← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - တုကူယန်း။

“ဟွန့် အစ်ကိုချန်ယွီရဲ့ အနောက်လိုက်ဖြစ်ဖို့က အဲဒီလောက် လွယ်မယ် ထင်နေလား။”

ရှောင်ချန်ယွီက ရဲ့လင်လင်၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်သည်ကို ကြားသောအခါ ရှောင်ဝူသည် ဝမ်းသာသွားမိသည်။

ရှောင်ဝူ၏ ရှောင်ချန်ယွီအပေါ် ထားရှိသော သံယောဇဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး သေသည်အထိ မပြောင်းလဲနိုင်သော်လည်း သူမသည်လည်း မိန်းကလေးတစ်ဦးပင် မဟုတ်ပါလား။

မိမိနှစ်သက်သောယောင်္ကျားလေးက အခြားတစ်ဦးနှင့် လူပျိုလှည့်နေသည်ကို မည်သူက ကြည့်လိုမည်နည်း။

အမှန်တကယ်တော့ ရှောင်ချန်ယွီကဲ့သို့သော အမျိုးသားသည် ကြယ်တာရာများနှင့် ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောသော အနာဂတ်သို့ ဦးတည်နေသူ ဖြစ်ကြောင်း ရှောင်ဝူ သိရှိပြီးသားဖြစ်သည်။

ကြီးကျယ်သောအမှုကိစ္စများကို လုပ်ဆောင်ရန်အတွက် သူ၏ဘေးတွင် အမျိုးသမီးများ ဝန်းရံနေပေလိမ့်မည်။

အနာဂတ်တွင်သူမတစ်ဦးတည်းသာ အနောက်လိုက် ဖြစ်နေရန်မှာ မဖြစ်နိုင်မှန်း သိသော်လည်း ရှောင်ချန်ယွီက ရဲ့လင်လင်ကို မြင်မြင်ချင်း လက်မခံဘဲ စမ်းသပ်လိုသည့် ဆန္ဒရှိနေခြင်းက ရှောင်ဝူကို သူ၏နှလုံးသားတွင် နံပါတ်တစ်အဆင့် ရှိနေသေးကြောင်း သက်သေပြနေသကဲ့သို့ ခံစားရစေသည်။

ထိုသို့တွေးမိချိန်တွင်ရှောင်ဝူ၏ စိတ်ထဲ၌ ပို၍ နေသာထိုင်သာ ရှိသွားတော့သည်။

“အစ်ကိုချန်ယွီ... ကျွန်မရဲ့ ဆက်သွယ်ရေး ဝိညာဉ်လက်နက် လင်းလာပြီ ဒုအဖွဲ့ခေါင်းဆောင်ဆီက သတင်းစကားပဲ။ သွားရှာကြရအောင်။”

ဤအချိန်တွင် ရှောင်ဝူ ဘာတွေးနေသည်ကို ရဲ့လင်လင် မသိချေ။ သူမသည် ခေတ္တမျှ မှင်သက်သွားသော်လည်း သူမ၏ လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးကိရိယာ လင်းလာသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။

၎င်းလင်းလာခြင်းမှာ သူမ၏ အသင်းဖော်များကို ပြန်တွေ့ပြီဟု အဓိပ္ပာယ်ရသည်။ အန္တရာယ်များလှသော ကြယ်သစ်တောထဲတွင် ရှောင်ချန်ယွီက သူမကို ကယ်တင်ခဲ့သော်လည်း မိမိသိကျွမ်းသူများကြားတွင် ရှိနေခြင်းက သာ၍ လုံခြုံမှုပေးနိုင်သည် မဟုတ်ပါလား။

“သွားကြည့်ကြတာပေါ့။”

ရှောင်ချန်ယွီက ခေါင်းညိတ်လိုက်သည်။ သူသည် အထူးတလည် အံ့သြခြင်း မရှိပေ။ ဟွမ်တောက်အဖွဲ့၏ ဒုခေါင်းဆောင်လား။ မူရင်းဇာတ်လမ်းအတိုင်းဆိုလျှင် သူမပဲ ဖြစ်ရမည်။

ဟွမ်တောက်အဖွဲ့သည်ကြယ်သစ်တောသို့ လေ့ကျင့်ရန် လာခြင်းဖြစ်ရာ သူတို့၏ ဆက်သွယ်ရေးကိရိယာများတွင် တည်နေရာရှာဖွေသည့် စနစ်များ ပါရှိနေပြီးသား ဖြစ်သည်။

