← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅)

မြို့စောင့်နတ်ကွန်းတွင် တန်ခိုးပြာဋိဟာ ပြသခြင်း

"အရှင်ကျောင်း..."

လီချိန်းရှီသည် မြို့စောင့်ရဲမက်ဝတ်စုံ ဝတ်ဆင်ထားသော ထိုလူကို ချက်ချင်းပင် မှတ်မိသွားခဲ့လေ၏။

သူသည် အသိဟောင်းတစ်ဦး ဖြစ်နေလေသည်။

လွန်ခဲ့သောရက်အနည်းငယ်က ခေါင်ရှန်းရွာသို့ အခွန်ကောက်ခံရန် လာရောက်ခဲ့ပြီးနောက် မြို့စောင့်တပ်မှူး ဝမ်ချောင်နှင့်အတူ တောင်စောင့်နတ်မင်း နတ်ကွန်းသို့ လိုက်ပါကာ ရှိခိုးပူဇော်ခဲ့သည့် အစိုးရအရာရှိ လောင်ကျောင်းပင် မဟုတ်ပါလော။

"ဟေး...၊ သူရဲကောင်းလီ...၊ မင်းလည်း ရောက်နေတာကိုး...။"

လောင်ကျောင်းသည် လီချိန်းရှီကို မြင်သောအခါ အတော်လေး အံ့အားသင့်သွားပြီး အမြန် လျှောက်လာခဲ့ လေ၏။

လီချိန်းရှီက ခေါင်းညိတ်ပြကာ ရှင်းပြလိုက်လေသည်။

"ကျွန်တော် မြို့ထဲဝင်လာတဲ့ လမ်းမှာ ပုန်ကန်သူတွေနဲ့ ကြုံရပြီး ဒဏ်ရာရသွားခဲ့တယ်...။ စောစောက မြို့တံခါးဝ ကနေ ဝင်လာတုန်း မြို့စောင့်တပ်မှူးဝမ်နဲ့ ဆုံခဲ့တာ...။ သူက ကျွန်တော့်ကို ဒဏ်ရာရထားတဲ့သူတွေနဲ့အတူ ဒီနေရာ မှာ ခဏနားဖို့ ပြောခဲ့တယ်...။ အရှင်ကျောင်း... မြို့စောင့်တပ်မှူးဝမ်က ဘယ်လိုအခြေအနေ ရှိလဲ...။"

"ကျွန်တော့်ကို အရှင်လို့ မခေါ်ပါနဲ့...၊ လောင်ကျောင်းလို့ပဲ ခေါ်ပါ...။" ဟု လောင်ကျောင်းက အလျင်အမြန် တုံ့ပြန်လိုက်လေ၏။

ပုံမှန်အားဖြင့် သာမန်ပြည်သူများက သူ့ကို အရှင် သို့မဟုတ် အရာရှိဟု ခေါ်ဆိုခြင်းကို သူ ဂရုမစိုက်သော်လည်း ယခု သူ၏အထက်အရာရှိ မြို့စောင့်တပ်မှူးဝမ်၏ ရှေ့တွင်မူ ထိုသို့ခေါ်ဆိုခြင်းကို သူ လက်မခံဝံ့ချေ။

ရှင်းပြပြီးနောက် လောင်ကျောင်းက စိုးရိမ်တကြီး မျက်နှာထားဖြင့် ဆက်ပြောလေသည်။

"မြို့စောင့်တပ်မှူးဝမ်က ပုန်ကန်သူတွေ ပစ်လိုက်တဲ့ အဆိပ်လူးမြှား အပစ်ခံလိုက်ရတယ်...။ အစကတော့ သူက ဒါကို အလေးအနက် မထားခဲ့ဘူး...။ ပခုံးကို မှန်တာဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ နေရာမဟုတ်ဘူး...၊ တိုက်ပွဲ ကို ဆက်ပြီး ကွပ်ကဲနိုင်သေးတယ်လို့ ထင်ခဲ့တာ...။ ဒါပေမဲ့ မထင်မှတ်ဘဲ အမွှေးတိုင်တစ်ဝက်စာ အချိန်လောက် မှာပဲ ရုတ်တရက် သတိလစ်သွားခဲ့တယ်...။ အဖွဲ့ထဲမှာ စစ်တပ်သမားတော်တွေ ဒါမှမဟုတ် သမားတော်တွေ လည်း မပါဘူး...။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ...။"

ရွှီပေါ်အန်းသည် ဤအရာအားလုံးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရလေ၏။

ယခုအခါ သူ၏ ထူးခြားပြောင်မြောက်သော ဆေးပညာစွမ်းရည်ဖြင့် ဝမ်ချောင်သည် မည်သည့်အဆိပ်လူးမြှားမှ အပစ်ခံရခြင်း မဟုတ်ကြောင်း ချက်ချင်းပင် သိရှိလိုက်လေသည်။

