Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) - မြွေနဂါးစုံတွဲ၏ အထင်သေးခြင်း။

ယွီထျန်းဟန်သည် ရှောင်ချန်ယွီအပေါ် ထားရှိသည့် အာဃာတများကို အမှန်တကယ် စွန့်လွှတ်လိုက်ပြီလား။ သူ တကယ်ပဲ ဘာမှမခံစားရတော့တာလား။

ထိုအရာမှာလုံးဝ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူ၏ချစ်သူ တုကူယန်းနှင့် ရှောင်ချန်ယွီတို့ကြားရှိ ဝေခွဲမရသော ပတ်သက်မှုမှာ သူ ဘယ်သောအခါမှ မျိုချ၍မရသည့် အရာတစ်ခု ဖြစ်သည်။

ယခုအခါ သူသည် အချစ်ရေးက ကျင့်ကြံခြင်းကို နှေးကွေးစေသည်ဟု နားလည်သွားသော်လည်း အရာအားလုံးကို ဒီအတိုင်း လွှတ်ချလိုက်နိုင်သည်ဟု မဆိုလိုပေ။

ထို့ပြင်တုကူယန်း၏ သူ့အပေါ် ဆက်ဆံပုံမှာ ပို၍ အေးစက်လာသဖြင့် ယွီထျန်းဟန်မှာ ပို၍ပင် ဒေါသထွက်နေရသည်။.

‘တုကူယန်း... နင်က ဘာကို ဒီလောက် မာနကြီးနေတာလဲ။ နင့်အဘိုးက ထိပ်တန်းတုံ့လော တစ်ယောက်ဖြစ်ရုံနဲ့လား။ ငါက အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းကပဲ။ ငါ့အတွက် မိန်းမဆိုတာ ရှားမှမရှားတာ။’

‘ရှောင်ချန်ယွီက အားကောင်းတယ်။ အခုချိန်မှာ သူ့ကို ရန်သူလုပ်ဖို့ မသင့်သေးပေမဲ့ လူတိုင်းမှာ အဆိုးနဲ့အကောင်း ဒွန်တွဲနေတာပဲ။ သူ အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။’

ယွီထျန်းဟန်က တွေးတောနေမိသည်။ ရှောင်ချန်ယွီ၏ အစွမ်းကို သူ ကိုယ်တိုင် ခံစားခဲ့ရဖူးသဖြင့် တိုက်ရိုက် ရင်မဆိုင်ဘဲ အခွင့်အရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ချန်ယွီတစ်ခုခု အမှားအယွင်းဖြစ်မည့်အချိန်ကို သူ စောင့်ဆိုင်းနေပြီး ထိုအတွေးကြောင့်ပင် သူသည် အသံကျယ်လောင်စွာ ရယ်မောမိလေသည်။

“ဘာတွေ အဲဒီလောက် ရယ်နေတာလဲ။ နင့်ကို ကယ်ဖို့အတွက် ငါက ရှောင်ချန်ယွီနဲ့ အတူရှိနေပေးခဲ့ရတာလေ။ အဲဒါကို နင်က ရယ်နိုင်သေးတယ်။”

တုကူယန်းကယွီထျန်းဟန်ကို မကျေမနပ် ကြည့်ကာ ပြောလိုက်သည်။ သူမ၏ စိတ်ထဲတွင် ရုပ်ရည်ရော အစွမ်းပါ ရှောင်ချန်ယွီနှင့် ယှဉ်လျှင် နိမ့်ကျလွန်းသော ယွီထျန်းဟန်ကို ပို၍ စိတ်ပျက်မိလာသည်။

ဘေးမှ ရဲ့လင်လင်ကမူ အခြေအနေကို ထိန်းရန် ကြိုးစားလိုက်သည်။

“အစ်ကိုဟန်က အစ်ကိုချန်ယွီလို လူမျိုးနဲ့ တွေ့ရတာ နောက်ကျသွားလို့ ဝမ်းသာပြီး ရယ်တာနေမှာပါ။”

သို့သော်ရဲ့လင်လင်၏ စိတ်ထဲတွင်မူ ယွီထျန်းဟန်မှာ သူ၏ချစ်သူကို အကျိုးအမြတ်တစ်ခုခုနှင့် လဲလှယ်လိုက်ပြီလားဟု သံသယဝင်ကာ ထိတ်လန့်နေမိသည်။

ရှောင်ဝူသည်လည်း မနာလိုစိတ်ဖြင့် ပြောလိုက်သည်။

“အစ်ကိုချန်ယွီ... ယွီထျန်းဟန်နဲ့ ဝေးဝေးမှာ နေပါ။”

သူမသည်မိန်းကလေးများသာမက ယခုအခါ ယွီထျန်းဟန်ကဲ့သို့သော အမျိုးသားများကိုပါ ပြိုင်ဘက်အဖြစ် သတ်မှတ်နေရသဖြင့် စိတ်ညစ်နေမိသည်။

“မင်းတို့တွေ အများကြီး တွေးနေကြပြီ ငါနဲ့ အစ်ကိုယွီက တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း တိုက်ဆိုင်လို့ပါ။”

ရှောင်ချန်ယွီကရယ်မောကာ ပြောလိုက်ပြီး တုကူးယန်ဘက်သို့ လှည့်ကာ...

“မမယန်... ဒီနေ့တော့ ဒီလောက်ပါပဲ။ ရှေ့လျှောက် ဆုံတွေ့ရမယ့် အချိန်တွေ အများကြီး ရှိပါသေးတယ်။”

တုကူယန်းမှာရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ်ပြလိုက်ရသည်။

ထိုစဉ် တည်းခိုးခန်းရှေ့သို့ လူသုံးဦး ရောက်ရှိလာသည်။ ထိုသူများမှာ မုန့်ယီရန် နှင့် သူမ၏ အဘိုးအဘွားများဖြစ်သော နဂါးမင်းကြီး မုန့်ရှု နှင့် မြွေအဖွားချောင်ထျန်းရှန်း တို့ ဖြစ်ကြသည်။

မုန့်ယီရန်မှာရှောင်ချန်ယွီကို တွေ့ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေသော်လည်း သူမ၏ အဘိုးအဘွားများမှာ ရှောင်ချန်ယွီ၏ နောက်ခံကို မကျေနပ်ကြသဖြင့် စိုးရိမ်နေမိသည်။

မုန့်ရှုနှင့်ချောင်ထျန်းရှန်းတို့မှာ အစဉ်အလာအရ နောက်ခံကောင်းသောသူများကိုသာ သဘောကျလေ့ရှိသူများ ဖြစ်ကြလေသည်။