အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) - အထင်အမြင်သေးခြင်း။
“ကျွန်တော့်နာမည်က ရှောင်ချန်ယွီပါ။ မင်းက ရဲ့လင်လင်ပြောတဲ့ တုကူယန်း ဖြစ်ရမယ်။”
ဘေးတွင် ရှောင်ချန်ယွီက အနည်းငယ် ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သူ၏ လေသံမှာ အေးဆေးတည်ငြိမ်နေပြီး သူမကို အထူးတလည် အလေးဂရုပြုနေပုံ မရပေ။
တုကူယန်းသည် ထိန်းချုပ်ရေးစနစ်ဝိညာဉ်သခင်တစ်ဦးဖြစ်ပြီး ကျောက်စိမ်းမြွေဝိညာဉ်၏ အဆိပ်ဖြင့် စစ်မြေပြင်ကို ထိန်းချုပ်နိုင်စွမ်းမှာ သေးငယ်လှသည်မဟုတ်ပေ။
မူရင်းဇာတ်လမ်းရှိထန်စန်းပင်လျှင် သူမ၏ အဆိပ်ကို ဖြေရှင်းနိုင်ရန် အာမမခံနိုင်ခဲ့ပေ။ ၎င်းက သူမ၏ အစွမ်း မည်မျှထက်မြက်သည်ကို သက်သေပြနေသည်။
ငယ်စဉ်ကတည်းက တုကူယန်းသည် ငိုခဲလှသည်။ သူမ၏ ဘဝမှာ အမြဲတမ်း ချောမွေ့နေခဲ့သည်။ ထူးခြားသော အဆိပ်စွမ်းရည် ခိုင်မာသော မိသားစုနောက်ခံနှင့် ရွယ်တူများထဲတွင် အသာလွန်ဆုံးသော ဝိညာဉ်စွမ်းအားတို့ကြောင့် သူမသည် အမြဲတမ်း ထိပ်ဆုံးမှာသာ ရှိနေခဲ့သည်။
ထို့ကြောင့်သူမသည် အမြဲတမ်း မောက်မာလေ့ရှိပြီး လူနည်းစုသာလျှင် သူမ၏ စိတ်ခံစားချက်ကို လှုပ်ခတ်စေနိုင်သည်။
ရှောင်ချန်ယွီနှင့် တုကူးယန်မှာ ယခုမှ ဆုံဖူးခြင်းဖြစ်ပြီး ရှောင်ချန်ယွီက သူမအပေါ် စိတ်ဝင်စားမှု သိပ်မရှိလှပေ။
‘ယဉ်ကျေးမှုမရှိတဲ့ကောင်လေး။’
ရှောင်ချန်ယွီ၏ ဂရုမစိုက်သော အမူအရာကို ကြည့်ပြီး တုကူယန်း ပို၍ပင် စိတ်တိုလာသည်။
အမှန်တော့ တုကူးယန်သည် ရှောင်ချန်ယွီကို ကြည့်ကောင်းသည်ဟု ထင်ထားသဖြင့် အနည်းငယ် စိတ်ဝင်စားမိသော်လည်း သူ၏ အေးစက်သော သဘောထားက သူမကို ဒေါသထွက်စေသည်။
‘သူက အဆင့် ၁၉ ရှိတဲ့ ကလေးလေးပဲ မဟုတ်လား။ ဝိညာဉ်ကုန်းမြေကြီးမှာ အစွမ်းရှိသူကိုပဲ လေးစားကြတာ။ ငါက အဆင့် ၃၀ တောင် ရှိနေပြီကို သူက ငါ့ကို မမ လို့တောင် မခေါ်ဘူး။’
တုကူယန်းသည် ရှောင်ချန်ယွီ၏ အေးစက်မှုကို ခံစားနေရသည်။
၎င်းမှာ သာမန်အေးစက်မှုမျိုးမဟုတ်ဘဲ လုံးဝဥပေက္ခာပြုထားခြင်း ဖြစ်သည်။ သူမကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကြည့်နေခြင်းပင်။
“ယဉ်ကျေးရမယ်။ မိန်းကလေးတုကူးယန်... ကျွန်တော် ရှောင်ချန်ယွီဆိုတာ လူကောင်း’ တစ်ယောက် မဟုတ်ဘူးနော်။”
ရှောင်ချန်ယွီက ခပ်တိုးတိုး ရယ်မောလိုက်ပြီး တုကူယန်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
တုကူယန်းသည်အကာအကွယ်တွေအောက်မှာပဲ နေလာခဲ့ရသူ ဖြစ်သည်။ သူမ၏ အဘိုးမှာ တုကူပို ဖြစ်သည့်အတွက် ဝိညာဉ်ကုန်းမြေကြီး၏ တကယ့် ရက်စက်သော ကမ္ဘာအကြောင်းကို သူမ မသိသေးပေ။
‘ငါ ရှောင်ချန်ယွီက ဗီလိန်တစ်ယောက်ပဲ မကြာခင်ကတင် ငါ ထန်စန်းကို ရိုက်နှက် ပေးခဲ့တာ။ ငါက အခွင့်အရေးရှိရင် လုသင့်တာကိုလုမယ်။ မိန်းကလေးတွေကို ဆွဲဆောင်မယ်။’
‘ဗီလိန်တစ်ယောက်ကို လာပြီး ယဉ်ကျေးဖို့ ပြောနေတာလား။ အခု ဒီမှာ လူတွေ အများကြီး ရှိမနေရင် မင်းကို ငါ ဝါးမြိုပစ်လိုက်တာ ကြာလှပြီ။’
ထို့ပြင် ဤတုကူယန်းသည် အနာဂတ်တွင် ထန်စန်း၏ အပေါင်းအပါ ဖြစ်လာမည့်သူ ဖြစ်သည်။
