← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) - မုန့်ယီရန်၏ သစ္စာရှိမှု။

ရှောင်ချန်ယွီနှင့် မုန့်ယီရန်တို့ ခုနက ဘတ်စကက်ဘောကစားခဲ့ကြသည်ကို ပြန်တွေးမိတိုင်း ရှောင်ဝူ၏ နှလုံးသားမှာ ရုတ်တရက် ခုန်မြန်လာပြီး မျက်နှာလေးမှာလည်း မသိမသာ ပူနွေးလာခဲ့သည်။

‘ဘာတွေ ဖြစ်ကုန်တာလဲ။’

‘ငါရော အစ်ကိုချန်ယွီနဲ့ ဘတ်စကက်ဘော ကစားချင်နေတာလား။’

‘ဒါပေမဲ့ ဒီမှာက သိပ်ပြီး အဆင်မပြေဘူးလေ။’

“တောင်းပန်ပါတယ် အစ်မယီရန်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့။ ကျွန်တော် တာဝန်ယူပါ့မယ်။”

ရှောင်ချန်ယွီက အလွန်ပင် ရိုးသားစွာ တောင်းပန်လိုက်သည်။

‘အခြေအနေတွေကဒီလိုဖြစ်သွားပြီဆိုမှတော့ ယောင်္ကျားပီပီ တောင်းပန်လိုက်တာ ဘာမှားလို့လဲ။’

၎င်းအပြင် မုန့်ယီရန်သည် ရှောင်ချန်ယွီအတွက် ကြီးမားသော ဆုလာဘ်တစ်ခုကို ယူဆောင်လာပေးခဲ့သည် မဟုတ်ပါလား။

လက်နက်လျှို့ဝှက်ချက်က ရှောင်ချန်ယွီ၏ တိုက်ခိုက်ရေးစွမ်းအားကို အဆမတန် မြှင့်တင်ပေးလိုက်ပြီ ဖြစ်သည်။

မုန့်ယီရန်မှာ အမှန်တကယ်ပင် အလွန်လှပသည်။ သူမနှင့် ဘတ်စကက်ဘော ကစားစဉ်က ပုံရိပ်များကို ပြန်တွေးမိလျှင် သူမ၏ ဖြူနုသော ခြေဖမိုးလေးပေါ်မှ သွယ်လျသော ခြေချောင်းလေး ငါးချောင်းမှာ စီစီရီရီရှိလှပြီး ပန်းရောင်ပွင့်ဖတ်လေးများကဲ့သို့ ကွေးညွှတ်နေပုံမှာ ရင်သပ်ရှုမောဖွယ်ပင်။

‘မဟုတ်ဘူး... ငါ ရှောင်ချန်ယွီကတော့ ဒီဘဝမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးကို လုံးဝ လက်သင့်မခံတဲ့သူ ဖြစ်ရမယ်။ အဲဒီအကြောင်းတွေ ဆက်မတွေးနဲ့တော့။ ဘတ်စကက်ဘော ကစားဖို့ကတော့ နောက်မှပဲ ပြောကြတာပေါ့။’

“ဟီး... ဟီး... အီး...”

မုန့်ယီရန်မှာ ဘာလုပ်ရမှန်းမသိဘဲ ငိုရုံမှလွဲ၍ ရှောင်ချန်ယွီကို မည်သို့ ရင်ဆိုင်ရမည်ကို မသိတော့ပေ။ အမှန်အတိုင်း ပြောရလျှင် မုန့်ယီရန်မှာ ရှောင်ချန်ယွီထက် လေး ငါးနှစ်ခန့် ပိုကြီးသည်။

သူကလည်းအလွန်ချောမောသူ ဖြစ်ရာ သူတို့နှစ်ဦး ဘတ်စကက်ဘော ကစားကြခြင်းမှာ ရှောင်ချန်ယွီကပင် အရှုံးပေါ်သွားသလား ထင်ရသည်။

သို့သော် ရှောင်ချန်ယွီကို ဤအတိုင်း လွှတ်ပေးလိုက်ရမလား။ ၎င်းကလည်း မဖြစ်နိုင်ပေ။

‘ငါမုန့်ယီရန် အနာဂတ်မှာ ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ ရတော့မှာလဲ။ ဒါပေမဲ့ ရှောင်ချန်ယွီက ငါ့ကို အစ်မ လို့ ချိုချိုသာသာ ခေါ်နေတာပဲ။ အနာဂတ်မှာရော မောင်လေးချန်ယွီနဲ့ ဘတ်စကက်ဘော ဆက်ကစားလို့ ရဦးမလား။’

