← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) - ရဲ့လင်လင်၏ ရွေးချယ်မှု။

“မမယန်... ရှောင်ဝူပြောတာ အမှန်တွေပါ။ ချန်ယွီက ကျွန်မကို တကယ်ကယ်ခဲ့တာ ပြီးတော့ အနှစ်ငါးထောင်သက်တမ်းရှိတဲ့ လူမျက်နှာ မိစ္ဆာပင့်ကူကိုလည်း သူကိုယ်တိုင် သတ်ခဲ့တာပါ။”

ရှောင်ဝူနှင့် တုကူယန်းတို့ အငြင်းပွားနေသည်ကို ကြည့်ရင်း ဘေးတွင်ရပ်နေသော ရဲ့လင်လင်မှာ ကြားဖြတ်ပြောဆိုရန်မှတစ်ပါး အခြားမရှိတော့ပေ။

အမှန်အတိုင်းပြောရလျှင် သူမကိုယ်တိုင်လည်း မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရပါက ရှောင်ချန်ယွီတွင် ဤမျှအစွမ်းထက်သော ခွန်အားရှိသည်ကို မည်သို့မျှ ယုံကြည်နိုင်မည်မဟုတ်ပေ။

ကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပြီး ထူးခြားချက်မရှိပုံပေါ်သော်လည်း အနှစ်ငါးထောင်သက်တမ်းရှိ မိစ္ဆာပင့်ကူကို အနိုင်ယူနိုင်စွမ်းရှိသည်မှာ အံ့သြစရာပင်။

“လင်လင်... နင်တော့ ဒီကောင်လေးရဲ့ လှည့်စားတာ ခံလိုက်ရပြီထင်တယ်။ ဒီရှောင်ချန်ယွီဆိုတဲ့လူရဲ့ ဝိညာဉ်က အဆင့်နိမ့်တဲ့ သာမန်ဝံပုလွေပဲလေ။ သူ့လိုလူမျိုးကသာ မိစ္ဆာပင့်ကူကို သတ်နိုင်တယ်ဆိုရင် ငါ ဒီစားပွဲကိုပဲ ဝါးစားပြလိုက်မယ်။”

တုကူယန်း၏ ဝိုင်းစက်သော မျက်ဝန်းအစုံတွင် မယုံကြည်နိုင်မှုများ လင်းလက်နေသည်။

ရဲ့လင်လင်ကမည်သို့ပင် ရှင်းပြစေကာမူ သူမကတော့ ရှောင်ချန်ယွီတွင် ထိုကဲ့သို့သော ခွန်အားမျိုး ရှိလိမ့်မည်ဟု မထင်ချေ။

ရှောင်ချန်ယွီသည် ယခုအချိန်တွင် သူ၏ဝိညာဉ်ကို ထုတ်မပြထားသော်လည်း ဝိညာဉ်သခင်အချင်းချင်းကြားတွင် ထူးခြားသော အာရုံခံစားမှုရှိတတ်ကြသည်။

တုကူယန်း၏ ကျောက်စိမ်းမြွေဝိညာဉ် သည် အခြားသူများ၏ ဝိညာဉ်အဆင့်အတန်းကို အာရုံခံရာတွင် အလွန်ပင် ထက်မြက်လှသည်။

သူမအာရုံခံမိသလောက် ရှောင်ချန်ယွီ၏ ဝိညာဉ်မှာ အရည်အသွေးနိမ့်သော ဝံပုလွေတစ်ကောင်သာ ဖြစ်သည်။

အကယ်၍ ရှောင်ချန်ယွီတွင် ထိပ်တန်းဝိညာဉ် သာ ရှိနေပါက သူ့အဆင့်ထက် မြင့်သော သားရဲများကို သတ်နိုင်သည်မှာ ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အဆင့်နိမ့် ဝံပုလွေတစ်ကောင်နှင့်မူ ၎င်းမှာ အခြားသူများအတွက် အစားအစာ ဖြစ်ရုံသာ ရှိပေလိမ့်မည်။

“အော်... ရှောင်ချန်ယွီရဲ့ ဝိညာဉ်က ဝံပုလွေလား။”

