အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) - နင်တို့ ဘာလုပ်နေကြတာလဲ။
"တောင်းပန်ပါတယ်နော်..."
တုကူယန်း၏ အရည်လဲ့နေသော မျက်ဝန်းများတွင် အသနားခံသော အရိပ်အယောင်များ ယှက်သန်းနေသည်။ သူမသည် စွဲလမ်းစရာ တစ်ခုခုကို မြည်းစမ်းကြည့်လိုက်ရပြီးနောက် ထပ်မံလိုချင်တောင့်တနေသူနှင့် တူလှသည်။
တုကူယန်းသည်လည်း သူမ သိက္ခာကျနေသည်ကို သိပါသေးသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ကတင် သူမသည် အလွန်ဝင့်ကြွားပြီး ရှောင်ချန်ယွီကို သတ်ပစ်မည်ဟု ကြုံးဝါးနေခဲ့သူ ဖြစ်သည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ သဘောထားမှာ လုံးဝပြောင်းလဲသွားခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ရှက်စရာကောင်းလှပေသည်။
သို့သော် တုကူယန်းတွင် ရွေးချယ်စရာ မရှိပေ။ ကျောက်စိမ်း မြွေအဆိပ် ဆိုသည်မှာ တုကူယန်း တုကူပို နှင့် တုကူမိသားစုဝင် အားလုံးကို နှိပ်စက်နေသော ပြဿနာကြီး တစ်ခုဖြစ်သည်။
အကယ်၍ ဤအဆိပ်ကို ဖြေရှင်းနိုင်မည်ဆိုပါက တောင်းပန်ရုံတင်မက ဒူးထောက်ရန်ပင် သူမ ဝန်လေးနေမည်မဟုတ်ပေ။
မူရင်းဇာတ်လမ်းတွင် ထန်စန်းသည် တုကူပို၏ အဆိပ်ကို သက်သာအောင် လုပ်ပေးရုံမျှဖြင့် တုကူပိုက သူ၏ အဖိုးတန်ဆေးပင် အားလုံးကို ပေးအပ်ခဲ့သည်မဟုတ်ပါလား။
ရှောင်ချန်ယွီ၏ ကျဲ့ လျှို့ဝှက်ချက် မှာမူ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော စွမ်းအားရှိပြီး တုကူးယန်၏ အဆိပ်ကို အမြစ်ပြတ် ကုသပေးနိုင်စွမ်း ရှိနေသည်။
"မမယန်က တကယ်ပဲ တောင်းပန်နေတာလား။ ဒါ အမြဲတမ်း ဝင့်ကြွားနေတတ်တဲ့ မမယန်မှ ဟုတ်ရဲ့လား။"
ဘေးမှ ကြည့်နေသော ရဲ့လင်လင်မှာ အံ့သြလွန်း၍ အသက်ရှူပင် မှားသွားရသည်။ သူမ စိတ်ထဲရှိ အေးစက်ပြီး ရင့်ကျက်သော အစ်မကြီး တုကူယန်း၏ ပုံရိပ်မှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
'မောင်လေး ရှောင်ချန်ယွီမှာ ဘယ်လို မှော်အစွမ်းတွေ ရှိနေလို့လဲ။ မမယန်က ဘာလို့ ဒီလောက်တောင် နှိမ့်ချပြီး တောင်းပန်နေရတာလဲ။'
"မုန်းဖို့ကောင်းလိုက်တာနော်။ နောက်ထပ် ပြိုင်ဘက်တစ်ယောက် ထပ်တိုးလာပြန်ပြီ။ ဒီတုကူယန်းက ကြည့်ရတာ အရမ်းစပ်စပ်စုစုနိုင်တာပဲ သူ့မှာ ဘာကောင်းတာရှိလို့လဲ။"
ရှောင်ဝူကလည်းမနာလိုစိတ်ဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောနေမိသည်။
'ဒီတုကူယန်းက တကယ်ကို အရှက်မရှိတာပဲ နင့်မှာ ချစ်သူရှိတယ်ဆို။ နင့်ချစ်သူ ဘယ်မှာလဲ။ သွားခေါ်လိုက်လေ။ ဘာလို့ ငါတို့ အစ်ကိုချန်ယွီကိုပဲ လာကပ်နေရတာလဲ။'
"မိန်းကလေး တုကူ... ဒါက သိပ်တော့ မသင့်တော်ဘူးထင်တယ်။ မင်းမှာ ချစ်သူရှိတယ်လေ။ အကယ်၍ မင်းချစ်သူက ဒါကို သိသွားရင် မကောင်းဘူး ဖြစ်လိမ့်မယ်..."
