← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) - အမျက်ထွက်နေသော နဂါးမင်းကြီးနှင့် မြွေအဖွား။

ရှောင်ချန်ယွီမှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ မုန့်ယီရန်သည် မူလဇာတ်လမ်းတွင် ပါဝင်သော်လည်း အရေးပါသော ဇာတ်ကောင်တစ်ဦး မဟုတ်ခဲ့ပေ။

သို့သော်သူမ၏နှလုံးသားကို သိမ်းပိုက်ရုံမျှဖြင့် ရှောင်ချန်ယွီသည် လက်နက်လျှို့ဝှက်ချက် ကဲ့သို့သော အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည်ကို ရရှိခဲ့သည် မဟုတ်ပါလား။

ထန်စန်း၏ ဘေးနားတွင်ဆိုလျှင် မုန့်ယီရန်ထက် သာလွန်သည့် ထူးချွန်ထက်မြက်သော မိန်းကလေး ဇာတ်ကောင်များ မည်မျှတောင် ရှိနေဦးမည်နည်း။

‘ငါ ထန်စန်းရဲ့ ကြီးထွားမှုလမ်းကြောင်းကို အခြေခံအားဖြင့် သိတယ်။ အရင်ဆုံး ရှီလိုင်ခဲ အဲဒီနောက်မှာ ထျန်းတိုမြို့...’

‘ထျန်းတိုမြို့ဆိုတာ အင်အားစုအသီးသီး စုဝေးရာနေရာပဲ ထန်စန်းနဲ့ ပတ်သက်နေတဲ့ အလှနတ်ဘုရားမတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်။’

‘ဒါကြောင့် ငါ ကြယ်သစ်တောထဲမှာ ငါ့ရဲ့အစွမ်းကို ပိုပြီး တိုးတက်အောင် လုပ်ရမယ်။ လုံလောက်တဲ့ အစွမ်းရှိမှပဲ နောက်တစ်ကြိမ် ထန်စန်းနဲ့ တွေ့တဲ့အခါ သူ့ကို လှည့်စားပြီး အစီအစဉ်ဆွဲနိုင်မှာ...’

ရှောင်ချန်ယွီသည် သူ၏ အနာဂတ်အတွက် အစီအစဉ်များစွာကို စဉ်းစားနေမိသည်။

ကြယ်သစ်တောရှိ သစ်သားအိမ်လေးတစ်လုံးအတွင်း။

“ယီရန် ထွက်သွားတာ ဒီလောက်တောင် ကြာနေပြီ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။အန္တရာယ်များ တွေ့နေပြီလား။”

ယခုအချိန်တွင် ဆံပင်ဖြူဖြူနှင့် ထူးခြားသောအရှိန်အဝါရှိသော အဖိုးအိုတစ်ဦး၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ရိပ်ယောင်နေသည်။

သူကားနဂါးတောင်ဝှေး ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်တုံ့လောအဆင့်ရှိသော မုန့်ရှု ပင်ဖြစ်သည်။ သူသည် မြေးမလေးကို အလွန်အမင်း အလိုလိုက်သူ ဖြစ်သည်။

“ဟမ်း ဘာကို စိုးရိမ်နေတာလဲ။ ယီရန်မှာ ငါတို့ပေးထားတဲ့ ဆက်သွယ်ရေးကိရိယာ ရှိတာပဲ။ တကယ်လို့ အန္တရာယ်ရှိရင် သူမ ငါတို့ဆီဆက်သွယ်တာကြာလှပေါ့။”

“ဒါ့အပြင် ယီရန်အတွက် ငါတို့ ချန်ထားပေးတဲ့ ဝှက်ဖဲက အထွတ်အထိပ်အဆင့်ကိုတောင် သတ်နိုင်တာပဲ။”

