← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) - ဇနီးကောင်းတစ်ယောက်၏ မေတ္တာ

ညနေဆည်းဆာအချိန်…

မြေဩဇာလုပ်သည့် တွင်းနံဘေးတွင် တစ်နေကုန် အလုပ်ရှုပ်နေခဲ့ကြသော ရွာသားများသည် နောက်ဆုံး၌ သူတို့၏ ကိုက်ခဲနေသော ခါးများကို ဆန့်လိုက်ကြသည်။ သူတို့၏ မျက်နှာများထက်တွင် မကြုံစဖူး ကျေနပ်အားရမှုများနှင့် မျှော်လင့်ချက်ရောင်ခြည်များက ဖြာထွက်နေလေသည်။

လယ်ယာသုံး ကိရိယာများကို ကိုင်ဆောင်ရင်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ပြန်လာကြသော ရွာသားများသည် ချန်ရှင်းတို့ အိမ်ခြံဝင်းရှေ့သို့ ရောက်တိုင်း မလွဲမသွေ ခြေလှမ်းများ တန့်ရပ်သွားကြစမြဲပင်။

"ချင်းချင်းရေ... ညည်းကတော့ တကယ့်ကို ကံကောင်းတာပဲအေ"

အဒေါ်လျိုက ရှေ့ဆုံးမှ ဝင်လာကာ သူမ၏ အသားမာတက်နေသော လက်ဝါးကြီးဖြင့် ရွှီချင်းချင်း၏ ဖြူဝင်းနုနယ်သော လက်ကလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဖုံးဖိမရ အားကျမှုများ အပြည့်အဝ ရှိနေလေသည်။

"ညည်းယောက်ျား ချန်ရှင်းက သာမန်လူမှ မဟုတ်တာ။ ကောင်းကင်ဘုံကနေ ဆင်းလာတဲ့ ပါရမီရှင်ပဲ။ သူက ငါတို့ရွာရဲ့ လက်ရှိထင်ရှား ဓနဥစ္စာနတ်မင်းကြီး ဖြစ်နေပြီ"

"ဟုတ်ပ... ဟုတ်ပ"

အခြား အမျိုးသမီးတစ်ဦးကလည်း အသံကျယ်ကျယ်ဖြင့် ဝင်ရောက် ထောက်ခံလိုက်သည်။

"အရင်က ငါတို့အားလုံး မျက်ကန်းတွေ ဖြစ်နေခဲ့ကြတာ။ ချန်ရှင်းကို အသုံးမကျတဲ့လူလို့ ထင်ခဲ့မိတာလေ။ တကယ်တော့ သူက ရေနက်ထဲမှာ ပုန်းနေတဲ့ နဂါးတစ်ကောင်မှန်း အခုမှ သိရတော့တယ်။ ချင်းချင်းရေ...၊ နင်တော့ နောက်ဆုံးမှာ အလင်းရောင်နဲ့ တွေ့ရပြီအေ။ နင့်အတွက် တကယ်ကို ဝမ်းသာတယ် သိလား"

"နောက်ဆို နင့်ယောက်ျားအကြောင်း တစ်ယောက်ယောက်ကများ မကောင်းပြောရဲ ပြောကြည့်စမ်း...၊ ငါအရင် ရှေ့ထွက်ပြီး အဲဒီလူရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်"

လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားများနှင့် အားကျနေမှုများက ရွှီချင်းချင်းကို နွေးထွေးသော ဒီရေလှိုင်းများအလား ရစ်ပတ်လွှမ်းခြုံသွားတော့သည်။

စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ကြောင့် သူမ မျက်နှာလေးက နီတက်သွား၏။ ရင်ထဲမှာလည်း ပျားရည်ချိုချိုများ ပြည့်လာသလို ခံစားလိုက်ရပြီး ကြည်နူးနေမိတော့သည်။

သူမက ကျောပြင်သွယ်သွယ်လေးကို မတ်လိုက်ပြီး မေးလေး မော့ထားလေသည်။ သူမ၏ ဗာဒံစေ့သဏ္ဌာန် မျက်လုံးဝိုင်းဝိုင်းကြီးများထဲတွင် ဖုံးဖိမရ ဂုဏ်ယူဝင့်ကြွားမှုများ တလက်လက် တောက်ပနေ၏။

