← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆) - လက်နက်လျှို့ဝှက်ချက်။

ပန်းရောင် အဆိပ်မြူခိုးများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနီးနားတွင် ရပ်နေသော မုန့်ယီရန်နှင့် ရှောင်ချန်ယွီတို့ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ တစ်ဖက်တွင်မူ တိုက်ပွဲကို အလှမ်းဝေးရာမှ ကြည့်နေသော ရှောင်ဝူမှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့သည်။

သို့သော် ရှောင်ဝူ၏ မျက်လုံးထဲတွင် သံသယနှင့် မသင်္ကာမှုများ ဖြတ်ပြေးသွားသည်။

“ဘာဖြစ်တာလဲ ဒီမြွေအဆိပ်မရှိတဲ့ အမျိုးအစား မဟုတ်ဘူးလား။”

မုန့်ယီရန်မှာမူ စိုးရိမ်တကြီး ဖြစ်လာသည်။ ယခုအချိန်တွင် သူမ၏ အသက်ရှူသံများမှာ အကြောင်းပြချက်မရှိဘဲ မြန်ဆန်လာပြီး နားရွက်လေးများမှာလည်း ရဲတက်နေကာ ရှောင်ချန်ယွီကို ကြည့်သည့် အကြည့်များမှာလည်း ထူးဆန်းသော အရိပ်အယောင်များ ပါဝင်နေသည်။

“ချန်ယွီ... မကောင်းတော့ဘူး ဒါက သာမန်ကျိကွမ်းမြွေမဟုတ်ဘူး။ မျိုးဗီဇပြောင်းလဲနေတာပဲ။ သူ့ရဲ့ အသားနဲ့ သွေးတွေကနေ ထွက်တဲ့ ဒီပန်းရောင်မြူခိုးတွေက စိတ်ဝိညာဉ်မူးယစ်ဆေး ဖော်စပ်တဲ့ အဓိက အစိတ်အပိုင်းပဲ။”

ရှောင်ဝူသည် ကြယ်သစ်တောတွင် နှစ်ပေါင်း တစ်သိန်းတိုင် ရှင်သန်ခဲ့သူ ဖြစ်သဖြင့် ဝိညာဉ်သားရဲများအကြောင်း သူမ၏ သိနားလည်မှုမှာ ထိပ်တန်းဆရာကြီးထက်ပင် များစွာ နက်ရှိုင်းပေလိမ့်မည်။

နှစ်ပေါင်းတစ်သိန်းဟူသော အချိန်ကာလမှာ ဝိညာဉ်သားရဲတစ်ဦးအတွက် အသိပညာများစွာ သင်ယူရန် လုံလောက်လှသည်။

၎င်းအပြင် ရှောင်ဝူသည် လူသားကမ္ဘာသို့လည်း လာရောက်ပြီး စာအုပ်များ ဖတ်ရှုဖူးသည်။ အသိပညာ ဗဟုသုတပိုင်းတွင် သူမသည် လုံးဝ အားမနည်းလှပေ။

ဒီ စိတ်ဝိညာဉ်ယစ်မူးဆေး ဆိုတာ နာမည်ကြားရုံနဲ့တင် ကောင်းတဲ့အရာ မဟုတ်မှန်း သိသာလှသည်။

“ဘာတွေလဲကွာ။ ဒီလိုမျိုးလည်း ရှိသေးတာလား။”

ရှောင်ချန်ယွီ၏ မျက်နှာမှာလည်း ညိုမှောင်သွားသည်။ မုန့်ယီရန်၏ ဖြူနုသော လည်တိုင်လေးကို ကြည့်ရင်း သူ၏ နှလုံးခုန်သံမှာလည်း မသိမသာ မြန်ဆန်လာသည်။

သူသည်မုန့်ယီရန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် လှပပြီး ရှုပ်ထွေးသော အတွေးများစွာ ပြည့်နှက်နေတော့သည်။

သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် ဘတ်စကက်ဘောကစားခဲ့ကြသည်။

‌

ဘေးမှ ကြည့်နေသော ရှောင်ဝူသည်လည်း အသက်ရှူသံများ ပြင်းထန်လာပြီး သူမ၏ နှလုံးသားမှာ ပူလောင်နေသလို ခံစားရသည်။