အနီးနားရှိ အဖွားအို က မုန့်ရှုကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“အနှစ်တစ်ထောင် ကျိကွမ်းမြွေက ငါတို့လက်ချက်နဲ့ ဒဏ်ရာရထားတာလေ။ ယီရန်ရဲ့ အစွမ်းနဲ့ဆိုရင် အဲဒီသားရဲတစ်ကောင်တည်းကို ကိုင်တွယ်ဖို့က လုံလောက်တာထက်တောင် ပိုသေးတယ်။ ပြီးတော့ ယီရန်က ကြီးလာပြီလေ။ အချို့အရာတွေကိုတော့ လွှတ်ထားပေးရမယ်။”

ဤအဖွားအိုမှာ မုန့်ရှု၏ ဇနီး မြွေတောင်ဝှေးဝိညာဉ်ရှိပြီး အထွတ်အထိပ် အဆင့်ရှိသည့် ချောင်းထျန်းရှန်း ပင် ဖြစ်သည်။

သူမသည်အသက် ၆၀ ၊ ၇၀ ခန့် ရှိပုံရပြီး ဆံပင်ဖြူများကို သပ်ရပ်စွာ ထုံးထားသည်။

အသက်အရွယ်ကြီးရင့်သော်လည်းသူမ၏ ဝိညာဉ်မှာ အလွန်တက်ကြွနေပြီး မျက်နှာတွင် အရေးအကြောင်းများ ရှိသော်လည်း အသားအရေမှာ ကလေးငယ်တစ်ဦးကဲ့သို့ နီမြန်းစိုပြည်နေသည်။

“ငါက ကလေးကို စိုးရိမ်လို့ပါ...”

မုန့်ရှုက သူ၏ဇနီးကို အားနာသလို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ဆက်မပြောတော့ပေ။

ဤသူနှစ်ဦးမှာမုန့်ယီရန် အမြဲပြောလေ့ရှိသည့် အဖိုးဖြစ်သူ နဂါးမင်းကြီး မုန့်ရှုနှင့် အဖွားဖြစ်သူ မြွေအဖွား ချောင်ထျန်းရှန်းတို့ပင် ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ အပြန်အလှန် ငြင်းခုံနေကြသော်လည်း မြေးမလေး မုန့်ယီရန်ကို အလွန်ချစ်ကြသည်မှာ ထင်ရှားလှသည်။

သူမကိုကြယ်သစ်တောထဲတွင် တစ်ယောက်တည်း လေ့ကျင့်ခိုင်းထားသော်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန် ဝှက်ဖဲများနှင့် ဆက်သွယ်ရေးကိရိယာများ ပေးထားခဲ့သည်။

အကယ်၍ မုန့်ယီရန်သာ တစ်ခုခု ဖြစ်သွားပါက ဤအဖိုးအဖွား နှစ်ဦးမှာ မည်သူ့မျက်နှာကိုမျှ ထောက်ထားမည် မဟုတ်ပေ။

“အဖိုး... အဖွား... မြေးပြန်လာပြီ။”

စကားပြောနေရင်းပင် မုန့်ယီရန်သည် သစ်သားအိမ်တံခါးဝတွင် ပျော်ရွှင်သော အပြုံးများဖြင့် ပေါ်လာတော့သည်။

‘မောင်လေးချန်ယွီ... ငါ ပိုသန်မာလာတာနဲ့ နင့်ကိုရှာဖို့ ထျန်းတိုမြို့ကို လာခဲ့မယ်။ နင့်ရဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေလည်း ငါ့ဆီမှာ ရှိနေပြီဆိုတော့ ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့တော့။’

မုန့်ယီရန်၏ နှလုံးသားထဲတွင် ရှောင်ချန်ယွီအကြောင်းများဖြင့် ပြည့်နှက်နေသည်။ နဂါးမင်းကြီးနှင့် မြွေအဖွားတို့လည်း မြေးမလေးကို မြင်ရသဖြင့် ဝမ်းသာသွားကြသည်။

