← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) - ရှောင်ချန်ယွီ၏ ကုသမှု။

【တိန် ဇာတ်ပို့မင်းသမီးကို စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်း အမှတ်+၅၀၀ ရရှိပါသည်။】

【တိန် ထန်စန်း၏ အနာဂတ်ကို ပြောင်းလဲစေနိုင်ခဲ့သည့်အတွက် ကောင်းကင်ကိုဖုံးလွှမ်းခြင်းလျှို့ဝှက်ချက် ၉ ပါး ထဲမှ တစ်ခုဖြစ်သော ကျဲ့ လျှို့ဝှက်ချက်ကို ရရှိပါသည်။】

စနစ်၏ အကြောင်းကြားသံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် ရှောင်ချန်ယွီ၏ မျက်ဝန်းများတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

စောစောကသူ တုကူယန်၏ ပါးပြင်ကို တို့ထိလိုက်ခြင်းမှာ စနစ်၏ လုပ်ဆောင်ပုံကို စမ်းသပ်ချင်ရုံသက်သက်သာ ဖြစ်သည်။

တုကူယန်ကိုအနိုင်ယူလိုက်ခြင်းက သူမ၏ အနာဂတ်ရွေးချယ်မှုများကို ပြောင်းလဲစေနိုင်ပြီး ၎င်းမှတစ်ဆင့် ထန်စန်း၏ ကံကြမ္မာကိုပါ ရိုက်ခတ်သွားစေခြင်းပင်။

မူရင်းဇာတ်လမ်းတွင် ထန်စန်းသည် တုကူယန်း၏ အဆိပ်ကို ကုပေးရာမှတစ်ဆင့် သူမ၏အဘိုး တုကူပို၏ ယုံကြည်မှုကို ရရှိခဲ့ပြီး တုကူပိုမှာ ထန်စန်း၏ ခိုင်းဖတ်သဖွယ် ဖြစ်သွားခဲ့ရသည်။

တန်ဖိုးမဖြတ်နိုင်သောဆေးဖက်ဝင်အပင် အများကြီးကို ပေးအပ်ခဲ့ရုံတင်သာမကဘဲ ထန်စန်းအတွက် စစ်ပွဲပေါင်းများစွာတွင် အသက်ပေး တိုက်ခိုက်ပေးခဲ့သူ ဖြစ်သည်။

အကယ်၍ ရှောင်ချန်ယွီသာ တုကူယန်ကို သူ့ဘက်ပါအောင် လုပ်နိုင်လျှင် ထန်စန်းအနေနှင့် ထိုဆေးဖက်ဝင် အိုးကြီးကို မည်သို့ရနိုင်တော့မည်နည်း။

ဆေးပင်များမရှိဘဲထန်စန်းနှင့် သူ၏အပေါင်းအပါများမှာ နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ခက်ခဲသွားပေလိမ့်မည်။

ရှောင်ချန်ယွီ အနေနှင့် တုကူယန်းသည် နောက်ဆုံးတွင် သူ့ထံသို့ အကူအညီလာတောင်းလိမ့်မည်ဟု အဘယ်ကြောင့် ယုံကြည်နေရသနည်း။ ၎င်းမှာ စနစ်မှ ရရှိလိုက်သော ဆုလာဘ်ကြောင့်ပင်။

‘ကျဲ့ လျှို့ဝှက်ချက်’

၎င်းသည် အသက်ကယ်နတ်ဆေးသဖွယ် စွမ်းဆောင်နိုင်သော လျှို့ဝှက်ချက်ဖြစ်ပြီး သေလုမျောပါး အခြေအနေမှပင် ချက်ချင်း ပြန်လည်ကောင်းမွန်လာစေနိုင်သည့်အပြင် သက်တမ်းကိုပင် အနည်းငယ် ရှည်စေနိုင်သည်။

ရှောင်ချန်ယွီတုကူးယန်၏ ပါးကို ထိတွေ့လိုက်စဉ် ထိုစွမ်းအားများမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ဒဏ်ရာများကို စတင်ကုသပေးလေတော့သည်။

တုကူးယန်မှာ ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ ခံစားချက်မျိုး ရရှိနေပြီး အလွန်ပင် သက်သောင့်သက်သာ ဖြစ်နေသဖြင့် အော်ဟစ်မိတော့မတတ်ပင်။

သို့သော်သူမ ထိုခံစားချက်တွင် နစ်မျောနေစဉ်မှာပင် ရှောင်ချန်ယွီက လက်ကို ရုတ်သိမ်းကာ ထရပ်လိုက်သည်။

“ဒါက ဘယ်လို ဝိညာဉ်စွမ်းရည်မျိုးလဲ။တကယ်ကို အံ့သြဖို့ကောင်းလွန်းတယ်။”

ရှောင်ချန်ယွီ၏ ဝိညာဉ်စွမ်းအားများ စီးဝင်သွားချိန်တွင် သူမ၏ ဒဏ်ရာများ ပျောက်ကွယ်သွားရုံတင်မကဘဲ သူမ၏ ခန္ဓာကိုယ်ထဲတွင် နှစ်ရှည်လများ စွဲကပ်နေသော ကျောက်စိမ်းမြွေအဆိပ်များပင် လျော့ပါးသွားသည်ကို တုကူယန်း ခံစားလိုက်ရသည်။

နောက်ထပ်အကြိမ်အနည်းငယ်သာ ကုသပေးမည်ဆိုပါက သူမ၏ အဆိပ်များမှာ လုံးဝ ပျောက်ကွယ်သွားနိုင်ပေသည်။