“အစ်မယီရန် မငိုပါနဲ့တော့။ ဒီအနှစ်တစ်ထောင် ကျိကွမ်းမြွေရဲ့ ဝိညာဉ်ကွင်းကို အစ်မပဲ ယူလိုက်ပါ။”

ရှောင်ချန်ယွီက သဘောထားကြီးစွာဖြင့် ထိုဝိညာဉ်ကွင်းကို မုန့်ယီရန်အား ပေးလိုက်သည်။

မူလက မုန့်ယီရန်နှင့် ရှောင်ချန်ယွီမှာ ဘာမှမသက်ဆိုင်သလို အနာဂတ်တွင် သူမသည် သူ၏ရန်သူ ထန်စန်းနှင့်ပင် ပတ်သက်သွားနိုင်သူ ဖြစ်သည်။

ဗီလိန်တစ်ဦးအနေနှင့်ရှောင်ချန်ယွီက ဤဝိညာဉ်ကွင်းကို အလွယ်တကူ ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်ယခုမူ မုန့်ယီရန်နှင့် ဘတ်စကက်ဘော ကစားပြီးပြီ ဖြစ်ရာ ဝိညာဉ်ကွင်းလေး တစ်ကွင်းမျှ မပေးလျှင် အလွန် ကပ်စေးနှဲရာ ရောက်ပေလိမ့်မည်။

ထို့အပြင် ရှောင်ချန်ယွီ၏ ရှေဟောင်း မြင့်မြတ်ခန္ဓာကိုယ်အတွက် အဆင့်တက်ရန် ဝိညာဉ်ကွင်းများ မလိုအပ်ပေ။

ထိုမြွေကြီး၏ ကျန်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာပင် သူ၏ ခန္ဓာကိုယ် ဒုတိယအဆင့်သို့ ရောက်ရန် လုံလောက်လှသည်။

သူသည်ဝိညာဥ်ကုန်းမြေ၏ ဝိညာဉ်သခင် စနစ်ကို လိုက်နာနေသူ မဟုတ်သဖြင့် ဝိညာဉ်ကွင်းတစ်ခု ပေးလိုက်ခြင်းမှာ သူ့အတွက် ဘာမှ မနစ်နာပေ။

“မောင်လေး... နင် တကယ်ပဲ ဒီဝိညာဉ်ကွင်းကို ငါ့ကို ပေးမှာလား။”

ယခုအချိန်တွင် မုန့်ယီရန်မှာ သူမ၏ ဝမ်းနည်းမှုများကို မေ့သွားခဲ့သည်။ သူမ၏ မျက်ရည်စများနှင့် မျက်လုံးများမှာ အံ့အားသင့်သွားပြီး ရှောင်ချန်ယွီကို ထူးခြားသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။

အနှစ်တစ်ထောင်ကျိကွမ်းမြွေမှာမည်မျှ ရှားပါးသည်ကို သူမ သိသည်။ သူမနှင့် သူမ၏ အဖိုးအဖွားများမှာ ၎င်းကို တွေ့ရန် ကြယ်သစ်တောထဲတွင် အကြာကြီး ရှာခဲ့ရခြင်း ဖြစ်သည်။

ရှောင်ချန်ယွီသည်သူမကို အနိုင်ယူပြီး ၎င်းကို ပိုင်ဆိုင်ခွင့် ရထားခြင်းဖြစ်ရာ ဤဝိညာဉ်ကွင်းမှာ သူ့အတွက်လည်း ကြီးမားသော အခွင့်အရေးပင်။

“အစ်မယီရန်... ကျွန်တော့်အတွက် ဒီဝိညာဉ်ကွင်းက မလိုအပ်ပါဘူး။ အစ်မပဲ စုပ်ယူလိုက်တာက ပိုပြီး အကျိုးရှိပါတယ်။”

ရှောင်ချန်ယွီက အားရပါးရ ရယ်မောလိုက်ပြီး ဘေးသို့ ဖယ်ပေးကာ မုန့်ယီရန်ကို ဝိညာဉ်ကွင်း စုပ်ယူရန် အချက်ပြလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ရှောင်ချန်ယွီမှာ ၎င်းကို တကယ် မလိုအပ်ခြင်း ဖြစ်သော်လည်း မုန့်ယီရန်ကမူ ရှောင်ချန်ယွီ၏ အခြေအနေကို မသိပေ။

“မောင်လေး... နင်က ငါ့အပေါ် တကယ်ကို ကောင်းတာပဲ။”