ရဲ့လင်လင်မှာလည်း ရုတ်တရက် သဘောပေါက်သွားသည်။

တုကူယန်း၏ မြွေဝိညာဉ်တွင် ရန်သူ၏ ဝိညာဉ်အစွမ်းကို အာရုံခံနိုင်သည့် စွမ်းရည်ရှိသည် မဟုတ်ပါလား။

ရှောင်ချန်ယွီသည်စောစောက မိစ္ဆာပင့်ကူနှင့် တိုက်ခိုက်စဉ်က ဝိညာဉ်ကို လုံးဝမထုတ်ဘဲ သူ၏ သန်မာသော ခန္ဓာကိုယ်ဖြင့်သာ အလဲထိုးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ရဲ့လင်လင်မှာလည်း ရှောင်ချန်ယွီ၏ ဝိညာဉ်မှာ သာမန်ဝံပုလွေ ဖြစ်နေသည်ကို မသိခဲ့ရပေ။

‘နေပါဦး... သာမန်လား။’

ရှောင်ချန်ယွီက လက်သီးတစ်ချက်တည်းနှင့် မိစ္ဆာပင့်ကူကို ပေါက်ကွဲစေခဲ့သည့် မြင်ကွင်းကို ရဲ့လင်လင် တစ်သက်လုံး မေ့နိုင်မည်မဟုတ်ပေ။

အကယ်၍ ဤသို့သောသူကိုမှ သာမန်ဝိညာဉ်သခင် ဟု ခေါ်မည်ဆိုပါက ဝိညာဉ်ကုန်းမြေပေါ်ရှိ အခြားဝိညာဉ်သခင်များမှာ ကျင့်ကြံခြင်းကိုသာ ရပ်ပစ်လိုက်သင့်တော့သည်။

သိသာလှသည်မှာ ဤရှောင်ချန်ယွီဆိုသော လူသည် ကျားကိုစားဖို့ ဝက်အယောင်ဆောင်နေခြင်း ပင် ဖြစ်ရမည်။

သူ၏ ဟန်ဆောင်နိုင်စွမ်းမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် ထက်မြက်သော အာရုံရှိသည့် တုကူယန်းပင်လျှင် လှည့်စားခံလိုက်ရခြင်း ဖြစ်သည်။

‘ရှောင်ချန်ယွီက အရမ်းငယ်သေးပေမဲ့ သူ့ရဲ့ စိတ်ကတော့ တော်တော်လေး ညစ်ပတ်တာပဲလား။ ဒါလည်း ကောင်းတာပါပဲ။ ဒီလို အကွက်စေ့တဲ့ သခင်နောက်ကို လိုက်မှပဲ အသက်ရှည်ရှည် နေရမှာ။’

ရဲ့လင်လင်ကတွေးနေမိသည်။

“မှန်ပါတယ်... ကျွန်တော်က ဘာမှ ထူးခြားမှုမရှိတဲ့ သာမန်ဝိညာဉ်သခင် တစ်ယောက်ပါပဲ။”

တုကူယန်း၏ သံသယများအပေါ် ရှောင်ချန်ယွီက အသာအယာ ပြုံးလိုက်ပြီး ပြန်လည်ငြင်းခုံနေရန် မကြိုးစားတော့ပေ။

ဟွမ်တောက်အဖွဲ့အနေနှင့်အနာဂတ် ပြိုင်ပွဲကြီးတွင် အခြားသူများ၏ ခြေမှုန်းခြင်းကို ခံရမည်မှာ မဆန်းတော့ပေ။

မိမိတို့၏ ကမ္ဘာငယ်လေးထဲတွင်သာ သာယာနေပြီး မောက်မာနေကြသော သူတို့အဖို့ မည်သို့လျှင် ပို၍ အစွမ်းထက်လာနိုင်ပါမည်နည်း။

မူရင်းဇာတ်လမ်းတွင် သူတို့သည် ဝိညာဉ်နန်းတော် အဖွဲ့နှင့် တွေ့ဆုံချိန်၌ ဟူလီနာ့ နှင့် ရှဲ့ယွဲ့ တို့ နှစ်ယောက်တည်း၏ လက်ချက်ဖြင့်ပင် တစ်ဖွဲ့လုံး အလဲထိုးခံခဲ့ရသည်။