သို့သော်ယခုအချိန်တွင် သူမ လုပ်နိုင်သည်မှာ ဘေးမှရပ်ကြည့်ရင်း ရှောင်ချန်ယွီနှင့် မုန့်ယီရန်တို့၏ ဘတ်စကက်ဘော ပွဲစဉ် ကို စောင့်ကြည့်ပေးကာ ဘေးရန်ကင်းအောင် ကင်းစောင့်ပေးရန်သာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာမှာ ကြယ်သစ်တောပင် ဖြစ်သည်။ ရှောင်ချန်ယွီက အနှစ်တစ်ထောင် ကျိကွမ်းမြွေကို သတ်လိုက်သဖြင့် ထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါကြောင့် သာမန်သားရဲများ မလာရဲကြသော်လည်း အမှတ်မထင် ရောက်လာမည့် ဝိညာဉ်သားရဲများ ရှိနိုင်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ်... ရှောင်ချန်ယွီအတွက်တော့ ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

(တိန် အိမ်ရှင်သည် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ ထံမှ မိန်းကလေးတစ်ဦးကို လုယူနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။ ကံကောင်းခြင်းအမှတ်+၁၀၀၀ ရရှိပါသည်။)

(တိန် အိမ်ရှင်သည် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူကို စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။ ကံကောင်းခြင်းအမှတ်+၁၀၀၀ ရရှိပါသည်။)

(အိမ်ရှင်သည် မုန့်ယီရန်ကို အောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။ ကောင်းကင်ကို ဖုံးလွှမ်းခြင်း၏ လျှို့ဝှက်ချက်ကိုးပါးထဲမှ တစ်ခုဖြစ်သော လက်နက်လျှို့ဝှက်ချက်ကို ရရှိပါသည်။)

စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရချိန်တွင် ရှောင်ချန်ယွီ အံ့အားသင့်သွားသည်။

ကံကောင်းကိုဖုံးလွှမ်းခြင်း၏ ကိုးပါးလျှို့ဝှက်ချက်များမှာ လင်း ၊ပင်း ၊တိုး၊ ကျဲ၊ ကျဲ့၊ ရှု၊ ကျူ၊ ချန် နှင့် စင်း တို့ ဖြစ်ကြသည်။

လက်နက်လျှို့ဝှက်ချက် (ပင်း) သည် လက်နက်ကိရိယာများ သန့်စင်သည့် နည်းလမ်းသာမက တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုသာ လုံလောက်ပါက ကမ္ဘာပေါ်ရှိ လက်နက်အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

လျှို့ဝှက်ချက်ကိုးပါးများက ဘာကြောင့် ဒီလောက်ကျော်ကြားရသနည်း။ ဒဏ္ဍာရီများအရ ကောင်းကင်ကို ဖုံးလွှမ်းခြင်း၏ ဒဏ္ဍာရီလာခေတ်တွင် လူကိုးဦး ပေါ်ထွန်းခဲ့ပြီး တစ်ဦးချင်းစီက သူတို့၏ နယ်ပယ်အသီးသီးတွင် လျှို့ဝှက်နည်းစနစ်တစ်ခုစီကို ဖန်တီးခဲ့ကြသည်။

သူတို့ကိုနတ်ဘုရားကိုးပါးဟု ဘွဲ့အမည်ပေးခဲ့ကြသည်။ ဤလျှို့ဝှက်ချက် ကိုးပါးစလုံး ပေါင်းစပ်လိုက်လျှင် နတ်ဘုရားများကိုပင် တုန်လှုပ်စေနိုင်သည့် စွမ်းအားများရရှိပြီး ၎င်းတို့ကို အသက်သွင်းရန် မည်သည့် ကျင့်စဉ်မှ မလိုအပ်ဘဲ တစ်ခုချင်းစီမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အစွမ်းများ ရှိကြသည်။

ရှောင်ချန်ယွီသည် မူလကပင် ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးခြားလှသော်လည်း ယခုအခါ ကိုးပါးလျှို့ဝှက်ချက်ထဲမှ တစ်ခုကိုပါ ရရှိလိုက်ပြန်ပြီဖြစ်၏။

ဒါက ဘာကို ဆိုလိုတာလဲ။

ရှောင်ချန်ယွီတွင်အလွန် ထူးခြားလှသော တိုက်ခိုက်ရေး နည်းလမ်းတစ်ခု ရရှိသွားခြင်းပင်။၎င်းမှာ လက်နက်လျှို့ဝှက်ချက် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လက်နက်အားလုံးကို ထိန်းချုပ်နိုင်ခြင်း ဝိညာဉ်ကုန်းမြေပေါ်ရှိ ဝိညာဉ်သခင် အများအပြားမှာ လက်နက်ဝိညာဉ် များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။ ကမ္ဘာပေါ်တွင် နံပါတ်တစ် ဂိုဏ်းဖြစ်သော ထန်ဂိုဏ်း ၏ ကောင်းကင်တူ သည်လည်း အခြေခံအားဖြင့် လက်နက်ဝိညာဉ်တစ်ခု မဟုတ်ပါလား။

