← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) - နှလုံးသား၏ကြေကွဲသံ။

“မကောင်းတော့ဘူး။”

ဘေးအန္တရာယ်တစ်ခုကျရောက်တော့မည်ကို ကြိုတင်သိရှိလိုက်သဖြင့် ယွီထျန်းဟန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

“ပြေးချင်တာလား...”

ကောင်းကင်ယံမှရှောင်ချန်ယွီ၏ အသံထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ရှောင်ချန်ယွီသည် ယွီထျန်းဟန်၏ရှေ့၌ ရုတ်တရက် ပေါ်လာပြီး သူ၏ မိုးကြိုးနတ်ဘုရား နဂါးလှံကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ယွီထျန်းဟန်၏ ခေါင်းပေါ်သို့ အားကုန်ရိုက်ချလိုက်တော့သည်။

“မကောင်းတော့ဘူး...”

အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ယွီထျန်းဟန်၏ မျက်နှာမှာ ဖြူလျော်သွားသည်။

သူသည်အလျင်အမြန်ပင် ဝိညာဉ်စွမ်းရည်ကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ်မျက်နှာပြင်တွင် ခုခံကာကွယ်ရေး ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာသည်။

“ဝုန်း”

ယွီထျန်းဟန် ခန္ဓာကိုယ်ပေါ်ရှိ ခုခံရေးချပ်ဝတ်မှာ မိုးကြိုးနဂါးလှံ၏ ဒဏ်ကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

လှံကြီးမှာအရှိန်မသေဘဲ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ ယွီထျန်းဟန်ထံသို့ ဆက်လက် ကျဆင်းလာသည်။

“ဒုန်း”

လေထုထဲတွင် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် ယွီထျန်းဟန်၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားတော့သည်။

“ဘုန်း”

ယွီထျန်းဟန်၏ ခန္ဓာကိုယ်မှာ ကြီးမားသော သစ်ပင်ကြီးအချို့ကို ဝင်တိုက်ကာ ကျိုးကြေစေပြီးနောက် မြေပြင်ပေါ်သို့ သနားစဖွယ် ပြုတ်ကျသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

“ဖူး”

“ဟွတ် ဟွတ်”

ယွီထျန်းဟန်သည် ခက်ခဲစွာ ပြန်လည်ထရပ်လိုက်သည်။ သူ၏မျက်နှာမှာ ဒေါသနှင့် နာကျင်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး ရှောင်ချန်ယွီကို အငြိုးအတေးအပြည့်ဖြင့် စိုက်ကြည့်နေသည်။

မိမိကဲ့သို့ပါရမီရှင်တစ်ဦးက ရှောင်ချန်ယွီကို ရှုံးနိမ့်သွားရခြင်းမှာ သူ့အတွက် အလွန်ပင် ခံရခက်လှသည်။

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က ပို၍ပင် ပြင်းထန်လှသည်။ တစ်ကမ္ဘာလုံးက သူ့ကို သစ္စာဖောက်လိုက်သကဲ့သို့ ယွီထျန်းဟန် ခံစားနေရသည်။

“မင်း ရှုံးပြီ။”

ရှောင်ချန်ယွီကအေးစက်ပြီး ရက်စက်သော မျက်လုံးများဖြင့် ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။ ယွီထျန်းဟန်ကို တိုက်ခိုက်ချိန်တွင် သူသည် အနည်းငယ်မျှ ညှာတာခဲ့ခြင်း မရှိပေ။

ရှောင်ချန်ယွီ၏ တိုက်ခိုက်မှုကြောင့် ယွီထျန်းဟန်၏ ဒဏ်ရာမှာ ပြင်းထန်လှပြီး ပြန်လည်သက်သာရန် လအနည်းငယ် ကြာပေလိမ့်မည်။

ထို့ပြင်အန္တရာယ်များလှသော ကြယ်သစ်တောထဲတွင် ယွီထျန်းဟန်အတွက် နားနားနေနေ ကုသရန် အချိန်ရှိပါဦးမည်လော။

