← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) - ပဋိပက္ခ။

“လင်လင်... နင် နောင်တရလိမ့်မယ်။ ငါတို့ ထျန်းတို တော်ဝင်အကယ်ဒမီမှာ လူငယ်ပါရမီရှင်တွေ အများကြီးရှိတာ ဘယ်သူမဆို ရှောင်ချန်ယွီထက် သာတယ်။”

သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းက ရှောင်ချန်ယွီအတွက်နှင့် သူမကိုပင် ပြန်လည်အာခံနေသည်ကို မြင်သောအခါ တုကူယန်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေရသည်။

‘ရဲ့လင်လင်... နင် တကယ်ပဲ အချစ်ရူးနေတာလာ။ ဒီရှောင်ချန်ယွီဆိုတဲ့ကောင်လေးက ချောရုံလေးနဲ့ နင် စိတ်ကူးယဉ်နေတာလားယ သခင်ကို ရွေးချယ်တဲ့အခါ ရုပ်ထက် အစွမ်းကို ကြည့်ရတယ်လေ။’

တုကူယန်းမှာ ဒေါသထွက်နေသော်လည်း ရဲ့လင်လင်၏ ခေါင်းမာမှုကို မြင်ရသောအခါ စိုးရိမ်စိတ်လည်း ဖြစ်မိသည်။

‘ရဲ့လင်လင်ရဲ့အချစ်ရူးနေတဲ့ ဦးနှောက်ကို သတိဝင်လာအောင် လုပ်ဖို့ ဘယ်လိုနည်းလမ်း ရှိမလဲ။’

“မမယန်... ကျွန်မကို လာမဖျောင်းဖျပါနဲ့ ထျန်းတို တော်ဝင်အကယ်ဒမီက ကျောင်းသား အများစုကို ကျွန်မ မြင်ဖူးပါတယ်။ ဘယ်သူမှ ရှောင်ချန်ယွီနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ ရှောင်ချန်ယွီကသာ ကျွန်မအတွက် အသင့်တော်ဆုံးလူလို့ ကျွန်မ ခံစားရတယ်။”

ရဲ့လင်လင်၏ လေသံမှာ အလွန်ပင် ပြတ်သားနေပြီး တွန့်ဆုတ်မှု အနည်းငယ်မျှပင် မရှိချေ။

ဝိညာဉ်ကုန်းမြောပေါ်တွင်ဝိညာဉ်သခင်များစွာ ရှိသော်လည်း ဟွမ်တောက်အဖွဲ့တွင် တုကူယန်းနှင့် သူမ၏ ချစ်သူ ယွီထျန်းဟန် တို့သာ အစွမ်းအထက်ဆုံး ဖြစ်ကြသည်။

သို့သော်သူတို့မှာ ချစ်သူများ ဖြစ်ကြရာ ရဲ့လင်လင်အနေနှင့် သူမ သူငယ်ချင်း၏ ချစ်သူကို လုယူရန် စိတ်ကူးမရှိပေ။

ထို့ပြင် ယွီထျန်းဟန်မှာ တော်သော်လည်းအာဏာစက်ပြင်းထန်ပြီး အားကိုးထိုက်သော ရှောင်ချန်ယွီနှင့် ယှဉ်လျှင် အများကြီး နောက်ကျကျန်နေသေးသည်။

ရှောင်ချန်ယွီ၏ တိုက်ခိုက်ပုံများကို တွေးမိတိုင်း ရှောင်ချန်ယွီ သူမကို ပွေ့ဖက်ထားစဉ်က ရရှိခဲ့သော အမျိုးသားရနံ့မှာ သူမ၏ အာရုံများကို လွှမ်းမိုးသွားပြီး နှလုံးခုန်သံများ မြန်လာရပြန်သည်။

‘ရှောင်ချန်ယွီကသာ ငါ့ရဲ့ တကယ့် အနာဂတ်ပဲ။’

“ရဲ့လင်လင်... နင်ကတော့ ကယ်မရတော့ဘူးပဲ။”

တုကူယန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှောင်ချန်ယွီကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ရှောင်ချန်ယွီ... နင်က လူယုတ်မာပဲ။ ရဲ့လင်လင်ကို ဘာမှော်အတတ်တွေနဲ့ ပြုစားထားတာလဲ။”

“ရှောင်ချန်ယွီ... နင် ငါနဲ့ တိုက်ရဲလား။ အကယ်၍ နင်ရှုံးရင် လင်လင်နဲ့ ဝေးဝေးမှာ နေပါ။”

ရဲ့လင်လင်ကို ဖျောင်းဖျ၍ မရသဖြင့် တုကူယန်းက ရှောင်ချန်ယွီဘက်သို့ လှည့်လာသည်။

ရဲ့လင်လင်ကနုနယ်သော်လည်း သူမ၏ သူငယ်ချင်းအနေနှင့် လူယုတ်မာတစ်ဦး၏ လှည့်စားခြင်းကို ခံနေရသည်ကို တုကူးယန် ငြိမ်ကြည့်မနေနိုင်ပေ။

“လူယုတ်မာ တုကူယန်း... မင်းကတော့ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီပဲ။ ငါနဲ့ တိုက်ချင်တယ် ဟုတ်လား။ အဲဒီအတွက် ပေးဆပ်ရမယ့် တန်ဖိုးကိုရော မင်း ပြင်ဆင်ထားရဲ့လား။”

ရှောင်ချန်ယွီ၏ မျက်လုံးများမှာ အေးစက်နေပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဤလောကသို့ရောက်ရှိလာပြီးနောက် ထန်စန်းကို အစောကြီးကတည်းက နှိမ်နင်းထားနိုင်သော်လည်း ရှောင်ချန်ယွီမှာ ဖိအားအချို့ ရှိနေဆဲ ဖြစ်သည်။