မုန့်ယီရန်၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ကျေးဇူးတင်မှုများ ဖြတ်ပြေးသွားသည်။ ရှောင်ချန်ယွီက ဒီဝိညာဉ်ကွင်းကို တကယ် မလိုအပ်တာလား။ မုန့်ယီရန် အမြင်မှာတော့ လိုအပ်မည်ဟု ထင်သည်။

အကြောင်းမှဝိညာဥ်ကုန်းမြေကြီးတွင် အဆင့်တစ်ခု၏ အထွတ်အထိပ်သို့ ရောက်မှသာ ဝိညာဉ်ကွင်း စုပ်ယူပြီး အဆင့်တက်နိုင်သည်မှာ အများသိ ဖြစ်သည်။

ရှောင်ချန်ယွီမှာအဆင့် ၁၉ ရှိနေပြီ ဖြစ်ရာ အနည်းငယ်မျှ ကျင့်ကြံပြီးလျှင် အဆင့် ၂၀ သို့ ရောက်ကာ ဤဝိညာဉ်ကွင်းကို စုပ်ယူနိုင်မည် မဟုတ်ပါလား။

သို့သော် ရှောင်ချန်ယွီကမူ ထိုကြီးမားသော မက်လုံးကို သူမအား ပေးလိုက်ခြင်း ဖြစ်သည်။

“ဟွန့်”

ဘေးမှ ကြည့်နေသော ရှောင်ဝူမှာမူ အနည်းငယ် မနာလို ဖြစ်လာသည်။

‘ဒီမိန်းကြီးကအစ်ကိုချန်ယွီရဲ့ အာရုံစိုက်မှုကို တကယ်ပဲ လုယူသွားပြီပဲ။ နောက်ပိုင်းမှာ ငါလည်း အစ်ကိုချန်ယွီနဲ့ ဘတ်စကက်ဘော ခဏခဏ ကစားရမယ်။ ဒီလို မိန်းမတွေဆီ ပါမသွားအောင် တားရမယ်။’

အမှန်စင်စစ် ရှောင်ဝူသာ အဆင့်တက်ရန် ဝိညာဉ်သားရဲ သတ်ရန် မလိုသော အနှစ်တစ်သိန်း ဝိညာဉ်သားရဲ မဟုတ်ခဲ့လျှင် သူမလည်း မုန့်ယီရန်နှင့် ထွက်ပြိုင်မိမည်မှာ အသေအချာပင်။

“ဝိညာဉ်ကွင်း တစ်ကွင်းထဲပါ ဘာမှ တွန့်ဆုတ်မနေပါနဲ့။ ကျွန်တော် စောင့်ကြပ်ပေးမယ် မြန်မြန် စုပ်ယူလိုက်။”

ရှောင်ချန်ယွီက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

‘မင်းကငါနဲ့ ဘတ်စကက်ဘော ကစားပြီးပြီ ဆိုတော့ ငါ့လူ ဖြစ်သွားပြီပဲ။ ဝိညာဉ်ကွင်းလေး တစ်ကွင်းအတွက် ငါ ဘာလို့ နှမြောနေမှာလဲ။’

“ကျေးဇူးတင်ပါတယ် မောင်လေးချန်ယွီ။ ထျန်းတိုမြို့ ကျရင် ပြန်တွေ့ကြတာပေါ့။”

မုန့်ယီရန်သည် ရှောင်ချန်ယွီ၏ စေတနာကို ခံစားလိုက်ရသည်။ သူမသည် ကျေးဇူးတင်စိတ်များဖြင့် ဝိညာဉ်ကွင်းကို စုပ်ယူလိုက်ပြီး အဆင့် ၂၁ ဝိညာဉ်ဆရာသခင် အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

မူလဇာတ်လမ်းနှင့်ယှဉ်လျှင် မုန့်ယီရန်၏ အဆင့်တက်မှုမှာ ပို၍ မြန်ဆန်သွားခဲ့သည်။

“ထျန်းတိုမြို့ကျရင် တွေ့ကြတာပေါ့။”

မုန့်ယီရန်၏ မခွဲနိုင်မခွာရက် အကြည့်များကို ကြည့်ရင်း ရှောင်ချန်ယွီက ခေါင်းညိတ်ပြလိုက်သည်။

မုန့်ယီရန်နှင့်တွေ့ဆုံခြင်းမှာ သူ၏ ကြီးပြင်းမှု လမ်းခရီးတွင် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သော်လည်း သူမနှင့် ပတ်သက်မှုမှာ ရှောင်ချန်ယွီအတွက် အဆင်ပြေသော အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။

All Chapters