အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) - အမျိုးသမီးနှစ်ဦး၏ အားပြိုင်မှု။
ရဲ့လင်လင်၏ ကိုယ်ပေါ်ရှိ ဟိုင်ထန်ပန်းဝိညာဥ်မှာ ဖူးပွင့်လာသကဲ့သို့ ရှိသည်။ အကြောင်းရင်းမသိရဘဲ သူမ၏ အသားအရေတိုင်းမှ ထွက်ပေါ်လာသော အရှိန်အဝါများက ရှောင်ချန်ယွီကို ဆွဲဆောင်နေသကဲ့သို့ပင်။
နီးကပ်လှသော ရဲ့လင်လင်၏ ပန်းကဲ့သို့ လှပသော မျက်နှာလေးကို ကြည့်ရင်း သူမ၏ ကိုယ်မှ ထွက်ပေါ်နေသော သင်းပျံ့သည့် ရနံ့ကို ရှူရှိုက်မိချိန်တွင် ရှောင်ချန်ယွီ၏ နှလုံးသားထဲ၌ ယားကျိကျိ ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်ပေါင်း တစ်သောင်းရှစ်ထောင်မှာ ပွင့်သွားသကဲ့သို့ ရှိပြီး ရေခဲစိမ်လိုက်သကဲ့သို့ ချောမွေ့အေးမြကာ ဖော်ပြမတတ်အောင် သက်သောင့်သက်သာရှိလှသော အရသာကို ခံစားလိုက်ရသည်။ သူသည် အလွန်ပင် ပျော်ရွှင်ပြီး မိန်းမောသွားရသည်။
‘တကယ့် မြေခွေးမလေးပဲ။ ဒီမိန်းကလေးက ဟိုင်ထန်ပန်းဝိညာဉ်နဲ့ ငါ့ကို ဘာတွေလုပ်လိုက်တာလဲ။’
ရှောင်ချန်ယွီမှာ အံ့အားသင့်နေမိသည်။ ဟိုင်ထန်ပန်းဝိညာဉ်မှာ ကုသပေးသည့် အစွမ်းပဲ ရှိရမည် မဟုတ်ပါလား။ ရဲ့လင်လင်သည် မီးနှင့် ကစားနေသကဲ့သို့ပင်။
သို့သော် ၎င်းက အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ အခွင့်အရေး ရလျှင် ရဲ့လင်လင်နှင့် ဘတ်စကက်ဘော ကစားကြည့်ရမည်လား။
‘အော်.. မဟုတ်ပါဘူး လေ့ကျင့်ခန်း အတူတူ လုပ်ရမှာပါ။’
ရဲ့လင်လင်ကအတွေ့အကြုံ မရှိသေးသူ ဖြစ်သော်လည်း ရှောင်ချန်ယွီမှာ အမြဲတမ်း ဆရာကောင်းတစ်ဦး ဖြစ်လိုသူ ဖြစ်ရာ တပည့်တစ်ယောက် တိုးလာခြင်းက ပြဿနာ မဟုတ်ပေ။
“တိမ်တိုက်တွေ မြင်ရင် သူမဝတ်စုံကို သတိရတယ်။ ပန်းတွေကို ကြည့်ရင် သူမမျက်နှာကို မြင်ယောင်မိတယ်။”
“နွေဦးလေညင်းက လက်ရန်းကို ပွတ်တိုက်သွားတယ်။ ဆီးနှံတွေကတော့ စိုပြည်တောက်ပလို့...”
