အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁)
သူမ ဖြစ်နေတာပဲ
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုက သစ်ပင်ခြောက်ကြီးကို ဖက်တွယ်ထားသော အမျိုးသမီးအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေ၏။
သစ်ပင်ခြောက်ကြီး ကျိုးကျသွားသည့်အချိန်တွင် ထိုအမျိုးသမီးသည် အလိုအလျောက်ပင် အော်ဟစ်လိုက်ပြန် လေသည်။
"ကယ်ကြပါဦး...။"
ရွှီပေါ်အန်းသည် တည်ငြိမ်အေးဆေးစွာဖြင့် အခွင့်အရေးကို ဆုပ်ကိုင်ကာ ချက်ချင်းပင် လှုပ်ရှားလိုက်လေ၏။ သစ်ပင်ခြောက်ကြီး မပြုတ်ကျမီတွင် သူသည် ရှေ့သို့ တိုးထွက်သွားပြီး အမျိုးသမီး၏ ခြေကျင်းဝတ်ကို လှမ်းဖမ်းလိုက်လေသည်။ ကျန်လက်တစ်ဖက်ဖြင့်မူ ကျန်ရစ်နေသော သစ်ပင်မြစ်တစ်ဝက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်လေ၏။
အမျိုးသမီးသည် အရှိန်ကြောင့် ကမ်းပါးယံဆီသို့ လွင့်စင်သွားပြီးနောက် မျက်နှာရှေ့တွင် လက်နှစ်ဖက်ကို ကာကွယ်ကာ ကမ်းပါးယံကို ဖိထောက်ထားလိုက်သဖြင့် ခေါင်းနှင့် ကျောက်ဆောင် ရိုက်မိမည့် အဖြစ်ဆိုးမှ ရှောင်လွှဲနိုင်ခဲ့လေသည်။
မကြာမီတွင် သစ်ပင်ခြောက်ကြီး ပြုတ်ကျသွားပြီး မြစ်ကမ်းဘေးရှိ ကျောက်စရစ်ခဲများပေါ်သို့ ကျယ် လောင်သော အသံကြီးနှင့်အတူ ရိုက်ခတ်ကာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားလေတော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အမျိုးသမီးမှာ ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထကာ ချွေးစေးများ ပြန်သွားခဲ့လေသည်။
ရွှီပေါ်အန်းသည် သူ ဖမ်းဆွဲထားသော အမျိုးသမီးကို ငုံ့ကြည့်လိုက်သော်လည်း ခေတ္တမျှ ဘာဆက်လုပ်ရမည်ကို ဝေခွဲမရ ဖြစ်သွားလေ၏။
သူသည် လက်တစ်ဖက်ဖြင့် အမျိုးသမီး၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲထားပြီး ကျန်လက်တစ်ဖက်ဖြင့် သစ်ပင် မြစ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
ခြေနှစ်ဖက်စလုံးကို ကျောက်ဆောင်ကမ်းပါးယံ၏ အက်ကြောင်းများကြားတွင် ခိုင်မြဲစွာ ထောက်ထားသဖြင့် တည်ငြိမ်နေသော်လည်း တစ်လက်မမျှပင် မလှုပ်ရှားနိုင်အောင် ဖြစ်နေလေ၏။
ဤအနေအထားတွင် ရွှီပေါ်အန်း အနေဖြင့် သူမကို ကယ်တင်နိုင်မည် မဟုတ်သလို ရွှီပေါ်အန်း ကိုယ်တိုင်လည်း လက်တစ်ဖက်တည်းဖြင့် အပေါ်သို့ တက်နိုင်မည် မဟုတ်ပေ။
"ဟေး... ရှင် တောင့်ထားနိုင်ရဲ့လား...။"
ရွှီပေါ်အန်း စကားမပြောရသေးမီ တစ်ဖက်လူက အရင်ဦးစွာ စကားစ၍ မေးလာခဲ့လေသည်။
ထိုသို့ပြောဆိုနေစဉ် ခေါင်းစိုက်ကာ ဇောက်ထိုးဖြစ်နေသော ထိုအမျိုးသမီးသည် ကမ်းပါးယံကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် ရွှီပေါ်အန်း၏ ဝန်ထုပ်ဝန်ပိုးကို အနည်းငယ် သက်သာစေခဲ့လေ၏။
ရွှီပေါ်အန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"လောလောဆယ်တော့ အဆင်ပြေပါတယ်...။ ဒါပေမဲ့ ဒီအနေအထားနဲ့တော့ ကျွန်တော် လက်မအားမချင်း ခင်ဗျားကို အပေါ် ခေါ်သွားလို့ မရနိုင်ဘူး...။"
