← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) - ကိုယ့်ကန်ထဲက လိပ်ကလေး

ညဉ့်နက်လာသည်နှင့်အမျှ ရွှီချင်းချင်းလည်း အားလုံးပြီးစီးသွားခဲ့လေပြီ။ သူမ အလွန်အမင်း အိပ်ငိုက်နေသဖြင့် သန်းတဝေဝေ ဖြစ်နေကာ မျက်ခွံများမှာလည်း အလိုအလျောက် ပိတ်ကျနေတော့သည်။

သူမ၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံလေးကို မြင်သောအခါ ချန်ရှင်းက စိတ်မကောင်းဖြစ်သွားပြီး အခန်းထဲသို့ဝင်၍ အမြန်အိပ်ရန် တိုက်တွန်းလိုက်သည်။

"ဒါဆို ယောက်ျားလည်း စောစောနားနော်၊ အလုပ်တွေ သိပ်မလုပ်နဲ့တော့"

ရွှီချင်းချင်းက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးလေးများကို ပွတ်သပ်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။ သူမက သွားရင်းနှင့်ပင် သူ့ကို တစ်ချက် ပြန်လှည့်ကြည့်နေသေး၏။

ခြံဝင်းထဲမှာတော့ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့လေပြီ။

လင်းရှို့ရှို့က ဆေးကြောပြီးသား ပန်းကန်များကို ဇလုံဖြင့် သယ်လာပြီး အသံတစ်ချက်မှ မထွက်စေဘဲ သေသေသပ်သပ် စီထားလိုက်သည်။

အားလုံးကို သပ်သပ်ရပ်ရပ် သိမ်းဆည်းပြီးသွားသည့်တိုင် သူမက အိမ်သို့ ချက်ချင်းပြန်မသွားသေးဘဲ ဟင်းနံ့များ မပြယ်သေးသည့် မီးဖိုချောင်ထဲသို့ တစ်ဖန် ပြန်ဝင်သွားပြန်သည်။

ခဏအကြာတွင် သူမက အခိုးအငွေ့များ အူထွက်နေဆဲဖြစ်သော အရက်နာကျခြင်းကို ပြေလျော့စေသည့် စွပ်ပြုတ်တစ်ပန်းကန် သယ်ဆောင်ကာ ရွာလယ်ခေါင်ရှိ ထည်ဝါလှသော အိမ်သစ်ကြီးသို့ ခြေသံဖွဖွနင်း၍ လျှောက်လှမ်းလာခဲ့သည်။

ချန်ရှင်းက အိမ်ထဲသို့ ချက်ချင်းပြန်မဝင်သေးဘဲ အကြမ်းထည် ပြီးစီးနေပြီဖြစ်သော အိမ်သစ်ကြီး၏ အရိပ်အောက်၌ ရပ်နေမိသည်။ ထုတ်တန်းတစ်ခုချင်းစီ၊ အုတ်တစ်ချပ်ချင်းစီတိုင်းမှာ သူ၏ ကြိုးစားအားထုတ်မှုနှင့် စိတ်စေတနာတို့ ကိန်းအောင်းနေလေသည်။

ထိုစဉ် သူ့နောက်ဘက်မှ တိုးဖွဖွ ခြေသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လရောင်အောက်တွင် ရပ်နေသော လင်းရှို့ရှို့ကို တွေ့လိုက်ရသည်။

သူမက အနားသို့ တိုးကပ်လာပြီး စွပ်ပြုတ်ပန်းကန်ကြီးကို ကမ်းပေးရင်း ကြားနိုင်ရုံ လေသံလေးဖြင့်

"အစ်ကိုချန်...၊ အရက်တွေ အများကြီးသောက်ထားတာဆိုတော့ နေရထိုင်ရ သက်သာသွားအောင် ဒီစွပ်ပြုတ်လေး သောက်လိုက်ပါဦး"

စွပ်ပြုတ်မှာ နွေးထွေးနေပြီး အနည်းငယ် ချိုမြိန်သည့် အရသာရှိသည်။ ၎င်းက လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဝင်သွားကာ အရက်ရှိန်များကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားစေသည်။

ချန်ရှင်းက စွပ်ပြုတ်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး အလွတ်ဖြစ်သွားသော ပန်းကန်လုံးကို သူမအား ပြန်ပေးလိုက်၏။ သို့သော်လည်း လင်းရှို့ရှို့မှာ ပန်းကန်ကို ယူပြီးသည့်တိုင် ချက်ချင်း လှည့်ထွက်မသွားသေးချေ။