ယင်းအစား သွေးထွက်လွန်ခြင်းနှင့် အိပ်ရေးမဝဘဲ အနားမရခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းမှု ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်းသာ ဖြစ်လေ၏။

မဟာကျင့်မင်းဆက်တွင် သွေးတွင်းသကြားဓာတ် ကျဆင်းနိုင်ခြေမှာ အတော်လေး မြင့်မားလှ ပေသည်…။

ရက်အနည်းငယ်အတွင်းမှာပင် သူ ဤရောဂါဖြစ်သူ နှစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်၏။

သို့သော်လည်း လက်ရှိအချိန်တွင် ရွှီပေါ်အန်း၌ မည်သည့် သကြားလုံးမှ လက်ဝယ်မရှိသောကြောင့် ကောင်းမွန် သော အကြံအစည် မရှိဖြစ်နေလေသည်။

ထိုနေရာရှိ လူများထဲတွင် သမားတော်တစ်ဦး အမှန်တကယ် ပါဝင်နေပြီး ရွှီပေါ်အန်း စကားမပြောနိုင်မီ သူတို့၏ မေးခွန်းများကို ထိုသူက ဖြေဆိုပေးလိုက်လေ၏။

ဝတ်ရုံရှည်ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လူအုပ်ကြားထဲမှ တိုးထွက်လာကာ လောင်ကျောင်းအနီးသို့ ချဉ်းကပ်လာခဲ့လေသည်။

"ကျွန်တော်က ဆေးကုသနိုင်တဲ့ သမားတော်တစ်ဦး မဟုတ်သေးပေမယ့် ဆေးပညာကို နှစ်အနည်းငယ်လောက် လေ့လာခဲ့ဖူးပါတယ်...။ ကျွန်တော့်အတွေ့အကြုံအရ ဝမ်ရဲ့ လက္ခဏာတွေက အဆိပ်မိတာနဲ့ မတူဘဲ အလွန် အကျွံ စားသောက်ခြင်းနဲ့ ငတ်မွတ်ခြင်းတို့ကြောင့် ဖြစ်လာတဲ့ အားအင်ကုန်ခမ်းမှုသာ ဖြစ်ပါတယ်...။ ဒါက ငတ်မွတ်ခေါင်းပါးတဲ့ နှစ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ...။"

မြို့စောင့်တပ်မှူးဝမ် အဆိပ်မိခြင်း မဟုတ်ကြောင်း ထိုလူပြောသည်ကို ကြားသောအခါ လောင်ကျောင်းသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး အလျင်အမြန် မေးလိုက်လေ၏။

"အားအင်ကုန်ခမ်းမှု ဟုတ်လား...။ အဲဒါက ဘယ်လိုရောဂါမျိုးလဲ...။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး...။"

ထိုလူငယ်က ရှင်းပြလေသည်။

"အဲဒါက အချိန်ကြာမြင့်စွာ ငတ်မွတ်နေတာ ဒါမှမဟုတ် အစားအသောက်ပုံမှန်မရှိတာ ဥပမာ၊ ထမင်းစားချိန်ကျော် သွားတာ၊ အလွန်အကျွံ စားသောက်တာတွေကြောင့် ဖြစ်တဲ့ ရောဂါပါ...။ အိပ်ရေးမဝရင်လည်း ဒီလိုအခြေအနေ ဖြစ်နိုင်တယ်လို့ ကျွန်တော့် ဆရာက ပြောဖူးပါတယ်...။"

လောင်ကျောင်း ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်လေ၏။

"အာ... ဒါကြောင့်ကိုး...။ ကျွန်တော်တို့လို အလုပ်လုပ်တဲ့သူတွေအတွက် အစားအသောက်က ပုံမှန်မရှိဘူးလေ...။ တစ်ရက် ငတ်လိုက်၊ နောက်တစ်ရက် ဗိုက်တင်းအောင်စားလိုက် ဖြစ်နေတာက သဘာဝပဲ...။ ကျွန်တော်တို့ သာမန် မြို့စောင့်ရဲမက်တွေက အဆင်ပြေသေးပေမယ့် မြို့စောင့်တပ်မှူးဝမ်နဲ့ တခြားမြို့စောင့်ရဲမက်တွေ အမှု စစ်တဲ့အခါ သူတို့ရဲ့ အစားအသောက်က တကယ်ကို ပုံမှန်မရှိကြဘူး...။ အထူးသဖြင့် ဒီလွန်ခဲ့တဲ့ နှစ်ရက် သုံးရက် အတွင်း မြို့စောင့်တပ်မှူးဝမ်က မျက်လုံးတောင် မမှိတ်ရသေးဘူး...။"