ရဲ့လင်လင်၏ ဦးဆောင်မှုဖြင့် သူတို့သုံးဦးသည် အနောက်ဘက်သို့ ၃ ကီလိုမီတာခန့် လျှောက်လှမ်းပြီးနောက် လက်ဝှေ့ယမ်းပြနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

၎င်းမှာ ခရမ်းရောင် ဆံပင်တိုလေးနှင့် ရဲရင့်သော အသွင်ရှိသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ပြိုင်ဘက်ကင်း အလှတရားမျိုး မဟုတ်သော်လည်း ဆန်းပြားသော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။

သူမ၏ စိမ်းဖန့်ဖန့် မျက်ဝန်းများမှာ အလွန်ထူးဆန်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

တုကူယန်း ၏ ဆံပင်နှင့် မျက်လုံးအရောင်မှာ ဝိညာဉ်ကုန်းမြေတွင် ပုံမှန်အားဖြင့် ရှိလေ့မရှိသော အရောင်များ ဖြစ်ပြီး အဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားသော အရောင်များ ဖြစ်သည်။

သူမသည်အဆိပ်တုံ့လော တုကူပို ၏ မြေးမလေးဖြစ်ပြီး ဟွမ်တောက်အဖွဲ့၏ ဒုခေါင်းဆောင်လည်း ဖြစ်သည်။

သူမ၏ ဝိညာဉ်မှာ ဝိညာဉ်ကုန်းမြေပေါ်တွင် အဆိပ်အပြင်းဆုံး မြွေများထဲမှ တစ်ခုဖြစ်သည့် ကျောက်စိမ်းမြွေဝိညာဉ်ပင် ဖြစ်သည်။

“အဆင့် ၃၀ ဝိညာဉ်ဆရာသခင် ပဲ။ ဒီတုကူယန်းက တော်တော်လေး အစွမ်းထက်တာပဲ။”

ရှောင်ချန်ယွီသည် တုကူယန်း၏ ဝိညာဉ်အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပြီး အံ့အားသင့်သွားသည်။

တုကူယန်းသည်ရှောင်ချန်ယွီထက် အသက်အနည်းငယ် ကြီးသော်လည်း မုန့်ယီရန်နှင့် အသက်အရွယ် တူလောက်သည်။

မုန့်ယီရန်မှာအဆင့် ၂၁ ဖြင့် ပါရမီရှင်ဟု သတ်မှတ်ခံရသော်လည်း တုကူးယန်မှာမူ အသက်တူတူတွင် အဆင့် ၃၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝိညာဉ်ကွင်းတစ်ခုထပ်ရလျှင် သူမသည် ဝိညာဉ်အကြီးအကဲအဆင့်သို့ တက်လှမ်းပေတော့မည်။

“နောက်ထပ် မိန်းကလေး တစ်ယောက်လား။ ဒီတစ်ယောက်က အရမ်း အန္တရာယ်များပုံပဲ။”

ဘေးရှိ ရှောင်ဝူသည်လည်း တုကူယန်းကို မြင်လိုက်ရချိန်တွင် အပြည့်အဝ သတိထားလိုက်မိသည်။

ယုန်၏ သဘာဝရန်သူမှာ မြွေ ဖြစ်သည်။ စောစောက မုန့်ယီရန်၏ မြွေလှံတံဝိညာဉ်မှာ သိသိသာသာ ဖိအားမပေးနိုင်သော်လည်း တုကူးယန်၏ မြွေဝိညာဉ်မှာမူ ရှောင်ဝူအတွက် ထိပ်တိုက် ရန်သူ ဖြစ်နေသည်။

ထို့ကြောင့်ရှောင်ဝူ၏ အမွေးအမျှင်များ ထောင်ထလာရခြင်း ဖြစ်သည်။ သူမသည် လူသားအသွင်ပြောင်းထားသော အနှစ်တစ်သိန်း ဝိညာဉ်သားရဲ ဖြစ်သော်လည်း ဗီဇစိတ်ကိုမူဖျောက်ဖျက်ရန် မလွယ်ကူပေ။

“ဒုခေါင်းဆောင်... နောက်ဆုံးတော့ ရှာတွေ့ပြီ။”

တုကူယန်းကို မြင်သောအခါ ရဲ့လင်လင်သည် စိတ်လှုပ်ရှားစွာ ရှေ့သို့ ပြေးထွက်သွားပြီး လက်ကိုကိုင်ကာ နှုတ်ဆက်လိုက်သည်။

