အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) - ယွီထျန်းဟန်၏ ဒေါသ။
ယွီထျန်းဟန်။
ဝိညာဉ်- အပြာရောင်လျှပ်စီး နဂါးဘုရင်။
အဆင့်၃၂။
သူသည်အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များထဲတွင် အထူးချွန်ဆုံးဖြစ်ပြီး ဂိုဏ်း၏ တိုက်ရိုက်ဆက်ခံသူနှင့် ဟွမ်တောက်အဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သည်။
အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းသည် ထျန်းတိုအင်ပါယာ ၏ အထက်တန်းလွှာ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။
မူလကအလွန်စည်ပင်ဝပြောသော ဂိုဏ်းဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိသားစုအတွင်းရှိ ထိပ်တန်းတုံ့လော များမှာ တစ်ဦးပြီးတစ်ဦး ကွယ်လွန်ခဲ့ကြသည်။
ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင်ဤဂိုဏ်းမှာ အားအနည်းဆုံးဖြစ်နေပြီး ယွီယွမ်ကျန့်တစ်ဦးတည်းသာ ဂိုဏ်း၏ နောက်ဆုံးတိုင်အဖြစ် ကျန်ရှိတော့သည်။
သို့သော်လည်းအားနည်းသွားသည့်တိုင်အောင် ဂိုဏ်းကြီးတစ်ခု၏ အရှိန်အဝါမှာ သာမန်အင်အားစုများ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။
ယွီထျန်းဟန်ကိုယ်တိုင်မှာလည်း ထူးချွန်ထက်မြက်သူဖြစ်သည်။ အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းဝင်တစ်ဦးအနေဖြင့် သူသည် မြင့်မြတ်သောမျိုးနွယ်မှ ဆင်းသက်လာသူတို့၏ မာန်မာနရှိသော်လည်း မိသားစုနောက်ခံတစ်ခုတည်းကို အားကိုးနေသည့် သာမန်လူချမ်းသာသား မဟုတ်ပေ။
သူသည်ဂိုဏ်း၏လျှို့ဝှက်နည်းစနစ်ဖြစ်သော နဂါးအသွင်ပြောင်းလဲခြင်ကို တတ်မြောက်ထားသည့် စစ်မှန်သော အရည်အချင်းရှိသူ ဖြစ်သည်။
“တုကူယန်း... နင်တို့နှစ်ယောက် ခုနက ဘာလုပ်နေကြတာလဲ။”
ယွီထျန်းဟန်မှာ အလွန်ဒေါသထွက်နေပြီး သူ၏မျက်နှာမှာ ပေါက်ကွဲခါနီး မီးတောင်ကဲ့သို့ နီမြန်းနေသည်။
“ခေါင်းဆောင်... ဒါက နားလည်မှုလွဲတာပါ။”
ရဲ့လင်လင်ကကြားထဲမှ ဝင်ရောက်စေ့စပ်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် နားလည်မှုလွဲခြင်း ဟု ခေါ်ရန်မှာလည်း တစ်မျိုးဖြစ်နေသည်။
ရှောင်ချန်ယွီကတုကူယန်း၏ပါးကို အမှန်တကယ် ကိုင်ခဲ့သလို တုကူးယန်ကလည်း မငြင်းဆန်ခဲ့ပေ။ ငြင်းဆန်ဖို့နေနေသာသာ ရှောင်ချန်ယွီကို နောက်တစ်ကြိမ် ထပ်လုပ်ပေးရန်ပင် သူမက တောင်းဆိုခဲ့သေးသည်။
ထို့ပြင်တုကူယန်းက နောက်မှ တိတ်ဆိတ်သည့်နေရာတစ်ခုတွင် သွားကြရန်ပင် ပြောခဲ့သေးသည်။
တုကူယန်းကကုသမှုခံယူရန်ဟု အကြောင်းပြသော်လည်း ရဲ့လင်လင်အတွက်မူ ထိုအကြောင်းပြချက်မှာ မခိုင်လုံလှပေ။
“ဒါ တုကူယန်းရဲ့ ချစ်သူ ယွီထျန်းဟန်လား။ ကြည့်ရတာ သိပ်လည်း မဟုတ်ပါဘူး။ နည်းနည်းတောင် ရုပ်ဆိုးသေးတယ်။”
ရှောင်ဝူကဘေးမှနေ၍ အလေးအနက် ဝေဖန်လိုက်တော့သည်။
ယွီထျန်းဟန်၏မျက်နှာမှာ ချက်ချင်းပင် စိမ်းတက်သွားတော့သည်။ မိမိချစ်သူက မိမိထက် ချောမောသူတစ်ဦးနှင့် ဖောက်ပြန်နေသည်ဟု သူ ခံစားနေရသည်။
သူခဏလေး လမ်းလွဲသွားသည့်အချိန်အတွင်းမှာပင် တုကူယန်းက လူငယ်ချောချော လေးတစ်ဦးကို ချက်ချင်း ရှာတွေ့ထားခဲ့သည်။
သူသည်ရှောင်ချန်ယွီကို ရန်လိုသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်တော့သည်။
“မင်းက ဘယ်သူလဲ။ ဘာလို့ ဒီမှာ ရှိနေတာလဲ။”