ထိုလူငယ်က ခေါင်းညိတ်ကာ ဆိုလေ၏။

"သူ့မှာ အဆိပ်မိတဲ့ လက္ခဏာ မတွေ့ရဘူး...။ အခု ခင်ဗျားပြောမှပဲ ဒါက အလွန်အကျွံ စားသောက်ခြင်းနဲ့ ငတ်မွတ်ခြင်းကြောင့် ဆိုတာ သံသယဖြစ်စရာ မရှိတော့ပါဘူး...။"

လောင်ကျောင်းက စိုးရိမ်တကြီး မေးလိုက်လေသည်။

"အို... သမားတော်...၊ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ...။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ မြို့စောင့်တပ်မှူးကို မြန်မြန် ကုသပေးပါ...။ သူက ကျွန်တော်တို့ရဲ့ အားကိုးရာ ထောက်တိုင်ပါ...။"

ထိုလူငယ်သည် လက်လှမ်းကာ မြို့စောင့်တပ်မှူးဝမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ ခေတ္တမျှ သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ပြောလိုက်လေ၏။

"စိတ်မပူပါနဲ့... ကြီးကြီးမားမား မဟုတ်ပါဘူး...။ သူ့ရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပြီး အားကောင်းနေတုန်းပဲ...။ ဒီအခြေအနေမှာ သူ အစားအစာ အနည်းငယ် စားဖို့ပဲ လိုတာပါ...။ မကြာခင် သက်သာသွားပါလိမ့်မယ်...။"

လောင်ကျောင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကို အလျင်အမြန် လှမ်းအော်လိုက် လေသည်။

"အစားအစာ...၊ ကျွန်တော်တို့ထဲက တစ်ယောက်ယောက် စားစရာ တစ်ခုခု ပေးနိုင်မလား...။"

တုံ့ပြန်မှု မရှိချေ။

အကြောင်းရင်းတစ်ခုမှာ ပုန်ကန်သူများ ရုတ်တရက် ရောက်ရှိလာသဖြင့် လူများတွင် အစားအစာ ဝယ်ယူရန် အချိန်မရခဲ့သောကြောင့် အမှန်တကယ်ပင် အစားအစာ မကျန်ရှိတော့ခြင်း ဖြစ်လေသည်။

ဒုတိယအချက်အနေဖြင့် ကမောက်ကမဖြစ်နေသော အချိန်များတွင် အစားအစာသည် အရေးကြီးဆုံးအရာ ဖြစ်ပြီး သာမန်ပြည်သူများက ၎င်းကို မဝေမျှလိုကြပေ။

လောင်ကျောင်း အံကြိတ်ကာ ပြောလိုက်လေ၏။

"ကောင်းပြီလေ... ကံတရားအပေါ်မှာပဲ ပုံချထားလိုက်ကြတာပေါ့...။ အမှန်အတိုင်း ပြောရရင် အပြင်မှာ ကျွန်တော်တို့လည်း အစားအစာ ပြတ်လပ်နေပြီ...။ အကယ်၍ နောက်ထပ် နှစ်ရက် သုံးရက်အတွင်း စစ်ကူ မရောက်လာဘူးဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေ သေဖို့ပဲ စောင့်ရတော့မယ်...။"

လီချိန်းရှီက စိုးရိမ်တကြီး ကြည့်ကာ နောင်တရစွာဖြင့် ပြောလေသည်။

"ဟူး...၊ အဘိုးက ကျွန်တော် မထွက်လာခင် အိတ်ကပ်ထဲကို ဆားနယ်အသားခြောက်နဲ့ သကြားလုံးတချို့ ထည့်သွားဖို့ ပြောခဲ့တာ...။ ဒါပေမဲ့ ကျွန်တော်က အရမ်းအလုပ်ရှုပ်တယ် ထင်ပြီး ငြင်းခဲ့မိတယ်...။ ဒါမှမ ဟုတ်ရင်တော့...။ ဟူး...။"

လီချိန်းရှီ၏ စကားများက အခြေအနေကို စောင့်ကြည့်နေခဲ့သော ရွှီပေါ်အန်းအား သတိရသွားစေခဲ့လေ၏။

မှန်ပေသည်... ယခု သူ၏ လက်ဝယ်တွင် အစားအစာ မရှိသကဲ့သို့ ကြောင်အကိုကြီး၏ ကားထဲတွင်လည်း ဘာမှ မကျန်သလောက်ဖြစ်နေပြီ ဖြစ်သော်လည်း ခေါင်ရှန်းရွာတွင်မူ အချို့အဝက် ရှိနေသေးလေသည်။

ခေါင်ရှန်းရွာသို့သွားကာ အစားအစာအချို့ယူပြီး ဤအချိန်ကို ကျော်ဖြတ်ရန် တစ်ဖက်မှယူ၍ တစ်ဖက်သို့ ကူညီပေးခြင်းက ဘာကြောင့် မဖြစ်နိုင်ရမည်နည်း။

