← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း(၂၂) - ရဲ့လင်လင်၏ နှစ်သက်မှု တိုးလာခြင်း။

“ဝုန်း...”

ကျောက်တုံးကြီးများ လွင့်စင်သွားပြီး ဖုန်မှုန့်များ ကောင်းကင်ယံသို့ လွင့်ပျံ့သွားသည်။ ဖုန်မှုန့်များကြားတွင် ပုံရိပ်တစ်ခုမှာ တလိမ့်ခေါက်ကွေး ဖြစ်နေသည်။

“ဝူး...”

နောက်ဆုံးတွင် နာကျင်စွာ အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ လူမျက်နှာဖုံး မိစ္ဆာပင့်ကူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လေထဲသို့ မြောက်တက်သွားပြီး သွေးများ မြေပြင်အနှံ့ ပန်းထွက်သွားတော့သည်။

“ဝေါ...”

မိစ္ဆာပင့်ကူသည် နောက်ဆုံးသော ဟိန်းဟောက်သံကို ကြေကွဲစွာ အော်ဟစ်လိုက်သည်။

၎င်း၏ ခန္ဓာကိုယ် မြေကြီးပေါ်သို့ ကျရောက်သွားချိန်တွင် သွေးအိုင်ကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်သွားတော့သည်။

“ဟူး...”

ရှောင်ချန်ယွီသည် သက်ပြင်းတစ်ချက်ကို အားပါးတရ မှုတ်ထုတ်လိုက်သည်။ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော မိစ္ဆာပင့်ကူကို ကြည့်ရင်း သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

(တိန် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ ထံမှ အခွင့်အရေးကို လုယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်း အမှတ်၁,၀၀၀ ရရှိပါသည်။)

(တိန် ဇာတ်ပို့မင်းသမီး တစ်ဦး၏ နှစ်သက်မှုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်း အမှတ် ၁,၀၀၀ ရရှိပါသည်။)

(တိန် ရဲ့လင်လင်ကို မိမိဘက်ပါအောင် စည်းရုံးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်- ထိပ်တန်းတုံ့လောရုပ်သေး တစ်ရုပ် ရရှိပါသည်။)

ဆက်တိုက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်များကြောင့် ရှောင်ချန်ယွီမှာ အံ့အားသင့်ကာ အသက်ရှူပင် မှားသွားတော့သည်။

‘လန်းလိုက်တာ။’

‘ဒါက တကယ်ကို အမိုက်စားပဲ။’

ဗီလိန်တန်ပြန်တိုက်စစ်စနစ်မှ ပေးသော ဆုလာဘ်များမှာ အမြဲတမ်း ရက်ရောသည်ကို သူ သိသော်လည်း ယခုတစ်ကြိမ်ကတော့ သူ ထင်ထားသည်ထက်ပင် ပို၍ ထူးခြားနေသည်။

အနှစ်ငါးထောင်သက်တမ်းရှိ မိစ္ဆာပင့်ကူကို သတ်လိုက်ရုံမျှနှင့် ထိပ်တန်းတုံ့လောရုပ်သေးတစ်ရုပ်ကို ရရှိလိုက်ခြင်း ဖြစ်သည်။

‘ဒါက ရဲ့လင်လင်ကြောင့်လား။’

ရှောင်ချန်ယွီသည် ရဲ့လင်လင်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပလာသည်။

ထိပ်တန်းတုံ့လောဆိုသည်မှာ ဝိညာဉ်သခင်များထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်ပြီး အဆင့် ၉၁ မှ ၉၉ အထိ ရှိသူများကို ခေါ်ခြင်းဖြစ်သည်။

ဝိညာဉ်အထွတ်အထိပ်အဆင့်ရှိသော ကျောက်ဝူကျိပင်လျှင် ထိပ်တန်းတုံ့လောများကို ငါက ဝိညာဉ်သခင်တွေထဲမှာ အဆင့်မြင့်တဲ့သူဆိုရင် ထိပ်တန်းတုံ့လောတွေကတော့ အထွတ်အထိပ်မှာ ရှိတဲ့သူတွေပဲ ဟု တင်စားခဲ့ဖူးသည်။

ဝိညာဉ်ကုန်းမြေတစ်ခုလုံးတွင် ထိပ်တန်းတုံ့လောအရေအတွက်မှာ အလွန်ပင် နည်းပါးလှပြီ။ သူတို့သည် တိုက်ကြီး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော အထွတ်အထိပ် တိုက်ခိုက်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။

ယခုအခါ ရှောင်ချန်ယွီတွင် ဝိညာဉ်စွမ်းအားမရှိသေးသော်လည်း အမိန့်အတိုင်း လုပ်ဆောင်မည့် ထိပ်တန်းတုံ့လောအဆင့်ရှိ လက်နက်တစ်ခု ရရှိသွားပြီ ဖြစ်ရာ ဝိညာဉ်ကုန်းမြေကြီး၏ နေရာအနှံ့တွင် ခေါင်းမော့ရင်ဘောင်တန်း လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။

