အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) - ယွီထျန်းဟန်၏ ကျေးဇူးတင်စကား။
ရှောင်ချန်ယွီနှင့် တိုက်ခိုက်ခဲ့ရခြင်းမှာ ယွီထျန်းဟန်ကို အမှန်တကယ် နိုးကြားသွားစေခဲ့သည်ဟု ဆိုနိုင်သည်။ ယခင်က သူသည် ဝိညာဉ်ကုန်းမြေ၏ မျိုးဆက်သစ်လူငယ်များထဲတွင် အသန်မာဆုံးဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့သူဖြစ်သည်။
ထိုယုံကြည်ချက်ကြောင့်ပင်သူသည် ကျင့်ကြံခြင်းတွင် အနည်းငယ် ပေါ့လျော့ခဲ့ပြီး အချစ်ရေးကိစ္စများတွင် အချိန်ဖြုန်းခဲ့မိသည်။
“အချစ်ရေးက ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်ကို နှေးကွေးစေရုံပဲရှိမယ်။ ငါ ပိုအားကောင်းလာအောင် ကျင့်ကြံရမယ်။ နောက်တစ်ခါ ရှောင်ချန်ယွီနဲ့ တွေ့ရင် သူ့ကို ငါ သေချာပေါက် အနိုင်ယူပြမယ်။”
ယွီထျန်းဟန်ကစိတ်ပိုင်းဖြတ်လိုက်သည်။
“တုကူယန်းကိုလည်း ခဏလောက် အေးတိအေးစက် ဆက်ဆံထားမယ်။ သူ ငါ့ကို နားလည်ပေးမှာပါ။ သူက ငါ့ချစ်သူပဲလေ ငါ့ကို သေချာပေါက် ထောက်ခံပေးမှာပဲ။”
ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ချိန်တွင် သူ၏ ဝိညာဉ်စွမ်းအား လည်ပတ်မှုမှာ သိသိသာသာ ချောမွေ့လာပြီး သူ၏ အပြာရောင်လျှပ်စီး နဂါးဘုရင် ဝိညာဉ်မှာလည်း အရွယ်အစား ပိုမိုကြီးမားလာကာ အရောင်အသွေး ပြောင်းလဲသွားသည်။
“ရှောင်ချန်ယွီနဲ့ တိုက်ပွဲကနေ ငါ တစ်ခုခု ရလိုက်တာပဲ။ ဟားဟား... ငါ ပိုပြီး သန်မာလာပြီ။”
တစ်ချိန်တည်းမှာပင် ရှောင်ချန်ယွီ၏ စိတ်ထဲ၌ စနစ်မှ အချက်ပေးသံများ ထွက်ပေါ်လာသည်။
ကံကောင်းခြင်းရရှိမှု: အမျိုးသမီးဇာတ်ကောင်တစ်ဦးကို ကြားဖြတ်ရယူနိုင်ခဲ့သဖြင့် ကံကောင်းခြင်း အမ +၁၀၀၀ ရရှိသည်။
စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်:အမျိုးသားဇာတ်ကောင်ကို စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သဖြင့် ကံကောင်းခြင်း အမှတ်+၁၀၀၀ ထပ်မံရရှိသည်။
ခန္ဓာကိုယ်အဆင့်မြှင့်တင်မှု: ထိုအမျိုးသားဇာတ်ကောင်၏ စိတ်ဓာတ်ယိုင်နဲ့သွားအောင် ပြုလုပ်နိုင်ခဲ့သဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓ အား ဒုတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ရှောင်ချန်ယွီသည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းတို့ သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
သူသည်ထန်စန်း၏ အခွင့်အရေးများနှင့် လူမှုဆက်ဆံရေးများကို ကြားဖြတ်ရယူခြင်းဖြင့် ပိုမိုသန်မာလာနိုင်ကြောင်းကို ပိုမိုယုံကြည်သွားသည်။
တစ်ဖက်တွင်လည်း နော့တင်းအကယ်ဒမီရှိ ထန်စန်းမှာ အကြောင်းရင်းမရှိဘဲ နှာချေနေမိသည်။
သူ၏ ဆရာ ယွီရှောင်ကန်းက ထန်စန်းအားရှီလိုင်ခဲအကယ်ဒမီသို့ သွားရောက်ရန် အကြံပြုနေသည်။
ထန်စန်းကလည်းသူ၏ ပါရမီဖြင့် မည်သည့်အကယ်ဒမီတွင်မဆို အသန်မာဆုံး ဖြစ်လာမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် သဘောတူလိုက်သည်။
တည်းခိုခန်းတစ်ခု တွင် ယွီထျန်းဟန်၏ ဒဏ်ရာများမှာ နှစ်လကျော်ကြာပြီးနောက် ပြန်လည်သက်သာလာခဲ့သည်။
ထိုကာလအတွင်းရှောင်ဝူ သည်လည်း သူမ၏ သူငယ်ချင်းများထံမှ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယွီထျန်းဟန်သည် ရှောင်ချန်ယွီထံသို့ လာရောက်ကာ ယဉ်ကျေးပျူငှာစွာ ဂါရဝပြုပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“ရှောင်ချန်ယွီ... အရင်က ငါ့အမှားတွေအတွက် တောင်းပန်ပါတယ်။ အတိတ်က ကိစ္စတွေကို မေ့ထားပြီး ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
ထိုစကားကြောင့် ဘေးမှ တုကူယန်းမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ ရဲ့လင်လင်နှင့် ရှောင်ဝူတို့မှာလည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။
ယွီထျန်းဟန်သည်ရှောင်ချန်ယွီက သူ၏ကိုယ်စား တုကူယန်းကို မည်မျှ ဂရုစိုက် ပေးခဲ့သည်ကို လုံးဝ မသိရှိပေ။
ရှောင်ချန်ယွီကိုကျေးဇူးဆပ်ရန်အတွက် တုကူယန်းသည် သူမ၏ မိသားစုပိုင် ဆေးဥယျာဉ်မှ အဖိုးတန်ဆေးမြစ်များစွာကိုပင် ရှောင်ချန်ယွီအား ပေးအပ်ခဲ့သေးသည်။
“ဒါတွေက ငါလုပ်သင့်လုပ်ထိုက်တာတွေပါဘာမှအားနာမနေပါနဲ့။”
ရှောင်ချန်ယွီကသဘောကောင်းဟန်ဖြင့် ရယ်မောကာ ယွီထျန်းဟန်၏ ပုခုံးကို ပုတ်၍ ပြန်လည်ပြောကြားလိုက်လေသည်။