မလှမ်းမကမ်းတွင် ရွာလူကြီး ချန်ကွမ်လင်နှင့် စကားရပ်ပြောနေဆဲဖြစ်သော ထိုယောကျ်ားကို သူမ လှမ်းကြည့်လိုက်သည်။ နေဝင်ဆည်းဆာအောက်တွင် ထိုယောကျ်ား၏ အရိပ်ကြီးမှာ တောင်တန်းကြီးတစ်ခုအလား ကြီးမားနေပြီး ထိုမြင်ကွင်းက သူမ ရင်ထဲ လုံခြုံနွေးထွေးသွားစေသည်။

*ငါ့ယောက်ျားက အဲဒီလောက်ကို အရည်အချင်းရှိတာ...*

လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားပြီးနောက် ခြံဝင်းလေးမှာ ယခင်လို တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ညစာစားပြီးနောက်တွင် ချန်ရှင်းက အုတ်ခုတင်စွန်းတွင် ထိုင်ရင်း သူ၏ တဆစ်ဆစ် ကိုက်ခဲနေသော နားထင်ကို ပွတ်သပ်နေမိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် အခြေခံအဆောက်အအုံများ ဖန်တီးရခြင်း၊ နောက်ကျော ဓားထိုးသူများကို ရင်ဆိုင်ရခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးရခြင်းတို့ဖြင့် နားချိန်မရှိအောင် အလုပ်ရှုပ်နေခဲ့ရသည်။

မည်မျှပင် ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းသူ ဖြစ်နေပါစေ…၊ ဤမျှများပြားလှသော အလုပ်ဒဏ်များကြောင့် သူကိုယ်တိုင်ပင် အနည်းငယ် နွမ်းနယ်နေသလို ခံစားနေရပြီဖြစ်သည်။

အခန်းထဲမှာတော့ ရွှီချင်းချင်းတစ်ယောက် မီးအိမ်လေး၏ အလင်းရောင်အောက်တွင် အလုပ်ရှုပ်နေရှာလေသည်။

မကြာမီမှာပင် သူမက အငွေ့ တထောင်းထောင်း ထနေသော ရေနွေးဇလုံတစ်လုံးကို သယ်ပြီး ချန်ရှင်းထံ ခပ်သွက်သွက် လျှောက်လာလေသည်။

ရေနွေးငွေ့များကြောင့် သူမ၏ ပါးပြင်လေးများက ရဲတက်နေပြီး မျက်ဝန်းများထဲမှာလည်း ရှက်သွေးဖြာနေသည့် အရိပ်အယောင်များ စွန်းထင်းနေ၏။

"ယောက်ျား...၊ တစ်နေကုန် အလုပ်တွေ လုပ်ထားရလို့ ပင်ပန်းနေရောပေါ့"

သူမ အသံလေးက ကြားနိုင်ရုံလေးသာ ထွက်ပေါ်လာ၏။

"မိန်းမ ရေပတ်တိုက်ပေးမယ်နော်"

ချန်ရှင်း အနည်းငယ် ကြောင်အသွားသည်။ သူမ၏ ရှက်သွေးဖြန်း မျက်နှာလေးနှင့် ရိုးသားပွင့်လင်းလှသည့် မျက်ဝန်းလေးများကို ကြည့်ရင်း သူ့ရင်ထဲတွင် နွေးထွေးသွားကာ ခေါင်းညိတ်ပြလိုက်သည်။

သူက အင်္ကျီကို ချွတ်လိုက်ရာ နေလောင်ထားသော အသားအရေနှင့် ကြွက်သားအမြှောင်းမြှောင်း ထနေသည့် ယောက်ျားပီသသော ခန္ဓာကိုယ်အထက်ပိုင်းက ပေါ်လာလေသည်။

ရွှီချင်းချင်း အသက်ရှူရခက်သွား၏။ သူမ ကပျာကယာ ခေါင်းငုံ့လိုက်ပြီး မျက်နှာသုတ်ပုဝါကို ရေနွေးထဲနှစ်ကာ သေသေချာချာ အရည်ညှစ်လိုက်သည်။

ထို့နောက် နွေးထွေးသော မျက်နှာသုတ်ပုဝါလေးကို ချန်ရှင်း၏ ကျောပြင်ကျယ်ကြီးထက် ဖွဖွလေး တင်ပေးလိုက်သည်။

သူ့ကျောပြင်တစ်ခုလုံး ရွှံ့များ၊ ချွေးများ ပေကျံနေပြီး ကြွက်သားများကလည်း မာတောင်နေလေသည်။

ရွှီချင်းချင်းက သူ့ခန္ဓာကိုယ်ကို ငှက်မွှေးလေးတစ်ချောင်းလို ညင်သာစွာ ဂရုတစိုက် သုတ်ပေးနေလေသည်။