သူမက ပန်းကန်လုံးကို ဘေးရှိ အုတ်ပုံပေါ်တွင် အသာအယာတင်လိုက်ပြီးနောက် ချန်ရှင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်ချလိုက်လေသည်။

လရောင်က သူမ၏ သွယ်လျလျ ခန္ဓာကိုယ်အလှကို ထင်ရှားစေပြီး သူမ၏မျက်နှာတွင် မည်သည့် မူယာမာယာမှ မရှိဘဲ လေးလေးနက်နက် ပူဇော်နေဟန်သာ ရှိနေလေသည်။ သူမက ဘာစကားမှ မဆိုဘဲ ခေါင်းကိုမော့ကာ မျက်ဝန်းလဲ့လဲ့များဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် ခေါင်းကိုပြန်ငုံ့ကာ​ ချန်ရှင်း၏ ဘောင်းဘီခါးပတ်စကို ဆွဲချလိုက်တော့သည်။

ချန်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားရသည်။

ညဦးလေပြည်နှင့်အတူ သူမ၏ ဆံနွယ်များထံမှ ဆပ်ပြာနံ့သင်းသင်းလေးက လွင့်ပျံလာ၏။

သူက သူမ၏ နူးညံ့လှသော ဆံနွယ်များကို ငုံ့ကြည့်ရင်း လင်းရှို့ရှို့၏ ကြင်နာယုယမှုများကို ခံစားလိုက်ရကာ သူ၏ လည်စိမှာ အပေါ်အောက် လှုပ်ရှားသွားရသည်။

နောက်ဆုံး သူမကို တွန်းမဖယ်လိုက်တော့ပေ။

သူ့လက်ကြီးကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူမ၏ နူးညံ့လှသော ဆံနွယ်များကို ညင်သာစွာ သပ်ပေးလိုက်တော့သည်။

[ဒင်…၊ စွမ်းအင် +၁၀၀ ရရှိပါသည်]

...

နောက်တစ်နေ့ မိုးသောက်ယံအချိန် ချန်ရှင်း မျက်လုံးပွင့်လာသည်။ အိပ်ရေးဝဝ အိပ်လိုက်ရသဖြင့် တစ်ကိုယ်လုံးမှာ လန်းဆန်းတက်ကြွနေ၏။ ညက သောက်ထားသော အရက်ရှိန်နှင့် ပင်ပန်းနွမ်းနယ်မှုများမှာ ခြေရာလက်ရာပင် မကျန်တော့ဘဲ အားအင်သစ်များ ပြည့်ဝနေသကဲ့သို့ ခံစားလိုက်ရသည်။

ရွှီချင်းချင်းကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပင်။ နံနက်ခင်း အလင်းရောင်အောက်တွင် သူမ၏ ရှည်လျားလှသော မျက်တောင်လေးများက ပါးပြင်ပေါ်သို့ အရိပ်ကျနေပြီး နှုတ်ခမ်းထောင့်မှာလည်း ကျေနပ်နေသည့် အပြုံးလေးတစ်ခု ရှိနေလေသည်။

ချန်ရှင်းက အသာအယာ ငုံ့လိုက်ပြီး သူမ၏ ချောမွေ့နေသော နဖူးလေးကို ကြင်နာစွာ နမ်းလိုက်သည်။ ထို့နောက် တိတ်တဆိတ် ထကာ အဝတ်အစားလဲလိုက်၏။

"ကိုယ် အပြင် ခဏသွားဦးမယ်၊ ခရိုင်မြို့ဘက်မှာ ကိစ္စလေးတွေ ရှိလို့"

သူက အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသော ရွှီချင်းချင်းကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ "အိမ်တံခါးကို သေသေချာချာ ပိတ်ထားဦးနော်၊ ဘယ်မှ လျှောက်မသွားနဲ့ဦး။ ဖန်းအာကို ခေါ်ပြီး အဖော်လုပ်ခိုင်းထားလိုက်"

"အင်း..."