သူမ၏ အဘိုး တုကူပိုမှာလည်း အနာဂတ်တွင် မြို့တစ်မြို့လုံးရှိ စစ်သားများကို အဆိပ်ခတ်မည့်သူ မဟုတ်ပါလား။
ရှောင်ချန်ယွီအတွက်မူထန်စန်း၏ ဘက်တော်သားများကို အားနာနေစရာ အကြောင်းမရှိပေ။
သူ၏ မိသားစုနှင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးမည့်သူများ ဖြစ်နေ၍ပင်။
“မမယန်... စိတ်လျှော့ပါဦး။ ဒီမောင်လေး ရှောင်ချန်ယွီရဲ့ အစွမ်းက တကယ်ကို ထူးခြားပါတယ်။ သူက ကျွန်မရဲ့ အသက်သခင်ပါ။”
ရဲ့လင်လင်ကအမြန် ကြားဝင်ပြောလိုက်သည်။
ထူးချွန်သော ဝိညာဉ်သခင်များသည် မောက်မာလေ့ရှိကြသည်။ တုကူးယန်သည် ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့် ၃၀ ရောက်နေသဖြင့် မောက်မာပိုင်ခွင့် ရှိသည်ဟု ရဲ့လင်လင် ထင်ခဲ့သော်လည်း ရှောင်ချန်ယွီ၏ အစွမ်းကို မြင်ပြီးနောက်တွင်မူ တောင်ထက်မြင့်သော တောင်ရှိကြောင်း သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။
“ဟုတ်တယ် အစ်ကိုချန်ယွီက အနှစ်ငါးထောင် သက်တမ်းရှိတဲ့ မိစ္ဆာပင့်ကူကိုတောင် သတ်ခဲ့တာ။”
ရှောင်ဝူကလည်းဂုဏ်ယူစွာ ပြောလိုက်သည်။
“လူမျက်နှာမိစ္ဆာပင့်ကူ...အနှစ်ငါးထောင် သက်တမ်းရှိတာကို သူက သတ်နိုင်တယ် ဟုတ်လား။”
ရှောင်ဝူ၏ စကားကို ကြားသောအခါ တုကူယန်ူက လှောင်ပြုံး ပြုံးလိုက်သည်။ ကြယ်သစ်တောထဲတွင်မိစ္ဆာပင့်ကူဆိုသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော သားရဲ ဖြစ်သည်။
အနှစ်ငါးထောင်သက်တမ်းရှိလျှင် ဝိညာဉ်ဘုရင်များပင် နိုင်ရန် ခက်ခဲလှသည်။
တုကူယန်းသည် သူမ၏ အဘိုးနှင့်အတူ ထိုပင့်ကူမျိုးကို တွေ့ဖူးခဲ့သည်။ အနှစ်ငါးသောင်း ကျော်လျှင် ထိပ်တန်းတုံ့လောများပင် ရှောင်ရသည့် အမျိုးအစား မဟုတ်ပါလား။
‘အဆင့် ၁၉ ပဲ ရှိသေးတဲ့သူက မိစ္ဆာပင့်ကူကို သတ်တယ်ဆိုတာ ဘယ်သူက ယုံမှာလဲ။’
တုကူယန်းက ခေါင်းခါလိုက်ပြီး။
“နင်တို့ ကြွားတာလည်း အကန့်အသတ် ရှိပါဦး။ ဒီအကောင်လေးတွေနဲ့ မိစ္ဆာပင့်ကူကို သတ်နိုင်တယ်ဆိုရင် ငါလည်း ထိုက်တန်မျောက်ဝံ ကို သတ်နိုင်တာပေါ့။”
“နင်...ဘာတွေ လာပြောနေတာလဲ။”
ရှောင်ဝူမှာ ဒေါသထွက်သွားပြီး တုကူယန်းကို ပြေးထိုးချင်စိတ် ပေါက်သွားသည်။ ထိုက်တန် မျောက်ဝံ ဆိုသည်မှာ ရှောင်ဝူ၏ သူငယ်ချင်း မဟုတ်ပါလား။
တုကူယန်းကနှိုင်းယှဉ်ပြီး လှောင်ပြောင်လိုက်သဖြင့် သူမ မခံမရပ်နိုင် ဖြစ်သွားခြင်းပင်။
“မိန်းကလေး တုကူယန်း... အနှစ်တစ်သိန်း သက်တမ်းရှိတဲ့ ထိုက်တန် ဧရာမမျောက်ဝံသာ မင်းရှေ့မှာ တကယ် ရှိနေရင် မင်း ဒီလောက် တည်ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ အဲဒီလို နောက်ပြောင်တာမျိုး မလုပ်သင့်ဘူးနော်။”
ရှောင်ချန်ယွီက ရယ်မောရင်း ပြောလိုက်သည်။ တုကူယန်းသည် သူမရှေ့က ရှောင်ဝူက ထိုက်တန် ဧရာမမျောက်ဝံကို ခေါ်နိုင်စွမ်း ရှိမှန်း သိလျှင် ယခုလို ပြောနိုင်ပါဦးမည်လော။
“ဟွန့် ဒါဆိုရင် နင်လည်း နောက်နေတာပဲ မဟုတ်လား။ အဆင့် ၁၉ နဲ့ မိစ္ဆာပင့်ကူကို သတ်တယ်တဲ့ အနှစ်ငါးရာ သက်တမ်းရှိတာကိုတောင် နင် နိုင်ပါ့မလား။”
တုကူယန်းကအထင်သေးစွာ ပြန်ပြောလိုက်တော့သည်။