← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) - အတိုးအချို့ တောင်းခံခြင်း။

“နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အရမ်းသန်မာတာမှန်ပေမဲ့ ငါ့ကိုမှ မထိနိုင်ရင် ဘာထူးမှာလဲ။”

တုကူယန်းက ခေါင်းခါလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် ဝင့်ကြွားသော အရိပ်အယောင်များဖြင့် ရှောင်ချန်ယွီကို ကြည့်လိုက်သည်။

“မမယန်ရဲ့ ဝိညာဉ်စွမ်းရည်က ရှောင်ချန်ယွီကို ဒီလောက်အထိ ထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ မောင်လေးချန်ယွီရဲ့ ခန္ဓာကိုယ်က မိစ္ဆာပင့်ကူကို သတ်နိုင်တဲ့အထိ အနှိုင်းမဲ့သန်မာပေမဲ့ ဝိညာဉ်အချင်းချင်းကြားမှာ အပြန်အလှန် နှိမ်နင်းနိုင်စွမ်း ရှိတာပဲ။”

တုကူယန်း အသာစီးရလာခြင်းက ရဲ့လင်လင်ကို စိတ်လှုပ်ရှားသွားစေသည်။ မူလက တုကူယန်း တစ်ဖက်သတ် အရှုံးပေးရမည်ဟု သူမ ထင်ထားသော်လည်း ယခုမူ တိုက်ပွဲက ကြည့်ကောင်းလာခဲ့ပြီ ဖြစ်သည်။

“ဒီမိန်းကလေးက တကယ်ကို မုန်းဖို့ကောင်းတာပဲ။ အဝေးကနေ မြားနဲ့ပဲ ပစ်နေပြီး ထိပ်တိုက်ကျမတိုက်ရဲဘူး။ တကယ်စွမ်းရင် အစ်ကိုချန်ယွီနဲ့ မျက်နှာချင်းဆိုင် တိုက်ကြည့်ပါလား။”

ရှောင်ဝူမှာလည်း အလွန်မကျေမနပ် ဖြစ်နေရသည်။ တုကူယန်း၏ တိုက်ခိုက်ပုံမှာ စွန်လွှတ်သကဲ့သို့ အကွာအဝေးကို အသုံးချနေခြင်းဖြစ်ရာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။

“ရောက်လာမှတော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့။”

ရှောင်ချန်ယွီကအသက်ပြင်းပြင်း ရှူလိုက်ပြီး တုကူးယန်ကို စိုက်ကြည့်လိုက်စဉ် သူ၏ ခန္ဓာကိုယ်မှ အာဏာစက်ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

“ဘာဝိညာဉ်နှိမ်နင်းမှုလဲ။ ရှေးဟောင်း မြင့်မြတ်သောခန္ဓာ ရှေ့မှာတော့ ဘယ်လို နည်းစနစ်မျိုးမဆို အင်အားသက်သက်နဲ့တင် ချေမှုန်းပစ်လို့ရတယ်။”

“ဟွန့် စကားကြီးစကားကျယ်တွေ ပြောနေတာပဲ။”

တုကူးယန်ကလှောင်ပြုံးပြုံးလိုက်သည်။

“နင် တကယ်ပဲ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား။”

“စမ်းကြည့်ရင် သိတာပေါ့။”

ရှောင်ချန်ယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တုကူယန်းထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။

“ရှူး... ရှူး... ရှူး”

ရှောင်ချန်ယွီနှင့် တုကူယန်းတို့ ချက်ချင်းပင် တိုက်ပွဲထဲသို့ ရောက်သွားကြသည်။ နှစ်ဦးလုံး၏ လှုပ်ရှားမှုများမှာ လျှပ်စစ်ကဲ့သို့ လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သည်။

ရှေးဟောင်း မြင့်မြတ်သောခန္ဓာမှာ ရုပ်ပိုင်းဆိုင်ရာ အနှိုင်းမဲ့သော်လည်း အရှိန်အဝါပိုင်းတွင်မူ အရှိန်အထူးပြုသူများကို မမီနိုင်ပေ။

သို့သော်၎င်းမှာ မည်သူနှင့် ယှဉ်သလဲဆိုသည့်အပေါ်တွင်သာ မူတည်သည်။ ဤသည်မှာ ဝိညာဉ်ကုန်းမြေ ဖြစ်ရာ ဤခန္ဓာကိုယ်၏ စွမ်းရည်မှာ ဘက်စုံစွမ်းရည် ဖြစ်သည်။

အရှိန်မှာအဓိက ကျင့်စဉ်မဟုတ်သော်လည်း အားနည်းချက် တစ်ခုတော့ မဟုတ်ချေ။ရှောင်ချန်ယွီ စောစောက မြားထိသွားခြင်းမှာ သူက အလေးအနက် မထားခဲ့သောကြောင့်သာ ဖြစ်သည်။

“ဝုန်း”

ရှောင်ချန်ယွီ၏ လက်သီးမှာ တုကူးယန်အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကြီးမားသော ပေါက်ကွဲသံနှင့်အတူ တုကူယန်း၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး အနောက်ရှိ သစ်ပင်တစ်ပင်နှင့် ရိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“အွတ်”

တုကူးယန်သည်သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့သွားသည်။

“မင်း ရှုံးပြီ။”

ရှောင်ချန်ယွီကတုကူယန်းကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

တုကူယန်း၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားသည်။ ရှောင်ချန်ယွီ၏ ခွန်အားမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

“ဘုရားရေ...ဒါကတကယ်ကို ကြောက်စရာကောင်းလွန်းတယ်။”

