← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း(၂၁) - အကြီးအကျယ် ကြွယ်ဝချမ်းသာခြင်း။

​"အရူးပဲ။ ဒါက တကယ့်ကို ရူးသွပ်မှုပဲ။ ချန်ယွီဆိုတဲ့ ဒီလူက သူ့ရဲ့ ဝိညာဉ်ကိုတောင် အပြင်မထုတ်ဘဲ ဝိညာဉ်သားရဲကို သက်သက်မဲ့ ခန္ဓာကိုယ်နဲ့ တိုက်နေတာလား။"

"ဒါကရူးသွပ်တာမဟုတ်ရင် ဘာဖြစ်မလဲ။ သူက သူ့အသက်ကို အလဟဿ စတေးနေတာပဲ။"

​ဘေးတွင် ရပ်နေသော ရဲ့လင်လင်မှာ ဤကဲ့သို့သော အသားချင်းထိပြီး တိုက်ခိုက်သည့်ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဝိညာဉ်ကုန်းမြေရှိဝိညာဉ်သခင်များသည် သူတို့၏ ဝိညာဉ်များကို အသုံးပြု၍သာ တိုက်ခိုက်လေ့ရှိကြသည်။

ရှောင်ချန်ယွီကဲ့သို့ထိပ်တိုက်ရင်ဆိုင်နေခြင်းမှာ တိုက်ပွဲဟုပင် ခေါ်နိုင်ပါဦးမည်လော။ မိမိကိုယ်ကို သားကောင်အဖြစ် အပ်နှင်းနေခြင်း မဟုတ်ပါလား။

​"ဝေါင်း"

​နောက်တစ်ခဏတွင် ရှောင်ချန်ယွီ၏ ကိုယ်ဟန်မှာ ရုတ်တရက် ကြီးမားလာပြီး နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်တုန်ဟည်းအောင် ဟိန်းဟောက်လိုက်သည်။

ထို့နောက်ရှောင်ချန်ယွီသည် သူ၏ လက်သီးကို အောက်သို့ အားကုန်လွှဲချလိုက်တော့သည်။

​"ဝုန်း"

​ရှောင်ချန်ယွီ၏ လက်သီးမှ အလွန်တောက်ပသော ကြက်သွေးရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးကောင်းကင်ယံသို့ တက်လှမ်းနေသော လောင်မြိုက်နေသည့် နေမင်းတစ်စင်းကဲ့သို့ ထိန်လင်းသွားသည်။

​"ငါ့လက်ချက်နဲ့ သေစမ်း။"

​မိုးကြိုးသံများကဲ့သို့ အဟုန်ပြင်းသော ကြက်သွေးရောင် လက်သီးသည် ပင့်ကူမျှင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ အတားအဆီးကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

​"ဒုန်း..."

ပြင်းထန်သော တိုက်မိသံကြီး ထွက်ပေါ်လာသည်။

"​ဖြောင်း"

​မိစ္ဆာပင့်ကူ၏ ပင့်ကူမျှင် အတားအဆီးမှာ ရှောင်ချန်ယွီ၏ လက်သီးချက်ကြောင့် တစ်စစီ ပျက်စီးသွားတော့သည်။

ထိုလက်သီးချက်မှာအရှိန်မပျက်ဘဲ ပင့်ကူ၏ မျက်နှာဆီသို့ ရက်ရက်စက်စက် ထိုးစိုက်သွားသည်။

​"ဟား..."