အမျိုးသမီးက အလျင်အမြန်ပင် ပြန်ပြောလေ၏။
"ကျွန်မ ဝမ်းဗိုက်ကြွက်သားကို သုံးပြီး ကိုယ်ကို ဆွဲတင်ဖို့ ကြိုးစားကြည့်မယ်...။ ပြီးရင် ရှင့်လက်မောင်းကို လှမ်းကိုင်ပြီး ရှင့်အပေါ် မှီလိုက်မယ်...။"
အကယ်၍ ထိုသို့သာဆိုလျှင် သူမကို ကျောပိုးထားသကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ပြဿနာ ရှိမည်မဟုတ်ဟု ရွှီပေါ်အန်း တွေးလိုက်မိလေသည်။
သို့သော် အမျိုးသမီးတစ်ဦးအနေဖြင့် ဤမျှလောက် ခွန်အားနှင့် ခံနိုင်ရည်မျိုး မည်သို့ ရှိနိုင်မည်နည်း။
ရွှီပေါ်အန်းက သံသယအနည်းငယ်ဖြင့် မေးလိုက်လေ၏။
"အကြံကောင်းပါပဲ... ဒါပေမဲ့ ခင်ဗျား တကယ် လုပ်နိုင်ပါ့မလား...။"
တစ်ဖက်လူသည် ရွှီပေါ်အန်း၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ သူမ၏ ဆုံးဖြတ်ချက်နှင့် စွမ်းရည်ကို လက်တွေ့လုပ်ဆောင်ချက်ဖြင့် သက်သေပြလိုက်လေသည်။
သူ၏ လက်မောင်းဆီမှ လှုပ်ခတ်မှုကို ရွှီပေါ်အန်း ချက်ချင်းပင် ခံစားလိုက်ရလေ၏။ တစ်ဖက်လူသည် အပေါ်သို့ ကိုယ်ကို ဆွဲတင်ရန် စတင် ကြိုးစားနေပြီ ဖြစ်သည်။
ရွှီပေါ်အန်း ငုံ့ကြည့်လိုက်ရာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အထက်ပိုင်းသည် သူ၏အပေါ်တွင် ကန့်လန့်ဖြတ် ရောက်ရှိနေပြီး သူမ၏ လှပသော မျက်နှာလေးကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
တစ်ချက် ကြည့်လိုက်သည်နှင့် ရွှီပေါ်အန်း၏ မျက်ခွံများ ချက်ချင်း လှုပ်ခတ်သွားခဲ့လေ၏။
*ဘုရားရေ... သူမ ဖြစ်နေတာပဲ...။*
တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ပိုင်ရှန်းရှန်း ပင်ဖြစ်၏...။
*တိုက်ဆိုင်လှချည်လား...၊ ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ...။*
ယခုမူ ထိုတစ်ဖက်လူသည် ခွေးခိုးသည့် ဂိုဏ်းသားများ လုံးဝ မဟုတ်ကြောင်း ရွှီပေါ်အန်း ပို၍ပင် သေချာ သွားခဲ့လေပြီ။
သူမသည် မိမိ ကားအမြန်မောင်းခြင်းကို တားဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်လေသည်။
ရွှီပေါ်အန်း နေထိုင်ရာ ကျန်းကျိုးပြည်နယ်သည် လတ်တလောတွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အာဏာကိုပါ ပေးအပ်ထားခြင်း ဖြစ်လေသည်။
ထိုအချက်ကို တွေးမိသောအခါ ရွှီပေါ်အန်း ပို၍ပင် ထိတ်လန့်သွားလေ၏။ အကယ်၍ ပိုင်ရှန်းရှန်း တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ အလွန် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်မိလေသည်။
ထိုခဏတွင် ပိုင်ရှန်းရှန်းသည်လည်း ရွှီပေါ်အန်းကို မှတ်မိသွားပြီး သူမ၏ စိတ်ထဲတွင်လည်း အလားတူ အံ့အားသင့်မှုမျိုး ဖြစ်ပေါ်သွားခဲ့လေသည်။
မမျှော်လင့်ထားသော အခြေအနေကြောင့် ပိုင်ရှန်းရှန်းမှာ အာရုံလွင့်ပါးသွားကာ သူမ၏ ခွန်အားများ ချက်ချင်း လျော့ကျသွားပြီး တစ်ဝက်ခန့် ကွေးထားသော ခန္ဓာကိုယ်မှာ အောက်သို့ ပြန်လည် လျှောကျသွားလေတော့၏။