“အရမ်းမိုက်တာပဲ။ အစ်ကိုချန်ယွီ နိုင်ပြီရေး...။”

ရှောင်ချန်ယွီကယွီထျန်းဟန်ကို အပြတ်အသတ် နှိမ်နင်းလိုက်သည်ကို မြင်ရသဖြင့် ရှောင်ဝူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

‘ဟွမ်တောက်အဖွဲ့ခေါင်းဆောင်ဆိုပြီးအပိုတွေပြောနေတာ။ တကယ်တမ်းတော့ ဒီလောက်ပဲလား။’

“အို... ဒဏ်ရာရသွားတာပဲ။”

တစ်ချိန်တည်းမှာပင်ရဲ့လင်လင်၏ ခေါင်းပေါ်တွင် လှပသော ဟိုင်ထန် ပန်းပွင့်ကြီး ပွင့်ထွက်လာသည်။ ဝိညာဉ်သခင်တစ်ဦးအနေဖြင့် သူမသည် ကုသခြင်းစွမ်းရည်ကို အသုံးပြုရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း...

နောက်တစ်စက္ကန့်တွင် သူမ၏ စိမ်းလန်းသော ကုသခြင်းအလင်းတန်းမှာ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ရှောင်ချန်ယွီ၏ ညာဘက် လက်သန်းလေးပေါ်ရှိ သေးငယ်သော အစင်းရာလေးမှာ စတင် ပျောက်ကွယ်သွားတော့သည်။

စင်စစ်မှာတော့ ယွီထျန်းဟန်ကို ရိုက်နှက်ချိန်တွင် အားအလွန်အကျွံ သုံးလိုက်မိသဖြင့် ရှောင်ချန်ယွီ၏ လက်သန်းတွင် အလွန်သေးငယ်သော ရှနာလေးတစ်ခု ရသွားခြင်းဖြစ်သည်။

၎င်းမှာ ရှောင်ချန်ယွီ ရရှိခဲ့သော တစ်ခုတည်းသော ဒဏ်ရာဖြစ်သည်။ အကယ်၍ ရဲ့လင်လင်၏ ကုသမှုသာ နောက်ကျခဲ့လျှင် ထိုရှနာလေးမှာ သူ့အလိုလိုပင် ပျောက်ကွယ်သွားပေလိမ့်မည်။

“လင်လင်... ကျေးဇူးပဲနော်။”

ရှောင်ချန်ယွီကပြုံးလိုက်သည်။ အမှန်တကယ်တွင် ရှောင်ချန်ယွီတွင် ကျဲလျှို့ဝှက်ချက်ရှိပြီးသား ဖြစ်သည်။ ၎င်းမှာ သေခါနီးဖြစ်နေလျှင်ပင် ပြန်လည်ရှင်သန်စေနိုင်သော အစွမ်းထက် ကုသနည်းဖြစ်သဖြင့် ရဲ့လင်လင်၏ ကုသမှုမှာ သူ့အတွက် မလိုအပ်လှပေ။

သို့သော်လည်းလှပသော ဝိညာဉ်သခင်မလေးတစ်ဦး၏ ကုသမှုကို မည်သူက ငြင်းပယ်နိုင်ပါမည်နည်း။

“ရပါတယ် အစ်ကိုချန်ယွီ။ လင်လင်က အစ်ကို့ရဲ့ နောက်လိုက်ပဲလေ။ ဒါက ကျွန်မလုပ်ရမယ့် အလုပ်ပါ။”

ရဲ့လင်လင်ကလည်းနွေဦးလေညင်းလေးအလား ချိုသာစွာ ပြန်လည် ပြုံးပြလိုက်သည်။

သို့သော် ပြဿနာမှာ...