“မြေးလေး... နင် အဆင့် ၂၁ ဝိညာဉ်ဆရာသခင် ဖြစ်သွားပြီပဲ။ ကောင်းတယ်။ ငါ့မြေးက တကယ်ကို ထူးခြားတာပဲ။ ဝိညာဉ်နန်းတော် က ပါရမီရှင်တွေနဲ့ ယှဉ်ရင်တောင် အားနည်းမနေဘူး။”

နဂါးမင်းကြီး မုန့်ရှုသည် မုန့်ယီရန်၏ ဝိညာဉ်စွမ်းအား တက်လှမ်းမှုကို ချက်ချင်း သတိပြုမိသွားပြီး အလွန်ဝမ်းသာသွားသည်။

မုန့်ယီရန်မှာ အဆင့် ၂၀ ရှိစဉ်ကပင် ဒဏ်ရာရနေသော အနှစ်တစ်ထောင် ကျိကွမ်းမြွေကို သတ်ရန် အခက်အခဲ အချို့ ရှိနိုင်သော်လည်း ယခုမူ သူမသည် အလုပ်ကို အလွယ်တကူ ပြီးမြောက်ခဲ့သည့်အပြင် ဒဏ်ရာပင် ရပုံမရချေ။

‘ငါ့မြေး မုန့်ယီရန်မှာ နတ်ဘုရား ဖြစ်လာမယ့် ပါရမီမျိုး ရှိတာပဲ။’

“နေဦး... ယီရန် နင် ဘာဖြစ်လာတာလဲ။ ဘယ်သူနဲ့ တွေ့ခဲ့တာလဲ။”

မြွေအဖွား ချောင်းထျန်းရှန်းမှာမူ ဝါရင့်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ မြေးမလေး၏ ပြောင်းလဲမှုကို ချက်ချင်း မြင်သွားသည်။

‘သူမရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေပြီပဲ။’

မုန့်ရှုနှင့် ချောင်ထျန်းရှန်းတို့တွင် ဤမြေးမလေး တစ်ယောက်တည်းသာ ရှိသည်။ မိမိတို့ အလွန်ချစ်ရသော မြေးမလေးကို ဝက်တစ်ကောင်က လာခိုးသွားပြီဟု တွေးမိသည်နှင့် မြွေအဖွားမှာ ဒေါသတကြီး ဖြစ်လာတော့သည်။

“အဖွား... အဲဒါက ဒီလိုရှိပါတယ်...”

မုန့်ယီရန်က စကားထစ်နေပြီး ဖုံးကွယ်ထား၍ မရမှန်း သိသဖြင့် နောက်ဆုံးတွင် ဝန်ခံလိုက်ရတော့သည်။ အိမ်လေးအတွင်းရှိ လေထုမှာ ချက်ချင်းပင် လေးလံသွားတော့သည်။

“ဒါကတော့ အတော်လွန်လွန်းတယ်။ ရှောင်ချန်ယွီ ဆိုတဲ့ ကောင်စုတ်လေး။ သူက နော့တင်းမြို့စားရဲ့ သားဖြစ်ရုံနဲ့ ငါ့မြေးမလေးကို ဒီလို နှိပ်စက်ရဲတယ်ပေါ့။”

မုန့်ရှုမှာ ဒေါသပေါက်ကွဲသွားတော့သည်။

“အခုချက်ချင်း သွားရှာကြမယ်။ တောက်... ငါ့မြေးကို နှိပ်စက်ပြီး ဒီအတိုင်း ထွက်ပြေးလို့ရမယ် ထင်နေလား။”

မြွေအဖွား ချောင်းထျန်းရှန်းလည်း ငြိမ်မနေနိုင်တော့ပေ။ သူမ၏ အဖိုးတန် မုန်လာထုပ်” လေးမှာ တကယ်ပဲ ဝက်တစ်ကောင် ရဲ့ အကျိတ်ခံလိုက်ရပြီ မဟုတ်ပါလား။ ထို့အပြင် ရှောင်ချန်ယွီမှာ နော့တင်းမြို့စား၏ သားသာ ဖြစ်သဖြင့် သူမ၏ မြေးမလေးနှင့် လုံးဝ မထိုက်တန်ဟု သူမ ယူဆသည်။