သူတို့သည်မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေကြပြီး မာနကြီးနေကြသူများ ဖြစ်ရာ အနှိပ်စက်ခံရခြင်းမှာ ထိုက်တန်လှပေသည်။

သို့သော်ရှောင်ချန်ယွီအနေနှင့် သူတို့ကို လူမှုရေး လာရောက်သင်ကြားပေးရန် အစီအစဉ် မရှိပေ။

“မမယန်... အစ်ကိုချန်ယွီက ကျွန်မ ရှာတွေ့ထားတဲ့ အားကိုးရာပါ။ ကျွန်မ အစ်ကိုချန်ယွီရဲ့ အနောက်လိုက် ဖြစ်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ မမယန် အနေနဲ့ ကျွန်မကို အခက်တွေ့အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်။”

ရှောင်ချန်ယွီ၏ အေးဆေးသော အမူအရာကို မြင်သောအခါ ရဲ့လင်လင်မှာ ထိတ်လန့်သွားတော့သည်။

သူမအနေနှင့်အလွန်အစွမ်းထက်သော နောက်ခံတစ်ခုကို ခက်ခက်ခဲခဲ ရှာတွေ့ထားခြင်း ဖြစ်သည်။

အကယ်၍ ရှောင်ချန်ယွီသာ ထွက်သွားပါက နောက်ထပ် သင့်တော်သောသူကို ရှာရန် မည်မျှကြာဦးမည်နည်း။

ရဲ့လင်လင်၏ ကိုးလုံးစိတ်နှလုံး ဘီဂိုးနီးယားပန်းမှာ ထိပ်တန်းအထောက်အကူပြု ဝိညာဉ်ဖြစ်သဖြင့် လူအများက သူမကို အနောက်လိုက်အဖြစ် လိုချင်ကြသော်လည်း သူမကိုယ်တိုင်က အလွန်စိစစ်ရွေးချယ်တတ်သူ ဖြစ်သည်။

သခင်တစ်ဦးကိုရွေးချယ်ခြင်းမှာ ဂုဏ်သိက္ခာနှင့် အရှက်တရားကို မျှဝေခံစားရမည် ဖြစ်ရာ ပါရမီမရှိသော အညတရ ဝိညာဉ်သခင်နောက်သို့ သူမ မလိုက်နိုင်ပေ။

ရဲ့လင်လင်သည် ရှောင်ချန်ယွီ၏ အနားသို့ တိုးသွားကာ သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်သဖြင့် သူမ၏ ပါးပြင်လေးမှာ အနည်းငယ် နီမြန်းသွားသည်။

“ဟွန့်”

ရှောင်ဝူသည်လည်း ရှေ့သို့ တိုးလာကာ ရှောင်ချန်ယွီ၏ အခြားလက်မောင်းတစ်ဖက်ကို ဆွဲကိုင်လိုက်သည်။

ဘယ်ဘက်တွင်တစ်ယောက် ညာဘက်တွင် တစ်ယောက်နှင့် ဝိုင်းရံခံထားရသော ရှောင်ချန်ယွီ၏ မြင်ကွင်းက တုကူယန်းကို မှင်သက်သွားစေတော့သည်။

“ရဲ့လင်လင် နင် နောက်နေတာလား။ ဒီကလေးရဲ့ အနောက်လိုက် ဖြစ်ချင်တယ် ဟုတ်လား။ အဆင့် ၁၉ ရှိတဲ့ ဝံပုလွေ ဝိညာဉ်ပိုင်ရှင် အောက်တန်းစား ဝိညာဉ်သခင် တစ်ယောက်ရဲ့ အနောက်ကိုလား။”

တုကူယန်းမှာ မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။ ရှောင်ဝူနှင့် ရဲ့လင်လင် နှစ်ဦးလုံးမှာ ထိပ်တန်းအလှပဂေးများ ဖြစ်ကြသလို ပါရမီလည်း ရှိကြသူများ ဖြစ်သည်။