ရှောင်ချန်ယွီကအေးအေးလူလူ ပြုံးရင်း ပြောလိုက်သည်။
သူ၏ ကျဲ့ လျှို့ဝှက်ချက် က တုကူယန်း၏ အဆိပ်ကို ကုနိုင်ခြင်းမှာ ရှောင်ချန်ယွီအတွက် အခွင့်ကောင်း ပင်ဖြစ်သည်။
အခုဆိုလျှင်အသာစီးမှာ ရှောင်ချန်ယွီ လက်ထဲတွင် ရှိနေပြီ။ အနာဂတ်တွင် တုကူယန်းနှင့် တုကူပိုတို့သည် ထန်စန်း၏ ဘက်တော်သားများ ဖြစ်လာမည့်သူများ ဖြစ်သည်။
အကယ်၍ သူတို့နှစ်ဦးကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်လျှင် ကြီးမားသော အမြတ်အစွန်း ဖြစ်ပေလိမ့်မည်။
ထန်စန်းအနေနှင့် တုကူပိုတို့၏ အကူအညီမပါဘဲ မူရင်းအတိုင်း အောင်မြင်မှုများ ရနိုင်ပါဦးမည်လော။ ထို့ပြင် ရှောင်ချန်ယွီသည်လည်း ထိုဆေးဖက်ဝင် အပင်များကို မျက်စိကျနေသူ ဖြစ်သည်။
သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ အရင်းအမြစ်များများ ရလေ ပို၍ သန်မာလာလေ ဖြစ်သည်။
ရှောင်ချန်ယွီသည် အဘယ်ကြောင့် ထန်စန်းကဲ့သို့ မေတ္တာဖြင့် သိမ်းသွင်းခြင်းမျိုး မလုပ်ဘဲ ဖိအားပေးသော နည်းလမ်းကို သုံးရသနည်း။
အကြောင်းမှာရှောင်ချန်ယွီသည် ဗီလိန်တစ်ဦး ဖြစ်သောကြောင့်ပင်။ ဗီလိန်ဆိုသည်မှာ မွန်မြတ်သော စိတ်ထားမျိုးနှင့် လုပ်ဆောင်လေ့မရှိပေ။
"ချစ်သူလား ရပါတယ်။ ငါ့ချစ်သူက သိမှာမဟုတ်ဘူး သိရင်တောင် သူ ဂရုစိုက်မှာမဟုတ်ပါဘူး..."