“ရှောင်ချန်ယွီက ခုနက မမယန်ရဲ့ မြားထိထားတာလေ။ မြားထိတဲ့သူက အရှိန်နှေးသွားရမှာကို အရှိန်နှေးနေတဲ့ ကြားက မမယန်ရဲ့ အမြန်နှုန်းကို လိုက်မီသွားတာပဲ။”

“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ အစ်ကိုချန်ယွီက ဝိညာဉ်ကိုတောင် ထုတ်မသုံးရသေးဘူးနော်။”

ဘေးမှ ကြည့်နေသော ရဲ့လင်လင်နှင့် ရှောင်ဝူတို့မှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။

“ငါ အရှုံးမပေးဘူး။”

တုကူးယန်သည်သွေးချင်းချင်းနီနေသော ခန္ဓာကိုယ်ဖြင့် ပြန်လည်ထရပ်လိုက်သည်။

“ဟမ့်”

ရှောင်ချန်ယွီကနှာခေါင်းရှုံ့လိုက်သည်။

“ငါ အချိန်မဖြုန်းချင်တော့ဘူး။ အခု ငါ့အလှည့်ပဲ။ မင်း အရှုံးမပေးချင်လည်း ပေးရမယ်။”

ရှောင်ချန်ယွီ သည်သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲတက်လာပြီး ဝိညာဉ်စွမ်းအားများ မြင့်တက်လာသည်။

သူ၏ အနက်ရောင် မျက်ဝန်းများမှာ စူးရှသော အလင်းတန်းများ လင်းလက်လာပြီး နတ်ဆိုးဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ တုကူယန်းသည် ချက်ချင်းပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

‘သူ့ရဲ့ အရှိန်အဝါက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်... ဒီလူက... သာမန်ဝံပုလွေ ဝိညာဉ်ရှိတာကို ဘာလို့ ထုတ်မသုံးဘဲ ခန္ဓာကိုယ်နဲ့ပဲ တိုက်နေတာလဲ။ ဒါတောင် သူက ဘာလို့ ဒီလောက် သန်မာနေရတာလဲ။’

“ဝုန်း”

ရှောင်ချန်ယွီ၏ လက်သီးက တုကူယန်း၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်ရာ သူမမှာ သွေးများ ပန်းထွက်ကာ လွင့်ထွက်သွားတော့သည်။

“မင်း ဒီတစ်ခါတကယ်ရှုံးပြီ။”

ရှောင်ချန်ယွီကအေးစက်စွာ ပြောလိုက်သည်။

တုကူယန်းမှာ မြေပြင်မှ အားယူထရပ်လိုက်ရသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

‘တောက် ဒီမုန်းဖို့ကောင်းတဲ့ ရှောင်ချန်ယွီ သူက ကျားကိုစားဖို့ ဝက်အယောင်ဆောင်နေတာပဲ။ ဝိညာဉ်ကိုတောင် ထုတ်မသုံးဘဲ ငါ့ကို အနိုင်တိုက်နိုင်တယ်ဆိုရင် သူက အနည်းဆုံး ဝိညာဉ်ဘုရင် အဆင့်လောက် ရှိနေတာပဲ။အသက် ၁၅ နှစ်အောက်နဲ့ ဝိညာဉ်ဘုရင်တဲ့လား...’

တုကူယန်းမှာ အေးစက်သော လေကို ရှူသွင်းလိုက်မိသည်။ ရှောင်ချန်ယွီ၏ အစွမ်းမှာ တိုက်ရိုက်ရင်ဆိုင်ဖူးမှသာ မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်ခြင်းဖြစ်သည်။

သူသည်အရှိန် အင်အား နှင့် ထိန်းချုပ်မှု အားလုံးတွင် ပြည့်စုံနေသည်။

တုကူယန်းသည် ရှောင်ချန်ယွီကို မကျေမနပ် ကြည့်လိုက်သည်။

“မိန်းကလေး တုကူ... မင်း ငါ့ရဲ့ ခွန်အားကို အခုတော့ သိလောက်ပြီပေါ့ ဒါပေမဲ့...”

ရှောင်ချန်ယွီက တုကူယန်အနားသို့ တိုးသွားကာ သူမ၏ မေးစေ့လေးကို အသာအယာ ပင့်တင်လိုက်သည်။

အမျိုးသားတစ်ဦး၏ အငွေ့အသက်များက တုကူးယန်၏ အာရုံများကို ချက်ချင်း လွှမ်းမိုးသွားရာ သူမ၏ နှလုံးခုန်သံမှာ အဆက်မပြတ် မြန်လာတော့သည်။

“နင်... နင် ဘာလုပ်မလို့လဲ။”

တုကူးယန်ကဒေါသတဝက် ကြောက်ရွံ့မှုတဝက်ဖြင့် မေးလိုက်သည်။

တုကူးယန်၏ ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး ပါးပြင်လေးမှာ နီမြန်းနေကာ ပန်းတစ်ပွင့်ထက်ပင် ပို၍ နုနယ်လှပနေသည်။

ရှောင်ချန်ယွီ၏ မျက်ဝန်းများတွင် လျှို့ဝှက်သော အပူရှိန်တစ်ခု လင်းလက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“အတိုးအချို့ တောင်းမလို့လေ။”

ပြောပြီးနောက် သူက သူမ၏ လှပသော ပါးပြင်လေးကို လက်ဖြင့် တို့ထိလိုက်ပြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“အထိအတွေ့က ကောင်းသားပဲ တုကူးယန်... တစ်နေ့ကျရင် မင်း ငါ့ဆီကို လာပြီး တောင်းပန်ရလိမ့်မယ်။”

All Chapters