ရွှီချင်းချင်းက တိုးညင်းစွာ ပြန်ထူးလိုက်ပြီး တစ်ဖက်လှည့်ကာ ပြန်လည် အိပ်ပျော်သွားပြန်သည်။

ချန်ရှင်းက သူမကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်ပြီးနောက် ခရိုင်မြို့ ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ နံနက်ခင်း နေရောင်အောက်တွင် သူ့အရိပ်ကြီးမှာ မိုးထိုးနေပြီး မကြာမီ ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား အေးစက်စက် အရှိန်အဝါများ ကိန်းအောင်းနေလေသည်။

ခရိုင်မြို့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ ဝင်းအတွင်း…

မုန့်ကန်းက အင်္ကျီဗလာ ဖြစ်နေပြီး ကြွက်သားထွားထွားကြီးများ လှုပ်ရှားကာ ဝင်းအလယ်တွင် လက်သီးထိုးကျင့်နေလေသည်။ သူ့လက်သီးချက်များမှာ လေကို ခွဲထွက်သွားပြီး ဝူးခနဲ အသံများပင် ထွက်ပေါ်နေ၏။

ချန်ရှင်း ဝင်လာသည်ကို မြင်သောအခါ သူက ချက်ချင်းပဲ လက်သီးပြန်ရုပ်လိုက်ပြီး သွားအဖွေးသား ပြုံးပြရင်း ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။

"အိုး... ညီလေး ချန်ရှင်းပါလား။ ဘယ်လိုဖြစ်လို့ ဒီအထိ ရောက်လာတာလဲကွ။ လာ... လာ... အထဲဝင်ထိုင်ဦး"

ချန်ရှင်းက အားနာမနေတော့ဘဲ ဝင်းထဲသို့ ဝင်ကာ လိုရင်းကို တန်းပြောလိုက်သည်။

"အစ်ကိုမုန့်...၊ ကျွန်တော် အစ်ကို့ဆီက အကူအညီတစ်ခုလောက် လိုချင်လို့ပါ"

"ငါတို့ကြားမှာ အားနာနေစရာ လိုလို့လားကွာ၊ ပြောစမ်းပါဦး"

မုန့်ကန်းက သစ်တိုင်ပေါ်တွင် တင်ထားသော မျက်နှာသုတ်ပုဝါကို ယူကာ ချွေးများကို သုတ်လိုက်၏။

"လူတစ်ယောက်ကို ရှာပေးပါ... ရွှီဝမ်ထောင် တဲ့"

ချန်ရှင်းက နာမည်တစ်ခုကို တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ့မျက်ဝန်းများမှာတော့ ရေခဲပြင်ပမာ အေးစက်နေခဲ့သည်။

မုန့်ကန်း ခဏတာ ကြောင်သွားပြီးနောက် ထူးဆန်းသော မျက်နှာပေးမျိုး ဖြစ်သွားသည်။

"ရွှီဝမ်ထောင် ဟုတ်လား။ ဟားဟားဟား...၊ ညီလေးရဲ့ သတင်းကွန်ရက်က တကယ်ကို မဆိုးဘူးပဲ"

မုန့်ကန်းက ပေါင်ကို အားပါပါ ပုတ်ရင်း ဝမ်းသာအားရ ပြောလိုက်သည်။

"ငါတောင် အခုလေးတင် ဒီကောင်အကြောင်း ကြားထားတာကွ။ အဲဒီအကောင်က တကယ့်လူလည်ဟေ့။ သူ့မိန်းမရဲ့ ပိုက်ဆံတွေ၊ ကူပွန်တွေ အကုန်ယူပြီး ထွက်ပြေးသွားတာတဲ့"

သူက ချန်ရှင်းအနားသို့ တိုးကပ်လာကာ အသံကို နှိမ့်လိုက်ပြီး တစ်ပါးသူ၏ ကံဆိုးမှုကို ဝမ်းသာအားရ ဖြစ်နေသည့်ဟန်ဖြင့် ဆက်ပြောလေသည်။

"သူ့မိန်းမ ချင်ရုံဆိုတဲ့ ကျားမကြီးကတော့ အခု ရူးမတတ် ဖြစ်နေပြီ။ သူ့အဖေရဲ့ အရှိန်အဝါတွေ အကုန်သုံးပြီး တစ်ခရိုင်လုံးကို ပြောင်းပြန်လှန်ပြီး ရှာခိုင်းနေတာလေ။ အဲဒီကောင်ကို မိလို့ကတော့ အရှင်လတ်လတ် အရေခွံနွှာပစ်မယ်လို့တောင် ကြုံးဝါးနေတာကွ"