ယွီထျန်းဟန်ကသူ၏ဝိညာဉ်ကို ထုတ်သုံးရန်အထိ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။ မင်းကို ရုပ်ဆိုးတယ်လို့ ငါပြောတာ မဟုတ်ဘူးလေ။ဒါပင်မဲ့ သူက အမှန်တရားကို ပြောတာပဲဥစ္စာ။”
ရှောင်ချန်ယွီကဂရုမစိုက်သောဟန်ဖြင့် ပြန်ပြောလိုက်ရာ ယွီထျန်းဟန်အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားသည်။
ယွီထျန်းဟန်သည် သူ၏ထူးချွန်သော ပါရမီကြောင့် လူတိုင်း၏ လေးစားသမှုကို ခံရလေ့ရှိသဖြင့် သူ၏စရိုက်မှာ တုကူယန်းကဲ့သို့ပင် ရိုင်းစိုင်းပြီး မာနကြီးသည်။ သို့သော် ရှောင်ချန်ယွီကမူ သူ၏အကျင့်ဆိုးများကို သည်းခံမည့်သူ မဟုတ်ပေ။
“ခွီးး”
ရှောင်ဝူမှာ ဘေးမှနေ၍ ထရယ်တော့သည်။ ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့၏ အတွဲညီညီ တုံ့ပြန်ပုံမှာ အလွန်ပင် ထိရောက်လှသည်။
“ဟီးး အဲ... ခေါင်းဆောင်အရင်ဆုံး စိတ်အေးအေးထားပါဦး။”
ရဲ့လင်လင်သည်လည်းရယ်ချင်စိတ်ကို အနိုင်နိုင်အောင့်ထားပြီး ဝင်ရောက်ဖြေဖြောင့်ပေးရသည်။
“မင်းလို လူချောလေးက အရိုက်ခံချင်နေတာပဲ။ ငါ့ကို အခုချက်ချင်း ရှင်းပြစမ်း။”
ယွီထျန်းဟန်ကသွားကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မိမိချစ်သူက အခြားအမျိုးသားတစ်ဦးနှင့် လူပျိုလူဟူ လုပ်နေသည်ကို မြင်ရသည့် မည်သည့်အမျိုးသားမဆို ဒေါသထွက်မည်မှာ ဓမ္မတာပင် ဖြစ်သည်။
“အစ်ကိုဟန်... ဒါက တကယ်ပဲ နားလည်မှုလွဲတာပါ။ ငါနဲ့ ဒီရှောင်ချန်ယွီကြားမှာ ဘာမှမရှိပါဘူး။”
တုကူယန်းကသူမ၏ချစ်သူ ဒေါသထွက်နေသည်ကို မြင်သဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
အမှန်တကယ်တွင်တုကူယန်းမှာ ရှောင်ချန်ယွီနှင့် ပတ်သက်၍ အပြစ်ကင်းစင်ပါသေးသည်။ ခန္ဓာကိုယ်ချင်း အနည်းငယ် ထိတွေ့မှုရှိခဲ့သော်လည်း နက်နက်ရှိုင်းရှိုင်း ဘာမှ မဖြစ်ခဲ့သေးပေ။
“ခေါင်းဆောင်... မမယန် ပြောတာ မှန်ပါတယ်။ ကျွန်မတို့အားလုံး ဘေးက ကြည့်နေတာပါ။ ဘာမှ မဖြစ်ခဲ့ပါဘူး။”
ရဲ့လင်လင်ကလည်းကူညီပြောပေးလေသည်။ သို့သော် ရဲ့လင်လင်၏ စိတ်ထဲတွင်မူ ထိသင့်တာတွေတော့ အကုန်ထိခဲ့ပြီးပြီဟု တွေးနေမိသည်။
အကယ်၍ ဤနေရာသာ ကြယ်သစ်တောမဟုတ်လျှင် တုကူယန်းမှာ ရှောင်ချန်ယွီနောက်သို့ ယခုထက် ပို၍ မြန်မြန်ဆန်ဆန် ပါသွားနိုင်သည်ဟု သူမ ထင်မြင်နေသည်။
“ဒီကောင်လေးကတော့ ဘာမှ သိရှာမှာ မဟုတ်ဘူး။ သူ့ချစ်သူက ဘယ်လိုလူလဲဆိုတာ သိရင် သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
ရှောင်ဝူကလည်းယွီထျန်းဟန်ကို သနားသလို ကြည့်လိုက်သည်။ ယွီထျန်းဟန် အချိန်မီ ရောက်လာ၍သာ တော်တော့သည်။ မဟုတ်လျှင် သူ မြင်ချင်မှမြင်ရမည့် မြင်ကွင်းများကို မြင်တွေ့ရနိုင်သည်။
“ရှင်းပြချက်လား။ ငါ ရှောင်ချန်ယွီက ဘယ်သူ့ကိုမှ ငါ့လုပ်ရပ်အတွက် ရှင်းပြစရာ မလိုဘူး။”
ရှောင်ချန်ယွီကယွီထျန်းဟန်၏ ဒေါသကို ပို၍ ဆွပေးလိုက်သကဲ့သို့ ခပ်ပြုံးပြုံး ပြောလိုက်သည်။ ရှောင်ချန်ယွီသည် ယွီထျန်းဟန်၏ ဒေါသကို မြင်ရသည်မှာ ပျော်ရွှင်စရာတစ်ခုအဖြစ် ခံစားနေရသည်။
သူ၏ အင်အားစုဖြစ်သော ဝိညာဉ်နန်းတော် နှင့် အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းတို့မှာ မည်သည့်အခါမှ တစ်ဖက်တည်း မဟုတ်ခဲ့ပေ။
ထို့ကြောင့်ယွီထျန်းဟန်နှင့် ရင်းနှီးရန် မလိုအပ်ဘဲ ဗီလိန်တစ်ဦးအနေဖြင့် သူလုပ်ရမည့် အလုပ်မှာ အဆိုးဆုံးအရာများကို လုပ်ဆောင်ရန်သာ ဖြစ်သည်။