​နာကျင်စွာ အော်ဟစ်သံမှာ တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး မိစ္ဆာပင့်ကူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ရှောင်ချန်ယွီ၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားတော့သည်။

"​ဘုန်း"

​ပင့်ကူ၏ အမြီးပိုင်းမှာ မြေကြီးပေါ်သို့ ကျယ်လောင်စွာ ကျရောက်သွားသဖြင့် ရှောင်ချန်ယွီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

မိစ္ဆာပင့်ကူ၏ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ တစ်ဖက်တွင်မူ ရှောင်ချန်ယွီမှာ ခြေဆုံးခေါင်းဆုံး သွေးများဖြင့် ရဲရဲနီနေပြီး မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ပင် ပေါ်လွင်နေတော့သည်။

​"ဘာ။ ဒီမိစ္ဆာပင့်ကူက တကယ်ပဲ အနောက်ကို လွင့်သွားတာလား။ ဒီလူမှာ ဘယ်လို ဝိညာဉ်မျိုး ရှိနေတာလဲ။"

​ရဲ့လင်လင်မှာ နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ အံ့အားသင့်ကာ ရပ်နေမိသည်။ မကြာသေးမီကပင် ရှောင်ချန်ယွီ၏ တိုက်ခိုက်မှုမှာ မိမိကိုယ်ကို သတ်သေခြင်းဟု သူမ ထင်ခဲ့သော်လည်း ယခုအခါ မိစ္ဆာပင့်ကူ၏ သနားစဖွယ် အခြေအနေကို မြင်ရသောအခါ ရဲ့လင်လင်သည် သူမ၏ ဘဝကိုပင် သံသယဝင်လာတော့သည်။

​ဒီရှောင်ချန်ယွီမှာ တစ်ခုခု မှားနေပြီ။

သူမ၏ ဝိညာဉ်တုံ့လော ဆရာများပင် ရှောင်ချန်ယွီကဲ့သို့ တစ်ခါမှ မတိုက်ခိုက်ဖူးချေ။ အခြားသူများ တိုက်ခိုက်လျှင် အနည်းဆုံးတော့ ဝိညာဉ်ကို ဆင့်ခေါ်ကြသည် မဟုတ်ပါလား။

​"ဝိညာဉ်လား ဝိညာဉ်ဆိုတာ ငါ့ရဲ့ တိုက်ခိုက်ရေး အရှိန်ကို နှောင့်နှေးစေတာပဲ ရှိတယ်။"

​ရှောင်ချန်ယွီသည် တိုက်ပွဲကြာလေလေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သူ့တွင် ဝံပုလွေ ဝိညာဉ် ရှိသော်လည်း ၎င်းမှာ သာမန် ဝိညာဉ်မျှသာ ဖြစ်ပြီး ဝိညာဉ်ကွင်းမှာလည်း အဖြူရောင်သာ ဖြစ်သည်။

ဤဝိညာဉ်၏ အလားအလာမှာ ကုန်ဆုံးသွားပြီ ဖြစ်ရာ ရှောင်ချန်ယွီအနေနှင့် ၎င်းကို ဆက်လက် ကျင့်ကြံနေပါက အနာဂတ်တွင် တစ်ချက်တည်းနှင့် အသတ်ခံရမည့် အဆင့်သာ ရှိပေလိမ့်မည်။

​ထို့ကြောင့် ရှောင်ချန်ယွီသည် ထိုဝံပုလွေ ဝိညာဉ်ကို အခြေခံအားဖြင့် စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သူ၏ အဆင့် ၁၉ ဝိညာဉ်သခင် အဆင့်မှာလည်း တိုးတက်မှု ရပ်တန့်နေခဲ့သည်။

​သို့သော် ရှောင်ချန်ယွီ၏ ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ် မှာမူ ကွဲပြားသည်။

၎င်းမှာ မဟာဧကရာဇ် တစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ပြီး ထာဝရရှင်သန်ခြင်းသို့ ဦးတည်နေသည်။

တိုက်ခိုက်ရေးစွမ်းအားပိုင်းတွင် ဝိညာဥ်ကုန်းမြေကြီးတွင်ရှိသည့် ဝိညာဉ်ကိုမဆို ခြေမှုန်းနိုင်စွမ်း ရှိသည်။

အပေါ်ယံတွင်ရှောင်ချန်ယွီမှာ အဆင့် ၁၉ သာ ရှိသော်လည်း သူ၏ တကယ့် တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​ရှောင်ချန်ယွီသည် သူ၏ မြင့်မြတ်သော ခန္ဓာကိုယ် ဒုတိယအဆင့်သို့ တက်လှမ်းတော့မည့် အရိပ်အယောင်များကို ခံစားနေရသည်။