သူမက အဖိုးတန် ရတနာတစ်ခုကို အရောင်တင်ပေးနေသကဲ့သို့ အာရုံစူးစိုက်ထားပြီး မျက်ဝန်းထဲတွင်လည်း နှစ်သက်သဘောကျမှုများ ပြည့်နှက်နေ၏။

မျက်နှာသုတ်ပုဝါအောက်ရှိ အသားအရေမှာ ပူလောင်နေပြီး ဆပ်ပြာနံ့ ရောနေသော ပြင်းရှရှ ယောကျ်ားရနံ့က သူမ၏ ရင်ကို တဒိတ်ဒိတ် ခုန်စေကာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလိုပင် ခံစားလိုက်ရသည်။

ကျောပြင်ကို သုတ်ပေးပြီးနောက် သူမက ဇလုံထဲမှ ရေကို လဲလှယ်လိုက်ပြီး သူ့ခြေရင်းသို့ ယူလာခဲ့သည်။ ထို့နောက် အနည်းငယ် အံ့အားသင့်နေသော ချန်ရှင်း၏ အကြည့်အောက်တွင် သူမ ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။

သူမက အင်္ကျီလက်ကို ခေါက်တင်လိုက်ရာ ဖြူဝင်းနေသော လက်ကောက်ဝတ်လေး လှစ်ခနဲ ပေါ်လာပြီး ချန်ရှင်း၏ ခြေထောက်များကို ဇလုံထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

တောင်တန်းလမ်းများတစ်လျှောက် လမ်းလျှောက်ခဲ့ပြီး ရွှံ့ဗွက်များကို ဖြတ်သန်းသွားလာခဲ့ရသော ထိုခြေထောက်ကြီးများကို နူးညံ့ပျော့ပျောင်းလှသည့် သူမ၏ လက်တစ်စုံဖြင့် ဂရုတစိုက် ဆေးကြောပေးနေလေသည်။

သူမ ပုံစံက ဘာသာရေးဝတ်ပြုပွဲတစ်ခု လုပ်နေသကဲ့သို့ အလွန်တရာ ရိုသေကိုင်းရှိုင်းနေပြီး ငုံ့ထားသော မျက်ဝန်းများထဲတွင် ကြင်နာယုယမှုများနှင့် ကျေနပ်ရောင့်ရဲမှုများ ကိန်းအောင်းနေလေသည်။

ရှက်ရွံ့စိတ်နှင့် ရိုးသားပွင့်လင်းမှု ရောယှက်နေသော သူမ မျက်နှာကို ကြည့်ရင်း ချန်ရှင်း၏ ရင်ဘတ်ထဲတွင် ချော်ရည်ပူများ ပေါက်ကွဲထွက်လာပြီး သူ့ခြေလက်များဆီသို့ ချက်ချင်း စီးဆင်းသွားသလို ခံစားလိုက်ရသည်။

သူ ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။ ရုတ်တရက် သူမကို မြေပြင်မှ ဆွဲထူလိုက်၏။ သူမ အလန့်တကြား အော်သံ မထွက်နိုင်ခင်မှာပင် ခန္ဓာကိုယ်လုံးလုံးလေးကို သူ့ရင်ခွင်ထဲသို့ အားရပါးရ ဆွဲထည့်လိုက်တော့သည်။

"ချင်းချင်း..."

သူက အက်ရှရှ အသံဖြင့် ခေါ်လိုက်ပြီး သူမ၏ ပခုံးပေါ် မျက်နှာအပ်ကာ မွှေးပျံ့ပျံ့ ကိုယ်သင်းနံ့လေးကို ရှူရှိုက်လိုက်သည်။

ရွှီချင်းချင်းမှာ ရုတ်တရက် လှုပ်ရှားမှုကြောင့် အနည်းငယ် လန့်သွားခဲ့သော်လည်း သူ့ကိုယ်မှ ထွက်ပေါ်လာသော ပူလောင်လောင် အထိအတွေ့များကြောင့် လုံးဝ အရည်ပျော်ကျသွားတော့သည်။

သူမက ချန်ရှင်း၏ ခန္ဓာကိုယ်ကို မှီတွယ်လိုက်ပြီး သန်မာလှသော ခါးကို လက်များဖြင့် ရစ်ပတ်ထားလိုက်သည်။ ထို့နောက် သူ၏ ပူနွေးနွေး ရင်ဘတ်ပေါ်မှာ ပါးပြင်လေး အပ်ထားရင်း တဒိုင်းဒိုင်း နှလုံးခုန်သံကို နားထောင်နေမိသည်။

ထိုအချိန်မှာပင်...