ရဲ့လင်လင်သည် ရှောင်ချန်ယွီနှင့် စကားပြောနေချိန်တွင် ယွီထျန်းဟန်ဘက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ခြင်း ဖြစ်သည်။

“မင်းတို့... တော်တော်ကို လွန်လွန်းတယ်။”

ယွီထျန်းဟန်ကဒေါသတကြီး အော်ဟစ်လိုက်သည်။

‘တောက် ရဲ့လင်လင်... မင်းက ဟွမ်တောက်အဖွဲ့ဝင်လေ။ ငါက မင်းရဲ့ အဖွဲ့ခေါင်းဆောင်လေ။ ငါ ဒဏ်ရာအပြင်းအထန် ရနေတာကို မြင်ရဲ့သားနဲ့ လက်သန်းမှာ ရှနာလေးရတဲ့ကောင်ကို သွားကုပေးနေတယ်ပေါ့။’

ယွီထျန်းဟန်သည် သူ၏ နှလုံးသားကြေကွဲသံကို သူကိုယ်တိုင်ပင် ကြားလိုက်ရသလို ခံစားလိုက်ရသည်။

“လွန်တယ် ဟုတ်လား။ ငါ့ရဲ့ နောက်လိုက်က ငါ့ကို ကုပေးတာ ပုံမှန်ပဲလေ။ မင်းက အရမ်းမာနကြီးတာဆိုတော့ မင်းမှာလည်း မင်းကို ကုပေးမယ့် နောက်လိုက်တွေ ရှိမှာပေါ့။”

ရှောင်ချန်ယွီကအေးစက်စွာ ပြောလိုက်သည်။

ထိုစကားများကြောင့် ယွီထျန်းဟန်မှာ ဒေါသကြောင့် သွေးများပင် ဆူပွက်လာရသည်။

ရဲ့လင်လင်ကဲ့သို့ လှပပြီး အစွမ်းထက်သော ဝိညာဉ်သခင်မလေးက ရှောင်ချန်ယွီနောက်သို့ တစ်ခါတည်း ပါသွားပြီး အစေခံတစ်ဦးကဲ့သို့ ပြုမူနေခြင်းကို သူ လုံးဝ လက်မခံနိုင်ပေ။

ယွီထျန်းဟန်သည်ယခင်က ရဲ့လင်လင်ကို စိတ်ဝင်စားခဲ့ဖူးသော်လည်း ရဲ့လင်လင်က သူ့ကို လုံးဝ အဖတ်မလုပ်ခဲ့ပေ။

ယခုမူသူမက ရှောင်ချန်ယွီ၏ ခြေဖဝါးအောက်တွင် ဝပ်တွင်းနပ်နေသည်ကို မြင်ရသည်မှာ ယွီထျန်းဟန်အတွက် အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။

“ရှောင်ချန်ယွီ... ငါ နင့်ကို တောင်းပန်ပါတယ်။”

တုကူယန်းကကြားထဲမှ ဝင်ပြောလိုက်သည်။ သူမ၏ ချစ်သူမှာ ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သဖြင့် ရဲ့လင်လင်၏ ကုသမှုကို ရရှိရန် ရှောင်ချန်ယွီကို သူမ တောင်းပန်နေရခြင်း ဖြစ်သည်။

“သူ့ကို မတောင်းပန်နဲ့ ငါ့ဘာသာငါ ဖြစ်တယ်။”

ယွီထျန်းဟန်ကအားယူကာ ထရပ်ရန် ကြိုးစားသော်လည်း သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။

“နင်က ငါ့ကို တောင်းပန်နေမှတော့ ငါ ကူညီပေးရမှာပေါ့... မမယန်”

ရှောင်ချန်ယွီက ခပ်ပြုံးပြုံး ပြောလိုက်သည်။ သူ၏ အသံမှာ နူးညံ့နေသော်လည်း ထိုအပြုံးမှာမူ ရက်စက်သော ဗီလိန်တစ်ဦး၏ အပြုံးနှင့် တူလှသည်။

“ဖူး”

ယွီထျန်းဟန်သည် ရှောင်ချန်ယွီ၏ ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲမှ မခံမရပ်နိုင်ဖြစ်ကာ သွေးတစ်လုပ် ထပ်မံအန်ထုတ်ပြီး သတိလစ် မေ့မြောသွားလေတော့သည်။

All Chapters