မိစ္ဆာပင့်ကူ၏ တိုက်ကွက်များကို သူ၏ လွှမ်းမိုးနိုင်စွမ်းဖြင့် အနိုင်ယူနေခြင်းပင်။

​မိစ္ဆာပင့်ကူ ဒဏ်ရာရသွားသည်ကို မြင်သောအခါ ရှောင်ချန်ယွီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။

မိစ္ဆာပင့်ကူ၏ အစွမ်းမှာ ကြီးမားလှသည်ကို သူ သိခဲ့ပြီ ဖြစ်ရာ ယခုအခါ သူ၏ အစွမ်းမှာ မည်မျှအထိ ရောက်ရှိနေသည်ကို စမ်းသပ်ရန် အခွင့်အရေး ရရှိသွားခြင်း ဖြစ်သည်။

​"ရား..."

​ရှောင်ချန်ယွီက အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ တင့်ကားတစ်စီးကဲ့သို့ မိစ္ဆာပင့်ကူထံသို့ တစ်ဖန် ပြေးဝင်သွားပြန်သည်။

​"ဝုန်း"

​ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှောင်ချန်ယွီသည် မိစ္ဆာပင့်ကူကို တစ်ဖန် လွင့်ထွက်သွားစေပြန်သည်။

​"ဝူး..."

​မိစ္ဆာပင့်ကူမှာ နာကျင်စွာ အော်ဟစ်ရင်း အနက်ရောင် ပင့်ကူမျှင်များကို ပါးစပ်မှ ဆက်တိုက် ပက်ထုတ်နေသည်။

သို့သော်ရှောင်ချန်ယွီက ဂရုမစိုက်ပေ။ သူ၏ အရှိန်မှာ ပ်ို၍ မြန်ဆန်လာပြီး မျက်တောင်တစ်ခတ်အတွင်း ပင့်ကူ၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာ ခေါင်းကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။

"​ဒုန်း"

​ရှောင်ချန်ယွီ၏ လက်သီးချက်သည် မိစ္ဆာပင့်ကူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

​"ဘုန်း"

​ရှောင်ချန်ယွီ၏ လက်မောင်းမှ ပြင်းထန်လှသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

​"ဖျန်း"

​မိစ္ဆာပင့်ကူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းပင် အနောက်သို့ လွင့်စင်သွားတော့သည်။

​"ဟမ့်... မင်းမှာ ပင့်ကူမျှင်တွေ ဘယ်လောက်ပဲ ရှိရှိ ငါကတော့ မင်းကို အလဲထိုးမှာပဲ။"

​ရှောင်ချန်ယွီက အေးစက်စွာ ရယ်မောလိုက်ပြီး မိစ္ဆာပင့်ကူထံသို့ အပေါ်မှ ခုန်အုပ်လိုက်သည်။

မိစ္ဆာပင့်ကူမှာတရစပ် အထိုးခံရသဖြင့် အနောက်သို့ ဆုတ်ခွာနေရပြီး ဒေါသတကြီး ဟိန်းဟောက်နေတော့သည်။

တောအုပ်အတွင်း၌ နှစ်ဦးသား တိုက်ခိုက်သံများ ပေါက်ကွဲသံများနှင့် ဟိန်းဟောက်သံများမှာ မပြတ်မတောက် ထွက်ပေါ်နေသည်။

​"ဘုန်း"

​မိစ္ဆာပင့်ကူ၏ ခန္ဓာကိုယ်ကြီးမှာ တောအုပ်အပြင်ဘက်ရှိ ကျောက်ဆောင်နံရံတစ်ခုနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

​"ဝေါ့"

​မိစ္ဆာပင့်ကူမှာ တစ်ဖန် ဟိန်းဟောက်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။ ၎င်း၏ ကြောက်မက်ဖွယ် လူမျက်နှာဖုံးတွင် ယခုအခါ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်နေပြီ ဖြစ်သည်။