ဤ လက်နက်လျှို့ဝှက်ချက် မှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။ ကမ္ဘာမှာတောင် ဒါက ထိပ်တန်း လျှို့ဝှက်နည်းစနစ် ဖြစ်နေရင် ဝိညာဉ်ကုန်းမြေကြီးမှာဆိုရင်တော့ ဒါက လုံးဝကို သတ်ဖြတ်ခြင်း နယ်ပယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

၎င်းအပြင် ရှောင်ချန်ယွီသည် ဤလက်နက်ထိန်းချုပ်မှု၏ အတိုင်းအတာမှာ အလွန်ကျယ်ပြန့်သည်ကို တွေ့ရှိခဲ့သည်။

ဝိညာဉ်ကုန်းမြေကြီးရှိဝိညာဉ်သခင်များသည် လက်နက်များကို မသုံးကြဘဲ ဝိညာဉ်များကိုသာ သုံးကြသည်။

ဆိုလိုသည်မှာရှောင်ချန်ယွီအနေနှင့် အခြားသူများ၏ ဝိညာဉ်များကို အတုယူနိုင်ရုံသာမက ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကို အသုံးပြုကာ မူရင်းထက်ပင် သန်မာသော ဝိညာဉ်များကို ဖန်တီးပြနိုင်ခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် ဤလျှို့ဝှက်နည်းစနစ်မှာ ဝိညာဉ်ကုန်းမြေကြီးရှိ မည်သည့်အရာနှင့်မဆို ယှဉ်လျှင် အဆင့်အတန်း အဆပေါင်းများစွာ မြင့်မားလှသည်။

ဝိညာဥ်ကုန်းမြေရှိ ထိပ်တန်းတုံ့လောတစ်ဦးသည်ပင် ကမ္ဘာ၏ အခြေခံအဆင့်ထက် နိမ့်ကျနိုင်ခြေ ရှိသည်။

ထိုကမ္ဘာမှအနိမ့်ဆုံး လျှို့ဝှက်နည်းစနစ်ကပင် ဝိညာဥ်ကုန်းမြေတွင် သတ်ဖြတ်ပွဲတစ်ခု ဆင်နွှဲနိုင်သည် မဟုတ်ပါလား။

သာမန် ဝူးရှလောကမှ နတ်ဘုရားကောင်းကင်ကျင့်စဉ်ကို သုံးသည့် ထန်၏န်းကပင် ဝိညာဥ်ကုန်းမြေကြီးမှာ အနိုင်မရနိုင်သူ ဖြစ်နေလျှင်ကိုးပါးလျှို့ဝှက်ချက် ကို ရရှိထားသည့် ရှောင်ချန်ယွီအတွက်တော့ ပြောနေစရာပင် မလိုတော့ချေ။

အချိန်အတော်ကြာပြီးနောက် တိမ်တိုက်များ ကင်းစင်သွားပြီး မိုးတိတ်သွားခဲ့သည်။ ရှောင်ချန်ယွီသည် မုန့်ယီရန်ကို ကျေနပ်အားရသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မုန့်ယီရန်၏ ဘတ်စကက်ဘော အရည်အချင်းမှာ တော်တော်လေး ကောင်းမွန်လှသဖြင့် ရှောင်ချန်ယွီကို အထွတ်အထိပ် ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ခဲ့သည်။

ပို၍ အရေးကြီးသည်မှာ မုန့်ယီရန်နှင့် ကစားပြီးနောက် ဤမျှကြီးမားသော ဆုလာဘ်ကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။

တောက်လော့တိုက်ကြီးတွင် မုန့်ယီရန်ကဲ့သို့သော မိန်းကလေးများစွာ ရှိသည်။ တာဝန်မယူတတ်သော လူရှုပ် ထန်စန်းမှာ မိန်းကလေးများကို ပရောပရည်လုပ်ပြီး ထွက်ပြေးတတ်ကာ မိမိကိုယ်ကိုမူ သန့်ရှင်းစင်ကြယ်သယောင် ဟန်ဆောင်ပြီး တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်တာပါဟု ပြောလေ့ရှိသည်။