ချန်ရှင်းကတော့ မည်သည့် အမူအရာမှမပြဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

မုန့်ကန်းမှာ အားရပါးရ ရယ်မောပြီးနောက် သူ၏တောင့်တင်းလှသော ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်လေသည်။

"ညီလေး ငါ့ဆီလာတာ တကယ့်ကို မှန်သွားပြီ။ ဒီချင်းရှန်းခရိုင်ထဲမှာ ငါမုန့်ကန်း ရှာလို့မရတဲ့ ကြွက်တွင်းဆိုတာ မရှိဘူး။ စိတ်ချလက်ချသာ နေ... ငါ့သတင်းကိုသာ စောင့်ပေတော့"

မုန့်ကန်း၏ အလုပ်လုပ်နှုန်းမှာ အံ့မခန်းပေ။

တစ်နေ့ဝက် မကုန်သေးမီ ချန်ရှင်းတစ်ယောက် နိုင်ငံပိုင် စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေစဉ်မှာပင် မုန့်ကန်းက လူလွှတ်၍ သတင်းပါးလိုက်လေသည်။

စာရွက်အပိုင်းအစလေးပေါ်တွင် လိပ်စာတစ်ခုတည်းသာ ရေးထား၏။

"မြို့တောင်ဘက်၊ ဟုန်ချီ တည်းခိုခန်း၊ အခန်းနံပါတ် ၃၀၂"

ဟုန်ချီတည်းခိုခန်းဆိုသည်မှာ ခရိုင်မြို့ရှိ အစုတ်ပြတ်ဆုံးနှင့် စျေးအပေါဆုံး တည်းခိုခန်းတစ်ခုဖြစ်ပြီး လူပေါင်းစုံ ရောထွေးနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် ခရီးသွားထောက်ခံစာ မပါသူများ သို့မဟုတ် ပြဿနာတစ်ခုခုမှ ရှောင်တိမ်းနေသူများအတွက် သီးသန့်နေရာတစ်ခုလိုပင်။

ချန်ရှင်းက ထိုစာရွက်လေးကို သိမ်းလိုက်ပြီး သူ့မျက်ဝန်းများမှာ လုံးဝအေးစက်သွား၏။ သူက စားသောက်ဆိုင်တွင် ငွေရှင်းပြီးနောက် ချက်ချင်း ထွက်လာခဲ့တော့သည်။

......

ညဉ့်နက်သန်းခေါင်သို့ ရောက်ရှိလာခဲ့လေပြီ။

ချန်ရှင်းက တစ်ကိုယ်လုံးအပြည့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ကာ မျက်နှာကိုလည်း အနက်ရောင်ပုဝါဖြင့် စည်းနှောင်လျက် မြို့တောင်ဘက်ရှိ ညစ်ပတ်ရှုပ်ထွေးလှသော လမ်းကြားများထဲသို့ တိတ်ဆိတ်စွာ တိုးဝင်သွားလေသည်။

ဟုန်ချီတည်းခိုခန်းအတွင်း၌ ချဉ်စုတ်စုတ်နှင့် ပုပ်စပ်စပ်အနံ့များ ဖုံးလွှမ်းနေ၏။ စျေးပေါပေါ ဆေးလိပ်နံ့၊ ချွေးနံ့နှင့် မှိုနံ့များကလည်း လေထဲမှာ ရောထွေးနေသည်။ စင်္ကြံလမ်းပေါ်ရှိ မီးသီးလေးများမှာ တလက်လက်ဖြင့် ပျက်လုဆဲဆဲ ဖြစ်နေပြီး နံရံများပေါ်တွင်လည်း အစွန်းအထင်းများနှင့် အမည်မသိ အရည်များက ဟိုတစ်ကွက် ဒီတစ်ကွက် ပြည့်နေလေသည်။

ချန်ရှင်းက ကြောင်တစ်ကောင်လို အသံမထွက်စေဘဲ တတိယထပ်သို့ ခြေလှမ်းဖွဖွနင်းကာ တက်လာခဲ့သည်။ အခန်းနံပါတ် ၃၀၂ ၏ တံခါးကြားမှ အလင်းရောင်မှိန်မှိန်လေး ထွက်ပေါ်နေပြီး အတွင်းဘက်မှ လူတစ်ယောက်၏ ခပ်တိုးတိုး ကျိန်ဆဲသံကိုလည်း ကြားနေရ၏။