​'ဘယ်သူက လူသားလဲ။ ဘယ်သူက ဝိညာဉ်သားရဲလဲ။ ဝိညာဉ်သားရဲရဲ့ ခန္ဓာကိုယ်က လူသားထက် ပိုမာတယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား။ ဒီရှောင်ချန်ယွီကတော့ တကယ့် သားရဲတစ်ကောင်လိုပါပဲ။'

​"ငါ့မျက်စိတွေများ မှားနေတာလား။"

​ရဲ့လင်လင်မှာ မျက်လုံးအဝိုင်းသားဖြင့် သူမ မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။

ရှောင်ချန်ယွီ၏ ထူးဆန်းသော တိုက်ခိုက်မှုပုံစံကို ထားလိုက်ဦး အဓိကအချက်မှာ သူသည် အနှစ်ငါးထောင် သက်တမ်းရှိ မိစ္ဆာပင့်ကူကို အမှန်တကယ် အနိုင်ယူနေခြင်းပင်။

​စောစောက ရဲ့လင်လင်ကို လိုက်လံ အမဲလိုက်စဉ်က မောက်မာမှုတွေ ဘယ်ရောက်ကုန်ပြီလဲ။

မိစ္ဆာပင့်ကူမှာအနှစ်ငါးထောင် သက်တမ်း ရှိပြီဖြစ်ရာ အသိဉာဏ် အတန်အသင့် ရှိသည်။ ၎င်း၏ လက်ရှိ လုပ်ဆောင်ချက်မှာ ထွက်ပြေးရန် ကြိုးစားခြင်းသာ ဖြစ်သည်။

​ဝိညာဉ်သားရဲတစ်ကောင်က ကြောက်ပြီး ထွက်ပြေးနေရပြီ။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲ့လင်လင်သည် စိတ်သက်သာရာ ရသွားတော့သည်။

​"အစ်ကိုချန်ယွီ... ဒီမိစ္ဆာပင့်ကူက ထွက်ပြေးတော့မယ်။"

​ရှောင်ဝူသည်လည်း ထိုအခြေအနေကို မြင်လိုက်သည်။ မိစ္ဆာပင့်ကူမှာ တိုက်ခိုက်ရေးစွမ်းအားသာမက ထွက်ပြေးသည့် အရှိန်မှာလည်း အလွန်မြန်သည်။

သို့သော် ထိုအချိန်တွင် မိစ္ဆာပင့်ကူမှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

​'တောက် ဒီကောင်က ငါ့နောက်ကို တကယ်ပဲ လိုက်လာရဲတယ်ပေါ့။'

​အေးစက်သော မျက်နှာဖြင့် သူမထံ လျှောက်လာသော ရှောင်ချန်ယွီကို ကြည့်ကာ မိစ္ဆာပင့်ကူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ ရှောင်ချန်ယွီက မြန်လွန်းလှသည်။

​"ဝူး"

​ရှောင်ချန်ယွီသည် မိစ္ဆာပင့်ကူ၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။

"​ရှူး"

​ရှောင်ချန်ယွီ၏ ပုံရိပ်မှာ အစိမ်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။

​"မကောင်းတော့ဘူး။"

​ရှောင်ချန်ယွီ၏ အရှိန်အဝါ ပိုမိုနီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် မိစ္ဆာပင့်ကူမှာ အခြားတစ်ဖက်သို့ လှည့်၍ အမြန် ထွက်ပြေးလေသည်။

​"ဟမ့် ထွက်ပြေးချင်တာလား။ နောက်ကျသွားပြီ။"

​မိစ္ဆာပင့်ကူ၏ ထိတ်လန့်နေသော ကျောပြင်ကို ကြည့်ကာ ရှောင်ချန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

​"ဝုန်း"

"ဝေါ့"

​မိစ္ဆာပင့်ကူမှာ လှည့်၍ ထွက်ပြေးရန် ကြိုးစားစဉ်မှာပင် ရှောင်ချန်ယွီ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။

All Chapters