ရှောင်ဝူကအနောက်လိုက် လုပ်ချင်သည်မှာ သူမနှင့် မပတ်သက်သော်လည်း ရဲ့လင်လင်မှာ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေသည် မဟုတ်ပါလား။

“ရဲ့လင်လင်... နောက်လိုက် တစ်ယောက်က သခင်ကို ရွေးပြီးရင် ပြန်ပြောင်းဖို့ မလွယ်ဘူးဆိုတာ နင် သိရဲ့လား။ နင်တို့က အေးအတူ ပူအမျှ ဖြစ်သွားမှာနော်။”

“နင့်မှာ ဟိုင်ထန်ပန်းဝိညာဉ် ရှိနေတာလေ။ ဘာလို့ ဒီရှောင်ချန်ယွီဆိုတဲ့ အဆင့်မရှိတဲ့လူအနောက်ကို လိုက်ချင်နေရတာလဲ။ သူ့ဝိညာဉ်က သာမန်ဝံပုလွေ ဖြစ်တဲ့အပြင် ဝိညာဉ်ကွင်းတွေကလည်း အညံ့စားတွေပဲလေ။”

တုကူယန်းမှာ စိုးရိမ်တကြီး ဖြစ်လာသည်။ လှပသော ပန်းတစ်ပွင့်ကို နွားချေးပုံပေါ် သွားစိုက်နေသကဲ့သို့ သူမ ခံစားနေရသည်။

ရဲ့လင်လင်သာအနောက်လိုက် လုပ်ချင်လျှင် ထျန်းတို တော်ဝင်အကယ်ဒမီတွင် ထူးချွန်သော ဝိညာဉ်သခင်များစွာ ရှိနေသည် မဟုတ်ပါလား။

“မိန်းကလေး တုကူယန်း... အဲဒီလို ပြောတာက နည်းနည်းတော့ လွန်သွားပြီလို့ မထင်ဘူးလား။”

ရှောင်ချန်ယွီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသော အလင်းတန်းများ လင်းလက်လာသည်။

သူသည်အေးဆေးပုံ ပေါက်နေသော်လည်း သူ့ကို ကောင်းကောင်းသိသူများကမူ ယခုအချိန်တွင် သူ ဒေါသထွက်နေမှန်း သိကြပေလိမ့်မည်။

ရဲ့လင်လင်နှင့် ရှောင်ဝူတို့က တစ်ဖက်တစ်ချက်စီ ဆွဲကိုင်ထားခြင်းမှာ သက်သောင့်သက်သာ ရှိလှသော်လည်း၊တစ်ဖက်တွင်မူ မိမိကို အဆင့်မရှိသူ ဟု ဒဲ့ကြီးပြောနေခြင်းကို မည်သူက သည်းခံနိုင်ပါမည်နည်း။

ရဲ့လင်လင်၏ မျက်နှာကို ထောက်ထား၍ သည်းခံနေသော်လည်း တစ်ဖက်လူက အကန့်အသတ်ကျော်လွန်လာနေပြီ ဖြစ်သည်။

“မမယန်... ကျွန်မ ရွေးချယ်ပြီးပါပြီ။ အစ်ကိုချန်ယွီက ကျွန်မ မြင်ဖူးသမျှထဲမှာ ပါရမီနဲ့ အစွမ်း အရှိဆုံး ဝိညာဉ်သခင်ပါ။ ကျွန်မ လုံးဝလက်မလျှော့နိုင်ဘူး။ “

ရဲ့လင်လင်ကပြတ်သားစွာ ပြောလိုက်တော့သည်။

သူမရှေ့ရှိ ရှောင်ချန်ယွီမှာ သာမန်လူကဲ့သို့ ထင်ရသော်လည်း သူ၏ ပါရမီနှင့် အစွမ်းမှာ ဝိညာဉ်ကုန်းမြေပေါ်တွင် ပြိုင်ဘက်ကင်းကြောင်း သူမ သိထားသည်။

ရှောင်ချန်ယွီကိုလက်လွတ်လိုက်ရခြင်းကသာ တကယ့် နောင်တရစရာ ဖြစ်ပေလိမ့်မည်။

All Chapters