‘မိစ္ဆာပင့်ကူ... မူလဇာတ်လမ်းမှာ ထန်စန်းက ဒီဝိညာဉ်ကွင်းကို သုံးပြီး ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းရည်ကို ရခဲ့တာ။ အခုတော့ ငါက အရင်လုယူလိုက်ပြီဆိုတော့ သူ အနာဂတ်မှာ ဒီလိုမျိုး ထပ်တွေ့နိုင်ပါဦးမလား။ ဆုလာဘ်က ဒီလောက်ကြီးနေတာ မဆန်းပါဘူး။’

‘ပြီးတော့ ရဲ့လင်လင်... မူရင်းမှာတော့ သူက ထန်စန်းနဲ့ ဘာမှမပတ်သက်ဘဲ ပျောက်သွားတဲ့သူပဲ။ ဒါပေမဲ့ ဟိုင်ထန်ပန်းဝိညာဥ်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူအနေနဲ့ သူက အရမ်း အစွမ်းထက်တယ်။ ငါသာ သူ့ကို ငါ့ဘက်ပါအောင် ဆွဲဆောင်နိုင်ရင် ဒါက ထန်စန်းရဲ့ အင်အားစုကို တဖြည်းဖြည်း အားနည်းသွားစေမှာပဲ။’

“ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးရှောင်။ သခင်လေးက ဘယ်အကယ်ဒမီကလဲဆိုတာ သိခွင့်ရှိမလား။”

ကြယ်သစ်တောအတွင်း၌ ရဲ့လင်လင်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။ ခံ့ညားထည်ဝါသော ရှောင်ချန်ယွီကို ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် လေးစားအားကျမှုများ အရိပ်အယောင် ပေါ်လာသည်။

ရှောင်ချန်ယွီမှာငယ်ရွယ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ရဲ့လင်လင်၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် ရှောင်ချန်ယွီ၏ အဆင်ခြင်မဲ့စွာ ပြေးဝင်သွားမှုကို သူမ စိုးရိမ်ခဲ့သော်လည်း ယခုမူ ထိုသို့လုပ်ခြင်းမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိ၍ လုပ်ဆောင်ခြင်း ဖြစ်မှန်း သူမ သိလိုက်ရသည်။

“ကျွန်တော်က နော့တင်းအကယ်ဒမီက ရှောင်ချန်ယွီပါ။ ကျွန်တော့်အဖေက နော့တင်းမြို့ရဲ့ မြို့စားပါ။”

ရှောင်ချန်ယွီကယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ကျွန်မကတော့ နော့တင်းအကယ်ဒမီက ရှောင်ဝူပါ။”

ရှောင်ဝူသည်လည်း သူမ၏ နာမည်ကို ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများကမူ ရဲ့လင်လင်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေသည်။

‘နောက်ထပ် မြေခွေးမတစ်ကောင်ပဲ။’

‘အစ်ကိုချန်ယွီကို လုဖို့ ကြိုးစားနေတဲ့ နောက်ထပ်တစ်ယောက်ပေါ့။’

ရှောင်ဝူသည် အလွန်ပင် စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေမိသည်။ ရှောင်ချန်ယွီအပေါ် သူမ၏ နှစ်သက်မှုမှာ စနစ်ကြောင့် အစပြုခဲ့ခြင်း ဖြစ်သော်လည်း အတူရှိနေချိန် ကြာလာသည်နှင့်အမျှ သူ၏ ဆွဲဆောင်မှုနှင့် လုံခြုံမှုပေးနိုင်စွမ်းများကြောင့် သူမ အမှန်တကယ်ပင် ချစ်မိသွားခဲ့သည်။

အထူးသဖြင့် ရှောင်ချန်ယွီမှာ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည့်အားလျော်စွာ ဘတ်စကက်ဘောကစားသည့်အခါ အလွန်ပင် ခွန်အားရှိလှရာ ရှောင်ဝူကို အလွန်ပင် စိတ်လှုပ်ရှားစေသည်။

အနှစ်တစ်သိန်းဝိညာဉ်သားရဲ တစ်ကောင်အနေနှင့် ရှောင်ဝူ၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် သန်မာသည် မဟုတ်ပါလား။

ရှောင်ဝူသည် ရှောင်ချန်ယွီအပေါ် အလွန်ကျေနပ်သော်လည်း အခြားမိန်းကလေးများကလည်း သူ၏အပေါ်တွင် ထိုသို့ပင် ကျေနပ်နေကြသည်မှာ သိသာလှသည်။

ထူးချွန်သောအမျိုးသားများသည် အမြဲတမ်း ရေပန်းစားသည် မဟုတ်ပါလား။

“နေကောင်းလား ရှောင်ဝူလေး။ ငါတို့တွေ ပိုပြီး ခင်ခင်မင်မင် ရှိသင့်တာပေါ့။”

ရဲ့လင်လင်သည် အေးစက်သော မျက်နှာထားရှိသော်လည်း ယခုမူ သူမ၏ နှုတ်ခမ်းတွင် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းကာ နှုတ်ဆက်လိုက်တော့သည်။

All Chapters