ထိုမျှမကသေးဘဲ ယိမ်းယိုင်သွားမှုကြောင့် သူမ၏ ကျောပြင်သည် အနောက်ဘက်ရှိ ကမ်းပါးယံနှင့် တိုက်မိကာ တုံးတိတိ အသံကြီး ထွက်ပေါ်လာလေသည်။
ထိုအရာက အလွန် ပြင်းထန်သော ရိုက်ခတ်မှုပင် ဖြစ်၏။
"ခင်ဗျား အဆင်ပြေရဲ့လား...။"
ရွှီပေါ်အန်းက စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဘုရားရေ...၊ ဘယ်လိုလုပ် ရှင် ဖြစ်နေရတာလဲ။... ဟူး...။"
ပိုင်ရှန်းရှန်းက နာကျင်နေသည့်တိုင် ပြင်းထန်စွာ မောဟိုက်နေရင်း မေးလိုက်လေ၏။
*ငါလည်း အဲဒီမေးခွန်းပဲ မေးမလို့...။*
ရွှီပေါ်အန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်... ဒါပေမဲ့ အခုက အတိတ်ကြောင်း ပြန်ပြောနေရမယ့် အချိန်မ ဟုတ်ဘူး...။ အပေါ်ရောက်မှပဲ ဆက်ပြောကြတာပေါ့...။"
ပိုင်ရှန်းရှန်းမှာလည်း သဘာဝကျစွာပင် သဘောတူလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဝမ်းဗိုက်ကြွက် သားကို အသုံးပြုကာ ခန္ဓာကိုယ်အထက်ပိုင်းကို ကွေးတင်၍ သူမ၏ ခြေထောက်များကို လှမ်းဖက်ရန် ဆက်လက် ကြိုးပမ်းလေတော့သည်။
ရွှီပေါ်အန်းသည် ပိုင်ရှန်းရှန်း၏ လှုပ်ရှားမှုများကို မသိမသာ စောင့်ကြည့်နေစဉ် ရုတ်တရက် သူ၏ နှာခေါင်းမှာ ပူနွေးလာလေ၏။
*ဘုရားရေ...။*
ပိုင်ရှန်းရှန်း ခန္ဓာကိုယ်ကို ကွေးတင်လိုက်ချိန်တွင် ဂျင်းအင်္ကျီအောက်ရှိ သူမ၏ တီရှပ်လည်ပင်း ပေါက်မှာ ဟိုက်ကျသွားပြီး တောက်ပကာ လှပလှသော သူမ၏ သဘာဝ အသားအရေ ဖြူဖြူလေးကို ရွှီပေါ်အန်းရှေ့တွင် မည်သည့် ဖုံးကွယ်မှုမျှမရှိဘဲ ဖော်ပြနေလေတော့သည်။
နွေဦးကာလသည် အလွန်တရာ လှပလှပေ၏။
ဤသည်မှာ အလွန်တရာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိလှပေသည်။ ၎င်းသည် အိပ်မက် တစ်ခု တကယ်ဖြစ်လာခြင်း၊ တောင့်တဖွယ်ရာ တစ်ခုနှင့် ရင်ခုန်ကြည်နူးဖွယ်ရာ တစ်ခုပင် ဖြစ်လေသည်။
“တောက်... တောက်...”
ရုတ်တရက် ရွှီပေါ်အန်းသည် နှာခေါင်းပေါ်မှ အပူရှိန်ကို ခံစားလိုက်ရပြီးနောက် သူ၏ နှာခေါင်းထိပ်တွင် စုဝေး နေသော ချွေးတစ်ပေါက်သည် ပိုင်ရှန်းရှန်း၏ လည်ပင်းထဲသို့ ကွက်တိ ကျဆင်းသွားလေတော့၏။
တစ်ချိန်တည်းမှာပင် ပိုင်ရှန်းရှန်းသည် သူမ၏ ခြေထောက်များကို ဖက်ထားနိုင်ခဲ့ပြီး ခန္ဓာကိုယ်ကို အောင်မြင်စွာ ကွေးတင်နိုင်ခဲ့လေသည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်နိုင်ရုံ ရှိသေးချိန်တွင် အင်္ကျီကော်လာအတွင်းမှ နွေးထွေးမှုကို ခံစားလိုက် ရလေ၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ပူနွေးနေသော ချွေးတစ်ပေါက်ကို မြင်လိုက်ရလေသည်။
အပေါ်သို့ ပြန်လည်မော့ကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားခဲ့ပြီး ပိုင်ရှန်းရှန်း ချက်ချင်း နားလည် သွားကာ သူမ၏ မျက်နှာမှာ ဖြူရော်သွားလေတော့၏။
"လူယုတ်မာ...။ ခေါင်းလှည့်ထားစမ်း...။"
ပိုင်ရှန်းရှန်းက သူမ၏ ခြေထောက်များကို တင်းကျပ်စွာ ဖက်ထားရင်း ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ကွေးထားကာ သူမ၏ ဆွဲဆောင်မှုရှိသော အကောက်အကွေးများကို ဖုံးကွယ်ရန် ကြိုးစားလိုက်လေသည်။