အခန်းထဲမှာတော့ ရွှီဝမ်ထောင်က မြေပဲပန်းကန်လေးတစ်လုံးကို ရှေ့ချကာ စျေးအပေါဆုံး အရက်ကို သောက်နေလေသည်။ သူ့ဆံပင်များမှာ ဆီများဖြင့် စေးကပ်နေပြီး မျက်နှာတွင်လည်း မုတ်ဆိတ်မွေး ကျင်စွယ်များက ထိုးထိုးထောင်ထောင်နှင့်။ သူဝတ်ထားသော ကေဒါယူနီဖောင်းမှာလည်း ကြေမွနေပြီး ယခင်က ရှိခဲ့ဖူးသော ခန့်ညားထည်ဝါမှုနှင့် မောက်မာမှုတို့မှာ ခြေရာလက်ရာပင် မကျန်တော့ချေ။အ

သူ့မျက်လုံးထဲတွင် သွေးဆိုးများ ဆောင့်တက်နေပြီး ပါးစပ်ထဲကို အရက်တွေ အတင်းလောင်းထည့်နေရင်း ချန်ရှင်းနဲ့ ကျောက်ဖန်းအာတို့ကို အယုတ်မာဆုံး စကားလုံးတွေနဲ့ ကျိန်ဆဲနေလေသည်။

"မင်းတို့နှစ်ယောက်... ငါ အခွင့်အရေး ပြန်ရတာနဲ့... မင်းတို့ကို အသေသတ်ပစ်မယ်..."

ချန်ရှင်းရဲ့ ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးခံထားရပြီး သူ့ရှေ့မှာ သေခါနီး ခွေးတစ်ကောင်လို ဒူးထောက်ကာ အသက်ဘေးက ကယ်ဖို့ တောင်းပန်နေပုံကို သူ စိတ်ကူးယဉ်နေမိသည်။ သူ့မျက်နှာပေါ်မှာလည်း ရူးသွပ်ဖောက်ပြန်နေသည့် စိတ်ဝေဒနာရှင်တစ်ယောက်၏ အပြုံးဆိုးကြီးက အလိုလို ပေါ်ပေါက်နေတော့သည်။

"ပြီးတော့ ကျောက်ဖန်းအာဆိုတဲ့ အဲဒီကောင်မ…၊ ရွှီချင်းချင်းဆိုတဲ့ ကောင်မလေး...၊ မင်းတို့အားလုံးကို ငါ့ခြေဖဝါးအောက်မှာ ထားပြီး ငါ့ကို တောင်းပန်လာအောင် လုပ်ပြမယ်"

သူက ရွံရှာဖွယ် စိတ်ကူးယဉ်မှုများထဲ နစ်မျောနေသောကြောင့် ဟောင်းနွမ်းနေတဲ့ သစ်သားတံခါးကြီး အပြင်ဘက်ကနေ တိတ်တဆိတ် ပွင့်လာတာကို သတိမထားမိလိုက်ပေ။

အနက်ရောင်ဝတ် လူရိပ်တစ်ခုက အခန်းထဲကို အသံမပေးဘဲ တိုးဝင်လာပြီး တံခါးကိုလည်း ညင်သာစွာ ပြန်ပိတ်လိုက်လေသည်။

အရက်ရှိန်နဲ့ စိတ်ကူးယဉ်နေသည့် ရွှီဝမ်ထောင်ခမျာ ခါးလယ်ကနေ ဦးခေါင်းနောက်စေ့အထိ စိမ့်ခနဲဖြစ်သွားတဲ့ အအေးဓာတ်တစ်ခုကြောင့် တုန်တက်သွားရသည်။ မှောင်ရိပ်ထဲကနေ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး ကျောရိုးထဲအထိ စိမ့်တက်သွား၏။

"ဘယ်သူလဲ"

သူ ရုတ်တရက် လှည့်ကြည့်လိုက်၏။

မှိန်ပြပြ အလင်းရောင်အောက်မှာတော့ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက်က သူ့နောက်ကျောမှာ ရောက်နေခဲ့လေပြီ။

မျက်လုံးတစ်စုံကလွဲ၍ ဘာမှမမြင်ရသော်လည်း ထိုမျက်လုံးများက သေလူတစ်ယောက်ကို ကြည့်နေသလို အေးစက်နေပြီး မည်သည့် ခံစားချက်မှ ရှိမနေပေ။

All Chapters