စနစ်၏ အေးစက်စက် သတိပေးသံများက ချန်ရှင်း၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာတော့သည်။

[ဒင်…၊ သင်၏ ဂုဏ်သတင်းမှာ ချင်ရွှေရွာနှင့် လီကျားရွာတို့တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပါပြီ။ ယုံကြည်ကိုးကွယ်မှု အများအပြားကိုပါ ရရှိပါသည်။]

[ဒင်…၊ ချိတ်ဆက်ထားသော ဇာတ်ကောင် ရွှီချင်းချင်း၏ မေတ္တာတန်ဖိုးသည် သတ်မှတ်ချက်ကို ကျော်လွန်သွားကြောင်း တွေ့ရှိရပါသည်။ သစ္စာရှိမှု၊ မှီခိုအားထားမှုနှင့် အထင်ကြီးလေးစားမှုများ အားလုံး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပါပြီ]

[ဒင်…၊ စုစုပေါင်း တွက်ချက်မှုအရ... စွမ်းအင် ၃၀၀ ပေါင်းထည့်လိုက်ပါပြီ၊ အံ့မခန်းပါပဲ]

......

နောက်တစ်နေ့ မိုးလင်းစအချိန်…

မြေဩဇာလုပ်သည့် တွင်းနံဘေးတွင် လူအများ ကြိတ်ကြိတ်တိုး စည်ကားနေခဲ့လေပြီ။

အမျိုးသား ဒါဇင်ပေါင်းများစွာသည် အင်္ကျီများကို ချွတ်ကာ ဂေါ်ပြားများကို ကိုင်ဆောင်၍ စိတ်အားထက်သန်မှု ပြင်းစွာဖြင့် အလုပ်လုပ်နေကြသည်။

သူတို့၏ ကြေးဝါရောင် ကျောပြင်ထက်မှ စီးကျလာသော ချွေးပေါက်များက မြေပြင်ပေါ်သို့ ကျလိုက်သည်နှင့် ချက်ချင်း အငွေ့ပျံသွားလေသည်။

လေထုထဲတွင် ရွှံ့နံ့နှင့် အမိုးနီးယားနံ့များ ရောနှောနေသည့် ထူးဆန်းသော အနံ့တစ်မျိုးက ပျံ့နှံ့နေ၏။ ယခင်က အပုပ်နံ့ဟု ထင်ခဲ့ရသည့် ထိုအနံ့သည် ယခုအခါ ရွာသားများအတွက် ခရိုင်မြို့ရှိ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမရှိ ကိတ်မုန့်ဆိုင်မှ လွင့်ပျံလာသော အနံ့ထက်ပင် ပို၍ ယစ်မူးချင်စရာ ကောင်းနေတော့သည်။

"ဒီအတိုင်း ဆက်လုပ်ကြ။ ဒီမြေဩဇာတွေကို တတ်နိုင်သမျှ မြန်မြန် ဆွေးမြည့်သွားအောင် လုပ်ကြ။ ဒီနှစ် ဒုတိယနှစ်ဝက်အတွက် ငါတို့ရဲ့ အထွက်နှုန်းက ဒါမှာပဲ လုံးဝ မှီခိုနေရတာကွ"

"ဟေ့…၊ မြန်မြန် လုပ်ကြဟေ့"

လူအုပ်ကြီးထဲတွင် အကြိုးစားဆုံး လုပ်နေကြသူများမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က ပြဿနာအရှာဆုံး လူများပင် ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က ချန်ရှင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဂြိုဟ်ကောင်ဟု ကျိန်ဆဲခဲ့သော အဘိုးအိုတစ်ဦးသည် ယခုအခါ အညစ်ပတ်ဆုံး အလုပ်များကို အလုအယက် လုပ်နေလေသည်။ သူက မစင်တောင်းများကို တွင်းထဲသို့ သွန်ချနေရင်း မျက်နှာပေါ်မှာလည်း ဖားယားချင်သော အပြုံးများ ပြည့်နှက်နေ၏။ မစင်များကို ရွှေတုံးရွှေခဲများအလား သဘောထားနေပုံပင်။