ထို့အပြင် တောင်စောင့်နတ်မင်း နတ်ကွန်းတွင် အမြဲလိုလို ပူဇော်သက္ကာများ ရှိနေတတ်ကြောင်း ရွှီပေါ်အန်း မှတ်မိနေသဖြင့် သူ့ကို အကူအညီပေးရန် ထိုအရာအချို့ကို ယူဆောင်လာခြင်းက အနေတော်ပင် ဖြစ်လေ၏။

ထိုအတွေးဖြင့် ရွှီပေါ်အန်းသည် ချက်ချင်းပင် လက်တွေ့လုပ်ဆောင်လိုက်လေသည်။

မကြာမီ ရွှီပေါ်အန်း၏ အကြည့်တို့သည် မြို့စောင့်နတ်ကွန်းမှ သူ၏ အခြေစိုက်စခန်းဖြစ်သော တောင်စောင့် နတ်မင်း နတ်ကွန်းဆီသို့ ရွှေ့လျားသွားခဲ့လေ၏။

ခေါင်ရှန်းရွာမှ ရွာသားများသည် တောင်စောင့်နတ်မင်း၏ စောင့်ရှောက်မှုကို ကျေးဇူးတင်ကြပြီး သူတို့ ကောင်းမွန် သည်ဟု ယူဆသော အစားအစာအားလုံး၏ တစ်စိတ်တစ်ပိုင်းကို တောင်စောင့်နတ်မင်း နတ်ကွန်း တွင် ပူဇော်ထားလေ့ရှိကြသည်။ တိုက်ဆိုင်စွာပင် ဤသည်က မြို့စောင့်တပ်မှူးဝမ်အား ကြီးမားသော အကူအညီ တစ်ခု ဖြစ်စေခဲ့လေသည်။

ရွှီပေါ်အန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ အမွှေးတိုင်တင်သည့် စားပွဲပေါ်ရှိ ပူဇော်သက္ကာ အားလုံးကို ချက်ချင်း ပင် ယူဆောင်လိုက်လေ၏။

ထို့နောက် သူသည် မြို့စောင့်နတ်ကွန်းသို့ အလျင်အမြန် ပြန်ဝင်လာပြီး လောင်ကျောင်း၏ရှေ့တွင် ပူဇော်သက္ကာ များကို တိုက်ရိုက်ချထားပေးလိုက်လေသည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ...။"

"ဘုရားရေ...၊ ဘာတွေ ဖြစ်ကုန်တာလဲ...။ ဘယ်ကမှန်းမသိတဲ့ အစားအစာတွေ ပေါ်လာတာပဲ...။"

"ဝိုး... တောသစ်သီးတွေနဲ့ ပေါင်မုန့်ပြားတွေတင် မကဘူး...။ အသားခြောက်တွေပါ ပါသေးတယ်...။"

"အို...၊ သကြားလုံးတွေလည်း ပါသေးတယ်...။ အရည်အသွေးမြင့် သကြားလုံးတွေပဲ...။"

"ဒီကောင်လေး ပြောတာ အမှန်များလား...။ တကယ်ပဲ နတ်ဘုရားတစ်ပါး တန်ခိုးပြာဋိဟာ လာပြတာလား...။"

ရုတ်တရက် ပေါ်လာသော အစားအစာများကြောင့် ဘေးမှ ကြည့်နေသူများ ချက်ချင်းပင် အံ့ဩမှင်တက် သွားကြပြီး အချင်းချင်း တီးတိုးဆွေးနွေးလာကြလေ၏။

လီချိန်းရှီ ဤသည်ကို မြင်သောအခါ ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားခဲ့လေသည်။ ဤသည်မှာ တောင်စောင့် နတ်မင်း၏ ကောင်းချီးပေးမှုဖြစ်ကြောင်း သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။

ဤပစ္စည်းများသည် သူတို့ တောင်စောင့်နတ်မင်းကို ကိုးကွယ်ပူဇော်ရန် နတ်ကွန်းထဲရှိ ယဇ်ပလ္လင်ပေါ်တွင် တင်ထားခဲ့သော အရာများဖြစ်ကြောင်း သူ မှတ်မိနေပြီး ဖြစ်လေသည်။

လောင်ကျောင်းသည်လည်း ခေါင်ရှန်းရွာတွင် နှစ်ကြိမ်တိုင်တိုင် နေထိုင်ခဲ့ဖူးပြီး တောင်စောင့်နတ်မင်း၏ တန်ခိုးပြာဋိဟာများကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသော်လည်း တောင်စောင့်နတ်မင်းသည် ဤမြို့စောင့်နတ်ကွန်း တွင်ပါ တန်ခိုးပြနိုင်စွမ်းရှိမည်ဟု သူ မသိခဲ့ချေ။

ချက်ချင်းပင် လောင်ကျောင်းက လီချိန်းရှီအား မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ ပြောလိုက်လေ၏။