ရွှီပေါ်အန်းသည် အလျင်အမြန် ခေါင်းကို လွှဲဖယ်လိုက်ပြီး ရှင်းပြလေ၏။
"တခြား မတွေးပါနဲ့...။ ကျွန်တော် ဘာမှ မမြင်လိုက်ပါဘူး...။"
"ပါးစပ်ပိတ်ထား...။"
ပိုင်ရှန်းရှန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေ၏။
ထို့နောက် သူမ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
ဤနေရာသည် အလွန်တရာ အန္တရာယ်များပြီး အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးသော နေရာတစ်ခု
ဖြစ်လေသည်။ ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားထားသော တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦးဖြစ်သည့် သူပင်လျှင် လက်ဗလာဖြင့် ဆင်းလာရန် အသက်စွန့်ရဲမည် မဟုတ်ပေ။
သူ့ကို ကယ်တင်ရန် အသက်စွန့်ရဲသော တစ်စုံတစ်ယောက် ရှိနေခြင်းကပင် သတ္တိများစွာ လိုအပ်လှပေသည်။ ဤတိုက်ဆိုင်မှုက သူ့အား ရှက်ရွံ့စေခဲ့သော်လည်း ၎င်းကို နားလည်မှုလွဲမှားခြင်း တစ်ခုအဖြစ်သာ သတ်မှတ် နိုင်လေသည်။
ထိုအချက်ကို တွေးမိသောအခါ ပိုင်ရှန်းရှန်းသည် ရွှီပေါ်အန်းအပေါ် ပို၍ နားလည်မှုနှင့် ကျေးဇူးတင်မှုကို ခံစားလိုက်ရလေ၏။ ထို့နောက် သူမသည် အံကို တင်းတင်းကြိတ်ကာ လက်တစ်ဖက်ဖြင့် ခြေထောက်ကို ဆက်လက်ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရွှီပေါ်အန်း၏ လက်မောင်းကို အားကုန်သုံး၍ ဆုပ်ကိုင် လိုက်လေတော့သည်။
ခေတ္တမျှ ရပ်နားပြီးနောက် ပိုင်ရှန်းရှန်းသည် အသက်ရှူမှန်အောင် ထိန်းကာ သစ်ပင်တက်သကဲ့သို့ ရွှီပေါ်အန်း၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ယုံကြည်စိတ်ချရသော အထောက်အပံ့အဖြစ် အသုံးပြု၍ အပေါ်သို့ ဆက်လက် တွယ် တက်လေတော့၏။
နောက်ဆုံးတွင် ပိုင်ရှန်းရှန်းသည် ပြင်းထန်စွာ မောဟိုက်လျက် ရွှီပေါ်အန်း၏ ပခုံးပေါ်သို့ မှီချလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေလေတော့သည်။
ရွှီပေါ်အန်းသည် ကျောဘက်မှ နူးညံ့သော အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် ပူးကပ်ခံရသကဲ့သို့ ထပ်မံ ရှင်းပြလိုက်လေ၏။
"အင်း... စောစောက တကယ်ကို နားလည်မှုလွဲတာပါ...။"
"လူယုတ်မာ...၊ အပေါ်ရောက်မှ ရှင်နဲ့ စာရင်းရှင်းမယ်...။"
ရွှီပေါ်အန်းကို ခွင့်လွှတ်ထားပြီး ဖြစ်သော်လည်း ဤကိစ္စကို ထပ်မံ ထုတ်ဖော်ပြောဆိုလာသဖြင့် ပိုင်ရှန်းရှန်းမှာ အနည်းငယ် ရှက်ရွံ့ကာ ဒေါသထွက်မိသေးသည်။
သူမသည် အမောတကော ပြောဆိုလိုက်ပြီး သင်းပျံ့သော ရနံ့လေးတစ်ခုက ရွှီပေါ်အန်း၏ နှာခေါင်းဆီသို့ လွင့်ပျံလာလေ၏။
ရွှီပေါ်အန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ရှင်းပြလိုက်လေသည်။
"ဒါက တကယ့်ကို နားလည်မှု လွဲတာပါ...။ ခင်ဗျား အဲဒီလို ပြောမယ်ဆိုရင် သခင်တုန်းကော်နဲ့ ဝံပုလွေ ပုံပြင် ဒါမှမဟုတ် လယ်သမားနဲ့ မြွေ ပုံပြင်လို ဖြစ်နေပြီ.... အဲဒီလိုဆိုရင်တော့ ကျွန်တော် ခင်ဗျားကို ဆက်ပြီး ကူညီမနေတော့ဘူး...။"