သူက အလုပ်လုပ်နေရင်း အသံကုန်ဟစ်ကာ ကြွေးကြော်နေသေး၏။ အဝေးတွင်ရှိနေသော ချန်ရှင်းတစ်ယောက် သူ၏ သစ္စာစောင့်သိမှုအား မကြားရမည်ကို စိုးရိမ်နေသည့်အလားပင်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အခြားတစ်ဖက်တွင် ချန်ရှင်းက အသစ်ရောက်လာသော ရွှံ့ပုံဘေးမှာ လက်ပိုက်ရင်း အမူအရာကင်းမဲ့စွာ ရပ်နေလေသည်။

ရံဖန်ရံခါ သူက မော့ကြည့်လိုက်ပြီး အလုပ်လုပ်နေသော ရွာသားများကို အကဲခတ်ကာ အရေးမပါသလို ခပ်တိုးတိုး ပြောလိုက်သည်။

"အစ်ကိုခြောက်...၊ အဲဒီဘက်မှာ ကောက်ရိုးတွေ ခင်းထားတာ ထူလွန်းတယ်။ တစ်ဝက်လောက် ပြန်ဆွဲထုတ်လိုက်"

"ကျန်းဆန်း...၊ ရေထည့်ဦးလေ။ ခြောက်မသွားစေနဲ့"

သူ့အသံကလည်း မကျယ်သော်လည်း ထိုစကားများထဲတွင် ငြင်းပယ်မရသော ဩဇာအာဏာပါဝင်နေ၏။

အမည်ခေါ်ခံရသူများက အမိန့်တစ်ခု ရလိုက်သည့်အလား သူတို့အလုပ်များကို ချက်ချင်းရပ်ကာ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာကြပြီး သူတို့ မျက်နှာပေါ်မှာလည်း ဂုဏ်ယူဝင့်ကြွားနေသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

ရွှီချင်းချင်း၊ ကျောက်ဖန်းအာနှင့် လင်းရှို့ရှို့တို့က ရွာထဲရှိ အခြားအမျိုးသမီးများနှင့်အတူ မလှမ်းမကမ်းရှိ ယာယီမီးဖိုနားတွင် အလုပ်ရှုပ်နေကြသည်။

လက်ဖက်ရည်အိုးကြီးတစ်လုံးက ဆူပွက်နေပြီး စဉ့်တီတုံးပေါ်မှာတော့ ဂျံမှုန့်ဖြူဖြူများကို ပေါက်စီများဖြစ်လာစေရန် နယ်နေကြလေသည်။

"ချင်းချင်းရေ...၊ နင့်ယောက်ျား ချန်ရှင်းကတော့ အခု တကယ်ကို အစွမ်းထက်နေပြီနော်"

မီးကူထိုးနေသော အမျိုးသမီးတစ်ဦးက အားကျဟန်ဖြင့် ပြောလိုက်သည်။

"သူ ရပ်နေတာလေးကိုပဲ ကြည့်လိုက်ဦး၊ ခရိုင်ခေါင်းဆောင်တွေထက်တောင် အရှိန်အဝါ ကြီးနေသေးတယ်"

ထိုစကားကို ကြားသောအခါ ကျောက်ဖန်းအာက ပြုံးလိုက်ပြီး ဂုဏ်ယူစွာဖြင့်

"ဒါပေါ့...၊ သူက ဘယ်သူ့ယောက်ျားလဲဆိုတာ မသိကြဘူးလား"

ရွှီချင်းချင်း၏ မျက်နှာလေး ရဲတက်သွားပြီး ရင်ထဲတွင် လိပ်ပြာများ ထပျံနေသော်လည်း နှိမ့်ချကာ ပြောလိုက်၏။

"အဲဒီလောက်လည်း မဟုတ်ပါဘူးရှင်။ ဒါတွေက ရွာသားတွေ ကူညီပေးလို့ အခုလို ဖြစ်လာရတာပါ"

သူမက ထိုအရပ်ရှည်ရှည် ကိုယ်လုံးကြီးကို ခိုးကြည့်လိုက်ပြီး ရင်ထဲတွင် ဂုဏ်ယူမှုများနှင့် ချစ်စိတ်များ ပြည့်နေတော့သည်။

လင်းရှို့ရှို့ကတော့ လူတိုင်း၏ ချီးကျူးစကားများကို နားထောင်ရင်း တိတ်တဆိတ်နှင့်ပင် ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေ၏။ သူမ၏ မျက်ဝန်းထဲမှာတော့ ကျေးဇူးတင်မှုနှင့် လေးစားမှုတို့အပြင် သူမကိုယ်တိုင်တောင် မသိလိုက်သော ချစ်ခင်မြတ်နိုးမှုများပါ ကိန်းအောင်းနေလေတော့သည်။

All Chapters