တုကူးယန်သည် ရှောင်ချန်ယွီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

‘ရှောင်ချန်ယွီကတကယ်ပဲ လူကောင်းတစ်ယောက်ပဲ။ ငါ သူ့အပေါ် အပြော ဆိုးခဲ့တာတောင် သူက ငါ့ကို အလကား ကုပေးနေတာပဲ... ပြီးတော့ သူက ကြည့်လို့လည်း တော်တော်ကောင်းတယ်။’

‘မဟုတ်ဘူး။’

‘ငါ့နှလုံးသားက ယွီထျန်းဟန် အတွက်ပဲ။ ရှောင်ချန်ယွီ ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း ငါနဲ့ မဆိုင်ဘူး။”

“တုကူယန်း... ကြည့်လို့ ဝပြီလား။”

ရှောင်ချန်ယွီက လက်ကို ရုတ်သိမ်းလိုက်သည်။ တုကူယန်း၏ နီမြန်းနေသော ပါးပြင်လေးနှင့် လှပသော အသွင်အပြင်ကို မြင်သောအခါ ရှောင်ချန်ယွီ၏ ရင်ထဲတွင်လည်း အနည်းငယ် လှုပ်ခတ်သွားရသည်။

တုကူယန်းသည် ဝိညာဉ်ကုန်းမြေ၏ အလှဆုံး ဇာတ်ပို့မင်းသမီးများထဲမှ တစ်ဦးဖြစ်ကြောင်း သူမ၏ ရုပ်ရည်က သက်သေပြနေသည်။

အကယ်၍ ရှောင်ဝူနှင့် ရဲ့လင်လင်သာ ဘေးမှာ မရှိလျှင် ရှောင်ချန်ယွီအနေနှင့် သူ့ကိုယ်သူ ထိန်းနိုင်ပါ့မလားပင် မသေချာတော့ပေ။

‘ကျဲ့ လျှို့ဝှက်ချက်က တကယ်ကို အစွမ်းထက်တာပဲ။ ဒဏ်ရာတင်မကဘဲ တုကူယန်းရဲ့ မြွေအဆိပ်ကိုပါ ကုပေးနိုင်တယ်။’

မူရင်းဇာတ်လမ်းတွင် ထန်ဆန်းသည် အဆိပ်ကို ကုသပေးသော်လည်း ၎င်းမှာ လက္ခဏာကိုသာ သက်သာစေခြင်း ဖြစ်သည်။

ထန်စန်းနတ်ဘုရားဖြစ်သွားပြီး ကုသမှု မပေးနိုင်တော့သည့်အခါ တုကူပိုနှင့် တုကူယန်းတို့၏ အဆုံးသတ်မှာ မကောင်းနိုင်လှပေ။

“မမယန်... နင်တို့ နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ။”

ဘေးမှ ကြည့်နေသော ရဲ့လင်လင်မှာ တုကူယန်း၏ ရှက်သွေးဖြာနေသော မျက်နှာကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေရသည်။

စောစောကတင်ရှောင်ချန်ယွီကို အထင်သေးပြီး တိုက်ခိုက်ချင်နေသူမှာ ယခုမူ ရှောင်ချန်ယွီ ပါးကို ကိုင်သည်ကိုပင် ငြိမ်ခံနေရုံတင်မက သာယာနေပုံပင် ပေါက်နေသည်။

‘တုကူးယန်... နင့်မှာ ချစ်သူရှိတယ်လေ။ ယွီထျန်းဟန် ဆိုတာကို မေ့သွားပြီလား။’

ရဲ့လင်လင်မှာစိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။

ရှောင်ဝူ၏ မျက်လုံးများတွင်လည်း မနာလိုမှုများ ပြည့်နှက်နေပြီး တုကူးယန်ကို ရန်သူသဖွယ် စောင့်ကြည့်နေတော့သည်။

‘အစ်ကိုချန်ယွီခုနက သုံးလိုက်တဲ့ ကုသနည်းက တကယ်ပဲ အဲဒီလောက် နေလို့ကောင်းလို့လား။ ငါလည်း နောက်ဆိုရင် ဒဏ်ရာ ခဏခဏ ရအောင် လုပ်ရမယ် ဒါမှ အစ်ကိုချန်ယွီ ကုပေးတာ ခံရမှာ။’

“အစ်ကိုချန်ယွီ... ခုနက ကုသမှုကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ပေးလို့ ရမလားဟင်။”

တုကူယန်းက ရှက်ရှက်ဖြင့် မေးလိုက်တော့သည်။ သူမအနေနှင့် ရဲ့လင်လင်နှင့် ရှောင်ဝူတို့၏ အကြည့်များကို သိသော်လည်း ရှောင်ချန်ယွီ၏ ကုသမှုမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသဖြင့် သူမ မငြင်းနိုင်ပေ။

အထူးသဖြင့်နှစ်ပေါင်းများစွာ သူမကို နှိပ်စက်လာခဲ့သော မြွေအဆိပ်များ သက်သာသွားခြင်းမှာ မည်သည့် သမားတော်မှ မလုပ်ပေးနိုင်ခဲ့သော အရာ ဖြစ်သည်။

ရှောင်ချန်ယွီ၏ လက်က သူမ၏ ပါးမှ ထွက်ခွာသွားချိန်တွင် တုကူးယန်မှာ တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

မြွေအဆိပ်၏ နာကျင်မှုမှ လွတ်မြောက်ရန်အတွက် ရှောင်ချန်ယွီ၏ ရှေ့တွင် အနည်းငယ် နှိမ့်ချရမည်ဆိုလျှင်လည်း သူမအတွက် အရေးမကြီးတော့ပေ။

All Chapters