"ဟွန့်... ရှင်က အခုမှ ကျွန်မကို ဒီအတိုင်း ထားခဲ့လို့ရမယ် ထင်နေလား...၊ အဲဒီလောက် မလွယ်ဘူး...။ ရှင် မရွေးချယ်ခင် ရဲအရာရှိတစ်ယောက်ကို တိုက်ခိုက်တဲ့ ပြစ်မှုက ဘာလဲဆိုတာ သေချာ စဉ်းစားဦး...။"
ပိုင်ရှန်းရှန်းက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။
ရွှီပေါ်အန်း သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"ကောင်းပြီ... ခင်ဗျားက အာဏာရှိတယ်ဆိုတော့ ကျွန်တော် မရှုပ်ရဲပါဘူး...။ သေချာ ကိုင်ထား...၊ ကျွန်တော် အပေါ်တက်တော့မယ်...။"
စကားပြောရင်းပင် ရွှီပေါ်အန်းသည် သူ၏ သွက်လက်သော ခန္ဓာကိုယ်လှုပ်ရှားမှုကို ထပ်မံ ပြသလိုက်ပြီး မညီညာသော မျက်နှာပြင်များနှင့် ကမ်းပါးယံ၏ အက်ကြောင်းများတစ်လျှောက် အပေါ်သို့ တက်လှမ်းလေ တော့၏။
တစ်မီတာ... ငါးမီတာ... ဆယ်မီတာ... မီတာငါးဆယ်...
ရွှီပေါ်အန်း၏ ပုံရိပ်မှာ တည်ငြိမ်စွာ မြင့်တက်လာပြီး ပိုင်ရှန်းရှန်းမှာမူ အမြင့်ကြောက်သည့် ရောဂါကြောင့် ဖြစ်ဟန်တူကာ မျက်စိကို မှိတ်ထားလေ၏။
ကမ်းပါးယံ အစွန်းသို့ ရောက်ရန် ဆယ်မီတာခန့်သာ လိုတော့ချိန်တွင် အနောက်ဘက်ရှိ ပိုင်ရှန်းရှန်းက ရုတ်တရက် ပြောလာလေသည်။
"ကျွန်မ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး...။ အားကုန်နေပြီ...။"
ချက်ချင်းဆိုသလိုပင် သူ၏ လည်ပင်းကို ဖက်ထားသော သွယ်လျသော လက်မောင်းများ လျော့ရဲသွားသည်ကို ရွှီပေါ်အန်း ခံစားလိုက်ရလေ၏။ သူသည် အလျင်အမြန် လက်လှမ်းကာ ပိုင်ရှန်းရှန်းကို အနောက်မှ လှမ်းဖမ်း လိုက်ပြီး တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။
အထိအတွေ့အရ နူးညံ့ပြီး ကျုံ့ဆန့်နိုင်သော အရာတစ်ခုကို သူ ခံစားလိုက်ရလေ၏။ ရွှီပေါ်အန်းသည် မနေနိုင်ဘဲ နှစ်ချက်ခန့် ညှစ်မိသွားလေသည်။ ရုတ်တရက် သူ တစ်ခုခုကို သတိပြုမိသွားပြီးနောက် အပြစ်ရှိသလို ခံစားလို က်ရကာ အံ့အားသင့်ဖွယ် လှုပ်ရှားမှုတစ်ခုကို တွေးတောလိုက်ပြီး အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။
"ကျစ်... ခင်ဗျား စောစောကတည်းက ပြောသင့်တာပေါ့...။ ကျွန်တော်သာ တုံ့ပြန်ဖို့ နည်းနည်း နှေးသွားရင် ခင်ဗျား ပြုတ်ကျပြီး သေသွားနိုင်တယ်ဆိုတာ သိရဲ့လား...။"
ပိုင်ရှန်းရှန်းက မျက်ရည်များကို အတင်းအောင့်ထားရင်း ရှင်းပြလေ၏။
"ရှင့်ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်...။ ကျွန်မတို့ အပေါ်ရောက်တဲ့အထိ တောင့်ခံနိုင်မယ်လို့ ထင်ခဲ့လို့ပါ...။"
"အဓိပ္ပါယ်မရှိတာ...။ ခင်ဗျားကို ကယ်ဖို့ ကျွန်တော် အများကြီး ဒုက္ခခံခဲ့ရတာပဲ...။ ဒါက အရမ်း ကြီးမားတဲ့ ကျေးဇူးပဲလေ..။. ခင်ဗျား ကျွန်တော့်ကို အကြွေးတွေ အများကြီး တင်နေတာတောင် ဘာကို ရှက်နေရတာလဲ...။"
ရွှီပေါ်အန်းက ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
ပိုင်ရှန်းရှန်းမှာ ခေတ္တမျှ စကားဆွံ့အသွားပြီး ဘာပြောရမည်ကို မသိတော့ချေ။
သူပြောသည်မှာ အဓိပ္ပာယ်ရှိပုံရလေသည်။