ဗီလိန်တစ်ဦးအနေနှင့်သူ မည်မျှပင် အသာစီးရနေပါစေ။ထန်စန်းက သူ၏ ဇာတ်လိုက်စွမ်းရည်ကို အသုံးပြုလိုက်လျှင် အားသာချက်များစွာမှာ နည်းလမ်းမျိုးစုံနှင့် လက်လွတ်သွားနိုင်သည် မဟုတ်ပါလား။

ထန်စန်း၏ အားသာချက်များမှာ များလွန်းလှသည်။ တုကူယန်းကိုယ်တိုင်က ထန်စန်းနှင့် မပတ်သက်သော်လည်း သူမ၏ အဘိုး တုကူပိုမှာ ထန်စန်း၏ အမာခံဘက်တော်သား ဖြစ်လာမည့်သူ ဖြစ်သည်။

မူရင်းဇာတ်လမ်းတွင်တုကူပိုသည် ထန်စန်း၏ ရန်သူ ဖြစ်ခဲ့သော်လည်း ထန်စန်းက အဆိပ်ဖြေပေးလိုက်ပြီးနောက်တွင် သူ၏ ဆယ်စုနှစ်များစွာ စုဆောင်းထားသော ဆေးပင်များအားလုံးကို ထန်စန်းအား ပေးအပ်ခဲ့သူ မဟုတ်ပါလား။

ဝိညာဉ်ကုန်းမြေကြီးပေါ်တွင် အသိတရား မရှိသူများစွာ ရှိနေပြီး တုကူယန်းမှာလည်း ၄င်းထဲ တစ်ဦးအပါအဝင် ဖြစ်သည်။

‘ငါ့ကို လူယုတ်မာလို့ ခေါ်ရဲတယ်ပေါ့။ ငါက ဗီလိန်ပဲ ငါက လူကောင်း မဟုတ်ဘူး။ ငါက အသက်ရှင်သက်သက်ရုံပဲ ဒါကြောင့် စနစ်ကပေးတဲ့ ဆုလာဘ်နဲ့ နှစ်သက်မှု အပြည့်ရှိတဲ့ ရှောင်ဝူကလွဲရင် ကျန်တဲ့သူ ဘယ်သူ့ကိုမှ ယုံကြည်လို့ မရဘူး။ မင်းက ငါ့ကို ရန်စဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ မင်းက ငါ့ရဲ့ ရန်သူပဲ တုကူယန်း... ငါ မင်းကို အားနာနေမှာ မဟုတ်ဘူး။’

“တိုက်ချင်ရင်လည်း တိုက်တာပေါ့ မင်းထင်နေတာလား... ငါက မင်းကို ကြောက်နေတယ်လို့။”

ရှောင်ချန်ယွီ၏ မျက်လုံးများမှာ ဓားကဲ့သို့ ထက်ရှလှသဖြင့် တုကူယန်းမှာ နာကျင်မှုကို ခံစားလိုက်ရပြီး စကားပြောရာတွင်ပင် အနည်းငယ် တုန်ယင်သွားသည်။

သို့သော်သူမက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

‘ငါက ဘာကို ကြောက်နေရမှာလဲ။ ငါက အဆင့် ၃၀ ဝိညာဉ်ဆရာသခင်တစ်ယောက်ပဲ။ အဆင့် ၃၁ ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ပြီးတော့ ငါ့မှာ အပြာရောင်လျှပ်စစ်နဂါး ဂိုဏ်းရဲ့ ဆက်ခံသူ ယွီထျန်းဟန် ဆိုတဲ့ ချစ်သူလည်း ရှိသေးတယ်။’

‘အဆင့်၉၁ ရှိတဲ့ အဆိပ်တုံ့လော တုကူးပိုက ငါ့အဘိုးလေ။ ငါက အဆင့် ၁၉ ရှိတဲ့ ရှောင်ချန်ယွီကို ကြောက်နေရမှာလား။’

ဘေးတွင် ရပ်နေသော ရှောင်ဝူမှာ ရှောင်ချန်ယွီကို ယုံကြည်သော်လည်း တုကူယန်း၏ ယုံကြည်မှုကို မြင်သောအခါ အနည်းငယ် စိုးရိမ်မိသည်။

တုကူယန်း၏ အဆင့်မှာ ရှောင်ချန်ယွီထက် ၁၁ ဆင့် တိတိ မြင့်နေသည် မဟုတ်ပါလား။ ထိုအဆင့်ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။

လူသားဝိညာဉ်သခင်နှင့် တိုက်ခိုက်ခြင်းမှာ ဝိညာဉ်သားရဲနှင့် တိုက်ခိုက်ခြင်းထက် သာ၍ ခက်ခဲနိုင်သည်ကိုလည်း သူမ သိရှိထားသည်။

‘ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။’

ရဲ့လင်လင်မှာလည်း သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းနှင့် သူမနောက်လိုက်လုပ်မည့် သခင်တို့ တိုက်ခိုက်တော့မည့် အခြေအနေကြောင့် အလွန်ပင် စိတ်ရှုပ်နေရသည်။

တုကူယန်းမှာမောက်မာလွန်းသူ ဖြစ်ပြီး ရှောင်ချန်ယွီမှာမူ အကွက်စေ့လွန်းသူ ဖြစ်ရာ နှစ်ဦးသားကြားတွင် ကြားဝင်စေ့စပ်ရန်မှာ မလွယ်ကူလှပေ။

All Chapters