချက်ချင်း စတင်လေတော့သည်။ ရှောင်ချန်ယွီက လက်သီးဖြင့် ထိုးလိုက်ပြီး မုန့်ယီရန်က သူမ၏ မြွေတောင်ဝှေးကို မြှောက်ကာ ရိုက်ချလိုက်သည်။
အဆင့်နိမ့်ဝိညာဉ်သခင်များကြားမှ တိုက်ပွဲမှာ များသောအားဖြင့် ရိုးရှင်းပြီး အဆင်တန်ဆာများများ မရှိလှပေ။
ယခုအချိန်တွင်မုန့်ယီရန်မှာ အဆင့် ၂၀ ဝိညာဉ်သခင်သာ ဖြစ်ပြီး ဝိညာဉ်စွမ်းရည် တစ်ခုကိုသာ တတ်မြောက်ထားသေးသည်။
ဘုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ လူရိပ်နှစ်ခုမှာ နောက်သို့ အသီးသီး ဆုတ်သွားကြသည်။
“မဆိုးဘူးပဲ ငါ့ကို တကယ် ယှဉ်နိုင်တာပဲ။”
“ဒါပေါ့... ငါ့မှာ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် ရှိတာပဲ။ ငါက ပါရမီရှင်ပဲလေ။”
ရှောင်ချန်ယွီက အသာအယာ ပြုံးလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ မုန့်ယီရန်ထက် နိမ့်သော်လည်း ခုနက တိုက်ခိုက်မှုမှာ စမ်းသပ်ရုံသက်သက် အစွမ်း ၁၀ ရာခိုင်နှုန်းပင် မပြည့်သေးဘဲ သူမကို ကိုင်တွယ်ရန် လုံလောက်နေပြီ ဖြစ်သည်။
၎င်းက ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်၏ စွမ်းအား မည်မျှကြီးမားသည်ကို ပြသနေခြင်းပင်။ ဝိညာဉ်ကုန်းမြေ၏ ဝိညာဉ်သခင် စနစ်နှင့် ယှဉ်လျှင် ၎င်းမှာ အဆင့်အတန်းချင်း လုံးဝ မတူညီသော တိုက်ခိုက်မှုမျိုး ဖြစ်သည်။ ရှောင်ချန်ယွီအနေနှင့် သူ၏ ခန္ဓာကိုယ်မှာ စတင်ရုံသာ ရှိသေးသည်ကို သိသည်။
မုန့်ယီရန်က သူမ၏ ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်သည်။
“ငါက ငါ့အစွမ်းရဲ့ ၈၀ ရာခိုင်နှုန်းပဲ သုံးရသေးတာ။ မောင်လေး ရှောင်ချန်ယွီ... မင်း မြန်မြန် အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်။”
ရှောင်ချန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
“မင်းကို တော်တော် တော်တယ် ထင်နေတာ။မင်းမှာ ရှိတာ ဒါအကုန်ပဲလား။”
ရှောင်ချန်ယွီ၏ ကိုယ်ဟန်မှာ လှုပ်ရှားသွားပြီး မုန့်ယီရန်ထံသို့ ထပ်မံ ပြေးဝင်သွားသည်။
သူသည်မိမိကိုယ်ကိုယ် အထင်ကြီးနေသော မုန့်ယီရန်ကို သင်ခန်းစာ ကောင်းကောင်း ပေးချင်နေသည်။ သူမထက် ပိုတော်သူတွေ အများကြီး ရှိသေးသည်ကို သိစေချင်သည်။
“ဟွန့်... မောက်မာလိုက်တာ။”
မုန့်ယီရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမလည်း ရှေ့သို့ ပြေးထွက်လိုက်သည်။
သူမမှာအဆင့် ၂၀ ဝိညာဉ်သခင် အစွမ်းရှိနေတာပဲ။ရှောင်ချန်ယွီလို ကလေးတစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ။
နှစ်ဦးသား ထပ်မံ ထိတွေ့မိပြန်ရာ တိုက်ပွဲမှာ ပို၍ ပြင်းထန်လာတော့သည်။
“ဒုန်း... ဒုန်း...”
ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ ရှောင်ချန်ယွီ၏ ထိုးနှက်ချက်တိုင်းမှာ အလွန်ပင် အားပါလှသည်။
မုန့်ယီရန်ကလည်းအရှုံးမပေးဘဲ ပြန်လည် တိုက်ခိုက်နေသဖြင့် ခေတ္တမျှမှာမူ သူတို့နှစ်ဦးမှာ အပြန်အလှန် လုံးထွေးနေကြသည်။
‘ငါ ဒါကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။’
ရုတ်တရက် တိုက်ခိုက်နေရင်း မုန့်ယီရန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ အကြောင်းမှာ ရှောင်ချန်ယွီ၏ တိုက်စစ်မှာ ပိုပိုပြီး ပြင်းထန်ကာ လွှမ်းမိုးလာသဖြင့် သူမအနေနှင့် မယှဉ်နိုင်တော့ပေ။
ပ်ို၍ ကြောက်စရာကောင်းသည်မှာ ရှောင်ချန်ယွီသည် အစမှ အဆုံးအထိ သူ၏ ဝိညာဉ်ကို ထုတ်မသုံးသေးခြင်းပင်။
ဝိညာဉ်ကုန်းမြေရှိ ဝိညာဉ်သခင်တစ်ဦးသည် တကယ်တမ်း တိုက်ခိုက်တော့မည်ဆိုလျှင် မိမိ၏ ဝိညာဉ်ကို ဆင့်ခေါ်ရစမြဲ ဖြစ်သည်။ ဝိညာဉ်ကို မသုံးဘဲ တိုက်ခိုက်ခြင်းမှာ သွေးပူလေ့ကျင့်ခန်း လုပ်နေခြင်းသာ ဖြစ်သည်။
‘ဒါဆို ငါ မုန့်ယီရန်က အစွမ်းကုန် သုံးနေချိန်မှာ ရှောင်ချန်ယွီက သွေးပူလေ့ကျင့်ခန်း လုပ်နေတာပဲလား။’
‘တောက်... သူ့ရဲ့ တိုက်ခိုက်မှုတွေက ဘာလို့ ဒီလောက်တောင် ပြင်းနေရတာလဲ။’
မုန့်ယီရန်၏ မျက်နှာမှာ အလွန်ပင် ညိုမှောင်နေတော့သည်။
‘အစ်ကိုချန်ယွီရဲ့ အစွမ်းက တကယ်ကို ကြီးမားတာပဲ။ ကြည့်ရတာ သူ အစွမ်းကုန်တောင် မသုံးရသေးဘူးထင်တယ်။’
ဘေးနားမှ ကြည့်နေသော ရှောင်ဝူသည်လည်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ရှောင်ဝူသည်မုန့်ယီရန်၏ အစွမ်းကို ကိုယ်တိုင် ခံစားခဲ့ရသူ ဖြစ်သည်။ ပြိုင်ဘက်မှာ သူမကို အကွက်အနည်းငယ်ဖြင့်တင် အလွယ်တကူ အနိုင်ယူခဲ့သည်။
ရှောင်ဝူအနေနှင့်မကျေနပ်သော်လည်း မုန့်ယီရန်မှာ အလွန်အစွမ်းထက်သည်ကို ဝန်ခံရမည်။ သို့သော် ရှောင်ချန်ယွီမှာမူ ယခင်က ထန်ဆန်းကို အနိုင်ယူစဉ်ကပင် သူ၏ အစွမ်းအမှန်ကို ဝှက်ထားခဲ့သည်ကို သူမ မသိခဲ့ပေ။
ယခင်က ထန်စန်းမှာ ရှောင်ချန်ယွီ၏ အစွမ်းကို ထုတ်သုံးရလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ယခု ရှေ့မှ မုန့်ယီရန်ပင်လျှင် ရှောင်ချန်ယွီကို အတည်အပေါက် တိုက်ခိုက်ရအောင် မလုပ်နိုင်သေးချေ။
“ဟမ့်.. မင်း ငါ့ကို အရမ်း အထင်သေးလွန်းတာပဲ မဟုတ်လား။”
ရှောင်ချန်ယွီ၏ မျက်လုံးများမှာ အေးစက်နေပြီး သူ၏ တိုက်စစ်ကို ဆက်လက် ဆင်နွှဲနေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ထုတ်မသုံးရသေးသည့် ဧရာမ စွမ်းအားကြီးများ ကိန်းအောင်းနေသည်။