ရှောင်ချန်ယွီကသူမ၏ချစ်သူ ယွီထျန်းဟန် အကြောင်းကို ပြောလိုက်သောအခါ တုကူယန်း ခဏမျှ တုံ့ဆိုင်းသွားသည်။
တုကူယန်းသည် ယွီထျန်းဟန်ကို အမှန်တကယ် ချစ်မြတ်နိုးသူ ဖြစ်သည်။ ယွီထျန်းဟန်မှာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းမှ ဖြစ်ပြီး ရုပ်ရည်ချောမောကာ အနာဂတ်တွင် ဂိုဏ်း၏ ဆက်ခံသူ ဖြစ်လာမည့်သူ ဖြစ်သည်။
သို့သော်လည်းယွီထျန်းဟန်နှင့် သူ၏ဂိုဏ်းမှာ သူမ၏ အဆိပ်ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။
ထို့ပြင်သူမက ကုသမှုခံယူရုံသက်သက်သာ မဟုတ်ပါလား။ လူနာနှင့် ဆရာဝန် ဆက်ဆံရေးမျိုးမို့ ဘာမှ ပြဿနာမရှိဟု သူမ တွေးလိုက်မိသည်။
"ဘာ သူက နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ချင်သေးတယ်တဲ့လား။ ဒီတုကူယန်း... သူ စွဲသွားတာလား။"
တုကူယန်း၏ စကားကို ကြားသောအခါ ရဲ့လင်လင်မှာ မေ့လဲမတတ် ဖြစ်သွားရသည်။
ရှောင်ချန်ယွီ၏ အထိအတွေ့မှာ စွဲလမ်းစရာ ကောင်းနေလို့လား။
"အရှက်မရှိလိုက်တာ တုကူယန်း... နင်နဲ့ အစ်ကိုချန်ယွီနဲ့ ဘာမှမဆိုင်ဘဲ ဘာလို့ သူ့ကို လာနှောင့်ယှက်နေတာလဲ။"
ရှောင်ဝူမှာမနေနိုင်တော့ဘဲ ထပြောလေတော့သည်။
"ဒါ နင်နဲ့ ဘာဆိုင်လို့လဲ။ ငါ့ကိစ္စ ငါ့ဘာသာ လုပ်တာ။"
ရှောင်ဝူကတားမြစ်နေသည်ကို မြင်သောအခါ တုကူယန်းလည်း စိတ်တိုသွားသည်။ အကယ်၍ ရှောင်ချန်ယွီက ရှောင်ဝူ၏စကားကို နားထောင်ပြီး သူမကို မကုပေးတော့လျှင် သူမ ဘာလုပ်ရတော့မည်နည်း။
"မင်းက ငါ့ကို တောင်းပန်နေတာနော်။ ငါက အတင်းလုပ်တာ မဟုတ်ဘူး..."
ရှောင်ချန်ယွီကပြုံးလိုက်သည်။ သူမ ငါးစာကို ဟပ်လိုက်ပြီဖြစ်၏။
"ငါတို့တိတ်ဆိတ်တဲ့တစ်နေရာရာကိုသွားရအောင်..."
တုကူယန်း၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီမြန်းနေပြီး နှလုံးခုန်သံမှာ မြန်သထက် မြန်လာသည်။
'ဒါကကုသဖို့အတွက်ပဲ။ ကုသဖို့အတွက်ပဲ။'
သူမစိတ်ထဲတွင် အထပ်ထပ် အခါခါ ရွတ်နေမိသည်။
သို့သော် တုကူးယန် ရှက်ရှက်ဖြင့် စကားပြောနေစဉ်မှာပင် မနီးမဝေးမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"နင်တို့ ဘာလုပ်နေကြတာလဲ။ တုကူယန်း။"
အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ခန့်ညားထည်ဝါသော အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အသက် ၁၈ နှစ်ခန့် ရှိပြီး အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူ၏ မျက်ဝန်းများမှာ လူတစ်ယောက်၏ ဝိညာဉ်ကို ဆွဲယူသွားနိုင်လောက်အောင် နက်ရှိုင်းလှသည်။
"အစ်ကိုဟန်..."
တုကူယန်းသည်အပြစ်လုပ်ထားသူတစ်ဦးကဲ့သို့ ခေါင်းငုံ့သွားပြီး စကားပင် မပြောရဲတော့ပေ။
ရောက်လာသူမှာ အခြားသူမဟုတ်။ တုကူယန်း၏ ချစ်သူ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းမှ ယွီထျန်းဟန် ပင် ဖြစ်လေတော့သည်။