‘ငါ ရှောင်ချန်ယွီကတော့ သူနဲ့မတူဘူး။ ငါက ဗီလိန်တစ်ယောက်အနေနဲ့ လူဆိုးတစ်ယောက် ဖြစ်ရတာကိုပဲ ပျော်မွေ့ရမှာ မဟုတ်ဘူးလား။ ငါ ရှောင်ချန်ယွီက ရိုးသားနေတဲ့သူလည်း မဟုတ်ဘူး။’

‘မင်း ထန်စန်းက သူတို့ကို မကြိုက်ဘူးဆိုရင် ငါက သူတို့နဲ့ သူငယ်ချင်း လုပ်ပေးတာက တရားမျှတပါတယ်။ ဟုတ်တယ်မလား။’

“ရှောင်ချန်ယွီ...နင့်ကို ငါ သတ်မယ်။”

မုန့်ယီရန်က ရှောင်ချန်ယွီကို ကြည့်သည့် အကြည့်များထဲတွင် နက်ရှိုင်းသော မကျေနပ်မှုနှင့် ဒေါသများ ပါဝင်နေသည်။

ရှောင်ချန်ယွီမှာအလွန်ပင် ချောမောလှသည်။ နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့ဖူးသော်လည်း ဤမျှ ချောမောသော ယောင်္ကျားလေးမျိုးကို မုန့်ယီရန် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

‘ဒါပေမဲ့ ငါ မုန့်ယီရန်က အပျော်အပါး လိုက်စားတဲ့သူ မဟုတ်ဘူး။’

သာမန်အားဖြင့်ဆိုရင်ချစ်သူတွေဖြစ် လက်ချင်းချိတ် မိဘတွေနဲ့ တွေ့ပြီးမှ ဘတ်စကက်ဘော ကစားဖို့ စဉ်းစားရမှာ မဟုတ်ဘူးလား။

‘နင်ကတော့... ရှောင်ချန်ယွီ ငါတို့ ပထမဆုံးအကြိမ် တွေ့တာတောင် နင်က ငါနဲ့ ဘတ်စကက်ဘော ကစားပြီးပြီ။ အရေးကြီးတာက ရှောင်ဝူက ဘေးကနေ ကြည့်နေတာပဲ။’

မုန့်ယီရန်၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများ ဖြစ်ပေါ်နေသည်။

‘ငါကအနှစ်တစ်ထောင် ကျိကွမ်းမြွေရဲ့ ဝိညာဉ်ကွင်းပဲ လိုချင်ခဲ့တာ ဘယ်လိုဖြစ်လို့ ငါ့ကိုယ်ငါပါ ဆုံးရှုံးသွားရတာလဲ။’

‘ဒါပေမဲ့ ရှောင်ချန်ယွီရဲ့ ဘတ်စကက်ဘော အရည်အချင်းက တကယ်တော့ မဆိုးပါဘူး။ နောက်တစ်ခါ ကစားဖို့ သူ ဘယ်တော့ အားမလဲ မသိဘူး... နေပါဦး မုန့်ယီရန် နင် ပြောင်းလဲသွားပြီ။ နင် ဘာတွေ တွေးနေတာလဲ။’

မုန့်ယီရန်၏ ဖြူနုသော ပါးပြင်လေးပေါ်တွင် နီမြန်းသော အရောင်လေးများ ကျန်ရစ်နေဆဲပင်။

“နင် ဆက်ပြီး မောက်မာနိုင်သေးလား ကြည့်ရတာပေါ့။ နင် ဘယ်လောက်ပဲ တော်တော်နောက်ဆုံးတော့ ချန်ယွီနဲ့ ဘတ်စကက်ဘော ကစားဖို့ အမိခံလိုက်ရတာပဲ မဟုတ်လား။”

ဘေးနားရှိ ရှောင်ဝူသည် ရှောင်ချန်ယွီနှင့် မုန့်ယီရန်တို့ ကစားနေသည်ကို မြင်စဉ်က အစောပိုင်းတွင် အနည်းငယ် မနာလို ဖြစ်ခဲ့သော်လည်း ယခု မုန့်ယီရန်၏ ရှုံးနိမ့်နေသော ပုံစံကို မြင်ရပြီး သူမကို အစောပိုင်းက နိုင်ခဲ့သည်ကို ပြန်တွေးကာ စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်နေမိတော့သည်။

All Chapters