“အကယ်၍ ကျောက်စိမ်းတောင်ထိပ်မှာ မတွေ့ရဘူးဆိုရင်။”
“လမင်းအောက်က ကျောက်စိမ်းစင်မြင့်မှာပဲ ဆုံတွေ့ကြရလိမ့်မယ်။”
ဤကဲ့သို့ ကမ္ဘာကျော် အလှနတ်ဘုရားမလေးနှင့် ဘတ်စကက်ဘော ကစားရခြင်းမှာ မည်မျှပင် ကောင်းလိုက်မည်နည်း။
ရှောင်ချန်ယွီ၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု တိတ်တဆိတ် ဝင်ရောက်လာသည်။
အထူးသဖြင့်ရဲ့လင်လင်ကလည်း ငြင်းဆန်ပုံမရသည်ကို မြင်ရသောအခါ ရှောင်ချန်ယွီ၏ နှလုံးသားမှာ သာ၍ပင် ခုန်လှုပ်လာတော့သည်။
“မောင်လေးချန်ယွီ... ကျွန်မတို့က ဟွမ်တောက်အဖွဲ့က ကျောင်းသားတွေပါ အခု ကျွန်မတို့ အဖွဲ့ဝင်တွေ အကုန်လုံး လူစုကွဲသွားကြပြီ။”
“မောင်လေးချန်ယွီသာ ကျွန်မတို့ကို ကူညီပေးမယ်ဆိုရင် ကျွန်မ တစ်ဘဝလုံး မောင်လေးနောက်ကို လိုက်ဖို့ အသင့်ပါပဲ။”
ကြယ်သစ်တောအတွင်း၌ ရဲ့လင်လင်သည် ရှောင်ချန်ယွီ၏ စိတ်အာရုံကို ရဲရဲတင်းတင်းပင် လှုံ့ဆော်လိုက်ပြီး သူမအား အနောက်လိုက်အဖြစ် ခေါ်ဆောင်ရန် တောင်းဆိုလိုက်သည်။
အမှန်တကယ်ပင်။ အထောက်အကူပြု ဝိညာဉ်သခင်တစ်ဦးအနေနှင့် ရဲ့လင်လင်သည် သူမ၏ ကံကြမ္မာကို သိရှိပြီးသား ဖြစ်သည်။
တိုက်ခိုက်ရေးစွမ်းအား မရှိသော အထောက်အကူပြု ဝိညာဉ်သခင်များအတွက် အကောင်းဆုံးသော ဘဝလမ်းကြောင်းမှာ တိုက်ခိုက်ရေး ဝိညာဉ်သခင်တစ်ဦးနောက်သို့ လိုက်ပါပြီး အကူအညီပေးရန် ဖြစ်သည်။
အပြန်အလှန်အားဖြင့်တိုက်ခိုက်ရေး ဝိညာဉ်သခင်များက သူတို့ကို ကာကွယ်ပေးမည် ဖြစ်သည်။
ရဲ့လင်လင်သည် ရှောင်ချန်ယွီ၏ အနောက်လိုက် ဖြစ်ချင်နေသည်။ ရှောင်ဝူကဲ့သို့ပင်။
ရှောင်ချန်ယွီမှာ သူမထက် ငယ်သော်လည်း သူပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားနှင့် ပါရမီတို့က ရဲ့လင်လင်ကို အပြည့်အဝ သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်ချန်ယွီမှာနော့တင်းမြို့ကဲ့သို့ ဝေးလံသော အရပ်မှ လာသည်ကိုလည်း သူမ ဂရုမစိုက်တော့ပေ။
သူ၏ ဖခင်မှာ မြို့စားတစ်ဦး ဖြစ်သည့်အတွက် အနည်းဆုံးတော့ ဝိညာဉ်ဘုရင် အဆင့်ရှိသူ ဖြစ်ပေလိမ့်မည်။
ထိုအဆင့်မှာ ဝိညာဥ်ကုန်းမြေပေါ်တွင် အထွတ်အထိပ် မဟုတ်သော်လည်း နောက်ခံမရှိသူဟု မဆိုနိုင်ပေ။
“အစ်ကိုချန်ယွီက ဘယ်သူ့ကိုမဆို အနောက်လိုက်အဖြစ် လက်မခံဘူးနော်။ နင်က သာမန် အထောက်အကူပြု ဝိညာဉ်သခင်တစ်ယောက်ပဲ မဟုတ်လား။”
ရှောင်ဝူက ရဲ့လင်လင်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်ရင်း သဝန်တိုနေမိသည်။
သူမ၏ အစ်ကိုချန်ယွီမှာ အလွန်ပင် ထူးချွန်လွန်းနေသည်။ စောစောက မုန့်ယီရန်က တစ်ကြောင်း အခု ရဲ့လင်လင်က တစ်ဖုံ။