အကြွေးများနေခြင်းက ဝန်ပိစေမည် မဟုတ်သလို၊ သန်းများစွာ ရှိနေခြင်းကလည်း ကိုက်ခဲစေမည် မဟုတ်ပေ။
ပြသခဲ့သော ကျေးဇူးတရားက ကြီးမားလှသောအခါ လူတစ်ယောက်အနေဖြင့် နှုတ်ဖြင့် ကျေးဇူးတင်စကား ပြောဆိုရန် မလိုအပ်တော့သည်မှာ သဘာဝပင် ဖြစ်လေ၏။
ပိုင်ရှန်းရှန်း စကားမပြောသည်ကို မြင်သောအခါ မိန်းကလေးမှာ ရှက်ရွံ့နေပြီး သူ ပြောဆိုလိုက်သည်မှာ အလွန် ကြမ်းတမ်းသွားသည်ဟု ရွှီပေါ်အန်း ယူဆလိုက်ကာ ချက်ချင်းပင် ညင်သာစွာ ပြောလိုက်လေသည်။
"ခင်ဗျား အဆင်ပြေရဲ့လား...။ ခင်ဗျား ခုလို ဖြစ်နေရင် ကျွန်တော် အပေါ်တက်လို့ ရမှာ မဟုတ်ဘူး...။"
လက်တစ်ဖက်တည်းဖြင့် ကမ်းပါးယံကို တွယ်တက်ရန်မှာ ရွှီပေါ်အန်း မဆိုထားနှင့်၊ တကယ့် မျောက်တစ် ကောင်ပင်လျှင် လုပ်နိုင်မည် မဟုတ်ချေ။
"စောစောက ကျွန်မရဲ့ ညာဘက် တံတောင်ဆစ် တိုက်မိသွားလို့ အခု ညာဘက်လက်မောင်းက အားမရှိတော့ ဘူး...။ ပြီးတော့ ကျွန်မ ခြေထောက်လည်း လိမ်သွားလို့ ဒူးခေါင်း အရမ်းနာနေတယ်...။ မဟုတ်ရင် ကျွန်မ ရှင့်ကို ဖက်ထားနိုင်ဦးမှာပါ...။"
ပိုင်ရှန်းရှန်း၏ အသံမှာ အနည်းငယ် ကြောက်ရွံ့နေဟန် ရှိလေ၏။
ထိုစကားလုံးကို ကြားလိုက်သည်နှင့် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ခြေတံရှည်များဖြင့် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာလေတော့၏။
ကံမကောင်းစွာဖြင့် သူ ယခု ထပ်မံ မခံစားနိုင်တော့ချေ။
ရွှီပေါ်အန်း သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"စိတ်မပူပါနဲ့...၊ တခြားနည်းလမ်း ကျွန်တော် စဉ်းစားကြည့်ပါ့မယ်...။"
"ရှင်... ရှင် လွှတ်လိုက်ပါလား...။ ကျွန်မ ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး...။"
ပိုင်ရှန်းရှန်းက အံကို တင်းတင်းကြိတ်ကာ မျက်လုံးများကို မှိတ်ထားလိုက်လေ၏။
"အဓိပ္ပါယ်မရှိတာ...၊ ခင်ဗျား စိတ်ကူးယဉ်နေတာလား...။ ကျွန်တော်က ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်ရတဲ့ သူရဲကောင်း ဖြစ်ဖို့ အခုမှ အခွင့်အရေး ရတာကို ခင်ဗျားက ကျွန်တော့်ကို တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့စေချင်တာလား...။"
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ရှန်းရှန်း၏ နှလုံးသားမှာ နူးညံ့သွားခဲ့လေသည်။
သူမသည် ယခင်က ဆဲဆိုတတ်သော လူများကို မုန်းတီးခဲ့သော်လည်း ဤအချိန်တွင်မူ ရွှီပေါ်အန်း၏ ဆဲဆို သံများက သူမ၏ နားထဲတွင် အလွန်တရာ နွေးထွေးနေသယောင် ထင်မှတ်ရလေ၏။
သူမ၏ မျက်လုံးထဲတွင် ရွှီပေါ်အန်း၏ ကျောပြင်သည် တောင်တန်းကြီး တစ်ခုကဲ့သို့ဖြစ်ကာ သူမ၏ မျှော်လင့် ချက်များ အားလုံးကို သယ်ဆောင်ထားလေသည်။
"ဟေး... ခင်ဗျား လက်နဲ့ ဖုန်းဆက်လို့ ရတယ်မလား...။ အကူအညီတောင်းဖို့ ဖုန်းဆက်လိုက်လေ...။"
ရွှီပေါ်အန်း ရုတ်တရက် အကြံဉာဏ်ရသွားပြီး အလျင်အမြန် မေးလိုက်လေ၏။
ပိုင်ရှန်းရှန်းမှာ စိတ်ညစ်သွားဟန်ဖြင့် အကူအညီမဲ့စွာ ပြောလိုက်လေသည်။