ဟွမ်တောက်အဖွဲ့တွင်ရဲ့လင်လင်နှင့် တုကူယန်းမှာ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

“လင်လင်... ဘယ်တွေ ရောက်နေတာလဲ။ ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘူးမလား။”

တုကူးယန်က စိုးရိမ်တကြီး မေးလိုက်သည်။ ရဲ့လင်လင်တွင် ဒဏ်ရာမရှိသည်ကို မြင်မှသာ စိတ်အေးသွားတော့သည်။

ထိုအချိန်တွင်မှတုကူယန်းသည် ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့ကို သတိထားမိသွားသည်။ သို့သော် သူတို့၏ ဝိညာဉ်အဆင့်မှာ ၂၀ အောက်တွင်သာ ရှိသည်ကို အာရုံခံမိသောအခါ တုကူယန်းသည် သူတို့ကို ချက်ချင်းပင် အထင်သေးသွားတော့သည်။

“လင်လင်... ဒီမောင်လေးနဲ့ ညီမလေးကို ဘယ်က ကောက်လာတာလဲ။ ကြယ်သစ်တောအရမ်း အန္တရာယ်များတယ်။ သူတို့ကို ငါတို့ စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူးနော်။”

တုကူယန်းကခပ်အေးအေးပင် ပြောလိုက်သည်။

၎င်းမှာ တုကူယန်းက စိတ်ရင်းမကောင်း၍ မဟုတ်ဘဲ တောအုပ်၏ အန္တရာယ်ကို သိသောကြောင့် ဖြစ်သည်။

သူမ၏ အဘိုးဖြစ်သူ ထိပ်တန်းတုံ့လောတုကူပိုပင်လျှင် ဤတောအုပ်တွင် အမြဲတမ်း ဘေးကင်းမည်ဟု အာမမခံနိုင်ပေ။

အဆင့်၂၀ ပင် မပြည့်သေးသော ရှောင်ချန်ယွီတို့မှာ သူမအတွက်တော့ ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်သည်။

“နင်ကရော ဘယ်သူလဲ။ တစ်ကိုယ်လုံးလည်း အစိမ်းရောင်တွေနဲ့ ကြည့်ရတာ မိန်းကလေးကောင်း တစ်ယောက်တော့ မဟုတ်ဘူး။”

တုကူယန်း၏ စကားကို ကြားသောအခါ ရှောင်ဝူကလည်း မကျေမနပ် ပြန်ပြောလိုက်သည်။

“နင်ကသာ နင့်ကိုယ်နင် စောင့်ရှောက်နိုင်အောင် လုပ်ပါ။ ငါတို့ကို လာဂရုစိုက်နေစရာ မလိုဘူး။”

တုကူယန်း၏ ပုံစံမှာ အဆိပ်ကြောင့် ထူးခြားနေပြီး ၎င်းကပင် သူမကို ဆွဲဆောင်မှုရှိသော အန္တရာယ်တစ်ခုကဲ့သို့ ဖြစ်စေသည်။

ရှောင်ဝူသည်ရှောင်ချန်ယွီ၏ စိတ်ကို မသိသော်လည်း ဤတုကူးယန်မှာလည်း အနာဂတ်တွင် အစ်ကိုချန်ယွီကို လုယူမည့် အဓိက ပြိုင်ဘက် ဖြစ်လာနိုင်ကြောင်း ခံစားမိနေသည်။

‘ဒီကလေးတွေက တော်တော် စိတ်ရှုပ်ဖို့ ကောင်းတာပဲ...’

တုကူယန်းကတွေးလိုက်ပြီး သူမ၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အလင်းတန်းများ လင်းလက်လာသည်။

တစ်ကိုယ်လုံးအစိမ်းရောင်ဖြစ်နေခြင်းမှာ သူမ၏ ဝိညာဉ်ကြောင့် ဖြစ်သော်လည်း ၎င်းကို အပြစ်တင်ခံရခြင်းက သူမကို ဒေါသထွက်စေသည်။

“မမယန်... စိတ်မဆိုးပါနဲ့။ သူတို့က ကြယ်သစ်တောမှာ ကျွန်မတွေ့ခဲ့တဲ့ သူငယ်ချင်းတွေပါ။ ရှောင်ချန်ယွီနဲ့ ရှောင်ဝူတဲ့။”

နှစ်ဦးသား ထိပ်တိုက်တွေ့တော့မည့် အခြေအနေကို မြင်သောအခါ ရဲ့လင်လင်က အမြန်ပင် ကြားဝင်ဖြေရှင်းလိုက်တော့သည်။

All Chapters