"သူရဲကောင်းလီ...၊ ဒါက...။"

လောင်ကျောင်း၏ မျက်လုံးများထဲမှ မယုံကြည်နိုင်သော အကြည့်ကို မြင်သောအခါ လီချိန်းရှီက ခေါင်းညိတ် ပြလိုင်ပြီး သေချာပေါက် ပြောလိုက်လေသည်။

"ဒါ တောင်စောင့်နတ်မင်းကြီးပဲ...။ စောစောကတောင် သူက ကျွန်တော့်ရဲ့ ဒဏ်ရာတွေ ကုသဖို့ ဆေးလုံးတွေ ပေးသနားခဲ့သေးတယ်...။ ဒီအစားအစာတွေ အားလုံးက တောင်စောင့်နတ်မင်းကြီးဆီက ပူဇော်သက္ကာတွေပါ...။ တောင်စောင့်နတ်မင်းကြီးက သူ့ရဲ့ကိုယ်ပိုင် ပူဇော်သက္ကာတွေကိုတောင် စွန့်လွှတ်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့ဘူး...။"

"ဒါ တကယ်ကို တောင်စောင့်နတ်မင်းကြီးပဲ...။"

လောင်ကျောင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရာ နောက်တစ်ဖန် ပို၍ အာရုံစိုက်မှုကို ဆွဲဆောင်သွား ခဲ့လေ၏။

လောင်ကျောင်း၏ဘေးရှိ အစားအစာများကို ကြည့်ရင်း လူအများအပြားမှာ တံတွေးမျိုချလိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ စူးစိုက်ကြည့်နေစဉ် တလက်လက် တောက်ပနေကြလေသည်။

သို့သော်လည်း မြို့စောင့်ရဲမက်တစ်ဦးဖြစ်သော လောင်ကျောင်းအတွက်မူ မည်သူကမျှ သူ၏ပစ္စည်းများကို ခိုးယူရန် မဝံ့ရဲကြချေ။

အနီးတွင် ရပ်နေသော သမားတော်က ချက်ချင်းပင် ပြောလိုက်လေ၏။

"မြို့စောင့်တပ်မှူးဝမ်က သတိလစ်နေတုန်းဆိုတော့ အစာစားဖို့ ခက်ခဲလိမ့်မယ်...။ သူ့ကို သကြားလုံး နည်းနည်း အရင်ကျွေးလိုက်ကြရအောင်...။ ဒါက သူ့ရဲ့ စွမ်းအင်ကို ဖြည့်တင်းပေးရုံသာမက တံတွေးထွက်ဖို့ကိုလည်း လှုံ့ဆော်ပေးနိုင်တယ်...။ ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ...။"

မကြာမီ သူနှင့် လောင်ကျောင်းတို့သည် မြို့စောင့်တပ်မှူးဝမ်၏ ပါးစပ်ကို ဟကာ ဝမ်ချောင်အား သကြားလုံးအချို့ ခွံ့ကျွေးလိုက်ကြလေသည်။

များမကြာမီ ဝမ်ချောင် သတိပြန်လည်လာခဲ့လေ၏။

အုပ်စုထံမှ မျိုးစုံသော ရှင်းပြချက်များကို ကြားပြီးနောက် သူ၏အသက်ကို တောင်စောင့်နတ်မင်းက အမှန် တကယ် ကယ်တင်ခဲ့ကြောင်း ဝမ်ချောင် နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။

ဝမ်ချောင်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ပြောဆိုလိုက်လေ၏။

"တောင်စောင့်နတ်မင်းကြီး...၊ အရှင်မင်းကြီးရဲ့ စောင့်ရှောက်မှုအတွက် ကျေးဇူးတင်ရှိပြီး ဘဝအသစ်တစ်ခု ရရှိခဲ့ ပါပြီ...။ အကယ်၍ ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်ကိုတွေ ဤတစ်ကြိမ် အသက်ရှင်နိုင်မယ်ဆိုရင် ကျွန်တော့် မိသားစုနဲ့ သားစဉ်မြေးဆက်တွေ တောင်စောင့်နတ်မင်းကြီးကို အစဉ်အဆက် ကိုးကွယ်ပူဇော်သွားဖို့ သေချာ ပေါက် လုပ်ဆောင်ပါ့မယ်...။"

ထိုသို့ပြောပြီးနောက် ဝမ်ချောင်သည် ထရပ်ကာ အမွှေးတိုင်စားပွဲဘေးသို့ ပြေးသွားလေသည်။ သူသည် လက်လှမ်းကာ အမွှေးတိုင်များကို ထုတ်ယူလိုက်ပြီး သုံးတိုင်ကို မီးညှိကာ အမွှေးတိုင်ခွက်ထဲသို့ တိတ်ဆိတ်စွာ ထည့်သွင်းလိုက်လေ၏။

နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် ရုတ်တရက် သူ့ထံသို့ သက်တောင့်သက်သာရှိမှုလှိုင်းတစ်ခု ရိုက်ခတ်လာ သည်ကို ခံစားလိုက်ရလေသည်။

သေချာစွာ စစ်ဆေးကြည့်သောအခါ သူ၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများသည် လေးကြိုး တိတိ တိုးလာကြောင်း သူ တွေ့ရှိလိုက်ရလေ၏။

*ဘုရားရေ... ယနေ့ ဘာတွေဖြစ်နေတာလဲ...။ အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု ပမာဏက အလကားရနေသလိုပဲ ထိုးတက်နေပါလား…။*

ဝမ်ချောင်သည် ယခင်က သူ၏အတွက် တောင်စောင့်နတ်မင်း နတ်ကွန်းသို့သွား၍ အမွှေးတိုင်ပူဇော်ချိန်တွင် တစ်ကြိမ်လျှင် အမွှေးတိုင် နှစ်ကြိုးနှင့် သူ၏ ဆုတောင်းစွမ်းအားကိုသာ ပေးခဲ့ကြောင်း ရွှီပေါ်အန်း ရှင်းလင်းစွာ မှတ်မိနေလေသည်။

ယခု ဘာကြောင့် နှစ်ဆဖြစ်သွားရသနည်း။

ရွှီပေါ်အန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အပြင်ဘက်ခြံတံခါး ရုတ်တရက် ပွင့်လာခဲ့လေ၏။

ရှန်းယန်ခရိုင်ဝန်နှင့် တူညီသော သံချပ်ကာနှင့် ဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သားတစ်ဦး ပြေးလာခဲ့လေသည်။

ခိုတစ်ကောင်ကို ကိုင်ဆောင်ထားသော ထိုလူသည် ဝမ်ချောင် နိုးနေသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွား ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေ၏။

"မြို့စောင့်တပ်မှူးဝမ်...၊ အစ်ကို အဆင်ပြေရဲ့လား...။ ဝမ်းသာစရာပဲ...။"

ဘေးတွင် ရပ်နေသော လောင်ကျောင်းက သူ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တီးတိုးပြောလိုက်လေသည်။

"ရှူး...၊ တိတ်တိတ်နေစမ်း...။"

ဝမ်ချောင်သည် မျက်လုံးမှိတ်ထားလျက် သူ၏ဘာသာ ခေတ္တမျှ တစ်စုံတစ်ရာကို တီးတိုးရေရွတ်နေပြီးမှ ထရပ်ကာ လှည့်၍ မေးလိုက်လေ၏။

"ညီအစ်ကို...၊ မင်းကို ဘယ်အရာက ဒီနေရာကို ခေါ်ဆောင်လာတာလဲ...။"

ရွှီပေါ်အန်း အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လေသည်။ ဤလူက ဆုတောင်းပြီး ကောင်းချီးမင်္ဂလာ တောင်းခံနေပြန်တာ ဖြစ်နိုင်သော်လည်း “မင်းက စကားတစ်ခွန်းမှ မပြောဘဲနေရင် မင်း ဘာတွေးနေလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ…။”

စစ်သားက ပျော်ရွှင်စွာ အော်ပြောလေသည်။

"အစ်ကိုဝမ်... ကျွန်တော်တို့ ချင်းမူစီရင်စုကနေ သတင်းတစ်ခု ရထားတယ်...။ ရှန်းယန်ခရိုင်ကနေ ထွက်ပြေး သွားတဲ့ ခရိုင်ဝန်တွေ၊ ခရိုင်လက်ထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ချင်းမူအလံတပ်ဖွဲ့က ညီအစ်ကိုတွေ အားလုံး ဖမ်းမိထားပြီ...။ အစ်ကိုဝမ်က ရန်သူကို ခုခံရာမှာ တာဝန်ကျေပွန်ခဲ့တယ်...။ စီရင်စုမှူးက အစ်ကိုဝမ်ကို ခရိုင်ဝန်ရာထူး ယာယီတာဝန်ယူပြီး ရှန်းယန်ခရိုင်ရဲ့ ကိစ္စအဝဝကို ကြီးကြပ်ဖို့ အမိန့်ချမှတ်လိုက်ပြီ...။"

ရွှီပေါ်အန်း အံ့သြသွားပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့လေ၏။

ထိုသို့ဆိုလျှင် ဝမ်ချောင်က ရာထူးတိုးသွားတာပေါ့လေ။ သို့ဖြစ်လျှင် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြု မှုများ တိုးတက်လာသည့်ပုံစံနှင့် ပတ်သက်၍ သူ၏ ယခင်ခန့်မှန်းချက်က အဓိပ္ပာယ်ရှိသွားပေပြီ။