"ကျွန်မ... ကျွန်မ ဖုန်းက အရင်က ကားထဲမှာ ရှိတာပါ...။ ကား အရှိန်လွန်သွားတဲ့အချိန်မှာ ကျွန်မ ကားတံခါးကို တွန်းဖွင့်ပြီး ခုန်ထွက်ခဲ့တာ...။ ဖုန်းက ကားနဲ့အတူ ပြုတ်ကျသွားပြီ...။"
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်လေ၏။ ဟုတ်ပေသည်။ သို့မဟုတ်ပါက အောက်ရောက်နေသူသည် (၁၂၀) ကို ဖုန်းဆက်ပြီးလောက်ပြီ ဖြစ်သည်။ မည်သည့်အတွက်ကြောင့် အကူအညီတောင်း အော်ဟစ်နေမည်နည်း။
"ကောင်းပြီ... ကျွန်တော့် ဘောင်းဘီအိတ်ထဲ နှိုက်ပြီး ဖုန်းကို ရှာလိုက်...။ ညာဘက်အိတ်ထဲမှာ ရှိလိမ့်မယ်...။"
ရွှီပေါ်အန်းက သူ၏ မေးစေ့ဖြင့် ညာဘက်သို့ အချက်ပြလိုက်လေသည်။
သူသည် လက်တစ်ဖက်ဖြင့် ကျောက်ဆောင်ကမ်းပါးယံကို တင်းကျပ်စွာ တွယ်ကပ်ထားပြီး ကျန်လက်တစ် ဖက်ဖြင့် သူ၏ ကျောပေါ်ရှိ ပိုင်ရှန်းရှန်းကို ကာကွယ်ထားရသဖြင့် သဘာဝကျစွာပင် သူ၏ ဖုန်းကို အသုံးပြု နိုင်မည် မဟုတ်တော့ပေ။
"အို..."
ပိုင်ရှန်းရှန်း တုံ့ပြန်လိုက်ပြီး ရွှီပေါ်အန်း၏ ညာဘက် ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်လိုက်လေ၏။
“ဟင်... ဒါက...။”
"မဟုတ်ဘူး... ခင်ဗျား မှားကိုင်မိနေပြီ...။"
ရွှီပေါ်အန်း ရုတ်တရက် တုန်ယင်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။
"အင်း…၊ကျွန်မ အဲဒီအိတ်ထဲ ပြန်စမ်းကြည့်ပါ့မယ်...။"
ပိုင်ရှန်းရှန်းက မျက်နှာတစ်ခုလုံး နီရဲသွားကာ ရှက်ရွံ့စွာဖြင့် တိုးတိတ်စွာ ပြောလိုက်လေ၏။
ပိုင်ရှန်းရှန်း၏ လက်မောင်းမှာ ဒဏ်ရာရထားသဖြင့် ရွှီပေါ်အန်း၏ ကျောပေါ်တွင် မှီခိုနေရချိန်၌ ရွှီပေါ်အန်း၏ ရင်ဘတ်ကို လှမ်းဖက်ကာ အောက်သို့ လက်နှိုက်ခြင်းဖြင့်သာ အခြားတစ်ဖက်ရှိ ဘောင်းဘီအိတ်ဆီသို့ လှမ်းမီနိုင်လေသည်။
မှန်ပေသည်။ ၎င်းမှာ သူ၏ ရင်အုပ်ကြွက်သားများပင် ဖြစ်လေ၏။ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား၏ ကောင်းချီးပေးခြင်းကို သုံးကြိမ်တိုင်တိုင် ရရှိပြီးနောက် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အခြေအနေမှာ အံ့မခန်းဖြစ်လာပြီး စံမီသော ဗိုက်ကြွက်သား ရှစ်မြောင်း အမှန်တကယ် ပိုင်ဆိုင်လာခဲ့ကြောင်း ရွှီပေါ်အန်း အံ့အားသင့်စွာ တွေ့ရှိခဲ့ရလေသည်။
ဤသည်မှာ အမျိုးသားများ၏ စံပြနှင့် အမျိုးသမီးများ၏ အိပ်မက်ပင် ဖြစ်လေ၏။
ပိုင်ရှန်းရှန်းသည် မျက်နှာနီရဲကာ ရင်ခုန်သံများ မြန်ဆန်နေလျက် ရွှီပေါ်အန်း၏ ခါးကို သိုင်းဖက်ကာ
ဘယ်ဘက်အိတ်ထဲသို့ အားကုန်သုံး၍ လက်နှိုက်လိုက်ရာ နောက်ဆုံးတွင် သူ၏ ဖုန်းကို စမ်းမိသွားလေ တော့သည်။
"တွေ့ပြီ...။"
ပိုင်ရှန်းရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သော်လည်း ဖုန်းကို ထုတ်ယူလိုက်သည့်အချိန်တွင် သူမမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့လေ၏။
သူ၏ ဖုန်းတွင် ဆစ်ဂနယ် လုံးဝ မပြနေသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားခဲ့လေသည်။
ရွှီပေါ်အန်းက သူ၏ ဖုန်းစကားဝှက်ကို ပြောပြလေ၏။
"စကားဝှက်က ၂၃၄၀၅၆ ပါ..."