အကယ်၍ သူတို့က နေ့တိုင်း အတူတူ ရှိနေကြမည်ဆိုလျှင် သူမ ရှောင်ဝူအတွက် နေရာ ရှိပါဦးမည်လော။ သို့သော် သူမတွင် ငြင်းပယ်ရန် ခိုင်လုံသော အကြောင်းပြချက် မရှိပေ။
“ငါ့ရဲ့ အစွမ်းက မနည်းပါဘူး။ ငါက ရဲ့လင်လင်ပါ ဝိညာဉ်က ဟိုင်ထန်ပန်းပါ အဆင့် ၂၅ ရှိတယ်။ နောင်တစ်ချိန်မှာ နင်တို့အတွက် အများကြီး ကူညီပေးနိုင်ပါတယ်။”
တကယ်တမ်းတွင်လည်း အထောက်အကူပြု ဝိညာဉ်သခင်များသည် တိုက်ခိုက်ရေးသမားများအတွက် အလွန်ပင် အသုံးဝင်လှသည်။
အန္တရာယ်များသောတောအုပ်ထဲတွင် ဒဏ်ရာရရှိပါက ကုသပေးနိုင်သူ ရှိခြင်းမှာ အသက်ဆက်ရန် အခွင့်အရေး ပိုများစေသည်။
ရှောင်ဝူ၏ အရိုးပျော့ယုန်ဝိညာဉ်မှာမူ တိုက်ခိုက်ရုံမှလွဲ၍ အခြား အသုံးဝင်မှု နည်းပါးလှသည်။
“ဟွန့်”
ရှောင်ဝူက နှုတ်ခမ်းလေး စူလိုက်သည်။ ရဲ့လင်လင်ကို စကားနာ မထိုးနိုင်သဖြင့် သူမက စိတ်ကောက်ကာ မျက်နှာလွှဲလိုက်တော့သည်။
“ထျန်းတို တော်ဝင်အကယ်ဒမီလား။ ကျွန်တော် အဲဒီအကြောင်း နည်းနည်း ကြားဖူးပါတယ်...”
ရှောင်ချန်ယွီသည်လည်း စိတ်ဝင်စားသွားသည်။ ထိုအကယ်ဒမီသည် ထျန်းတို အင်ပါယာ၏ အထက်တန်းလွှာ ကလေးများ တက်ရောက်ရာ နေရာဖြစ်ပြီး ဟွမ်တောက်အဖွဲ့မှာ ပါရမီရှင်များ စုဝေးရာ ဖြစ်သည်။
အကယ်၍ သူသာ ထိုအဖွဲ့ကို ကူညီပေးနိုင်ပါက နောက်ပိုင်းတွင် သူ့အတွက် အကျိုးရှိလာနိုင်သည် မဟုတ်ပါလား။
“ဒါဆိုရင်လည်း သွားကြည့်ကြတာပေါ့ ဒါပေမဲ့ ကျွန်တော် မကိုင်တွယ်နိုင်တဲ့ ပြဿနာမျိုးနဲ့ တွေ့ရင်တော့ ကျွန်တော် မကူညီနိုင်ဘူးနော်။”
“နောက်လိုက်လုပ်ဖို့ ကိစ္စကတော့... နောက်မှ စဉ်းစားတာပေါ့...”
ရှောင်ချန်ယွီက မရေမရာ ပြောလိုက်သည်။ ရဲ့လင်လင်က လှပပြီး အသုံးဝင်သော်လည်း ရှောင်ဝူမှာ မူလဇာတ်ဆောင်ဖြစ်ပြီး အစကတည်းက သူ့အပေါ် နှစ်သက်မှု အပြည့်ရှိသူ ဖြစ်သည်။
ရဲ့လင်လင်အတွက်မူစမ်းသပ်မှုအချို့ လိုအပ်နေသေးသည်။
“ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် မောင်လေးချန်ယွီ...”
ရဲ့လင်လင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းများ လင်းလက်သွားပြီး သူမ၏ နှလုံးခုန်သံမှာ မြန်လာကာ ရှောင်ချန်ယွီကို အားကျသော အကြည့်များဖြင့် ကြည့်နေမိသည်။
‘ဒီမောင်လေးက မရိုးရှင်းဘူးပဲ။ ငါက ဒီလောက်လှတဲ့ အထောက်အကူပြု ဝိညာဉ်သခင်မလေး ဖြစ်ပါလျက်နဲ့ ငါ့ရဲ့ ဆွဲဆောင်မှုကို သူက ခံနိုင်ရည် ရှိနေတာပဲ။’
‘နင် ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ စောင့်ကြည့်ဦးမှာပါ။’
အတိအကျ ထိုအချိန်မှာပင် ရဲ့လင်လင်၏ လက်ကောက်ဝတ်မှ အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။