လူတစ်ဦး ဩဇာလွှမ်းမိုးမှု ကြီးမားလေလေ၊ သူတို့ ပူဇော်သက္ကာတွေ ပိုယူဆောင်လာနိုင်လေလေပင်။

“ခရိုင်ဝန်တစ်ဦးက မြို့စောင့်ရဲမက်ခေါင်းဆောင်ထက် ပိုပြီး ဩဇာလွှမ်းမိုးမှု ရှိတာ သံသယဖြစ်စရာ မလိုပါ ဘူး…။*

သို့သော်လည်း ဝမ်ချောင်သည် ထိုသတင်းကို သိပ်ဂရုမစိုက်ချေ။ ယင်းအစား သူ၏ မျက်လုံးများ ပြူးကျယ်သွား ကာ မေးလိုက်လေ၏။

"စစ်ကူသတင်း ရှိလား...။ ပုန်ကန်သူတွေက ကျွန်တော်တို့ရဲ့ ရှန်းယန်နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီ...။ ချင်းမူစီရင်စုက အခုလောက်ဆို သတင်းရလောက်ပြီပေါ့...။"

စစ်သားက ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် စိတ်ပျက်အားငယ်သွားကာ ပြောလေသည်။

"ဒီမှာတော့ ဘာမှ မပါဘူး...။ ဒါကြောင့် စစ်ကူတွေ မကြာခင် ရောက်လာဖို့ မဖြစ်နိုင်သလောက်ပဲ...။ ကျွန်တော် သိသလောက်တော့ ချင်းမူအလံတပ်ဖွဲ့အောက်က စစ်သားအများစုဟာ ပုန်ကန်သူတွေကို တိုက်ခိုက်ဖို့ ယွီတောင် ကို သွားကြပြီ...။ နောက်ပြီး ရန်သူကို တားဆီးဖို့ ထိရောက်တဲ့ အင်အား စုဆောင်းနိုင်ဖို့ကလည်း ဖြစ်နိုင်ခြေ အရမ်းနည်းတယ်...။”

“ကျွန်တော်တို့ကိုတော့ ပြောမနေနဲ့တော့...။ မဟာကျင့်မင်းဆက်ရဲ့ ပုံမှန် စစ်ရေးလုပ်ထုံးလုပ်နည်းတွေအရ စီရင်စုမြို့တော်က အခုဆိုရင် စစ်အုပ်ချုပ်ရေးအောက် ရောက်နေလောက်ပြီ ဖြစ်ပြီး ထိရောက်တဲ့ စစ်ကူတွေ ထပ်ပို့ပေးနိုင်မှာ မဟုတ်ဘူး...။"

ဝမ်ချောင်သည် ဒေါသတကြီးဖြင့် သူ၏ အခြားလက်တစ်ဖက်ကို လက်သီးဖြင့် ထိုးလိုက်သော်လည်း မသိစိတ် အရ ပြုမူလိုက်သော ထိုလုပ်ရပ်က သူ၏ ပခုံးပေါ်ရှိ ဒဏ်ရာကို ပို၍ နာကျင်စေခဲ့လေ၏။

ဝမ်ချောင် အသက်ရှူမှားသွားပြီး ဟိန်းဟောက်လိုက်လေသည်။

"ကျစ်...၊ ငါတို့ အသက်ရှင်မလားတောင် မသိရသေးတာ...။ ရာထူးတိုးလို့ကော ဘာထူးမှာလဲ...။"

အနီးတွင် ရပ်နေသော သမားတော်က ပြောလိုက်လေ၏။

"မြို့စောင့်တပ်မှူးဝမ်...၊ အဲ...၊ မဟုတ်ဘူး...။ ခရိုင်ဝန်မင်း...၊ ခင်ဗျား မှားနေပြီ...။ ခရိုင်ဝန်ရာထူးဆိုတာ သင့်လျော်တဲ့ အရာရှိရာထူးတစ်ခုပါ...။ ကျွန်တော်တို့ မဟာကျင့်မင်းဆက်မှာ အရှင်မင်းကြီးက ကုသိုလ်ရှင် တွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်တဲ့ အစောပိုင်းကာလတွေကလွဲရင် သာမန်ပြည်သူတွေ အရာရှိရာထူး ရရှိခဲ့တဲ့ သာဓကဆိုတာ မရှိသလောက်ပါပဲ...။”

“လွန်ခဲ့တဲ့ နှစ်သုံးရာအတွင်းမှာ ဒီလိုအခွင့်အရေးမျိုး မရှိသလောက်ကို ရှားပါးခဲ့တာပါ...။ ခရိုင်ဝန်မင်း အခုလို ဂုဏ်ပြုခံရတာက ကြီးမားလှတဲ့ ကံကောင်းမှုတစ်ခုပါ...။ ခင်ဗျားလို ကောင်းချီးပေးခံရတဲ့သူက ဘေးဒုက္ခကနေ ဘုန်းကျက်သရေဆီကို သေချာပေါက် ပြောင်းလဲပေးနိုင်မှာပါ...။ ပုန်ကန်သူတွေရဲ့ ဝိုင်းရံပိတ်ဆို့ခြင်းခံရတဲ့ လက်ရှိအန္တရာယ်က မကြာခင် ကင်းဝေးသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။"