ပိုင်ရှန်းရှန်းက ခါးသီးစွာ ပြုံးလျက် ပြောလေသည်။
"ဒီမှာ ဆစ်ဂနယ် လုံးဝ မရှိဘူး...။"
*ဆစ်ဂနယ် မရှိဘူး…။*
ထိုသို့ဆိုလျှင် မျှော်လင့်ချက် မရှိတော့ချေ။
ရွှီပေါ်အန်းသည် စိတ်ပျက်မှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲတွင် နောက်ထပ် ဘာဆက်လုပ် ရမည်နည်းဟု အလျင်အမြန် တွေးတောနေလေ၏။
များစွာ စဉ်းစားပြီးနောက် ရွှီပေါ်အန်းတွင် အခြား ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ သိစိတ်ပင်လယ်ထဲရှိ ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ နစ်မြုပ်ဝင်ရောက်ကာ ဖြစ်နိုင်သမျှ စွမ်းအားအရင်းအမြစ် တစ်ခုခုကို ရှာဖွေရန်သာ ရှိတော့လေသည်။
ဘွန်ဆိုင်းကမ္ဘာလေးထဲတွင် ငြိမ်းချမ်းပြီး တိတ်ဆိတ်ငြိမ်သက်သော လေထုက လွှမ်းမိုးထားလေ၏။
ရွှီပေါ်အန်းသည် လီချိန်းရှီကို မသိမသာ သွားရောက်ရှာဖွေခဲ့သော်လည်း လီချိန်းရှီ ထိုနေရာတွင် မရှိနေ သေးကြောင်း တွေ့လိုက်ရလေသည်။
ထိုကောင်လေး ဘယ်ရောက်သွားပါသနည်း။ သူ့ကို တစ်မနက်လုံး မတွေ့ရချေ။ သူသည် စွန်းဝေဝေကို ရှာဖွေရန် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ရထားကို အခမဲ့ စီးကာ ခရိုင်မြို့တော်သို့ ထပ်မံ ထွက်သွားလေပြီလား။
ဤကောင်လေးသည် မိန်းမနောက် လိုက်တတ်မည့် အလားအလာ ရှိလေသည်။ သူတို့ ခွဲခွာရသည်မှာ ရက် အနည်းငယ်သာ ရှိသေးသော်လည်း တစ်စုံတစ်ယောက်ကို ရှာဖွေရန် အလျင်စလို ထွက်ပြေးသွားလေပြီ။
အကယ်၍ တစ်ဖက်လူက ကောက်ကျစ်သော အကြံအစည် တစ်ခုခု လုပ်ဆောင်ခဲ့လျှင် လီချိန်းရှီသည် သူတို့၏ သနားညှာတာမှုအောက်တွင်သာ ရှိနေရလိမ့်မည် ဖြစ်၏။
သူ လူကောင်းတစ်ယောက်နှင့် ဆုံတွေ့နိုင်ပါစေဟု မျှော်လင့်ရလေသည်။
ရုတ်တရက် ရွှီပေါ်အန်း၏ အကြည့်များသည် မြို့ရိုးပေါ်တွင် ပျင်းရိစွာ ကင်းလှည့်နေသော ဓားပြဂိုဏ်းသားများ ဆီသို့ ရောက်ရှိသွားလေ၏။
ဓားပြဂိုဏ်းသားများ။ ရွှီပေါ်အန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့လေသည်။
*ဪ...၊ ဟုတ်သားပဲ...။ ငါ သူ့ကို ဘယ်လိုများ မေ့နေနိုင်ရတာလဲ...။*
*မျှော်လင့်ချက် ရှိသွားပြီ...။*