ရှောင်ချန်ယွီကိုယ်တိုင်ပင်သူ၏ ခန္ဓာကိုယ် အစွမ်းမှာ မည်သည့်နေရာတွင် အဆုံးသတ်သည်ကို မသိသေးပေ။ သို့သော် ရှေ့မှ မုန့်ယီရန်မှာမူ သူ့ကို ဖိအားမပေးနိုင်သည်မှာ ထင်ရှားလှသည်။
ဤတိုက်ပွဲမှာသွေးပူလေ့ကျင့်ခန်းပင် မမြောက်သေးချေ။ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်မှာ ဝိညာဉ်သခင် စနစ်ကို လုံးဝ အပြတ်အသတ် နှိမ်နင်းထားနိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
“ငါ အရှုံးမပေးနိုင်ဘူး။”
မုန့်ယီရန်က သွားကြိတ်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ဒေါသနှင့် မကျေနပ်မှုများ ဖြတ်ပြေးသွားကာ သူမ၏ မြွေတောင်ဝှေးကို ရုတ်တရက် ဝေ့ယမ်းလိုက်သည်။ အလွန်ပင် အစွမ်းထက်လှသော မြွေအသက်ရှူသံမှာ ရှောင်ချန်ယွီထံသို့ လွင့်ပျံလာသည်။
၎င်းဖြတ်သန်းသွားသော နေရာတိုင်းမှာ လုံးဝ ပျက်စီးသွားသကဲ့သို့ ခံစားရသည်။ မုန့်ယီရန်၏ ဤတိုက်ကွက်မှာ အမှန်တကယ်ပင် ဖျက်ဆီးအား ကြီးမားလှသည်။
ရှောင်ချန်ယွီက အေးစက်စွာ ရယ်လိုက်ပြီး သူ၏ ကိုယ်ဟန်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်တိမ်းလိုက်သည်။
“နင့်မှာ ဘယ်လောက်တောင် အရည်အချင်း ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
မုန့်ယီရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ မြွေတောင်ဝှေးကို ကိုင်ကာ ရှေ့သို့ ထပ်မံ ပြေးဝင်လာသည်။ ရှောင်ချန်ယွီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
“သေတွင်းထဲကိုကိုယ်တိုင် ဆင်းလာတာပဲ။”
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာသည်။
ချက်ချင်းဆိုသလိုပင်သူ၏ အရပ်မှာ ငါးစင်တီမီတာခန့် မြင့်တက်လာပြီး သူ၏ ကြွက်သားများမှာလည်း တောင်ကုန်းငယ်လေးများကဲ့သို့ ဖောင်းကားလာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသောဖိအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကိုပင် လွှမ်းမိုးထားသကဲ့သို့ ခံစားရသည်။
မုန့်ယီရန်၏ မျက်နှာပေးမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ နှလုံးသားမှာလည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဒါ... ဒါက ဘာလဲ။”
“ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် တိုက်မယ်။”
ရှောင်ချန်ယွီက အေးစက်စွာ အော်လိုက်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေမည့် အစွမ်းနှင့်အတူ မုန့်ယီရန်ထံသို့ သူ၏ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။