ဝမ်ချောင်သည် အချိန်အတန်ကြာ အာရုံစိုက် နားထောင်နေခဲ့ပြီး အစပိုင်းတွင် ထိုအရာကို စိတ်ဝင်စားဖွယ်ဟု ထင်မှတ်ကာ နက်နဲပြီး စိတ်အားထက်သန်ဖွယ် အမှန်တရားအချို့ကို ဖော်ထုတ်ပြလိမ့်မည်ဟု တွေးထင်ခဲ့လေ၏။

အဆုံးရောက်မှသာ ဤလူက ငါ့ကို အမှန်တကယ် မြှောက်ပင့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရလေတော့သည်။

*ဒီလိုအချိန်မျိုးမှာ ဒီလို အနှစ်သာရမရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေရအောင် ဘယ်လို အချိန်မျိုး ဖြစ်နေလို့ လဲ….။*

ဝမ်ချောင်သည် မကျေမနပ်ဖြင့် ခေါင်းလှည့်သွားသော်လည်း သမားတော်ကမူ စိတ်ဓာတ်မကျဘဲ ချက်ချင်းပင် ပြောလေသည်။

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို အထင်မလွဲပါနဲ့...။ ကျွန်တော် ဆိုလိုချင်တာက ခင်ဗျားနဲ့ ဒီသူရဲ ကောင်းက ကောင်းချီးပေးခံထားရတဲ့ တောင်စောင့်နတ်မင်းကြီးနဲ့ ရင်းနှီးတဲ့သူတွေ ဖြစ်နေမှတော့ ဒီကျိန်စာသင့် နေတဲ့ ပုန်ကန်သူတွေကို ချေမှုန်းဖို့နဲ့ ရှန်းယန်ခရိုင်ကို ငြိမ်းချမ်းရေးပြန်လည်ရရှိအောင် ကူညီပေးဖို့ တောင်စောင့် နတ်မင်းကြီးကို ဘာလို့ နောက်တစ်ကြိမ် ထပ်မဆုတောင်းရမှာလဲ...။ ဒါက ခင်ဗျားကို ရှန်းယန်ခရိုင် ကြီးကြပ် ကွပ်ကဲရာမှာလည်း အကူအညီဖြစ်စေမှာပါ...။"

ဝမ်ချောင် စကားမပြောနိုင်မီ လီချိန်းရှီက စိတ်တိုတိုဖြင့် ပြောလိုက်လေ၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ကျွန်တော်တို့အပေါ် အလွန်တရာ ကရုဏာကြီးမားပါတယ်...။ သူ့မှာ နည်းလမ်းရှိရင် ကျွန်တော်တို့ကို သေချာပေါက် လျစ်လျူရှုထားမှာ မဟုတ်ဘူး...။ ခုလိုစကားကောင်းတွေ ပြောနေဖို့ ဘာလို့ လိုအပ်မှာလဲ...။"

ဝမ်ချောင် ခေါင်းညိတ်ကာ ပြောလေသည်။

"ဒါမှန်တယ်...။ တောင်စောင့်နတ်မင်းကြီးက သဘောထားကောင်းပြီး သူ့မှာ အခက်အခဲတွေ ရှိမှာပဲ...။ တောင်စောင့်နတ်မင်းကြီးက နယ်မြေတွေ ခွဲခြားထားလို့ လုပ်ဆောင်လို့ မရတာလို့ ငါထင်တယ်...။"

"ဒါ အဓိပ္ပာယ်ရှိပါတယ်...။ ကျွန်တော်က အပြင်ပန်းသဏ္ဍာန်တွေကို အရမ်း စွဲလမ်းနေခဲ့တာပါ...။"

သမားတော်က အနေခက်စွာ ရယ်မောလိုက်ပြီး သဘောတူကာ တိတ်ဆိတ်သွားလေတော့သည်။

ဤစကားများကို ကြားသောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။

*ဘုရားရေ... ဒီမှတ်ချက်တွေက ကြင်နာပြီး နားလည်မှုရှိတဲ့ပုံ ပေါက်ပေမယ့် ငါ့ကို မိတ်ဆွေကတ် ပြနေသလို ခံစားရတယ်...။*

*မင်းတို့က ငါ့ကို ဒီလောက်တောင် ချီးကျူးနေမှတော့ မင်းတို့ကို ငါက ဘယ်လိုလုပ် မကူညီဘဲ နေနိုင်မှာလဲ...။*

All Chapters