“ဟုတ်တယ်။ အဲဒီ ရှောင်ချန်ယွီက ဘယ်ဘက်ကို သွားတာလဲ။ ငါ သူ့ဆီကနေ ရှင်းပြချက် တစ်ခု လိုချင်တယ်။ ဒီအဖိုးကြီးတော့ တကယ် ဒေါသထွက်နေပြီ။”

တစ်လခွဲခန့် ကြာပြီးနောက်။

ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့သည် ကြယ်သစ်တောအတွင်း ဆက်လက် ခရီးနှင်နေကြသည်။ လမ်းတလျှောက်တွင် သူတို့သည် ဝိညာဉ်သားရဲများကို ဆက်လက် အမဲလိုက်ကြပြီး ၎င်းတို့၏ အလောင်းများကို ရှောင်ချန်ယွီ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်အဆင့်တက်ရန်အတွက် အာဟာရအဖြစ် အသုံးပြုခဲ့ကြသည်။

‘ရှေးဟောင်း မြင့်မြတ်ခန္ဓာက တကယ့်ကို မဟာဧကရာဇ်တစ်ဦးရဲ့ ခန္ဓာကိုယ်ပီသတာပဲ။ ဝိညာဉ်သားရဲ ဒီလောက်အများကြီးနဲ့တောင် ဒုတိယအဆင့်ကို မရောက်သေးဘူး။’

ရှောင်ချန်ယွီက သက်ပြင်းချလိုက်မိသည်။ကြယ်သစ်တောတွင် လေ့ကျင့်နေစဉ်အတွင်း သူသည် ဝိညာဉ်သားရဲများသာမက ဆေးဘက်ဝင် အပင်အချို့ကိုလည်း တွေ့ရှိခဲ့သည်။

သို့သော်အရင်းအမြစ်များမှာ လိုအပ်သည်ထက် နည်းနေသေးသည်။

အကယ်၍ သူသာ ကြယ်သစ်တော၏ ရတနာနယ်မြေ သုံးခုထဲမှ တစ်ခုဖြစ်သော ရေခဲနှင့် မီး ယင်ယန်ရေတွင်းကို ရှာတွေ့နိုင်ပါကထိုနေရာရှိ နတ်ဆေးပင်များက သူ့ကို အလျှင်အမြန် အဆင့်တက်စေနိုင်မည် ဖြစ်သည်။

သို့သော် ၎င်းကို ရှာဖွေရန်မှာ အလွန် ခက်ခဲမည်ကို သူ သိသည်။

မုန့်ယီရန်ကြောင့် နဂါးမင်းကြီးနှင့် မြွေအဖွားတို့က သူ့ကို လိုက်လံ ဖမ်းဆီးရန် ပြင်ဆင်နေကြသည်ကိုမူ ရှောင်ချန်ယွီ မသိသေးချေ။

“ကယ်ကြပါဦး။”

ခေတ္တ အနားယူပြီးနောက် ရှောင်ချန်ယွီ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ လူသားတစ်ဦး၏ အကူအညီတောင်းသံ ထွက်ပေါ်လာသည်။

ထိုအသံမှာမိန်းကလေးတစ်ဦး၏ အသံဖြစ်ပြီး အလွန်ပင် နားဝင်ချိုလှသည်။ တစ်ချိန်တည်းမှာပင် အနီးနား၌ ဝိညာဉ်သားရဲတစ်ကောင် တွားသွားနေသည့် တရှဲရှဲ အသံများ ကြားနေရသည်။

သိသာလှသည်မှာထိုမိန်းကလေးသည် ဝိညာဉ်သားရဲတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံနေရခြင်းပင်ဖြစ်၏။

All Chapters